← Chapters

အခန်း (၃၆၄)

Vol. 25 Ch. 364

အခန်း (၃၆၄)

Vol. 25 Ch. 364

စုစုပေါင်း မိစ္ဆာဂိုဏ်းသား သုံးရာကျော်တို့သည် မြေပေါ်တွင် လဲနေကြပြီ ဖြစ်သည်။ အားလုံးသည် သေဆုံးကုန်ကြ၏။

လေထုထဲတွင် သွေးညှီနံ့များဖြင့် ပြည့်လျှက်ရှိပြီး ဂိုဏ်းတရာ မဟာမိတ်အဖွဲ့များ၏ မျက်နှာများသည် ပျက်ရွင်းသွားကြသည်။

ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားသည်။ ၎င်းတို့၏ ကျောရိုးမကြီးတစ်ခုလုံးသည် ချမ်းစိမ့်လာကြသည်။

ပထမတုန်းက ဤမျှများပြားလှသော မိစ္ဆာဂိုဏ်းသားများနှင့် ရင်ဆိုင်ရချိန်တွင်သံမဏိအရိုးဂိုဏ်းသား သုံးဆယ်ကျော်တို့သည် ဒုက္ခရောက်ပြီဟု သူ ထင်မှတ်ခဲ့၏။

သို့ပေမဲ့ မည်သည့်ဒုက္ခမှ မရောက်သည့်အပြင် လူပေါင်းများစွာကိုတောင်သတ်ဖြတ်နိုင်ခဲ့သေးသည်။

ထိုအရာသည် မယုံကြည်နိုင်စရာပင် ဖြစ်၏ ။ သံမဏိအရိုးဂိုဏ်းသည် တပ်ကူများကိုပါ စေလွှတ်ခဲ့သေး၏။ ထို့အပြင် ဟာရီကိန်းဝံပုလွေများအား စီးနင်းကာ ရောက်ရှိလာခြင်း ဖြစ်၏။

သို့ပေမဲ့ ဤမျှများပြားသော ဂိုဏ်းသားများ အသတ်ခံရသည်ကို မိစ္ဆာဂိုဏ်း လေးခုအနေဖြင့် လက်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

သတင်းကို ရရှိသည် ဆိုသည်နှင့် သံမဏိအရိုးဂိုဏ်းဆီ အရောက်သွားပေလိမ့်မည်။ သူတို့အနေဖြင့် ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်။

ကျွင်းချောင်ရှောင်း မေးလိုက်သည် “ရှောင်မို .. တပည့်တွေထဲမှ ဒဏ်ရာ ရသူ ရှိသေးလား”

“မရှိပါဘူး” စုရှောင်မို ပြန်ဖြေလိုက်၏။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ လူများဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည် “ဒီလူတွေ ပါသေးလား။”

“မပါပါဘူး”

စုရှောင်မို ပြန်ပြောလိုက်၏ “ပွဲကြည့်ရုံသက်သက်ပဲ”

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ လူများသည် စုရှောင်မို အား ကျေးဇူးတင်မိကြသည်။ သူတို့ကိုသာ ကျွင်းချောင်ရှောင်း အထင်မှားပါက မိစ္ဆာဂိုဏ်းသားများလို တစ်ခါတည်း သတ်ဖြတ်ပေလိမ့်မည်။

“သူတို့ကို ဝိုင်းထား” ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်သည်။

“ကောင်းပါပြီ”

သံချပ်ကာဝံပုလွေတပ်သားများသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ လူများအား ဝိုင်းပိတ်ထားသည်။ ဟာရီကိန်း ဝံပုလွေများ ဆီမှ အလွန်တရာ ကြမ်းရမ်းလှသော အော်ရာများ ထွက်ပေါ်လျက်ရှိ၏။

“ကျွင်း .. ဂိုဏ်းချုပ်ကျွင်း ….”့ဂိုဏ်းချုပ်တစ်ယောက်သည် ကြောက်လန့်စွာဖြင့် ပြောလိုက်သည် “ကျုပ်တို့ … ကျုပ်တို့ ဖြတ်သွားရင်း ကြုံကြတာပါ”

သူတို့သည် ဖြတ်သွားဖြတ်လာ တွေ့ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း ဒုက္ခရောက်သည်ကိုတော့ ပျော်ပျော်ကြီး ကြည့်ရှုမိသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ထိုသူများ ပွဲကြီးပွဲကောင်းကြည့်ရှုရန် ရောက်နေခြင်း ဖြစ်ကြောင်း ကောင်းကောင်းသိသည်။ သို့ပေမဲ့ ပွဲကြည့်ပွဲကောင်း ဆိုသည်မှာ အလကား ကြည့်ရှု၍ မရချေ။

ပိုက်ဆံပေး၍ ကြည့်ရှုမှ ဖြစ်မည်။

ကျွင်းချောင်ရှောင်းသည် အသာလမ်းဖွင့်ပေးကာ ပြောလိုက်သည် “ဒီလမ်းကို ဖွင့်ပေးလိုက်မယ်။ ဒီကနေ ဖြတ်ချင်ရင် ဖြတ်သန်းသွားခ ပေးရမယ်”

“……..” ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားကြသည်။

သူတို့ တင်းတင်းမာမာ ဆက်ဆံရန် မစဉ်းစားရဲချေ။ အဘယ့်ကြောင့် ဆိုသော် ဟာရီကိန်းဝံပုလွေများသည် အလွန်တရာ ကြမ်းတမ်းလွန်းလှပြီး မိစ္ဆာဂိုဏ်းသားများကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ သူတို့သာ လျှာရှည်ပါက တစ်ခါတည်း အသတ်ခံရမှာ သေချာသည်။

ထို့ကြောင့် သူတို့သည် လက်ထဲတွင် ရှိသော သိုလှောင်လက်စွပ်များအား ထုတ်ယူကာ ပေးလိုက်သည်။ ရှောင်ကျီနှင့် တခြားသူများသည် မိစ္ဆာဂိုဏ်းသားများ၏ အလောင်းများမှ ပစ္စည်းများအား ရှာဖွေ ယူငင်လိုက်၏။

ခဏလောက်ကြာတော့ ….

ကျွင်းချောင်ရှောင်း၏ အိတ်ကပ်ထဲတွင် သိုလှောင်လက်စွပ် ငါးရာမှ ခြောက်ရာထိ ရောက်ရှိသွားပြီ ဖြစ်သည်။

သူသည် အနားပတ်ဝန်းကျင်ရှိ အဆင့်ခုနှစ် ဂိုဏ်းချုပ် တစ်ယောက်အား လှမ်းကြည့်ကာ မေးလိုက်သည် “ကျုပ်တို့ သံမဏိအရိုးဂိုဏ်းတပည့်တွေကို အနိုင်ကျင့်ခဲ့သေးလား။”

“………” ထိုသူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။

အစ်ကိုကြီး …. အခု အနိုင်ကျင့်နေတာ ခင်ဗျားမဟုတ်လား။

“ကျုပ်မေးတာကိုဖြေ .. ဒီမိစ္ဆာဂိုဏ်းက လူတွေက ဘယ်ဂိုဏ်းကလဲ”

“မိုးကြိုးနန်းတော် ၊ နတ်ဆိုးငယ်ဂိုဏ်း ၊ မိုးသက်လေပြင်း ခန်းမဆောင် နဲ့ သွေးမီးတောက်ဂိုဏ်း တို့ပါ”

ဟာရီကိန်းဝံပုလွေဘုရင် ကို စီးနင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အေးစက်စက် ဖြင့် ပြန်ပြောလိုက်သည် “တပည့်တို့ .. ဟွာရန် နိုင်ငံကို သွားမယ်။ အဲ ဂိုဏ်းလေးဂိုဏ်းဆီ သွားပြီး တရားမျှတမှု သွားတောင်းဆိုမယ်”

အာဝူး …။

ဟာရီကိန်းဝံပုလွေများသည် သံမဏိအရိုးဂိုဏ်းသားများအား သယ်ဆောင်ပြိး လေကဲ့သို့ လျှင်မြန်စွာဖြင့် ပြေးလွှားသွားတော့သည်။

၎င်းတို့ ထွက်ခွာသွားသည်နှင့် တပြိုင်နက် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ကျင့်ကြံံသူများသည် တစ်ယောက် နှင့် တစ်ယောက် ကြည့်ကာ အူကြောင်ကြောင် ဖြစ်မိနေကြ၏။

“ဂိုဏ်းချုပ် … ကျွန်တော် နားကြားမှားတာလား”

“မဟုတ်ဘူး။”

“သူက မိစ္ဆာဂိုဏ်းသားတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် တရားမျှတမှု သွားရှာမယ်ဆိုပြီး ဘာလို့ ထွက်သွားရတာလဲ။ ကိုယ့်ကိုယ်ကိုယ် သေလမ်းထဲ တွန်းပို့နေတာ မဟုတ်ဘူးလားး”

“ဒီကောင်က အဆင်အခြင်မဲ့တယ်”

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ လူများသည် ပြုံးလိုက်မိကြ၏။ သူတို့အားလုံးသည် သိုလှောင်လက်စွပ်များ ပေးလိုက်ရသည်ကိုပင် မေ့လျော့သွားခဲ့သည်။ သံမဏိအရိုးဂိုဏ်းသား ကြီးကြီးကျယ်ကျယ် ဒုက္ခရောက်တော့မည် မဟုတ်လား။

………

ကျွင်းချောင်ရှောင်းသည် အဘယ့်ကြောင့် သူ၏ ဂိုဏ်းသားများအား ခေါ်ဆောင်လာပြီး တရားမျှတမှုကို တောင်းဆိုရသနည်း။

ရှေ့တည့်တည့်မှလာသော လှံကို ရှောင်ရှား၍ ရသော်လည်း နောက်ကွယ်မှ မြှားအား ကာကွယ်ရန်တော့ ခက်ခဲလှသည်။

ဤမိစ္ဆာဂိုဏ်းများသည် နောက်ကွယ်မှ သူ့အား ချောင်းမြောင်း တိုက်ခိုက်မည်ဆိုလျှင် ဒုက္ခရောက်နိုင်၏။ ထို့ှကြောင့် ပြဿနာကလည်း တက်ပြီးပြီ ဆိုမှတော့ အကုန်ရှင်းပစ်လိုက်ခြင်းကသာ အကောင်းဆုံးသော နည်းလမ်း ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ် …”

ရှောင်ကျီသည် နောက်မှ မီအောင် လိုက်လာပြီး ပြောလိုက်၏ “မိစ္ဆာဂိုဏ်းလေးဂိုဏ်းအပြင် တခြားဂိုဏ်းတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်မိတယ်။ ဟွာယန်နိုင်ငံမှာက တခြားဂိုဏ်းတွေ အများကြီး ရှိသေးတယ်လေ”

လင်းယုန်နက်ဂိုဏ်းတစ်ခုအား ဖျက်ဆီးခြင်းကို သူ တိတ်တဆိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွက် ဝံပုလွေများကို စီးနင်းပြီး ဂိုဏ်းသားပေါင်း များစွာနှင့် ထင်ထင်ပေါ်ပေါ် ရောက်ရှိလာခြင်း ဖြစ်၏။ သူတို့ ဟွာယန်နိုင်ငံထဲ ဝင်လိုက်သည်နှင့် တပြိုင်နက် တခြားသောဂိုဏ်းများသည် သတိပြုမိသွားကြမှာ သေချာ၏။

“သံမဏိအရိုးဂိုဏ်းကို လာပြီး ရင်ဆိုင်ရဲသူအားလုံးကို …”

ကျွင်းချောင်ရှောင်း အေးစက်စက် ပြောလိုက်သည် “အညှာအတာမရှိ သတ်ပစ်ရမယ်”

နောက်မှ လိုက်ပါလာကြသော တပည့်များ၏ သွေးများသည် ပွက်ပွက်ဆူလာကြ၏။

တကယ်တော့ ကျွင်းချောင်ရှောင်းသည် တရားမျှတမှု ရှာဖွေရန် လာခြင်းမဟုတ်ပေ။ သူ၏ ဂိုဏ်းအား ပြဿနာ လာရှာလျှင် အကုန်ဒုက္ခရောက်လိမ်မည် ဖြစ်ကြောင်း သိစေချင်ခြင်းသာ ဖြစ်သည်။

ယခုမိစ္ဆာဂိုဏ်းလေးဂိုဏ်းအား လာရောက်သုတ်သင်ခြင်းသည် တရားမျှတမှု အတွက် မဟုတ်ဘဲ မျောက်များကို သတိပေးချင်၍ ကြက်များကို သတ်ဖြတ်ပြခြင်းသာ ဖြစ်တော့၏။

…….

ဟွာယန်နိုင်ငံ၏ တစ်နှစ်ပတ်လုံး အုပ်စိုင်းနေသော တောအုပ်ထဲမှာတော့ ကျောက်တုံးများဖြင့် တည်ဆောက်ထားသော အဆောက်အအုံများ ရှိနေသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ရှေးကျလွန်းသော ရဲတိုက်ကြီးတစ်ခုဖြစ်ပြီး ပြင်ပလောကနှင့် အဆက်အသွယ် မရှိ သီးသန့်နေထိုင်ခြင်း ဖြစ်ကြောင်း သိရှိနိုင်၏။

ဤနေရာသည် မိုးကြိုးခန်းမ၏ ငှာနချုပ်ပင် ဖြစ်တော့သည်။

ရဲတိုက်ကြီး၏ နောက်ဘက်ရှိ အလွန်တရာ ကျယ်ဝန်းလှသော တည်နေရာကြီးထဲမှာတော့ တပည့် တစ်ထောင်ကျော်တို့သည် လေ့ကျင့်လျက်ရှိနေကြ၏။

“ဒုခေါင်းဆောင် …”

အဓိကဟောခန်းထဲမှာတော့ ခေါင်းဆောင်သည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်သည် “ဒီရက်ပိုင်း အောက်မျက်ခမ်းတွေ လှုပ်နေတယ်”

ဒုခေါင်းဆောင်က ပြုံးလိုက်၏ “ဘယ်မျက်ခမ်းလှုပ်ရင် ကံကောင်းမယ်။ ညာမျက်ခမ်းလှုပ်ရင် ကံဆိုးမယ်လို့ ဆိုတယ်။ အခု ဘယ်မျက်ခမ်း ဆိုတော့ ကံကောင်းမှာပဲ”

“အဲလို မျှော်လင့်ရတာပဲ” မိုးကြိုးခန်းမ ခေါင်းဆောင်သည် ပြုံးလိုက်သည်။ “ဒါနဲ့ သေမင်းတောင်ကြားထဲ သွားလေ့ကျင့်တဲ့ တပည့်တွေ အခြေအနေ ဘယ်လိုရှိလဲ”

ဒုခေါင်းဆောင်က ပြောလိုက်သည် “မကြာခင် ပြန်ရောက်တော့မှာပါ”

“ခေါင်းဆောင်”

ထိုအချိန်မှာပဲ တပည့်တစ်ယောက်သည် စိတ်ပူပန်စွာဖြင့် ပြေးလာပြီး အပြင်ဘက်ဆီသို့ လက်ညိုးညွှန်လိုက်သည် “တစ်စုံတစ်ယောက်က မိုးကြိုးခန်မဆောင်ကို တရားမျှတမှု လာတောင်းဆိုတယ်။”

“တရားမျှတမှု တောင်းဆိုတာလား”

နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်သည်။

မိုးကြိုးခန်းမခေါင်းဆောင်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏ “ငါ့ ဘယ်မျက်ခမ်းတွေပိုပြီး လှုပ်လာပြီ”

ဒုခေါင်းဆောင် ပြုံးလိုက်သည် “ခေါင်းဆောင် ကံကောင်းတာလည်း ဖြစ်နိုင်တယ်”

ခေါင်းဆောင်သည် ပြုံးကာ မတ်တပ်ထရပ်လိုက်သည် “ဘယ်လို ကံကောင်းမလဲ ကြည့်ရမယ်”

“ခေါင်းဆောင် …..” နောက်လိုက်တစ်ယောက် တကိုယ်လုံး တုန်ရင်စွာနှင့် ရောက်ရှိလာ၏ “အပြင်မှာ လူတွေ .. လူတွေ အများကြီးပဲ”

“များတယ်လား”

ခေါင်းဆောင်သည် အသာပြုံးပြီး အပြင်ဝရံတာဆီ ထွက်လျှောက်ကာ ကြည့်လိုက်သည်။ သူ၏ အမူအရာများသည် ချက်ချင်းပဲ အေးခဲသွားသည်။

သူ၏ မြင်ကွင်းရှေ့တွင် များပြားလှသောလူများ ရှိနေ၏။ ထိုသူတို့သည် သူ့အား မတုန်လှုပ်စေပေ။ ထိုလူအင်အား ထက် ပိုမိုများပြားသော တပည့်အရေအတွက် သူ့တွင် ရှိသည် မဟုတ်လား။

သူ့အား ထိတ်လန့်စေသည်မှာ ဟာရီကိန်းဝံပုလွေများ ဖြစ်သည်။ တစ်ဖက်လူများသည် အလွန်အားကောင်းသော ဟာရီကိန်း ဝံပုလွေများအား စီးနင်းလာခြင်း ဖြစ်၏။

ဒုခေါင်းဆောင်သည် မယုံကြည်နိုင်သလို ပြောလိုက်သည် “ဟာရီကိန်းဝံပုလွေတွေပဲ”

ပြောပြီးသည့်နောက် သူသည် ခန္ဓာကိုယ်ကြီးမားလွန်းသော ဝံပုလွေကြီးအား မြင်လိုက်ရသည် “ဒါ … ဒါက ဟာရီကိန်း ဝံပုလွေပဲ”

All Chapters