ပွဲတော်အချိန်
Vol. 11 Ch. 134
ချန်အိမ်တော်၏ အလယ်ဗဟိုတွင် အရုဏ်တက်ခြံဝန်းအတွင်း ပြတင်းပေါက်တစ်ခုသည် အလှပြင်နေသည့် နူးညံ့သိမ်မွေ့သော အလှတရား၏ မြင်ကွင်းတစ်ခုကို ဖော်ပြနေသည်။ယွမ်ရှောင်သည် ချန်ရီ၏နောက်တွင် ရပ်နေပြီး နီရဲရဲဝတ်စုံနှင့် သူမကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် ကျားဖြူမျက်နှာဖုံးကို ဖယ်ရှားထားကာ ဆံပင်ရှည်များက ရေတံခွန်ကဲ့သို့ ဖြာကျနေပြီး ထူးဆန်းသော မြူခိုးများ ဖုံးလွှမ်းနေသော ကြေးမုံတစ်ခုသို့ စွဲမက်ဖွယ်ကောင်းသော မျက်လုံးများနှင့် နက်ရှိုင်းစွာ စိုက်ကြည့်နေသည်။ လက်ရှိတွင် သူမသည် မည်သည့်ဖုံးကွယ်မှုမှ မရှိဘဲ ဧကရီတစ်ပါး၏ ပုံစံမျိုး ထုတ်ဖော်ပြသနေသည်။ထို့နောက် သူသည် ကျောက်ရန်ရန်မှ လက်ဆောင်ပေးထားသော အဖြူရောင်ဝတ်စုံကို ခေါက်ကာ သိုလှောင်အိတ်အတွင်း ဂရုတစိုက် ထည့်၍ အနီရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။
"ဒီဦးထုပ်ကို မဝတ်ဘဲ ကျော်သွားလို့ရမလား"
ယွမ်ရှောင်က သတို့သားခေါင်းဆောင်းကို လက်ဖြင့် ထိုးကစားရင်း သိသိသာသာ စိတ်ပျက်နေပုံရသည်။
"ဝတ်ရမယ်"
ချန်ရီက ပြန်ဖြေပြီး ထရပ်ကာ သူ့ဆီသို့ လျှောက်လာသည်။ အနီးကပ်ကြည့်လျှင် သူမ၏ အနီရောင်ဝတ်စုံသည် မြေပြင်၌ ဒရွတ်ဆွဲနေပြီး နှုတ်ခမ်းများက တောက်ပနေကာ မျက်လုံးများက အမိန့်ပေးနေသဖြင့် အလွန်ခန့်ညားသည့် တည်ရှိမှုအလားပင်။ ပြင်ဆင်မှုပြုလုပ်ရန် မလိုအပ်သော ယွမ်ရှောင်သည် မင်းသားလေးတစ်ပါးကဲ့သို့ ဆွဲဆောင်မှုရှိသည်။ ကြယ်ရောင်မျက်လုံးများ၊ ဓားကဲ့သို့ မျက်ခုံးများ၊ တည့်မတ်သော ကိုယ်ဟန်အနေအထား ကြောင့် သူ၏ပုံရိပ်က အိပ်မက်ဆန်၏။
ချန်ရီသည် ရှည်လျားသော ဝတ်စုံကို ဆွဲကာ ချဉ်းကပ်လာပြီး သတို့သားခေါင်းဆောင်းကို ကူညီဝတ်ဆင်ပေးရန် လက်ကို ဆန့်လိုက်ကာ တိတ်ဆိတ်နေသော်လည်း သူမ၏ လုပ်ဆောင်ချက်များက ကြီးစိုးမှုရှိကြောင်း ထုတ်ဖော်ပြသနေသည်။
"ဒီဝတ်စုံက ဝတ်ရတာ မသက်မသာဖြစ်နေတယ်၊ တစ်နာရီပဲ ဝတ်မယ်"
ယွမ်ရှောင်က ရေရွတ်လိုက်ပြီး လွတ်လပ်မှု၊ သက်တောင့်သက်သာရှိမှု၊ ချည်နှောင်မှုမရှိခြင်းတို့ကြောင့် အစ်မကျောက်၏ အဖြူရောင်ဝတ်စုံကို ပိုမိုနှစ်သက်သည်။
"ကောင်းပြီ"
ချန်ရီက ပြန်ဖြေပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မီးရောင်များ တောက်ပနေပြီး ဗုံသံများ ပဲ့တင်ထပ်နေကာ စည်ကားသိုက်မြိုက်နေသည်။
"မင်္ဂလာအချိန်က နီးကပ်လာပြီ၊ ဧည့်သည်တွေလည်း အားလုံးနီးပါး ရောက်လာကြပြီ"
"ဟုတ်တယ်၊ ဒါပေမယ့် မင်္ဂလာအခမ်းအနားမတိုင်ခင် မေးခွန်းနှစ်ခုလောက် မေးချင်တယ်"
ယွမ်ရှောင်က လေးလေးနက်နက် ပြောလိုက်သည်။
"ပြောပါ"
ချန်ရီက ပြန်ဖြေပြီး အေးစက်သော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
"ပထမမေးခွန်း။ ငါ့အတွက် လက်ဖွဲ့က ဘယ်မှာလဲ။ အခု ပေးလို့ရလား"
"လက်ဖွဲ့ ၊ ငွေကို အရမ်းမက်နေတာလား။ မရှိဘူး"
သူမက အံ့အားသင့်သွားသည်။
"လက်ဖွဲ့မရှိလည်း ကိစ္စမရှိပါဘူး။ လူတော်တော်များများ လက်ဆောင်တွေ ယူလာကြတာပဲ။ အဲဒီထဲက တစ်ဝက်ကို ငါယူမယ်"
ယွမ်ရှောင်က အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
"လောဘကြီးမနေနဲ့၊ အဲဒါတွေက ငါ့အဖေအတွက်"
ချန်ရီက ပြန်ပြောလိုက်သောအခါ
ယွမ်ရှောင်သည် သူ၏ မင်္ဂလာဝတ်စုံကို ဆုတ်ဖြဲရန် ပြင်ကာ ခြိမ်းခြောက်လိုက်၏။
"ဒါဆိုရင် ငါ နင့်ကိုမယူတော့ဘူး"
"စိတ်ချပါ၊ နောက်ကျ ပေးပါ့မယ်"
ချန်ရီက နှုတ်ခမ်းကို ကိုက်၍ ခဏကြာ စိုက်ကြည့်ပြီးမှ အလျှော့ပေးလိုက်သည်။
"မင်္ဂလာအခမ်းအနားပြီးမှလား"
ယွမ်ရှောင်က မေးလိုက်သည်။
"မင်္ဂလာဦးညပြီးမှ..."
ချန်ရီက ပြန်ဖြေလိုက်သည်။
"ဘာ..."
ယွမ်ရှောင်က အံ့အားသင့်စွာ ပြောလိုက်သည်။
"မင်္ဂလာဦးညပြီးမှ..."
သူက မယုံနိုင်စွာ ထပ်ပြောလိုက်သည်။
"အတိအကျပဲ"
ချန်ရီက လှည့်စားသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"မင်း ငါ့ကို နောက်နေတာလား"
"ဘာကို မျှော်လင့်ထားတာလဲ။ ငါက အစီအစဉ်ကြီးကြီးမားမား ရှိလို့ နင့်ကို လက်ထပ်ဖို့ အလျင်စလိုဖြစ်နေတယ်လို့ ထင်တာလား"
ထိုအတွေးသည် ယွမ်ရှောင်၏ စိတ်ထဲတွင် အမှန်တကယ် ပေါ်လာခဲ့သည်။ မင်္ဂလာပွဲသည် ကောင်းကင်နယ်မြေတွင် ရှုပ်ထွေးသွားကာ ပြဿနာများဖြစ်ပေါ်လာစေရန် လှည့်စားမှုတစ်ခုဖြစ်နိုင်သည်။
"ဘာအကြံအစည်မှ မရှိဘူး"
"ဒါဆို ဘာလို့ ငါ့ကို ယူတာလဲ"
"ငါတို့ မင်္ဂလာမဆောင်ရင် မင်္ဂလာဦးညကို ဘယ်လိုဖြတ်သန်းကြမလဲ။ အဲဒါ သင့်တော်မယ်လို့ ထင်လား"
သူမက သူ့မျက်လုံးများကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်ခြင်းဖြစ်၏။ သူက စကားလုံးများ ပျောက်ဆုံးသွားပြီး မျက်နှာက ရယ်စရာကောင်းလောက်အောင် ရှုံ့မဲ့သွားကာ သားရဲလေးနှင့် စိတ်ချင်းဆက်သွယ်ခဲ့သည်။
"ကြယ်ပြာ လနီ၊ မင်းတို့ ဒီအရုဏ်တက်နတ်ဧကရီကို စောင့်ကြည့်ရမယ်။ ငါ ထွက်ပြေးဖို့ လိုလာလိမ့်မယ်လို့ ခံစားနေရတယ်"
"ဘာလို့လဲ"
"ငါ့ရဲ့ လူပျိုရည်ကို ကာကွယ်ဖို့အတွက်"
သူက လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြ နေသကဲ့သို့ တီးတိုးပြောလိုက်သည်။
"အဲ့ဒါက လူပြန်ဝင်စားသွားတာ နှစ်ဆွေးနေလောက်ပြီ"
သားရဲလေးက ဟားတိုက်ရယ်မောလိုက်ခြင်းပင်။
ထိုအချိန်တွင် ချန်အိမ်တော်၏ ခမ်းနားထည်ဝါမှုသည် အပြည့်အဝ ပေါ်လွင်နေကာ အိမ်တော်တစ်ခုလုံးတွင် အခမ်းနားဆုံးနှင့် အလေးအနက်ဆုံးနေရာဖြစ်သော အလယ်ခန်းမကြီးသည် အခမ်းနားဆုံးပွဲလမ်းကိုသာ ခွင့်ပြု၏။ ကောင်းကင်ဘုံနယ်မြေရှိ အဓိကမျိုးနွယ်ဖြစ်သော ချန်မျိုးနွယ်သည် အင်မော်တယ်ပြည်ထောင်၌ အမြစ်တွယ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ၎င်း၏ သြဇာအာဏာသက်ရောက်သော မဟာမိတ်များတွင် မျိုးဆက်ပေါင်းများစွာ ပါဝင်နေသည်။ မင်္ဂလာပွဲက ထူးဆန်းစွာဖြင့် ရုတ်တရက်ဆန်လွန်းသော်လည်း ကောင်းကင်ဘုံနယ်မြေတစ်ဝှမ်းမှ အာဏာရှိသူများသည် တန်ဖိုးကြီး လက်ဆောင်များဖြင့် အချိန်မီ ရောက်ရှိလာကြသည်။ ဆေးလုံးများနှင့် ရှေးဟောင်းပစ္စည်းများမှသည် အဖိုးတန်သတ္တုများ၊ လျှို့ဝှက်ပညာရပ်များနှင့် ရှေးဟောင်းကျမ်းစာလိပ်များအထိ လက်ဆောင်များ စုပုံနေသဖြင့် ချန်မျိုးနွယ်၏ မြင့်မြတ်သော အဆင့်အတန်းကို သက်သေပြခဲ့သည်။
အချိန်သုံးနာရီအတွင်း ခန်းမကြီးသည် ဧည့်သည်တစ်သောင်းဖြင့် ပြည့်နှက်သွားကာ ချီစွမ်းအင် အငွေ့အသက်များဖြင့် ပြည့်နှက်နေသောကြောင့် အင်မော်တယ်များ၏ အစွမ်းကို ထင်ဟပ်နေ၏။ ဌာနကြီးခြောက်ခုမှ ထင်ရှားသော အရာရှိများ၊ ဘိုးဘေးကျောင်းဆောင်မှ တော်ဝင်မိသားစုများ၊ ကိုးကောင်းကင်တပ်မတော်မှ ဗိုလ်ချုပ်များနှင့် ကောင်းကင်နယ်မြေရှိ အဓိကမဟာမိတ်အဖွဲ့အစည်းအသီးသီးမှ အကြီးအကဲများအားလုံး တက်ရောက်လာကြသည်။ အရေအတွက်နှင့် ထုတ်လွှတ်နေသော အရှိန်အဝါများကြောင့် ချန်မျိုးနွယ်နှင့် သူတို့၏ စည်းလုံးမှုက ထင်ရှားနေသည်။ ဤလက်ထပ်ပွဲကို အချိန်တိုအတွင်း စီစဥ်လိုက်ခြင်းဖြစ်သော်လည်း များပြားလှသည့်ဧည့်သည်များ တက်ရောက်လာကြသဖြင့် ကိုးကောင်းကင်စစ်တပ် အထူးခေါင်းဆောင်၏ လွှမ်းမိုးနိုင်စွမ်းကို သိနိုင်သည်။ အင်မော်တယ်ပြည်ထောင်၏ ကောင်းကင်နယ်မြေတွင် အမွေအနှစ်နှင့် ပတ်သက်လာလျှင် ယဲ့တော်ဝင်မျိုးနွယ်သာ ချန်မျိုးနွယ်ကို ကျော်လွန်နိုင်သည်။ မင်္ဂလာအချိန်နာရီ နီးကပ်လာသည်နှင့်အမျှ ချန်အိမ်တော်၏ အလယ်ခန်းမကြီးသည် စည်ကားနေပြီး ဧည့်သည်များက စပ်စုလိုမှုနှင့် စိတ်လှုပ်ရှားမှု ရောနှောနေသော အမူအရာများဖြင့် စုရုံးနေကြသည်။
"ရဲရှင်းချန် စွမ်းအားကျဆင်းပြီးနောက်မှာ ချန်ရီက လေမီးတောက်ကပ်ဘေးအဆင့်နဲ့ ကောင်းကင်နယ်မြေသို့ ပြန်လာပြီး အလျင်အမြန် စီစဉ်ခဲ့တယ်။ သူမက ရဲရှင်းချန်၊ မဟာကျောင်းတော်နဲ့ ရဲတော်ဝင်မျိုးနွယ်ကို အရှက်ခွဲဖို့ ကြိုးစားနေတာဖြစ်ရမယ်"
ဧည့်သည်တစ်ဦးက တီးတိုးပြောသည်။
"ကောလာဟလတွေအရ သတို့သားက အောက်နယ်မြေက ဓားသမားတစ်ယောက်ဖြစ်ပြီး အစောပိုင်း နဂါးဘုရင်အဆင့်မှာ ရှိတယ်။ ဒီည ရဲရှင်းချန် ရဲရဲတင်းတင်း ပေါ်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ"
နောက်တစ်ယောက်က ထပ်ပြောလိုက်ပြီး လူတိုင်းသည် ဤဇာတ်ကွက်ကို စောင့်ကြည့်ရန်အတွက် ရှေ့ဆုံးတန်းကို အလွတ်မခံလိုကြပေ။
"သူ့ရဲ့ သွေးကြောတွေ ပျက်စီးသွားတဲ့အတွက် အရင်ကထက် ပိုအရှက်ကွဲလိမ့်မယ်"
"ချန်မျိုးနွယ်က တကယ်ကို ရက်စက်တယ်။ သူတို့က ရဲရှင်းချန်ကို လှောင်ပြောင်ဖို့ အောက်နယ်မြေက တစ်ယောက်ယောက်ကို ရွေးထုတ်လိုက်တာက လက်ထပ်ပွဲ ဖျက်သိမ်းတာ မှန်ကန်ကြောင်း သက်သေပြဖို့ နည်းလမ်းလား"
တီးတိုးစကားသံများသည် တောမီးကဲ့သို့ ပြန့်နှံ့သွားပြီး ထိန်းချုပ်မရနိုင်လောက်အောင် များပြားလာကာ ပြဿနာများကို လှုံ့ဆော်ပေးနိုင်သော ဓားသွားများအလား ထက်ရှနေ၏။
အလယ်ခန်းမကြီး၏ အဓိကနေရာတွင်တွင် ဂုဏ်ထူးဆောင် ဧည့်သည်များ ထိုင်နေကြပြီး ချန်မျိုးနွယ်၏ အကြီးဆုံးအစ်ကို ချန်ကျောက်နှင့် ပဉ္စမမြောက်အစ်ကို ချန်မိုတို့က အိမ်ရှင်အဖြစ် ဧည့်ခံနေကြသည်။ ထူးထူးခြားခြား အခြေအနေများကြောင့် အရေးပါသော ပုဂ္ဂိုလ်များစွာသည် တိတ်ဆိတ်စွာ စဉ်းစားတွေးတောရင်း ထိုင်နေကြ၏။ ခဏအကြာတွင် ခမ်းနားထည်ဝါသော ဝတ်စုံ ဝတ်ဆင်ထားသော ခန့်ညားသည့် သက်လတ်ပိုင်းအရွယ်အရွယ် အမျိုးသားတစ်ဦးသည် ချန်မျိုးနွယ်ဝင်များ၏ လမ်းညွှန်မှုဖြင့် ရောက်ရှိလာခဲ့သည်။
"ရိုးရာဝန်ကြီး ကြိုဆိုပါတယ်"
ချန်ကျောက်က နေရာမှ ထရပ်ပြီး နှုတ်ဆက်လိုက်သည်။ ရိုးရာဝန်ကြီးသည် ဌာနကြီးခြောက်ခု၏ ခေါင်းဆောင်ခြောက်ဦးအနက်မှ တစ်ဦးဖြစ်ကာ ပြည်ထောင်၏ ထုံးတမ်းစဉ်လာများကို ကြီးကြပ်သော ရိုးရာဝန်ကြီးဌာနကို တာဝန်ယူသည်။ အင်မော်တယ်ပြည်ထောင်သည် ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုကို အလေးထားသည့်အတွက် ဤဝန်ကြီး ဟန်ကျင်းလီသည် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ တန်ခိုးအာဏာနှင့် ရာထူးအရ သူသည် ကိုးကောင်းကင်တပ်မတော်၏ ထိပ်တန်းခေါင်းဆောင်အောက် အနည်းငယ်သာ နိမ့်ကျပေသည်။
"တရားသူကြီးချန် မင်းက ယဥ်ကျေးလွန်းနေပါပြီ"
ဟန်ကျင်းလီက နေရာယူရင်း အပြုံးတစ်ချက်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ အကြီးဆုံးအစ်ကိုဖြစ်သော ချန်ကျောက်သည် လက်ရှိတွင် ဘိုးဘေးကျောင်းဆောင်၌ ချန်မျိုးနွယ်ကို ကိုယ်စားပြုပြီး တရားသူကြီးရာထူးဖြင့် လုပ်ကိုင်နေသည်။ ၎င်းသည်သီးသန့်အာဏာနှင့် တည်ရှိသော အဖွဲ့အစည်းဖြစ်ကာ အဓိကမျိုးနွယ်များ၏ အကျိုးစီးပွားကို ကိုယ်စားပြုသည်။ လက်ရှိတွင် ၎င်းကို ရဲတော်ဝင်မျိုးနွယ်က လွှမ်းမိုးထားသော်လည်း အခြားမျိုးနွယ်ဝင်များသည် ရာထူးအသီးသီးဖြင့် အဆင့်အတန်းတစ်ခု ရယူထားနိုင်ကြသည်။
"တရားသူကြီးချန် ဒီညပြီးရင် မင်းရဲ့ ချန်မျိုးနွယ်က ထိပ်တန်းကို ရောက်တော့မယ်"
နေရာယူပြီးနောက် ဟန်ကျင်းလီသည် ချန်ကျောက်ကို အဓိပ္ပါယ်ဖြင့်ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
"ဝန်ကြီးဟန်က နောက်နေတာလား"
"မဟုတ်ဘူး။ ရဲရှင်းချန် အားနည်းသွားတဲ့အပြင် ရဲတော်ဝင်မိသားစုလည်း ဖိနှိပ်ခံနေရတာကြောင့် သူတို့ရဲ့ရက်တွေ ကုန်ဆုံးတော့မယ်လို့ ငါ ယုံကြည်တယ်"
"စကားကို သတိထားပြောပါ"
ချန်ကျောက်က လေသံခပ်တိုးတိုးဖြင့် သတိပေးလိုက်ခြင်းပင်။
"ကောင်းကင်နယ်မြေရဲ့ ဘိုးဘေးကျောင်းဆောင်မှာ ဘယ်မျိုးနွယ်က အထွတ်အထိပ် ဖြစ်မလဲ မေးလာခဲ့ရင် မင်းတို့ရဲ့ ချန်မျိုးနွယ်ပဲ"
ဟန်ကျင်းလီက တစ်ချက်ပြုံးကာ လက်ဖက်ရည်ကို အရသာခံသောက်ရင်း တစ်လုံးချင်းပြောလိုက်၏။
"မဟုတ်ဘူး။ ဟန်မျိုးနွယ် ဖြစ်သင့်တယ်။ မင်းတို့မိသားစုက လူတော်တွေ အများကြီးရှိတဲ့အပြင် မဟာကျောင်းတော်မှာ နေရာသုံးနေရာ ရထားတာကြောင့် ငါတို့က ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ"
ချန်ကျောက်က တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်သည်။
"တရားသူကြီးချန် နေရာသုံးနေရာရတာက ထိပ်ဆုံးမရောက်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ ချန်ရီက လက်တစ်ဖက်ယမ်းလိုက်ရုံနဲ့တင် သုံးယောက်လုံးထက် ကသာလွန်တယ်။ ရဲရှင်းချန်ဆိုတဲ့ ပြဿနာမရှိတော့တဲ့အတွက် သူမက အထွတ်အထိပ်ကို ရောက်မှာ သေချာတယ်"
"ဆရာဟန် ဒီနေ့ မင်းက အရင်ကထက် စကားပိုပြောနေပုံရတယ်"
ချန်လင်က ဘေးမှ ဝင်ပြောလိုက်ခြင်းဖြစ်သည်။
"မင်းတို့ရဲ့ ချန်မျိုးနွယ်အတွက် ငါက ဝမ်းသာနေရုံပါပဲ"
အင်မော်တယ်ပြည်ထောင်၏ နာမည်ကျော် ခန့်ညားသော အမျိုးသား ဟန်ကျင်းလီသည် အမြဲတမ်း အပြုံးပန်းကို ဆင်မြန်းထားသည်။ သို့သော် လက်ရှိတွင် မည်သည့်အကြောင်းပြချက်မှ မရှိသော်လည်း ချန်မျိုးနွယ်ဝင်တိုင်းသည် သူ့၏ ပြီးပြည့်စုံလွန်းသည့် မျက်နှာကို ထိုးချင်စိတ်ပေါက်နေကြ၏။
"ချန်မျိုးနွယ်က ဒီလောက်အလေးထားတဲ့ သတို့သားအသစ်အကြောင်းကို ငါ အတော်လေး သိချင်နေတယ်"
မင်္ဂလာအချိန်နီးကပ်လာသောကြောင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေကာ သူက အတွင်းခန်းထံ မျှော်ကြည့်ရင်း တွေးတွေးဆဆ ပြောလိုက်သောအခါ ချန်ကျောက်နှင့် ချန်မိုကို တိတ်ဆိတ်သွားစေသည်။
"သတို့သားက အစောပိုင်း နဂါးဘုရင်အဆင့် အောက်နယ်မြေရဲ့ ဓားသမားတစ်ယောက်လို့ ကြားတယ်"
ဟန်ကျင်းလီ၏ နောက်လိုက်တစ်ယောက်က ထူးဆန်းသာ မျက်နှာအမူအရာနဲ့ မှတ်ချက်ပေးလိုက်ခြင်းဖြစ်သည်။
"ငါ့အထင် သူက ကျောက်ရိုင်းတစ်တုံး ဖြစ်မှာပါ။ သူ့ရဲ့ ဓားဝိညာဉ်ကတော့ အလင်းစက်ကွင်းအဆင့်မြင့် ဖြစ်နိုင်မလား"
ဤမှတ်ချက်သည် ပတ်ဝန်းကျင်ရှိ ဧည့်သည်များ၏အကြည့်ကို ရှုပ်ထွေးသွားစေသောကြောင့် ချန်ကျောက်က ပညာသားပါးပါးဖြင့် လက်ဖက်ရည်သောက်ရန် စကားလမ်းကြောင်းပြောင်းပစ်လိုက်သောကြောင့် ပတ်ဝန်းကျင်လေထုမှာ သိသာစွာ တင်းကြပ်လာပုံပေါ်သည်။ မင်္ဂလာအချိန် နီးကပ်လာသည်နှင့်အမျှ အကြည့်အားလုံးသည် ခမ်းနားသော အဝင်ဝဆီထံ အာရုံစိုက်နေခဲ့ကြသည်။
"မဟာကျောင်းတော် ဒါမှမဟုတ် ရဲတော်ဝင်မျိုးနွယ် ကိုယ်စားလှယ်တွေ မလာဘူးလား။ပြီးတော့ ဓားကျင့်ကြံသူမျိုးဆက်တွေကိုလည်း မတွေ့မိဘူး"
ဤအချက်က ပြပွဲကောင်းကောင်း ကြည့်ရန် မျှော်လင့်ထားသူများကို စိတ်ပျက်သွားစေပြီး
ထိုအချိန်တွင် အဖြူရောင်သံချပ်ကာဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် နှုတ်ဆက်သံများကြားမှ ခန်းမထဲသို့ ဝင်လာရင်း ဂုဏ်ပြုခံနေရာ၌ ထိုင်ချလိုက်၏။
"မင်္ဂလာအချိန်ရောက်ပါပြီ"
အခမ်းအနားမှူး၏ ကြေညာသံအဆုံးတွင် ချန်ရီသည် သူမ၏ ဦးခေါင်းပေါ်တွင် အနီရောင်ပဝါကို ဖုံးအုပ်ကာ ယွမ်ရှောင်၏ လက်ကို တွဲထားလိုက်သည်။
"မင်းအဖေနာမည်က ဘာလဲ"
သူက ရုတ်တရက် မေးလိုက်ခြင်းဖြစ်၏။
"ချန်ရှောင်"
သူမက နူးညံ့သောအပြုံးဖြင့် ပြန်ဖြေသည်။
"ငါတို့ရဲ့ အနာဂတ်သားလေးကို ဒီနာမည်မျိုး ပေးရမယ်"
"မှန်တယ်၊ သူက အမေရဲ့ မျိုးရိုးနာမည်ကို ယူရလိမ့်မယ်။ ငါ့ရဲ့ အဆင့်အတန်းက ဒီအချက်ကို ပြောပြတာပဲ"
ဤစုံတွဲက ပေါ့ပေါ့ပါးပါး စကားပြောရင်းထွက်ပေါ်လာသောအခါ အားလုံး၏အကြည့်သည် ယွမ်ရှောင်ထံ ကျရောက်လာကာ တီးတိုးစကားသံများ လူအုပ်ကြားတွင် ဆူညံသွားလေသည်။
"ဒါ... ဒါက သတို့သားလား"
"ငါ နားလည်သွားပြီ။ ချန်ရီ အဲဒီ လှည့်စားတတ်တဲ့ မြေခွေးမက ရုပ်ရည်ကို အဓိကထားတာပဲ"
"သူမက ရဲရှင်းချန်ကို အရှက်ခွဲဖို့ သာမန်နယ်မြေက ဘယ်သူ့ကိုမဆို ယူမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူတို့ကို ကြည့်လိုက်။ အလှလေးနဲ့ လူချော နတ်ဖက်ပေးထားတဲ့ စုံတွဲပါလား”