အခန်း (၃၆၈)
Vol. 25 Ch. 368
ကျွင်းချောင်ရှောင်းသည် ဟွာယန် နိုင်ငံသို့ ရောက်ရှိလာပြီး တရားမျှတမှုကို တောင်းဆိုသည်ဆိုသည်မှာ သံမဏိအရိုးဂိုဏ်းသည် အလွန်တရာ အားကောင်းလှသည့် ဂိုဏ်းဖြစ်ကြောင်း တစ်လောကလုံးကို သိစေချင်၍ ဖြစ်သည်။
ထို့အပြင် သူ့၌ အလယ်အလတ်အဆင့် ဂိုဏ်းအကာအကွယ် အစီအရင် ရှိသောကြောင့် ကြိုက်သလို သေလမ်းရှာ၍ ရ၏။
"သေတဲ့အထိ တိုက်ခိုက်ရမှာလား။"
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "နားထောင်ရတာတော့ ကြက်သီးထစရာပဲ။"
ဝှစ် ဆွစ်။
အကြအကဲဟယ်သည် သူ၏ လက်ကောက်ဝတ်ကို ယမ်းခါလိုက်သည်။
အလွန်တရာအားကောင်းလှသော စွမ်းအင်လှိုင်းများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာတော့သည်။ အမဲရောင်စွမ်းအင်များအဖြစ် ဖြစ်တည်လာပြီး ကျွင်းချောင်ရှောင်းဆီသို့ တိုက်ရိုက် ဝင်ရောက်လာ၏။
ဤအတောအတွင်းမှာပဲ အနက်ရောင်စွမ်းအင်များသည် အလွန်တရာ ကြီးမားလှသော လက်သီးကြီးတစ်ခု အဖြစ် ဖြစ်တည်လာပြီး ဂျင်သုံးသိန်းလောက်ရှိသော တိုက်ခိုက်မှုအား ထုတ်ဖော်လာတော့သည်။
အကြီးအကဲဟယ်သည် သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူ၏ အားအင်အဆင့်သည် နတ်စမ်းချောင်းဂိုဏ်း ဂိုဏ်းချုပ်လောက် အားမကောင်းလှသော်လည်း မိစ္ဆာဂိုဏ်းကျင့်ကြံရေး နည်းစနစ်ကို ကျင့်ကြံသောကြောင့် အဆင့်ရှစ်သိုင်းစစ်သူကြီးတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သည်။
ဝှစ် ဝှစ်။
အမဲရောင် လက်သီးလုံးကြီးသည် ကောင်းကင် ပေါ်မှ ကျဆင်းလာပြီး လေပြင်းများပင် တိုက်ခတ်လာ၏။
အနီးအနားတွင် ရှိသော မိုးသက်လေပြင်း ခန်းမဆောင် သခင်ပင်လျှင် အလွန်တရာ ထိတ်လန့်သွားသည်။
ဤလူသည် နတ်မီးချောက်ကမ်းပါး ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သာ ဖြစ်သည်။ ဂိုဏ်းချုပ်ဆိုလျှင် မည်မျှ အကောင်းလိုက်မည်နည်း။
အဆင့်ငါး ဂိုဏ်းကြီးသည် အလွန်တရာ အားကောင်းလှ၏။
ဘုန်း။
ထိုအချိန်မှာပဲ အမဲရောင် လက်သီးချက်ကြီးသည် လမ်းတစ်ဝက်၌ တစ်စုံတစ်ခုနှင့် ထိခိုက်မိပြီး ကြောက်မက် ဖွယ်ရာကောင်းလောက်သည့် အသံကြီးတစ်ခု ဖြစ်တည်လာသည်။
အားလုံးသည် ပြန်လည်တည်ငြိမ်သွားချိန်မှာတော့ ကျွင်းချောင်ရှောင်းရှေ့တွင် မတ်မတ်ရပ်ပြီး သံမဏိဒိုင်ကာအား ကိုင်လျက် ရှိနေသည့် ရှောင်ကျီအား မြင်လိုက်ရတော့၏။
“ဘာ…”
အကြီးအကဲဟယ်၏ အမူအရာသည် ပြောင်းလဲသွားသည်။
သူ၏ လက်သီးချက်သည် အနည်းဆုံးတော့ ဂျင်သုံးသိန်းခန့်အားအင် ရှိသည်။ ထိုသို့သော အားအင်ကို ဒိုင်းတစ်ခု ကိုင်ဆောင်ထားသည့် သိုင်းဆရာတစ်ယောက်က တားဆီး ပိတ်ပင်ထားခဲ့၏။
"မယုံကြည်နိုင်စရာပဲ"
မိုးသက်လေပြင်း ခန်းမဆောင်သခင်၏ မျက်လုံးများသည်လည်း ပြူးကျယ်သွား၏။
အကြီးအကဲဟယ် ၏ တိုက်ခိုက်ချက်ကို သူသာ ခံယူသည်ဆိုပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။
ဤသံမဏိအရိုးဂိုဏ်းတပည့်မှာတော့ ဖျက်ဆီး၍ မရလောက်သော ခံတပ်ကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်လျက်ရှိနေသည်။
ဝှစ် … ဝှစ်။
အကြီးအကဲဟယ်၏ အော်ရာများသည် လေထဲတွင် ဖြစ်တည်လာပြီး အလွန်တရာ အားကောင်းလှသော အမဲရောင် အငွေ့များ အဖြစ် ထွက်ပေါ်လာ၏။
"ကောင်လေး …. မင်း ဘယ်လောက်ထိ ခံယူနိုင်မလဲ ကြည့်ရတာပေါ့။"
ဝှစ်
ခဏလောက်ကြာပြီးသည့် နောက်မှာတော့ အမဲရောင်စွမ်းအင်များသည် လေထဲတွင် စုဝေးလာပြ ဂျင်သုံးသိန်းခွဲခန့်ပါဝင်သော အားအင်လက်သီးချက်ကြီးတစ်ခုအဖြစ် ဖြစ်တည်လာတော့သည်။
ရှောင်ကျီ မျက်မှောင်ကုတ်သွားသည်။
သူ့အနေနှင့် ပထမလက်သီးချက်ကို ခုခံကာကွယ် နိုင်ခဲ့သည် ဆိုသော်လည်း အနည်းငယ် အားနည်းသွားခဲ့သလို ခံစားလိုက်မိ၏။
သူသာ ဒုတိယလက်သီးချက်ကို ခုခံရမည်ဆိုလျင် သူ၏ ဒိုင်းကာအား မှော်စွမ်းအင်ဖြင့် အသက်သွင်းမှ ဖြစ်ပေလိမ့်မည်။
"ေနောက်ကိုဆုတ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ သူ့ရဲ့ ရင်ဆိုင်လိုက်မယ်။"
"ကောင်းပါပြီ"
ရှောင်ကျီသည် သူ၏ ဒိုင်းကာ အား အသာပြန်ရုတ်၍ နောက်သို့ ဆုတ်လိုက်သည်။
ဟူး ဟူး
အမဲရောင်စွမ်းအင်များနှင့် ဖြစ်တည်လာသော လက်သီးကြီးသည် အမှန်တကယ်ပင် အောက်သို့ ကျဆင်းလာတော့၏။
"ရှောင်ကျီ"
လေလှိုုင်းများအား ထိုးခွင်းသွားပြီး လေတိုးသံအကျယ်ကြီးထွက်ပေါ်လာသည်။
ရွှီ။
ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ဆီမှ ခုန်ဆင်းလိုက်ပြီးသည့်နောက် သူ၏ လက်ထဲရှိ နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် လေထဲ မြောက်တက်သွား၏။
အလွန်တရာအားကောင်းလှသော ဓားမော့ချီ တစ်ခုသည် လေထဲသို့ ပျံ့နှံ့သွားတော့သည်။
ဤဓားမော့တိုက်ခိုက်ချက်သည် ဂျင်သုံးသိန်းခွဲခန့်သော အားအင်ပါဝင်သည်။ အလွန်တရာအားကောင်းလှသော သိုင်းစစ်သူကြီး ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ဂိုဏ်းချုပ်ကျွင်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ပြင်းထန်ကာ ထိရောက်လွန်းလှ၏။
သူ၏ လက်ထဲတွင် နဂါးစိမ်းလခြမ်းဓားမော့သာ ရှိသည်ဆိုပါက အထူးအဆင့်ဖြင့် သတ်မှတ်ထားသော သိုင်းစစ်သူကြီးအဆင့်ခုနစ်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရန်မှာ သူ့အတွက် လွယ်ကူလွန်းလှသည်။
ဝှစ်။
နဂါးစိမ်းဓားမော့၏ အော်ရာများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အမဲရောင်လက်သီးကြီးကို ခုတ်ပိုင်းလိုက်တော့သည်။
"မဖြစ်နိုင်ဘူး"
အကြီးအကဲဟယ်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "သူက သိုင်းစစ်သူကြီး ဒုတိယအဆင့်လေ။ဘယ်လိုလုပ်ပြီး ငါ့လက်သီးကို ဖျက်ဆီးနိုင်တာလဲ။"
ရွှီ
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ လှမ်းတက်လိုက်သည်။ သူသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထပ်မံ၍ မြှောက်ကိုင်ကာ အော်လိုက်၏။
"သေစမ်း”
ဝှစ် ….
အစိမ်းရောင်ဓားမော့ အော်ရာများသည် ထပ်မံ၍ ပေါ်ထွက်လာသည်။
အကြီးအကဲဟယ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။ သူသည် ရှောင်ရှားနိုင်ခဲ့သည်ဆိုသော်လည်း သူ၏ နောက်တွင်ရှိသော မိုးသက်လေပြင်းခန်းမဆောင်မှာတော့ ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင်လိုက်ရပြီဖြစ်သည်။
ခန်းမဆောင်ကြီးတစ်ခု၏ အပေါ်တွင် အစိမ်းရောင်ဓားမော့အရာကြီး ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ခန်းမဆောင်ကြီးတစ်ခုလုံးသည် အက်ကွဲလာ၏။။
ရွှီ … ရွှီ။
ကျွင်းချောင်ရှောင်းသည် အလွတ်မပေးပေ။
သူ၏ လှုပ်ရှားမှုနည်းစနစ်ကို သုံး၍ ရှေ့သို့ တိုးလိုက်သည်။ ထို့အပြင် သူသည် လေထဲမှာပဲ ထင်မှတ်မထားလောက်သည့် တိုက်ခိုက်ချက်တစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်သည်။
တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် အလွန်တရာ အားကောင်းလွန်းလှ၏။
အကြီးအကဲဟယ်သည် ထိပ်တိုက်ရင်မဆိုင်နိုင်ခဲ့ချေ။ ထို့ကြောင့် ဆက်တိုက် ရှောင်ရှားခြင်းကိုသာ ပြုလုပ်နေရသည်။
အဆုံးသတ်မှာတော့ အစိမ်းရောင် ဓားမော့ အော်ရာများသည် မိုးသက်လေပြင်းခန်းမကို ထိခိုက်သွားပြန်သည်။
ဂျိမ်း …. ဂျိမ်း။
နှစ်ပေါင်းများစွာထဲက တည်ဆောက်ခဲ့သော ဟောခန်းကြီးသည် စတင်၍ အက်ကွဲကြောင်း များဖြစ်တည်လာသည်။ သုံးချက်တိတိ တိုက်ခိုက်ပြီးသည့် နောက်မှာတော့ ခန်းမတစ်ခုလုံးသည် တုန်ခါလာ၏။
"မကောင်းတော့ဘူး ဒါကြီး ပြိုကျတော့မယ်"
ဘုန်း ဘုန်း။
ဟောခန်းကြီးတစ်ခုလုံးသည် ပြိုကျသွားတော့သည်။
ဖုန်များ တစ်ထောင်းထောင်း ထနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကောင်းကောင်း မမြင်ရတော့ချေ။
ဟူး …။
ဝေါ့။
မိုသက်လေပြင်း ခန်းမဆောင်၏ ခန်းမသခင်သည် သွေးတစ်လုတ် အန်ထွက်လာသည်။
ဂိုဏ်း၏ ဂိုဏ်းသိက္ခာကို ကိုယ်စားပြုသော တံခါးမကြီးသည် သံမဏိအရိုးဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ထိုအရာကိုပင် သူတော်တော် ဒေါသထွက်နေပြီဖြစ်သည်။
လက်ရှိအချိန်တွင်တော့ ဂိုဏ်း၏ တည်ရှိမှုတစ်ခုလုံးကို ကိုယ်စားပြုသော အဓိက ဟောခန်းမကြီးသည် ပြိုကျသွားခဲ့ပြီဖြစ်သည်။ သူ သွေးအန်သည် အထိ ဒေါသထွက်သည်မှာ သဘာဝပင်ဖြစ်တော့၏။
အကြီးအကဲဟယ်သည် ဟောခန်းကြီးတစ်ခုလုံး ပြိုကျသွားသည်ကို ဂရုမစိုက်ပေ။ သူသည် ကြောက်လန့်တကြားနှင့် ကျွင်းချောင်ရှောင်းအား ကြည့်လိုက်သည်။
တိုက်ကွက်အနည်းငယ်လောက် တိုက်ခိုက်ပြီးသည့် နောက်မှာတော့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် ငယ်ရွယ်၍ ကျင့်ကြံခြင်းအဆင့် နိမိ့ကျသည်ဆိုလျှင်တောင်မှ အားအင်အဆင့်မှာ သူ့ထက်ပိုမို ကောင်းမွန်သည်ဆိုသည်ကို သိရှိခဲ့ရ၏။
ရွှီ
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ဝှေ့ယမ်းကာ ထူးမခြားနားသလို ပြောလိုက်၏။ "ငကြောက်တွေကပဲ ရှောင်ပုန်းနေကြတာ"
အကြီးအကဲဟယ်၏ မျက်လုံး အကြည့်များသည် ပိုမို၍ စူးရှသွား၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ကျုပ်က မိုးသက်လေပြင်းခန်းမဆောင်ကို ဒီနေ့ ပစ်မှတ်ထားတာပဲ။ခင်ဗျား ဒါကို သိသင့်တယ်။"
“ဟမ့်”
အကြီးအကဲဟယ်သည် သူ၏ အင်္ကျီလက်အား ယမ်းခါကာ ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်။"
သူသည် ထိတ်လန့် ကြောက်ရွံ့နေမိ၏။ သူသည် ကျွင်းချောင်ရှောင်းအား ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ရသည်။ သူ့အနေနှင့် တပည့်များကို ခေါ်၍ လုံလုံခြုံခြုံနှင့် ပြန်သွားနိုင်ရန်သာ စဉ်းစားလိုက်၏။
သူ၏တပည့်သတ်ဖြတ်ခံလိုက်ရသောကြောင့်သာ အဆင့်ငါးဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းချုပ်နှင့် သူ၏ တပည့်များသည် အလွန်တရာ အားကောင်းလှကြောင်းကို အကြီးအကဲဟယ် မသိရှိခဲ့ပေ။
အကြိမ်အနည်းငယ်လောက် တိုက်ခိုက်ပြီးသည့် နောက်မှာတော့ တစ်ဖက်လူသည် ရန်စ၍ ရသည့် လူမျိုး မဟုတ်ကြောင်း နားလည်သွားမိ၏။ ထို့ကြောင့် ရှုံးနိမ့်မှုကို ဝန်ခံရန်သာ ရှိတော့သည်။
မိုးသက်လေပြင်းခန်းမဆောင်၏ အကြီးအကဲသည် အော်လိုက်၏။ “အကြီးအကဲဟယ် .. ဘာလုပ်တာလဲ”
ဤသံမဏိအရိုးဂိုဏ်းချုပ်၏ အားအင်သည် အလွန်တရာ ကြောက်ရွံ့ဖို့ ကောင်းသည်။ နတ်မီးချောက်ကမ်းပါး အကြီးအကဲကိုပင် တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိသည်။ သူ့အနေနှင့် မည်ကဲ့သို့ တိုက်ခိုက်အနိုင်ယူရမည်နည်း။
"ခန်းမသခင်ကျင်း"
အကြီးအကဲဟယ် ပြောလိုက်သည်။ "ခင်ဗျားက ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ ။ ခင်ဗျားဘာသာ ခင်ဗျား ဖြေရှင်းတော့"
ပြောပြီးသည့်နောက် သူသည် အလျင်အမြန်ပဲ ထွက်ခွာသွားတော့သည်။
သူသည် မကူညီချင်၍ မဟုတ်ပေ။ ကူညီခြင်းငှာ မစွမ်းသာသောကြောင့်သာ ဖြစ်၏။
"နေအုံး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အကြီးအကဲဟယ် သည် ရပ်တန့်ကာ ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဘာဖြစ်လို့လဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြန်သွားရင် ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကို သတင်းပေးလိုက်။ သံမဏိအရိုးဂိုဏ်းကို ပြဿနာရှာဖို့ မစဉ်းစားနဲ့။ မဟုတ်ရင် ကျုပ်က နတ်မီးချောက်ကမ်းပါး ဆီကို အလည်လာရလိမ့်မယ်။"
သူသည် လက်ကို ယမ်းခါလိုက်၏။
အာဝူး။
ဟာရီကိန်း ဝံပုလွေများသည် အူလိုက်တော့သည်။
သံမဏိအရိုးဂိုဏ်းချုပ်၏ ထိန်းချုပ်မှု အောက်မှာတော့ ၎င်းတို့အားလုံးသည် မိုးသက်လေပြင်းခန်းမဆောင်၏ တပည့်များဆီသို့ ဦးတည် ဝင်ရောက်သွားကြပြီး အလွန်တရာ ကြမ်းတမ်းရက်စက်လှသော သတ်ပွဲကြီးကို ကျင်းပကြတော့၏။
ထိုအရာကို မြင်တော့ အကြီးအကဲဟယ်သည် ချက်ချင်းပင် နားလည်သွားသည်။
တစ်ဖက်လူ ပြောဆိုသည့် နတ်မီးချောက်ကမ်းပါး ဆီသို့ လာရောက်လည်ပတ်မည်ဆိုသည်မှာ ဤဟာရီကိန်း ဝံပုလွေများကို စီးနင်း၍ လာခြင်းပင် ဖြစ်ပေလိမ့်မည်။
ခြိမ်းခြောက်မှု … အလွန်တရာ ကြမ်းတမ်းလှသော ခြိမ်းခြောက်မှုပင် ဖြစ်သည်။
"နားလည်ပါတယ်။" အကြီးအကဲဟယ်သည် အလောတကြီးဖြင့် တောင်၏ ဂိတ်တံခါးဆီသို့ ထွက်ခွာသွားတော့သည်။ သူသည် ယုန်တစ်ကောင်ထင် ပင် ပိုမိုမြန်ဆန်စွာထွက်ပြေးသွား၏။
တစ်ဖက်လူသည် သူ့အား သတ်ဖြတ်ချင်သည်ဆိုလျှင် ဟာရီကိန်းဝံပုလွေဘုရင်နှင့် လိုက်လာပါက သူ့တွင် အသက်ဆယ်သက်ရှိသည်ဆိုလျှင်တောင် လုံလောက်မည်မဟုတ်ချေ။
ဟမ်။
"ဒါက နတ်မီးချောက်ကမ်းပါးဂိုဏ်း ရဲ့ အကြီးအကဲ မဟုတ်လား။"
"သူကဘာလို့ မိုးသက်လေပြင်းခန်းမဆောင်မှာ ရှိနေရတာလဲ။"
ဟွာယန်နိုင်ငံမှ အလျင်အမြန်နှင့် လိုက်ပါလာကြသော ကျင့်ကြံသူများအားလုံးသည် အလောတကြီးဖြင့် ထွက်ခွာလာသော အကြအကဲဟယ်ကို မြင်လိုက်ရချိန်မှာတော့ ဇဝေဇဝါနှင့် ဖြစ်သွားကြမိသည်။
"လာကြ … တောင်ပေါ်တက်ကြည့်ရအောင်"
အားလုံးသည် မိုးသက်လေပြင်းခန်းမဆောင်ဆီသို့ အလျင်အမြန်ပဲ တက်သွားကြတော့သည်။
ကျိုးပျက်နေသော ဂိတ်တံခါးမှ တစ်ဆင့် ဝင်ရောက်ပြီးသည့် နောက်မှာတော့ အပြင်ဘက်ခြံဝန်းထဲတွင် ဆောင့်ကြောင့် ထိုင်လျက်ရှိသော ဟာရီကိန်းဝံပုလွေများကို သူတို့ မြင်လိုက်ရ၏။
သံမဏိအရိုးဂိုဏ်းချုပ်သည် ထိုအလောင်းများ၏ ခန္ဓာကိုယ်ဆီမှ အရာဝတ္ထုပစ္စည်းများကို ရှာဖွေလျက်ရှိသည်။
ဟမ်။
သွေးနှင့် စာရေးရန်ပြင်ဆင်နေသော ကျွင်းချောင်ရှောင်းသည် လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ များပြားလှသောကျင့်ကြံသူများ ရှိနေသည်ကို မြင်လိုက်ရ၏။
သူပြောလိုက်၏။ "ဒီနေ့ကစပြီး မိုးသက်လေပြင်းခန်းမဆောင်က ကျင့်ကြံခြင်း လောကမှာ မရှိတော့ဘူး။"
အားလုံးသော ကျင့်ကြံသူများသည် ခန်းမသခင်၏ အလောင်းများကို မြင်ရောက်ချိန်မှာတော့ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရင်သွား၏။
အချိန်တိုအတွင်းမှာပဲ နောက်ထပ် အဆင့်ခြောက်ဂိုဏ်းတစ်ခုသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
သံမဏိအရိုးဂိုဏ်းချုပ်သည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
"ဟုတ်တယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်တို့က ဟွာယန်နိုင်ငံကို ပြဿနာရှာဖို့ လာခဲ့တာမဟုတ်ဘူး။ မိုးသက်လေပြင်းခန်းမဆောင်နဲ့ တစ်ခြားသော ဂိုဏ်းသုံးခုက ကျုပ်တို့ သံမဏိအရိုးဂိုဏ်းသားတွေကို အနိုင်ကျင့်ခဲ့တယ်။ ဒါကြောင့် ကျုပ်တို့ ပြန်ပြီး ဖျက်ဆီးခဲ့တာပဲ...."
အားလုံးသောလူများ၏ နှုတ်ခမ်းထောင့်များသည် ပိုမို၍ တုန်ရင်သွားကြတော့သည်။
ရှေးခေတ်ကတည်းက တပည့်များသည် အပြင်ဘက် သို့ ထွက်ခွာမည် ဆိုလျှင် အနိုင်ကျင့်ခံရသည်မှာ သဘာဝပင်ဖြစ်သည်။
ထိုအတွက်ကြောင့် မိုင်ပေါင်းထောင်ချီရောက်ရှိလာပြီး အဆင့်ခြောက် ဂိုဏ်းတစ်ခုကို ဖျက်ဆီးပစ်ခြင်းမှာ တရားလွန်လွန်းလှ၏။
ဤအရာသည်မှာလည်း ကျွင်းချောင်ရှောင်း လိုချင်သည့် အရာပင် ဖြစ်တော့သည်။
သူ၏ တပည့်များ အပြင်ထွက်လျှင် မည်သူမှ နှောက်ယှက်အနိုင်ကျင့်ခြင်းကို ပြုလုပ်၍မရဆိုသည်ကို တစ်ခြားသောသူများကို သိစေချင်ခြင်းပင် ဖြစ်၏။
သိုသိုသိပ်သိပ် နေထိုင်မည် ၊ ယဉ်ယဉ်ကျေးကျေး နေထိုင်မည်ဆိုပါက လူအများသည် အခွင့်အရေးကို အရယူကာ ချောင်ပိတ်ရိုက်လိမ့်မည်။ အနိုင်ကျင့်ပေလိမ့်မည်။ ထိရောက်သည့် တုံ့ပြန်မှုကို ပြန်လည် ခံစားရမည် ကို သိရှိပါက မည်သူကမှ အာချောင်မည် မဟုတ်သလို၊ လက်ရောက်မှုကိုလည်း ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ဤအရာသည် မည့်သည့်ကမ္ဘာမှာ နေထိုင်သည် ဖြစ်စေ သိထားရမည့် လောက နိယာမ တရား တစ်ခုပင်ဖြစ်တော့သည်။