← Chapters

အခန်း (၃၆၅)

Vol. 25 Ch. 365

အခန်း (၃၆၅)

Vol. 25 Ch. 365

ကျွင်းချောင်ရှောင်းသည် တပည့်ငါးရာ အား ခေါ်ဆောင်ကာ မိုးကြိုးခန်းမဆီသို့ အမြန်ဆန်ဆုံး ရောက်ရှိလာခဲ့သည်။

ဤခရီးသည် တရားမျှတမှုကို တောင်းဆိုရန် ပထမဆုံး ခရီးဖြစ်၏။

သို့ပေမဲ့ မိုးကြိုးခန်းမသခင် နှင့် ဒုခေါင်းဆောင်တို့မှာမူ မျက်လုံးတွေ ကျွတ်ထွက်သွားတော့ မတတ် တုန်လှုပ်သွားကြသည်။

အဆင့်မြင့် ဝံပုလွေသားရဲများကို စီးနင်းလာသော ကျင့်ကြံသူများသည် သူတို့၏ ရှေ့၌ ပေါ်လာခဲ့သည်။ ထိုအထဲတွင် ဝံပုလွေဘုရင်တောင်မှ ပါဝင်နေသေး၏။ ကြည့်လိုက်သည်နှင့် ထိတ်လန့်ဖွယ်ရာပင်။

တစ်ဖက်လူသည် ဝံပုလွေသားရဲများအား စီးနင်းလာသည်။ ဂိုဏ်းကြီးတစ်ခုဆီမှ ဖြစ်နိုင်သည်။

ထိုအရာသည် မိုးကြိုးခန်းမသခင်၏ အတွေးပင်ဖြစ်၏။

ကျွင်းချောင်ရှောင်း သည် ဦးခေါင်းကို မော့၍ ကြည့်လိုက်တော့ ရဲတိုက်ကြီး၏ ဝရံတာ တွင် ရပ်နေသော လူနှစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် ထူးမခြားနားသလို ပြောလိုက်သည် “ခင်ဗျားတို့ နှစ်ယောက်က အကြီးပိုင်း တာဝန်ရှိသူတွေလား။”

မိုးကြိုးခန်းမသခင်သည် မေးလိုက်၏ “မင်းက ဘယ်သူလဲ”

သူသည် မေးခွန်းအား မဖြေသည့်အပြင် ပြန်လှန်၍ပင် မေးခွန်းထုတ်လိုက်သေးသည်။

ကျွင်းချောင်ရှောင်း ခပ်တည်တည် ဖြင့် ပြောလိုက်၏ “သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း”

သံမဏိအရိုးဂိုဏ်းချုပ်လား။

မိုးကြိုးခန်းမသခင်သည် အံ့အားသင့်သွား၏ “မင်းက ကျွင်းချောင်ရှောင်းလား။”

နတ်စမ်းချောင်းဂိုဏ်းအား အနိုင်ယူပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ဂုဏ်းသတင်းသည် ကြီးမားလွန်းနေပြီ ဖြစ်၏။

“အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျွင်း …”

မိုးကြိုးခန်းမသခင်သည် ပြောလိုက်၏ “ကျုပ်တို့ ဂိုဏ်းနှစ်ခုအကြား ပတ်သက်စရာမရှိဘူး။ ဘာလို့ ဒီကို ရောက်လာတာလဲ။”

“တရားမျှတမှု လာတောင်းဆိုတာပါ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

မိုးကြိုးခန်းမသခင်၏ နှုတ်ခမ်းများသည် တုန်ခါသွား၏။ “ဘာကို တရားမျှတမှုလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်တပည့်တွေက သေမင်းတောင်ကြားထဲမှ ခင်ဗျားတို့ ဂိုဏ်းသားတွေ သေကုန်မှာစိုးလို့ ကယ်တင်ခဲ့တယ်။ ဒါပေမဲ့ ကျေးဇူးတင်ရမယ့်အစား တခြားဂိုဏ်းသုံးခု နဲ့ ပေါင်းပြီး ကျုပ်တပည့်တွေ ဆီက လုယက်ခဲ့တယ်။ ဘယ်မှာလဲ တရားမျှတမှု”

ဤနေရာတွင် တခြားသော ကျင့်ကြံသူများ ရှိနေပါက ပါးစပ်အဟောင်းသားဖြင့် ဖြစ်မိနေမှာ သေချာသည်။

ဂိုဏ်းချုပ်ကျွင်းသည် မိစ္ဆာဂိုဏ်းဆီသို့ လာ၍ တရားမျှတမှုဆိုသော စကားအား တသွင်သွင် ပြောဆိုလျက် ရှိ၏။ တစ်ဖက်လူများအတွက် ရယ်မောဖွယ်ရာပင် ဖြစ်ပေလိမ့်မည်။

“အဲလိုဖြစ်ခဲ့တာလား”

မိုးကြိုးခန်းမသခင်သည် ခဏလောက် စဉ်းစားပြီး ပြောလိုက်၏ “သူတို့ ပြန်လာရင် ကျုပ် အကြောင်းအရင်းကို မေးလိုက်မယ်။ ပြီးရင် ဂိုဏ်းချုပ်ကျွင်းကို ဖြေရှင်းချက် ပေးပါမယ်”

တစ်ဖက်လူသည် အဆင့်မြင့် သားရဲများအား စီးနင်းလာသည်သာ မဟုတ်လျှင် ထိုသို့ပြောဆိုနေမည် မဟုတ်ဘဲ ထ၍ပင် ဆဲမိမှာသေချာ၏။

“စောင့်စရာမလိုတော့ဘူး”

ကျွင်းချောင်ရှောင်း ခပ်တည်တည်ဖြင့် ပြောလိုက်သည် “ကျုပ်တပည့်တွေဆီက လုယက်တဲ့ ခင်ဗျားတပည့်တွေ အကုန် သေကုန်ပြီ”

“ဘာ …..”

မိုးကြိုးခန်းမသခင်၏ မျက်နှာသည် ပျက်ရွင်းသွား၏။

ဒုခေါင်းဆောင်သည် လေးနက်သော လေသံဖြင့် မေးလိုက်သည် “ဂိုဏ်းချုပ်ကျွင်း သူတို့ကို သတ်ခဲ့တာလား။”

ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်၏ “သံမဏိအရိုးဂိုဏ်းကို အနိုင်ကျင့်တဲ့သူတွေက သေဆုံးရမယ်။ သူတို့ကို နတ်ဘုရားတွေတောင် လာကယ်လို့မရဘူး”

မိုးကြိုးခန်းမသင်၏ အမူအရာသည် ပိုမို ဆိုးရွားလာသည် “ဂိုဏ်းချုပ်ကျွင်း …. ကျုပ်တပည့်တွေ သတ်ခဲ့ပြီးတာတောင်မှ ဒီနေရာထိ ရောက်လာပြီး မျက်နှာပြောင်ပြောင် နဲ့ တရားမျှတမှုကို လာတောင်းဆိုတယ် ဆိုတော့ မလွန်လွန်းဘူးလား”

“လွန်လွန်တာလား”

ကျွင်းချောင်ရှောင်း ပြုံးကာ လက်ကို ဝေ့ယမ်းလိုက်သည်။

ဘုတ်။

ရှောင်ကျီသည် ဟာရီကိန်း ဝံပုလွေ၏ ကိုယ်ပေါ်မှ ခုန်ချလိုက်ပြီး တင်းတင်းပိတ်ထားသော မိုးကြိုးခန်းမဆောင်၏ အဓိက တံခါးမကြီးဆီ လှမ်းသွားလိုက်သည်။ ပြီးနောက် လက်သီးဖြင့် ထိုးကာ ချိုးဖျက်လိုက်တော့၏။

ဘန်း ..။

အလွန်ပြင်းထန်သော အားအင်ကြောင့် နှစ်ပေါင်းများစွာတိုင် တည်ရှိခဲ့သော တံခါးမကြီးသည် အပိုင်းပိုင်း ဖြစ်သွားသည်။

ဒါ ..ပို၍ပင် လွန်လွန်းလာခြင်း ဖြစ်၏။

“ကျွင်းချောင်ရှောင်း”

မိုးကြိုးခန်းမသခင်သည် ဒေါသအကြီးအကျယ်ထွက်သွားသည် “ဘာကို ဆိုလိုတာလဲ”

ဒုခေါင်းဆောင်သည်လည်း ရင်ထဲတွင် မီးတွေတောက်လာ၏။

ထို့အပြင် ဂိုဏ်းတစ်ခု၏ အဓိက တံခါးမကြီးသည် ဂိုဏ်း၏ ဂုဏ်ကျက်သရေပင် ဖြစ်သည်။ ယခု ဖျက်ဆီးခံလိုက်ရပြီ ဆိုတော့ ဂိုဏ်းတွင် ဂုဏ်သိက္ခာမရှိတော့သလိုပင် ဖြစ်လိမ့်မည်။

“ဖျက်ဆီးလိုက်တာလေ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

အာဝူး … အာဝူး …။

ဟာရီကိန်း ဝံပုလွေများသည် အူလိုက်ကြသည်။ ပြီးနောက် မိုးကြိုးခန်းမထဲသို့ ဒီလှိုင်းများတက်သလို ဖွေးခနဲ ဝင်ရောက်သွားကြသည်။

သူတို့သည် လင်းယုန်နက်ဂိုဏ်းအား ဖျက်ဆီးခဲ့စဉ် က ယခုလောက် အားမကောင်းသေးသလို ၊ တပည့်များအားလည်း များများစားစား ခေါ်မသွားခဲ့ချေ။ ထို့ကြောင့် လုံလုံခြုံခြုံ ဖြင့် အကောင်းဆုံး ချောင်းမြောင်း သတ်ဖြတ်ခဲ့ဲကြခြင်း ဖြစ်၏။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကွာခြားနေပြီ ဖြစ်သည်။

တပည့်များသည် ပိုမို အားကောင်းလာသည်သာမက အရေအတွက်အရလည်း အများကြီးပါသေးသည်။ ဝံပုလွေသားရဲများနှင့်ပင် အဆုံးစွန်သော တိုက်ခိုက်ရေးအားအင်ကို ထုတ်ဖော်နေနိုင်ပြီဖြစ်၏။

ထို့ကြောင့် တံခါးမကြီးအား ချိုးဖျက်ပြီး မိမိဘက်မှ စတင် တိုက်ခိုက်ခြင်းပင် ဖြစ်တော့သည်။

………

“ဝံပုလွေ သားရဲတွေ ဒီတောထဲ ဝင်သွားတာပဲ။ ဝံပုလွေတွေကို လူတွေ စီးသွားတာ ရိပ်ခနဲ မြင်လိုက်ရတယ်။”

“ဒါက မိုးကြိုးခန်းမဆောင်ရဲ့ တည်နေရာပဲ။ သူတို့ အဆင့်ခြောက် မိစ္ဆာဂိုဏ်းတစ်ခုကို သွားပြီး တိုက်ခိုက်မလို့လား”

တောအုပ်အပြင်ဘက်တွင်တော့ ဟွာယန် နိုင်ငံ၏ ကျင့်ကြံသူများသည် စုဝေးလျက်ရှိနေကြသည်။

သူတို့သည် ဝံပုလွေသားရဲများအား စီးနင်းသွားသော သူများကို မြင်လိုက်ရသောကြောင့် စိတ်ဝင်တစား ဖြင့် လိုက်လာကြခြင်း ဖြစ်၏။

“ဆက်မသွားတာ ကောင်းမယ် ထင်တယ်”

သိုင်းကျင့်ကြံသူတစ်ယောက်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည် “မိုးကြိုးခန်းမက လူတွေ တွေ့သွားရင် သူတို့ နေရာကို ခွင့်ပြုချက်မရဘဲ ဝင်လာတယ် ဆိုပြီး တစ်ခါတည်း သတ်ပစ်လိမ့်မယ်”

“ဘာကိုကြောက်ရမှာလဲ”

သတ္တိကောင်းသော တစ်ယောက် က ပြောလိုက်သည် “ဒီလေက် လူတွေ အများကြီး ဝင်သွားတာကို မိုးကြိုးခန်းမ ဆောင်က ငါ့တို့ကို ရွေးပြီး ရန်လုပ်ဖို့ ဘယ်လိုလုပ် စဉ်းစားနိုင်မှာလဲ။”

သူတို့ ဆွေးနွေးနေကြတုန်းမှာပဲ ရဲတင်းသော သိုင်းကျင့်ကြံသူများသည် တောအုပ်ထဲသို့ ဝင်သွားကြပြီ ဖြစ်၏။

ဝံပုလွေသားရဲများအား စီးနင်းသွားသော သူများ၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်းအော်ရာတွေသည် အရှိန်တညီးညီး တောက်လောင်နေသည်ကို သူတို့ခံစားမိခဲ့သည်။ ထိုသူများ၏ ပစ်မှတ်သည် မိုးကြိုးခန်းမဆောင်ပင် ဖြစ်လိမ့်မည်။

“ကြည့် ….”

တစ်ယောက် က ထအော်လိုက်သည် “မိုးကြိုးခန်းမ ရဲ့ အဓိကဟောခန်းက တစစီဖြစ်နေပြီ”

လူများသည် ရှေ့တည့်တည့်ကို ကြည့်လိုက်တော့ မိုးကြိုးခန်းမ၏ တံခါးမကြီးသည် တစစီဖြစ်နေကြောင်း သူတို့ တွေ့လိုက်ရ၏

“ဒါက …”

များပြားလှသော ကျင့်ကြံသူများသည် ကြောင်အသွားသည်။

အဓိက တံခါးမကြီး ဆိုသည်မှာ ဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာကို ရည်ညွှန်းသည်။ တစ်ဖက်လူများသည် အလွန်တရာ ကြမ်းတမ်းလှပုံပေါ်၏။

“သွားစို့ …”

“သွားကြည့်ရအောင်”

များပြားလှသော ကျင့်ကြံသူများသည် သတ္တိမွေးကာ ရှေ့သို့ တက်၍ လှမ်းဝင်ကြည့်လိုက်ကြသည်။ သူတို့သည် ဝံပုလွေသားရဲများ၏ ခြေရာအတိုင်း လေ့ကျင့်ရေး ကွင်းပြင်ဆီ လိုက်ကြည့်ကြသည်။

မကြာမီမှာပဲ တည်နေရာတစ်ခုတွင် အလောင်းတွေ ပုံနေကြောင်းကို သူတို့ မြင်လိုက်ကြရသည်။ သေဆုံးသွားသူများ၏ အလောင်းကို ကြည့်မည် ဆိုလျှင် ရင်ဘတ်တွင် တူညီသော ဓားဒဏ်ရာ ရှိနေသည်ကို မြင်လိုက်ရ၏။

“ဒါက မိုးကြိုးခန်းမက တပည့်တွေပဲ။”

“သူတို့က အနည်းဆုံး သိုင်းတပည့် အဆင့်သုံးကနေ အဆင့်ငါးကြား ကျင့်ကြံသူတွေပဲ။ အားလုံးက တစ်ခါတည်း ခုတ်သတ်ခံခဲ့ရတာပဲ”

“ဝံပုလွေသားရဲကို စီးတဲ့သူတွေ သတ်သွားတာ နေမယ်”

“ဒီလောက်ကြမ်းတဲ့ ဟာရီကိန်း ဝံပုလွေတွေကို စီးနင်းနိုင်တယ် ဆိုတော့ အဲလူတွေရဲ့ အားအင်အဆင့်က သာမာန်မဟုတ်လောက်ဘူး”

အလွန်တရာ မောက်မာပြီး ရက်စက်လှသော မိစ္ဆာဂိုဏ်းသားများသည် ဆိုးဆိုးရွားရွား သေဆုံးကြောင်း မြင်လိုက်ရချိန်မှာတော့ သူတို့အားလုံးသည် စိတ်ကျေနပ်မိကြ၏။

အားလုံးသည် သက်မချလိုက်မိသည်။

တည်နေရာကြီးတစ်ခုလုံးတွင် မိုးကြိုးခန်းမ တပည့်တစ်ထောင်လောက် အနည်းဆုံး သေဆုံးနေကြ၏။ သူတို့အားလုံး၏ အတွေးထဲတွင် ပထမဆုံးပေါ်လာသည်က ဂိုဏ်းတစ်ခု ပျောက်ကွယ်သွားပြီ ဆိုခြင်းပင်။

“ကောင်းကင်ဘုံ”

အားလုံးသည် ချက်ချင်းပဲ မျက်လုံးပြူုးသွားမိသည်။

အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်တော့ ဒူးထောက်၊ ခေါင်းငုံ့၍ ရှိသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် မိုးကြိုးခန်းမ၏ ခေါင်းဆောင်ဖြစ်၏။

တစ်ယောက် က ထအော်လိုက်သည် “သူ့ဘေးမှာ ဒုခေါင်းဆောင် ရှိသေးတယ်”

မိုးကြိုးခန်းမ၏ ခေါင်းဆောင် နှင့် ဒုခေါင်းဆောင်တိုသည် ကျင့်ကြံခြင်အဆင့် မြင့်မားကြသူများ ဖြစ်သည်။ ထိုသူတို့ အားလုံးသည် လေ့ကျင့်ရေးကွင်းပြင် ၌ သေဆုံးနေကြပြီဖြစ်သည်။

သူတို့အားလုံးသည် မြင်နေရသော မြင်ကွင်းအား ကြည့်ရင်း ကြက်သေ သေမိနေကြသည်။

ဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးလိုက်သည်အထိ မည်မျှ ကြီးမားသော အမုန်းတရားများ ရှိနေသနည်း။

အားလုံးသည် သတ္တိမွေးကာ ဆက်လျှောက်၍ ကြည့်လိုက်ကြ၏။ မိုးကြိုးခန်းမ၏ ခေါင်းဆောင်သည် ဆိုးရွားသည့် အခြေအနေဖြင့် သေဆုံးနေခြင်း ဖြစ်ပြီး ရင်ဘတ်တွင် အလွန်တရာ နက်သော ဓားရာကြီး ရှိနေ၏။

သို့ပေမဲ့ မိုးကြိုးခန်းမသည် မကောင်းသည့် အလုပ်များအား လုပ်ကိုင်သော မိစ္ဆာဂိုဏ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဟွာရန်နိုင်ငံရှိ သာမာန်များသည် ဖျောက်အိုးများ ဖောက်၍ပင် ပွဲခံရမည့် ဖြစ်ရပ်မျိုး ဖြစ်သည်။

ကြည့် …။

တစ်ယောက်က လက်ညိုးထိုးပြလိုက်သည် “မြေပေါ်မှာ စာလုံးတွေ ရှိတယ်”

အားလုံးသည် ရှေ့တိုးကာကြည့်လိုက်တော့ သွေးနှင့် ရေးထားသော စာတစ်ကြောင်းအား မြင်လိုက်ကြ၏။ သံမဏိအရိုးဂိုဏ်းအား ရန်ပြုသူသည် မည်မျှဝေးကွာသောနေရာတွင် ရှိသည်ဖြစ်စေ သတ်ဖြတ်ခြင်းကို ခံရမည်။

သံမဏိအရိုးဂိုဏ်း။

အဆင့်ငါး နတ်စမ်းချောင်းဂိုဏ်းကို အနိုင်ယူခဲ့သည် ဆိုသော ချင်းယန်နိုင်ငံမှ ဂိုဏ်းတစ်ခုလေလား။

၎င်းတို့သည် ဟွာရန်နိုင်ငံဆီ ရောက်လာပြီး မိစ္ဆာဂိုဏ်းတစ်ခုအား ဖျက်ဆီးခဲသည်။ ထို့အပြင် သွေးနှင့်ပင် စာရေးခဲ့သေး၏။ တခြားသူတွေကို သိစေချင်၍လား။ ထိုသို့ဆိုလျှင် …။

All Chapters