အခန်း (၃၆၇)
Vol. 25 Ch. 367
မိုးကြိုးခန်းမဆောင် ၊ နတ်ဆိုးငယ်ဂိုဏ်းနှင့် သွေးမီးတောက်ဂိုဏ်း စသော အဆင့်ခြောက်ဂိုဏ်းသုံးခုတို့သည် အလုံးစုံဖျက်စီးခံလိုက်ရပြီဖြစ်၏။
များပြားလှသောသတင်းအချက်အလက်များအရ သံမဏိအရိုးဂိုဏ်းသည်ဆက်လက်၍ တိုက်ခိုက်တော့မည် ဖြစ်ပြီး ၎င်းတို့၏ နောက်ထပ်ပစ်မှတ်မှာ မိုးသက်လေပြင်း ခန်းမဆောင်ပင် ဖြစ်ကြောင်း လူအားလုံးကသိရှိလိုက်ကြသည်။
အလွန်တရာမြန်ဆန်လှသောနှုန်းဖြင့် အဆင့်ခြောက်ဂိုဏ်းသုံးခုအား ဖျက်စီးခဲ့ခြင်းဆိုသည်မှာ များပြားလှသောကျင့်ကြံသူများ၏ လေးစားအားကျရလောက်သည့် အရည်အချင်းကို ပိုင်ဆိုင်ခြင်းပင် ဖြစ်၏။
ဟုတ်ပေသည်။
နတ်စမ်းချောင်းဂိုဏ်းနှင့်ရင်ဆိုင်တိုက်ခိုက်ရာတွင် ခုနှစ်ဆယ့်လေးပွဲတိုက်ခိုက်ပြီး ခုနှစ်ဆယ့်လေးပွဲလုံး အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် တပည့်အနည်းငယ်သာရှိသော မိစ္ဆာဂိုဏ်းများအားဖျက်စီးရန်ဆိုသည်မှာ အလွန်တရာလွယ်ကူနေ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ထိပ်တန်းဂိုဏ်းများမှလွဲ၍ အဆင့်နိမ့်မိစ္ဆာဂိုဏ်းများသည် လူများများစားစားရှိလှသည်မဟုတ်ပေ။
ငယ်ရွယ်သူများအားလုံးသည် သီလသမာဓိနှင့်ပြည့်စုံသော အဖြူရောင်ဂိုဏ်းများစီသို့ ဝင်ရောက်ရန် ရွေးချယ်ကြသည်။
ဥပမာအားဖြင့် ဖျက်စီးခံလိုက်ရသောဂိုဏ်းသုံးခုတွင် သွေးမီးတောက်ဂိုဏ်းသည် တပည့်အများဆုံး ဖြစ်သော်လည်း တပည့်နှစ်ထောင်မှ သုံးထောင်နီးပါးသာ ရှိသည်။
ထို့ကြောင့် တပည့်ဦးရေ ငါးထောင်မှခြောက်ထောင်ကြားရှိသည့် ဟောင်ချီဂိုဏ်း ကဲ့သို့ ဂိုဏ်းမျိုးတွေနှင့် နှိုင်းယှဉ်၍ရလိမ့်မည်မဟုတ်ပေ။
သို့ပေမဲ့ ထိုနှစ်ထောင်သုံး၊ ထောင်သော တပည့်များအားလုံးသည် အလွန်ဆိုးဝါးလှသော တပည့်များဖြစ်သည်။
ထိုသို့ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်ငါးရာခန့်ကိုသာခေါ်ဆောင်၍ ရောက်လာပြီး ဂိုဏ်းသုံးခုလုံးကို ရင်ဆိုင်တိုက်ခိုက်ဖျက်စီးသွားခဲ့ခြင်းပင်ဖြစ်သည်။
အဘယ်ကြောင့် ဤသို့ ပြုလုပ်နိုင်ရသနည်း ဆိုသော် သံမဏိအရိုးဂိုဏ်းတပည့်များ၏ လက်ထဲတွင် အလွန်တရာကောင်းမွန်လှသော လက်နက်ပစ္စည်းများရှိနေသောကြောင့်ဖြစ်၏။ ထို့ကြောင့် မိစ္ဆာဂိုဏ်းသုံးခုလုံးသည် ပြန်လည်တိုက်ခိုက်ရန်အခွင့်အရေးပင် မရရှိခဲ့ချေ။
မိတ်စ္ဆာဂိုဏ်းသုံးခုလုံးကို မဆိုနှင့် လက်ရှိအခြေအနေတွင် ကျွင်းချောင်ရှောင်းသည် ဟောင်ချီဂိုဏ်းအား သွားရောက် ဖျက်ဆီးမည်ဆိုလျှင်ပင် တပည့်များအနေဖြင့် မတ်တပ်ရပ်နေရုံသာ ရပ်နေရန် လိုအပ်ပြီး ဝံပုလွေများ သက်သက်ဖြင့် ဂိုဏ်းတစ်ခုလုံးကို ဖျက်စီးနိုင်စွမ်းရှိသည်။
ကျွင်းချောင်ရှောင်း သည် သူ၏ တပည့်များကို ဟွာယန် နိုင်ငံဆီသို့ခေါ်ဆောင်လာပြီး တရားမျှတမှုကို လာရောက်တောင်းဆိုခြင်းဖြစ်သည်။
ဤနည်းဖြင့် သူတို့ဂိုဏ်းသည် တွေ့သည့်သူတိုင်း ပြဿနာရှာ၊ အနိုင်ကျင့်၍ ရသည့် ဂိုဏ်းတစ်ခု မဟုတ်ကြောင်း သိစေချင်ခြင်း ဖြစ်၏။
မိုးသက်လေပြင်းခန်းမဆောင်၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီမှာတော့ တပည့်တစ်ထောင်ကျော်တို့သည် စုဝေးလျှက်ရှိပြီး အလယ်ဗဟိုနေရာဆီသို့ စူးစိုက်ကြည့်နေကြသည်။
ကွင်းပြင်၏အလယ်ဗဟိုမှာတော့ သိုင်းပညာရှင်နှစ်ယောက်တို့သည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက်ရှိနေ၏။
စင်မြင့်တစ်ခုထက်မှာတော့ မိုးသက်လေပြင်းခန်းမဆောင်၏ ဂိုဏ်းချုပ်သည် မျက်နှာပျက်ယွင်းစွာဖြင့် ထိုင်နေသည်။
သူ၏ဘေးမှာတော့ အသားအရေ နီမြန်းမြန်းဖြင့် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာထိုင်လျှက်ရှိနေ၏။
ဘန်း
ခဏလောက်ကြာတော့ စင်မြင့်ပေါ်ရှိ ကျင့်ကြံခြင်း အဆင့်မြင့်မားသော သိုင်းပညာရှင်သည် သူ၏ လက်သီးနည်းစနစ်ကို အသုံးပြု၍ ပြိုင်ဘက်အားလွင့်စင်သွားအောင်ပြုလုပ်လိုက်သည်။
မိုးသက်လေပြင်းခန်းမဆောင်၏ ဂိုဏ်းချုပ်သည် လက်သီးဆုပ်ကာပြောလိုက်သည်။
“အကြီးအကဲဟယ် ခင်ဗျားတို့ရဲ့ နတ်မီးချောက်ကမ်းပါးတပည့်တွေက လူတွေထဲမှာရှိတဲ့ နဂါးတွေလို ပဲ။ ကျုပ်တို့မိုးသက်လေပြင်းခန်းမဆောင်က ရှုံးနိမ့်တယ်ဆိုတာကို တကယ့်ကို စိတ်ထဲက လက်ခံပါတယ်။”
ဟွာယန် နိုင်ငံသည် အဆင့်ကိုးနိုင်ငံဖြစ်သော်လည်း ချင်းယန်နိုင်ငံထက်တော့ ပိုမို၍အားကောင်းသည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်ငါးဂိုဏ်းနှစ်ခု တည်ရှိနေသောကြောင့်ဖြစ်ပြီး ဂိုဏ်းတစ်ခုအား အမွှေးအိမ်ဟုခေါ်ကာ အခြား ဂိုဏ်းတစ်ခုကိုတော့ နတ်မီးချောက်ကမ်းပါးဟုခေါ်ဆို၏။
ပြောရမည်ဆိုလျှင် ယခုမိုးသက် လေပြင်းခန်းမဆောင်၏ တပည့်ကို အနိုင်ယူခဲ့သော သိုင်းပညာရှင်နှင့် အကြီးအကဲဟယ် ဟုဆိုသူတို့သည် အဆင့်ငါးမိစ္ဆာဂိုဏ်းတစ်ခုဖြစ်သော နတ်မီးချောက်ကမ်းပါးဂိုဏ်း မှ လူများဖြစ်သည်။ ထိုသူတို့သည် ချစ်ခင်ရင်းနှီးမှုအရ မိတ်ဖြစ်ဆွေဖြစ်လာရောက်လည်ပတ်ခြင်းဖြစ်သည် ။
ဘာမှလုပ်စရာမရှိသောကြောင့် သိုင်းပညာလက်ရည်စမ်းပွဲကို ပြုလုပ်ကြခြင်းဖြစ်၏။
အဆုံးသတ်မှာတော့ ငါးပွဲတိုက်ခိုက်ပြီးချိန်တွင် နတ်မီးချောက်ကမ်းပါးတပည့်သည် မိုးသက်လေပြင်း ခန်းမဆောင်၏ တပည့်ငါးယောက်တို့အား တရဆက်တည်း အနိုင်ယူခဲ့သည်။
တိုက်ရိုက်တပည့်ဆိုသည့်အတိုင်း အလွန်တရာအားကောင်းလှချေ၏။
အကြီးအကဲဟယ်သည် ပြုံးကာပြောလိုက်သည်။ “ခန်းမသခင်ကျန့်ရဲ့တပည့်တွေဟာလဲ တော်တော်လေးအားကောင်းလာပြီ။ ဒီတိုင်းသာဆက်ပြီးလေ့ကျင့်သွားမယ်ဆိုလျှင် ကြီးကြီးမားမား အောင်မြင်မှုကိုရမှာ သေချာတယ်။”
မိုးသက်လေပြင်းခန်းမဆောင်၏ဂိုဏ်းချုပ်သည် ဤအရာမှာ ဧည့်ဝတ်စကားတစ်ခု ဖြစ်ကြောင်း နားလည်ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည်စိတ်ထဲမှာမထားချေ။ “ကျုပ် အစားအသောက်တွေ ဝိုင်တွေပြင်ဆင်ထားပြီးပါပြီ။ အကြီးအကဲ ကျေးဇူးပြုပြီး…….”
ဝုန်း …..
ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
တင်းတင်းပိတ်ထားသော တောင်၏တံခါးတစ်ခုလုံးသည် အပိုင်းပိုင်း ပျက်ဆီးသွား၏။
မိုးသက်လေပြင်းခန်းမဆောင် သခင် ၏ မျက်နှာပေါ်တွင် လူသတ်လိုသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာတော့သည်။
ဘုန်း ဘုန်း
သံမဏိအရိုးဂိုဏ်းသား များကိုသယ်ဆောင်လာသော ဟာရီကိန်းဝံပုလွေ များသည် အတွင်းသို့ လျှောက်ဝင်လာကြသည်။
“ဒါ …. ဒါက”
အကြီးအကဲဟယ် အံ့အားသင့်စွာဖြင့်မေးလိုက်၏။ “ဟာရီကိန်းဝံပုလွေတွေလား။”
ဘာ
မိုးသက်လေပြင်းခန်းမဆောင်သခင်၏ မျက်လုံးများသည်အလွန်တရာအံ့အားသင့်သွားသည်။
ထို့အပြင် ဤသားရဲများသည် အနည်းဆုံးအဆင့်ငါး သိုင်းဆရာအဆင့်ဖြင့် နှိုင်းယှဉ်၍ရလောက်အောင် အားကောင်းလွန်းလှ၏။
“ခန်းမသခင်ကျန့်“
အကြီးအကဲဟယ်ကပြုံးကာပြောလိုက်သည်။ “ကြည့်ရတာတစ်စုံတစ်ယောက်ကပြဿနာလာရှာပြီထင်တယ်။”
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေဘုရင်အား စီးနင်း၍ သူ၏နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ပုခုံးပေါ်သို့တင်ကာ အပြင်ဘက်ဂိတ်တံခါးဆီမှ အတွင်းသို့လှမ်းဝင်လာခဲ့သည်။
ပြီးနောက် သူသည်ခပ်တည်တည်နှင့် ပြောလိုက်သည်။ “ကျုပ်ကတရားမျှတမှုကိုလာပြီးရှာတာပါ”
ဟမ်
အကြီးအကဲဟယ်၏ အပြုံးသည် ပျောက်ကွယ်သွားသည်။
ဟာရီကိန်းဝံပုလွေဘုရင်လား။
မိုသက်လေပြင်း ခန်းမသခင်၏ နှုတ်ခမ်းများသည်လည်း တုန်ရင်သွား၏။
ဤမျှများပြားသော ဟာရီကိန်း ဝံပုေခြောက်ခြားစရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် ဟာရီကိန်းဝံပုလွေ ဘုရင်ကိုပင် စီးနင်း၍ ရောက်ရှိလာခဲ့သည်။
“ရောင်းရင်း”
သူသည်တုန်လှုပ်မှုကိုဖိနှိပ်ကာ လေးလေးနက်နက်ပြောလိုက်သည်။ “ခင်ဗျားနှင့်ကျုပ်ကသိတာမဟုတ်ဘူး။ ဘာကို တရားမျှတမှု လာရှာရတာလဲ။”
ကျွင်းရှောင်ရှောင်းသည် သူ၏ဓားမော့အား အသာမြှောက်ကာဖြင့် အကြီးအကဲဟယ်ကို လှမ်းပြောလိုက်သည်။ “ခင်ဗျားက မိုးသက်လေပြင်းခန်းမဆောင်က မဟုတ်ဘူးမလား။ အသက်မသေချင်ရင် မြန်မြန်ထွက်သွားတော့”
ဘယ်လောက်မောက်မာလောက်သည့် ကလေးနည်း။
အကြီးအကဲဟယ်သည် နှာခေါင်း ရှုံ့လိုက်သည်။
ဟာရီကိန်းဝံပုလွေသည် အလွန်တရာအားကောင်းလှသည်ဆိုလျှင်ပင် အဆင့်ငါးမိစ္ဆာဂိုဏ်းတစ်ခု၏ အကြီးအကဲ မျက်လုံးထဲတွင်တော့ ကြောက်ရွံ့စရာမဟုတ်ပေ။
သူသည် ဤလူငယ်လေးကို အဘယ်ကြောင့်ကြောက်ရွံရမည်နည်း။
ကြမ်းတမ်းလှသောသားရဲကြီးကို စီးနင်းနေသည်သာမဟုတ်လျှင် သူ၏ရက်စက်လှသော အမူအကျင့်အရ အစောတည်းကသွား၍ သတ်ဖြတ်ပြီးဖြစ်နေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကိုအခွင့်အရေးပေးတယ်။ ထွက်မသွားဘူးဆိုရင်တော့ ခင်ဗျားအသက်ကို ဒီမှာထားခဲ့ရလိမ့်မယ်။”
တစ်ဖက်လူ၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသောအော်ရာများအရဆိုလျှင် ဤဆံပင်ဖြူ နှင့် အဘိုးအိုသည် မိစ္ဆာဂိုဏ်းတစ်ခုမှ ဖြစ်ကြောင်း သိနိုင်သည်။ သတ်လိုက်လျှင်တောင် ဘာမှကိစ္စရှိမည့်သူမဟုတ်ပေ။
“ဟား ဟား ဟား ဟား”
အကြီးအကဲဟယ်သည် ရယ်လိုက်၏။
“မင်းက ဟာရီကိန်းဝံပုလွေစီးနိုင်တယ်ဆိုပြီးတော့ ဒီလောက်မောက်မာနေတာလား။”
“အဲဒါ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ။” ကျွင်းချောင်ရှောင်း ခပ်တည်တည်ဖြင့်ပြန်မေးလိုက်၏။
နတ်မီးချောက်ကမ်းပါးတပည့်သည် အေးစက်စက်ပြောလိုက်၏။ “ဟိတ်ကောင် မင်းအခု ဝံပေုလွပေါ်ကဆင်းလိုက်စမ်း။ ပြီးရင်ငါနဲ့လာတိုက်ခိုက်။”
သူ၏အကြီးအကဲအား မထီမဲ့မြင်ဖြင့် လှောင်ပြောင်နေသည်ကို သူ မည်သို့မျှမခံနိုင်ချေ။
သို့ပေမဲ့ သူသည် ဟာရီကိန်းဝံပေုလွဘုရင်ကိုတော့ စိုးရွံ့၏။ ထို့ကြောင့် ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ပေါ်မှဆင်းလာပြီး သူနှင့် တိုက်ခိုက်ရန် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
“ပုရွက်ဆိတ်လိုကောင်လေး …. မင်းကငါနဲ့တိုက်ခိုက်ဖို့အရည်အချင်းမပြည့်ဘူး။”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလိုပြောလိုက်သည်။ “ရှောင်ကျီ သူနဲ့သွားတိုက်လိုက်။”
“ကောင်းပါပြီ။”
ရှောင်ကျီသည် ဝံပုလွေပေါ်မှခုန်ဆင်းကာ အသာလမ်းလျှောက်သွားသည်။ သူ၏လက်ထဲတွင်ရှိသော အအေးဓားသည် ငွေရောင်အလင်းတန်းများနှင့်ထွန်းတောက်လာသည်။
နတ်မီးချောက်ကမ်းပါးတပည့်သည် သူ၏ဓားမော့ကိုထုတ်ယူပြီး အသာနှာခေါင်းရှုံ့လိုက်၏။
ဤအရာသည် မိတ်ဖြစ်ဆွေဖြစ်တိုက်ခိုက်ပွဲတစ်ခုမဟုတ်ပေ။ သေခြင်းရှင်ခြင်းအတွက်တိုက်ခိုက်ရသော ပွဲဖြစ်၏။ ထို့ကြောင် နှစ်ဖက်လုံး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့်ပြည့်နှက်လျက်ရှိနေသည်။
တိုက်ခိုက်လိုက်သည်နှင့် သူတို့သည် မည်သို့သော သက်ညာထောက်ထားမှုကိုမှ ပြသလိမ့်မည်မဟုတ်ချေ။
မိုးသက်လေပြင်းခန်းမသခင်သည် နှာခေါင်းရှုံ့လိုက်၏။
ဤလူငယ်သည် အများဆုံး အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် သိုင်းဆရာတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် နတ်မီးချောက်ကမ်းပါးတပည့်နှင့် တိုက်ခိုက်သည်ဆိုသည်မှာ သေလမ်းရှာခြင်းပင်ဖြစ်ပေလိမ့်မည်။
“တော်ဝင် ကန္တာရအငွေ့”
ရုတ်တရက်ဆိုသလိုပဲ နတ်မီးချောက်ဂိုဏ်းပါးတပည့်သည် အရင်ဦးဆုံးတိုက်ခိုက်လိုက်သည်။
သူသည် လက်ထဲတွင်ရှိသောဓားကိုမွှေ့ရမ်းလိုက်ချိန်မှာတော့ အလွန်တရာအေးစက်သော ဓားချီများ ဖြစ်တည်လာ၏။
ရှောင်ကျီသည် တိမ်ခြေလှမ်းကိုအသုံးပြု၍ ဓားချီများကို ချိုးဖြတ်လိုက်၏။
ပြီးနောက် ထိုတပည့်များဆီသို့အသာချင်းကပ်သွားပြီး လက်ထဲတွင်ရှိသော အအေးဓားဖြင့် တိုက်ခိုက်လိုက်သည်။
သူသည် မည်သည့်ဓားတိုက်ကွက်ကိုမှလေ့ကျင့်ခဲ့သည်မဟုတ်ပေ။ ထို့ကြောင့် ဓားထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကိုထည့်သွင်း၍ ဤအတိုင်းထုတ်ပိုင်းလိုက်ခြင်းသာ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပဲ တလက်လက်တောက်ပနေသော ဓားအလင်းများဖြစ်ပေါ်လာ၏။
“မဟုတ်ဘူး”
“ဒင်”
ဓားအလင်းတန်းသည်ကျဆင်းလာပြီးသည်နောက် တဖက်လူ၏ဓားမော့ကြီးသည် ထက်ပိုင်းပြတ်သွားတော့သည်။ ပြီးနောက် အအေးအလင်းတန်းများသည်လည်း ပျောက်ကွယ်သွားတော့သည်။
နတ်မီးချောက်ကမ်းပါးတပည့်သည် မတ်မတ်ရပ်လျက် ရှိနေ၏။
သူ၏ညာဘက်လက်သည် နှစ်ပိုင်းပြတ်သွားပြီဖြစ်သော ဓားမော့အားကိုင်ထား၏။ ဦးခေါင်းမှာတော့ ခန္ဓာကိုယ်ပေါ်တွင်မရှိတော့ဘဲ ကျောက်ခင်းပြားပေါ်သို့ကျဆင်းနေသည်။
ခုတ်ပိုင်းချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်း။
“ချမ်းယုံ”
အကြီးအကဲဟယ် သည် ဒေါသတကြီးနှင့်အော်ဟစ်လိုက်၏။
သူ၏အနားတွင်ရှိသော မိုးသက်လေပြင်းခန်းမဆောင် သခင်သည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။
နတ်မီးချောက်ကမ်းပါးတပည့်သည် အဆင့်ရှစ်သိုင်းဆရာတစ်ယောက်ဖြစ်သည်။ သူ၏တပည့်ငါးယောက်လုံး တရစပ် တိုက်ခိုက်အနိုင်ယူခဲ့သူလည်း ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ တိုက်ခိုက်ခြင်းတစ်ခုတည်း ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
“မင်း ဘယ်သူလဲ”
သူသည်လေးလေးနက်နက်မေးလိုက်၏။
မိုးသက်လေပြင်းခန်းမဆောင်သခင်သည် ဤလူငယ်မှာ အလွန်တရာအားကောင်းလှသော ဟာရီကိန်း ဝံပုလွေကို စီးနင်းလာသောကြောင့် ဂိုဏ်းကြီးတစ်ခုခုမှဖြစ်လိမ့်မည်ကို ခန့်မှန်းထားသည်။
“သံမဏိအရိုးဂိုဏ်း ကျွင်းချောင်ရှောင်း” ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါးပြောလိုက်၏။
“သံမဏိအရိုးဂိုဏ်းဟုတ်လား”
အကြီးအကဲဟယ်သည် ရုတ်တရက်ကြည့်ပြီးပြောလိုက်သည်။
“မင်း ငါ့ရဲ့နတ်မီးချောက်ကမ်းပါးတပည့်ကို သတ်ပစ်ခဲ့တယ် ။ မင်းသေရင်တောင်မှ ငါခွင့်လွှတ်မှာမဟုတ်ဘူး။”
“နတ်မီးချောက်ကမ်းပါး ဟုတ်လား”
ကျွင်းချောင်ရှောင်း သည် ထိုဂိုဏ်းအားတစ်ခါမှမကြားဖူးခဲ့ချေ။
စနစ်မှပြောလိုက်သည်။ “ဟွာယန်နိုင်ငံထဲမှာရှိတဲ့ အဆင့်ငါးမိစ္ဆာဂိုဏ်းတစ်ခုပဲ။ တောင်ပြာဂိုဏ်းနဲ့တော့ ယှဉ်လို့မရဘူး။”
ချီးတဲ့မှ ….. သူ့အနေနှင့် နောက်ဆုံးပစ်မှတ်ဖြစ်သော မိုးသက်လေပြင်းခန်းမကို လာရောက်ဖျက်စီးခြင်းဖြစ်သည်။
သို့ပေမဲ့ သူသည် အဆင့်ငါးမိစ္ဆာဂိုဏ်းတစ်ခုအား ထပ်မံ၍ ပြဿနာရှာခဲ့မိပြီ ဖြစ်၏။
ဤအရာမှာအလွန်ပင်အန္တရာယ်များလှ၏ ။ သူ့အနေနှင့်နတ်မိချောက်ကမ်းပါးဂိုဏ်းကိုပါ ထပ်မံ၍ဖျက်စီးရတော့ မလိုဖြစ်နေတော့သည်။