အခန်း (၃၆၉)
Vol. 25 Ch. 369
ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေဘုရင်ကို စီးနင်းကာ တပည့်ငါးရာနှင့်အတူ မိုးသက်လေပြင်း ခန်းမဆောင်ဆီမှ ပြန်လည်ထွက်ခွာသွားတော့သည်။
အလျှင်အမြန်ရောက်ရှိလာကြသော ကျင့်ကြံသူများသည် ကြည့်နေရုံသာ တတ်နိုင်ကြ၏။
တကယ်တမ်းဆိုလျှင် တစ်စုံတစ်ယောက်သည် သူတို့၏ နိုင်ငံထဲ ရောက်လာပြီး ဂိုဏ်းတစ်ခုအား လာရောက်ဖျက်ဆီးသည် ဆိုသည်ကို သည်းခံနိုင်မည် မဟုတ်ချေ။ ကျိန်းသေပေါက် တားဆီး၍ ဖြေရှင်းချက် တောင်းရပေလိမ့်မည်။
သို့ပေမဲ့ …
ယခုအချိန်မှာတော့ ဟာရီကိန်းဝံပုလွေအား စီးနင်းထားသော သံမဏိအရိုးဂိုဏ်းသားများအား မည်သူမှ မတားဆီးရဲကြချေ။ အားလုံးသည် ထွက်ခွာသွားသည်ကိုသာ စောင့်၍ ကြည့်နေရသည်။
“တစ်ရက်တည်း အဆင့်ခြောက်ဂိုဏ်းလေးခုကို ဖျက်ဆီးခဲ့တယ် ဟုတ်လား။ ကြောက်စရာပဲ”
“ငါတို့ သံမဏိအရိုးဂိုဏ်းနဲ့ ပြဿနာတက်လို့ မဖြစ်ဘူ”
“အနာဂတ်မှာ ချင်းယန်နိုင်ငံထဲ သွားမယ်ဆိုရင် အားလုံးနဲ့ ပြဿနာတက်လို့ရတယ်။ ဒီဂိုဏ်းနဲ့တော့ မရဘူးဆိုတာ မှတ်ထားရမယ်။”
ဂိုဏ်းလေးဂိုဏ်း ဖျက်ဆီးခံရခြင်းမှာ သံမဏိအရိုးဂိုဏ်းတပည့်များအား အနိုင်ကျင့်ခဲ့သောကြောင့် ဖြစ်သည်။
မိုးသက်လေပြင်းခန်းမဆောင်ထဲတွင် ရပ်နေကြည့် လာရောက်ကြည့်ရှုသူ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ထိုကိစ္စမှာ ကဗ္ဗည်းရေးထိုးထားသလို စွဲထင်နေပေလိမ့်မည်။
ဤသတင်းသာ ပြန့်နှံ့သွားလျှင် ဟွာယန်နိုင်ငံတစ်ခုလုံး အသက်ဝင် လှုပ်ရှားသွားမှာ သေချာသည်။
“ဒါက အဆင့်ခုနှစ် ဂိုဏ်းတစ်ခုပဲ”
“အဆင့်ခုနှစ် ဂိုဏ်းလေးတစ်ခုဆိုပေမဲ့ ဟာရီကိန်းဝံပုလွေတွေကို စီးနင်းရတဲ့အထိ အားကောင်းတယ်”
“နတ်မီးချောက်ကမ်းပါးဂိုဏ်း ရဲ့ အကြီးအကဲဟယ် တစ်ယောက် အခြေအနေ ဆိုးဆိုးနဲ့ ထွက်ပြေးသွားတာကို မြင်ခဲ့ရတယ်။ သူလည်း သံမဏိအရိုးဂိုဏ်းကို ကြောက်လို့ဖြစ်မယ်”
နတ်မီးချောက်ကမ်းပါး အကြောင်း ပြောရမည် ဆိုလျှင် အကြီးအကဲဟယ်သည် ဂိုဏ်းဆီ ပြန်ရောက်ချိန်မှာတော့ ဂိုဏ်းချုပ်အား ဖြစ်ပျက်ခဲ့သမျှအား ပြောပြခဲ့သည်။ သူ၏ တိုက်ရိုက်တပည့် အသတ်ခံရသည်ကို ကြားတော့ သံမဏိအရိုးဂိုဏ်းဆီ လိုက်သွားရန် ပြင်ဆင်ခဲ့သည်။
သို့သော်ငြား အဆင့်ခြောက် ဂိုဏ်းလေးခုလုံး ဖျက်ဆီးခံလိုက်ရသည်ကို ကြားရချိန်မှာတော့ သူ၏ ဒေါသတရားတို့သည် ပြန်လည် ငြိမ်သက်သွား၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် အဆင့်ငါး ဂိုဏ်းတစ်ခုဖြစ်သော သူတို့ပင်လျှင် တစ်ရက်လည် အဆင့်ခြောက် ဂိုဏ်းလေးခုကို မဖျက်ဆီးနိုင်ပေ။
“ဂိုဏ်းချုပ် …”
အကြီးအကဲဟယ် အကြံပြုလိုက်သည် “သံမဏိအရိုးဂိုဏ်းချုပ်က ဟာရီကိန်း ဝံပုလွေဘုရင်ကို စီးနင်းပြီး ကျန်တဲ့ တပည့်တွေက ဟာရီကိန်းဝံပုလွေတွေကို စီးတယ်။ ဒါက မရိုးရှင်းဘူး။ သူနု့ဲ ပြဿနာမတက်တာ ကောင်းမယ်”
“အင်း …”
တခြားသောအကြီးအကဲကလည်း ပြောလိုက်သည် “မိုင်တစ်ထောင်လောက် ဝေးတဲ့ ဂိုဏ်းလေးဂိုဏ်းကို ခရီးသွားပြီး ဖျက်ဆီးခဲ့တယ် ဆိုတော့ ဒီကောင်လေးဆီမှ စွမ်းရည်ရှိရမယ်။ သူနဲ့ ပြဿနာမတက်အောင် နေတာ အကောင်းဆုံး ကိစ္စပဲ”
“ဟုတ်တယ်”
ဂိုဏ်းချုပ်သည်လည်း အကြံကို လက်ခံပြီး သံမဏိအရိုးဂိုဏ်းဆီ သွားမည့် ကိစ္စအား ရပ်တန့်လိုက်တော့သည်။
ဟုတ်ပေသည်။ သူ၏ တိုက်ရိုက်တပည့်သေဆုံးရသည့် ကိစ္စကိုတော့ ရန်ငြိုးတစ်ခုအဖြစ် မှတ်ယူထားရမည်။
…….
မိစ္ဆာဂိုဏ်းလေးခု ဖျက်ဆီးခံလိုက်ရသောသတင်းသည် ဟွာယန်နိုင်ငံထဲတွင် ဟိုးလေးတကြော်ကြော် ဖြစ်လို့နေသည်။ ထိုသတင်းကို ကြားလိုက်ရသူတိုင်းသည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်သွားကြ၏။
အတုန်လှုပ်ဆုံးသူများမှာ ဟွာယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ပြဿနာ ရှာခဲ့သောာ မိစ္ဆာဂိုဏ်းများ ဖြစ်သည်။
လီချင်းယန် ဗိုလ်ဆွဲပြီးနောက်တွင် သူတို့သည် တပည့်များကို စေလွှတ်၍ တိုက်ခိုက်ခိုင်းခဲ့သေးသည်။ ထို့ကြောင့် သူတို့ဆီသို့ သံမဏိအရိုးဂိုဏ်း လာလည်မည်ကို စိုးထိတ်လျက်ရှိ၏။
ကံကောင်းစွာနှင့် သံမဏိအရိုးဂိုဏ်းသည် ရောက်မလာခဲ့ချေ။
ဝိညာဉ်လက်ဂိုဏ်း …။
ထိုဂိုဏ်းတွင်တော့ ကျွင်းချောင်ရှောင်းတစ်ယောက် ဝိညာဉ်အရင်းအမြစ်ကို ထိန်းချုပ်ထားသော စုန့်စီ ရှိနေသည်။ သူသည် သတင်းကို ကြားတော့ ထိတ်လန့်သွားမိ၏။
“အကြီးအကဲစုန့် …”
ဝိညာဉ်လက်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လက်နှစ်ဖက်နောက်ပစ်ကာ အဓိကဟောခန်း၏ အတွင်းဘက်တွင် လျှောက်လျက်ရှိသည်။ ခဏလောက်ကြာတော့ ရပ်တန့်ကာ ပြောလိုက်သည် “ကျုပ်ကို ဖြောင်းဖျပေးတဲ့အတွက် ကျေးဇူးပဲ။ မဟုတ်ရင် ဝိညာဉ်လက်ဂိုဏ်းကလည်း အခု ဂိုဏ်းလေးဂိုဏ်းလို ဖြစ်နေလောက်ပြီ”
လီချင်းယန်ကြောင့် သူ၏ တပည့်သေဆုံးခဲ့ရသည်ကို သိတော့ အလွန်အကြူး ဒေါသထွက်ခဲ့သည်။ သို့ပေမဲ့ ချင်းယန်နိုင်ငံမှ စုန့်စီ ပြန်လာပြီးသည့်နောက် နည်းလမ်းမျိးစုံကို အသုံးပြု၍ သူ့အား ထပ်မံ၍ ရှေ့ဆက်မတိုးရန် တားဆီးခဲ့သည်။
ဟုတ်ပေသည်။
စုန့်စီသည် သူ၏ ဝိညာဉ်အရင်းအမြစ် ထိန်းချုပ်ခံထားရသောကြောင့် ရပ်တန့်ရန်သာ တွေးတော်မိသည်။ မဟုတ်ပါက သူ သေဆုံးနိုင်သည် မဟုတ်လား။
သံမဏိအရိုးဂိုဏ်းသည် မိစ္ဆာဂိုဏ်းလေးဂိုဏ်းအား ဖျက်ဆီးခဲ့သည် ဆိုော သတင်းကိုကြားရချိန်မှာတော့ ဝိညာဉ်လက် ဂိုဏ်းချုပ်သည် အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်၏။
အဆင့်ခြောက်ဂိုဏ်းတစ်ခုအား ဖျက်ဆီးနိုင်ဆိုတော့ အဆင့်ခုနှစ်ဂိုဏ်းဆိုလျှင် မျက်လုံးထဲတွင်ပင် ထည့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ် …”
ထိုအချိန်မှာပဲ တပည့်တစ်ယောက်က ရောက်လာသည် “သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက စာတစ်စောင် လာပို့တယ်”
“သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း ဟုတ်လား”
ဂိုဏ်းချုပ် နှင့် အကြီးအကဲစုန့် တို့၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွား၏။
သူတို့သည် စာအား ဖွင့်ဖတ်ကြည့်လိုက်တော့ သုံးရက်ကြာလျှင် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း သို့ လာလည်၍ အစည်းအဝေး တက်ရောက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။
စာရွက်၏ အဆုံးတွင် အရိုးခေါင်းပုံ တစ်ခု တည်ရှိနေသည်။
ဝိညာဉ်လက် ဂိုဏ်းချုပ် သည် လက်ထဲတွင်စာကို ကိုင်ရင်း သူ၏ လက်များသည် တုန်ရင်နေ၏ “ဘာ … ဘာတွေ ဖြစ်ကုန်တာလဲ”
သူတို့နှင့် တူညီစွာဘဲ ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းသားများသည် တုန်လှုပ်မိသွားသည်။ အဘယ့်ကြောင့် ဆိုသော် တူညီသောရက်အတွက် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းဆီမှ စာကို လက်ခံရရှိခဲ့သောကြောင့်ပင် ဖြစ်၏။
အဝေးတွင်ရှိသော ဂိုဏ်းများဆိုလျှင် သတ်ဖြတ်ခြင်း နတ်ဘုရားဂိုဏ်းဆီသို့ ညတွင်းချင်း ဦးတည်သွားကြတော့သည်။ အားလုံးသည် စိတ်ထဲတွင် စိုးရွံ့မိနေကြ၏။ ထို့အပြင် တစ်ဖက်လူများသည် အဘယ့်ကြောင့် သူတို့အား ဖိတ်ခေါ်ခဲ့ကြောင်း သူတို့ မသိပေ။
………..
သံမဏိအရိုးဂိုဏ်း …
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့်အတူ ပြန်လာခဲ့သည်။
“ဘာဖြစ်တာလဲ”
လီလိုရှုသည် အဓိက ဟောခန်းထဲသို့ ဝင်လာပြီး အသာထိုင်ချကာ သက်ပြင်းချလိုက်သည်။ ပြီးနောက် မယုံကြည်နိုင်သလို ေြ့ပာလိုက်၏ “ဟွာယန်နိုင်ငံထိ သွားပြီး ဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးခဲ့တာလား”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်ကို အသာငုံသောက်လိုက်သည်။
လီလိုရှု ဆွံ့အသွား၏ “ဒီလောက်ကောင်းတဲ့ ကိစ္စကို လုပ်တာ ဘာလို့ ခေါ်မသွားတာလဲ”
ဂိုဏ်းအတွင်း၌ သူမသည် ကိုယ်တိုင်ကျင့်ကြံခြင်း သို့မဟုတ် တပည့်များ၏ ကျင့်ကြံမှုကို လမ်းညွှန်ခြင်း စသော လုပ်ငန်းများကိုသာ နေ့စဉ် ြ“မပူနဲ့ …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အနာဂတ်မှာဒီလို အခွင့်အရေးတွေ အများကြီး ရလာမှာပဲ”
ဂိုဏ်းလေးဂိုဏ်းအား တစ်ခါတည်း ဖျက်ဆီးပြီးသည့်နောက် သူသည် လုံလောက်သည့် အရှိန်အဝါအား ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည် ထို့ကြောင့် ကျင့်ကြံခြင်းလောကထဲတွင် နေထိုင်ရင်း ပြဿနာ တော်တော်များများကို ထပ်မံ ရင်ဆိုင်ရအုံးမှာ သေချာ၏။
လီလိုရှု ပြောလိုက်သည် “ဂိုဏ်းချုပ် … ဟွာယန်နိုင်ငံ က လူထုရဲ့ ဒေါသကို ရင်ဆိုင်ရမယ် ထင်တယ်။ ဘာလို့လဲ ဆိုတော့ ဟွာယန်နိုင်ငံ ထဲက ဂိုဏ်းလေးခုကို သံမဏိအရိုးဂိုဏ်း က ဖျက်ဆီးခဲ့တာကိုး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သူတို့ သေမှာမကြောက်ရင် လာခဲ့ပါစေလေ။”
ဂိုဏ်းအကာအကွယ် အစီအရင်သည် အားကောင်းလွန်းသည့်အပြင် ဝံပုလွေအုပ်ကလည်း အစွမ်းထက်လွန်း၏။ ဟွာယန်နိုင်ငံ မှ လူများအနေဖြင့် ပြဿနာ လာရှာလျှင် အသက်မပါဘဲ ပြန်သွားရပေလိမ့်မည်။
အရိုးသားဆုံး ပြောရမည် ဆိုလျှင် ….
သံမဏိအရိုးဂိုဏ်း က အဆင့်ခုနှစ် ဂိုဏ်းတစ်ခု ဖြစ်သည် ဆိုသော်လည်း အစစ်အမှန် အားအင် အနေဖြင့် အဆင့်ခြောက် ဂိုဏ်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ ပို၍ပင် အားကောင်းနေနိုင်သေး၏။
……..
ဂိုဏ်းဆီသို့ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ ရရှိခဲ့သော ပစ္စည်းများအား သေချာကြည့်ရှုလိုက်သည်။
အဆင့်ခြောက် ဂိုဏ်းလေးခုသည် အလွန်ချမ်းသာကြ၏။ ရွှေ၊ ငွေ၊ ေ“အရမ်းကောင်းတယ်”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည်။
လက်ရှိအချိန်တွင်သူသည် ဟွာယန်နိုင်ငံသို့ သွားရောက်၍ တခြားသော မိစ္ဆာဂိုဏ်းများကိုပင် လုယက်ရန် စဉ်းစားနေမိ၏။ ထိုနည်းသည် ပိုက်ဆံ နှင့် အရင်းအမြစ်များအား မြန်မြန်ရရှိသည့် နည်းလမ်းဖြစ်သည် မဟုတ်လား။
ထားလိုက်တော့။
သူူသည် မိစ္ဆာဂိုဏ်းမှ မဟုတ်သည်မို့ တခြားသူများကို လုယူရန် ဆိုသည်မှာ မသင့်တော်ပေ။
………
ဟွာယန်နိုင်ငံသို့ ခရီးထွက်ပြီးနောက်မှာတော့ သူသည် ပိုက်ဆံ နှင့် အရင်းအမြစ် တော်တော်များများကို ရရှိခဲ့သည်။
မည်မျှ ဝမ်းသာဖို့ ကောင်းသနည်း။
ရှောင်ကျီနှင့် တခြားသူများသည် သေမင်းတောင်ကြားဆီ သွားရောက်လေ့ကျင့်ပြီးနောက် အသားများ ၊ သလင်းအမြူတေ များအား ပြန်လည် ယူဆောင်လာခဲ့ကြသည်။ ထို့ကြောင့် သားရဲဆေးလုံးများအား အလျှံအပယ် ဖန်တီးနေနိုင်၏။
ဒင် …
ဒင် …။
သတိပေးသံများသည် သူ၏ နားထဲတွင် ဆက်တိုက် ပေါ်လာနေသည်။
ကျွင်းချောင်ရှောင်းသည် ထိုအသံများအား လျစ်လျူရှုပြီး ခြေချိတ်ထိုင်ကာ ဆက်လက် လေ့ကျင့်လျက်ရှိ၏။
ရက်အနည်းငယ်အတွင်း လေ့ကျင့်ရန် ထွက်ခွာသွားကြသော တပည့်များသည် သူတို့ သတ်ဖြတ်ခဲ့သော အသားများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြတော့သည်။
ကြည့်ရသည်မှာ သူ့အနေဖြင့် သားရဲဆေးလုံး ဖန်တီးရန် ကုန်ကြမ်းပြတ်လပ်မည့်ပုံမပေါ်ချေ။