← Chapters

ဒေါ်လေးစု

Vol. 11 Ch. 139

ဒေါ်လေးစု

Vol. 11 Ch. 139

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

ယွမ်ရှောင်က မေးလိုက်သည်။

"ဟုတ်တယ်"

မူလင်၏ မျက်လုံးများအတွင်း ဝမ်းနည်းမှုက ထင်ရှားနေသည်။

"ရဲရှင်းချန်မှာ နောက်လိုက်တွေ အများကြီး ရှိလား"

"ရှိတယ်"

"ဒါဆို ဘာမှမဟုတ်တဲ့ လူတွေဖြစ်ရမယ်။ မဟုတ်ရင် ဘာကြောင့် သူ့လို အမှိုက်ကောင်ရဲ့ နောက်လိုက်လုပ်ကြမှာလဲ။ အမှိုက် ဆွဲဆောင်တာခံရတဲ့အထဲ မင်းလည်း ပါတာပေါ့။ ဒါဆို မင်းက ဘာလဲ၊ အညှီအဟောက်ကြိုက်တဲ့ ယင်ကောင်လား"

ယွမ်ရှောင်က ခနဲ့လိုက်ခြင်းဖြစ်သည်။

"နင်"

မူလင်က ဒေါသထွက်ပြီး စကားလုံးများ ပျောက်ဆုံးကုန်သည်။

"အနိုင်ရသူက အောင်ပွဲခံပြီး ရှုံးနိမ့်သူက ဆုတ်ခွာရမယ်။ မင်း ရှုံးသွားပြီ။ ကိုယ့်ကိုကိုယ် အရှက်ခွဲချင်ရင်လည်း ဂရုမစိုက်ဘူး"

ယွမ်ရှောင်၏ အသံက အေးစက်စက်ဖြစ်နေကာ ရန်စခဲ့သည့် အပြုအမူနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

"နင်....နင် စောင့်ကြည့်နေလိုက်"

မူလင်၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်သွားကာ မူတန်းရှီနှင့် ရဲချင်လီသည် ယွမ်ရှောင်ကို စူးစူးဝါးဝါး ကြည့်ပြီး ထွက်ခွာသွားရင်း သလင်းကျောက် ခေါင်းတလားနှင့် သူတို့၏သမီးအား ဆွဲခေါ်သွားကြသည်။

"ဘာလဲ။ မင်းတို့က အဲဒီခေါင်းတလားကို တကယ် သုံးတော့မှာလား။ ဟား ဟား"

ချန်မိုက ထိန်းချုပ်မရနိုင်တော့ဟန်ဖြင့် ရယ်မောပြီး ပြောလိုက်သောအခါ မူတန်းရှီ၏ မျက်နှာ မည်းနက်သွားသော်လည်း တိတ်ဆိတ်နေရသည်။ ထိုနှစ်ယောက်က တည်ငြိမ်ပုံရသော်လည်း စိတ်အတွင်း၌ ဒေါသနှင့် ဝမ်းနည်းမှုများဖြင့် ဆူပွက်နေကြသည်။ သူတို့က အရှက်ကွဲခဲ့ရပြီး လူအုပ်၏ အကြည့်စူးစူးများအောက်တွင် ခေါင်းငုံ့ ထွက်ခွာသွားခဲ့ရသည်။

"မဟာကျောင်းတော်ကို သွား။ ငါက ဘိုးဘေးကျောင်းတော်ကို သွားမယ်"

ရဲချင်လီက တုန်ရီနေသော အသံဖြင့် မူလင်ကို ပြောလိုက်သည်။

"အဖေ၊ အမေ ဒီနေ့ အရှက်ကွဲခဲ့ရတာအတွက် သူတို့ကို လက်စားချေရမယ်"

မူလင်က အပိုင်းပိုင်းဖြတ်ခံထားရသော အလောင်းကို နောက်ဆုံးတစ်ကြိမ် ကြည့်ပြီး အတိတ် အမှတ်တရများသည် နှလုံးသားအား ဓားတစ်စင်းပမာ နက်ရှိုင်းစွာ ထိုးဖောက်နေ၏။

"စိတ်မပူနဲ့။ ကောင်းကင်နယ်မြေမှာ အင်မော်တယ်တိုက်ပွဲ မတိုင်ခင် ချန်ရှောင်က ဒီလိုရွံစရာ နည်းဗျူဟာကို သုံးခဲ့တယ်။ လူသားတွေရဲ့ ထိပ်တန်းပါရမီရှင်ကို ဖယ်ရှားဖို့ အသုံးမဝင်တဲ့ နဂါးဘုရင်နယ်ပယ် ဓားသမားတစ်​ယောက်ကို အသုံးချခဲ့တယ်။ သမိုင်းက ချန်မျိုးနွယ်ဟာ လူသားတွေရဲ့ အကြီးမားဆုံး အပြစ်သားဖြစ်ကြောင်း သက်သေပြလိမ့်မယ်"

မူတန်းရှီက အသက်ကို ခပ်ပြင်းပြင်းရှူ၍ ဒေါသတကြီး ရေရွတ်လိုက်ခြင်းပင်။

ချန်မျိုးနွယ်၏ ခန်းမအတွင်း မင်္ဂလာပွဲကို အနှောင့်အယှက် မဖြစ်စေရန် သွေးစွန်းနေသည်များကို လျင်မြန်စွာ သန့်ရှင်းရေးလုပ်လိုက်သည်။ ယွမ်ရှောင်က ချန်ရီအနား ချဉ်းကပ်ကာ တီးတိုးပြောလိုက်သည်။

"မင်းအတွက် ငါက လက်စားချေပေးလိုက်တယ်နော်"

"ဟုတ်တယ်"

ချန်ရီက နူးညံ့သော အသံဖြင့် ပြန်ဖြေ၍ သူ၏ဆိုလိုရင်းကို နားမလည်နိုင်အောင် ရှိနေသည်။

"ငါတို့ သဘောတူထားတဲ့အထဲမှာ ဒီကိစ္စမပါဘူး"

"ဒါဆိုရင်"

"အင်း၊ ရဲရှင်းချန်ကို သတ်ပေးရတဲ့အတွက် ငါ့လုပ်အားခ ထပ်တိုးရလိမ့်မယ်"

ထိုစကားကြောင့် ချန်ရီသည် သူ့ကို ကြောင်အမ်းအမ်း ကြည့်လိုက်မိသည်။ ဧည့်သည်များက ဤစုံတွဲအပေါ် အမြင်ပြောင်းလဲသွားကာ လူအုပ်အကြား တီးတိုးပြောဆိုသံများ ပျံ့နှံ့နေ၏။ ချန်လင်၏ ဘေးတွင် ထိုင်နေသည်မှာ မဟာတာအိုအိမ်တော်မှ ကျောက်ရွှမ်ကျန့် ဖြစ်ပြီး ယွမ်ရှောင်ကို စိတ်ဝင်တစား စူးစမ်းနေခဲ့သည်။

"ဟေ့ ဒီကလေးက ပြိုင်ဘက်ကို သူ့အကြံထဲ ဆွဲသွင်းဖို့အတွက် လူမိုက်ယောင်ဆောင်ခဲ့တယ်။ ဒါက ရဲရှင်းချန်ရဲ့ စိတ်နေစိတ်ထားကို သိတဲ့ မင်းတို့ အကြီးအကဲတွေ ထောင်ထားတဲ့ ထောင်ချောက်လား ဒါမှမဟုတ်..."

"သူက ကောင်းကင်နယ်မြေကို ရောက်တာ နာရီအနည်းငယ်ပဲ ရှိသေးတယ်။ ငါတို့က ဘယ်လို ထောင်ချောက်ဆင်နိုင်မှာလဲ"

ချန်လင်က ဖြတ်ပြောလိုက်ခြင်းပင်။

ကျောက်ရွှမ်ကျန်းက ပြုံးလိုက်ပြီး

မျက်လုံးထဲတွင် ချီးကျူးမှုများ ရှိနေသည်။

"ဒါဆို ဒီကောင်လေးက တော်တော် ဉာဏ်များတာပဲ"

"ဟုတ်တယ်။ သူက တော်တော်ဉာဏ်များတယ်။ တစ်ခုတည်းသော အားနည်းချက်က အရည်အချင်းဟာ ဓားဝိညာဉ်မှာပဲ အဓိက တည်ရှိနေတာ။ သူ့ရဲ့ တိုးတက်မှုက ပိုနှေးလာနိုင်တယ်။ လက်ရှိ နဂါးဘုရင်နယ်ပယ် အဆင့်နဲ့ သူက အင်မော်တယ်တိုက်ပွဲမှာ ငါတို့ လူသားမျိုးနွယ်အတွက် တောက်ပနိုင်မှာ မဟုတ်ဘူး"

ချန်လင်က သက်ပြင်းတစ်ချက်ကာ ထောက်ခံလိုက်၏။

"ယွမ်ရှောင်က ရဲရှင်းချန်ကို ဖယ်ရှားနိုင်တာ၊ ဒါက လုံလောက်တာထက် ပိုနေပါပြီ။ အင်မော်တယ်တိုက်ပွဲကို ချန်ရီ ကိုင်တွယ်လိမ့်မယ်။ တစ်ခါတလေကျတော့ တစ်ယောက်ယောက်ကို လှောင်ပြောင်ရတာကို တကယ်ပျော်စရာပဲ"

ချန်မိုက ဖြတ်ပြောလိုက်ပြီး ရဲရှင်းချန်အသတ်ခံလိုက်ရသည့်အတွက် အောင်ပွဲခံနေဆဲပင်။

"အသက် ဆယ့်ခြောက်နှစ်နဲ့ နဂါးဘုရင်နယ်ပယ်ကို ရောက်နေတဲ့အပြင် မင်းတို့ထင်ထားသလို သူက ဆယ်စုနှစ်တစ်ခု လေ့ကျင့်ခဲ့တာ မဟုတ်ဘူး။ ဒီကလေး​က ကျင့်ကြံဖို့ လဝက်ပဲ အချိန်ယူခဲ့တာ"

ချန်လင်၏စကားကို ကြားသောအခါ ယွမ်ရှောင်အကြောင်း သတင်းရထားသည့် ကျောက်ရွှမ်ကျန့်က စိတ်ထဲမှ ဤသို့မှတ်ချချလိုက်သည်။ ဟန်ကျင်းလီက သက်ပြင်းအခါခါ ချနေသဖြင့် သူက စကားစလိုက်သည်။

"ဝန်ကြီးဟန် ဘာတွေ စိုးရိမ်နေတာလဲ"

"မင်းတို့အားလုံး ပျော်ရွှင်နေနိုင်ပေမယ့် လာမယ့် အင်မော်တယ်တိုက်ပွဲမှာ ရဲရှင်းချန် မရှိတော့ရင် ငါတို့ရဲ့ လူငယ်မျိုးဆက်အတွက် အန္တရာယ်ရှိတယ်"

ဟန်ကျင်းလီက လေးနက်စွာ ပြန်ဖြေသည်။

"ယွမ်ရှောင်နဲ့ ချန်ရီက ဦးဆောင်ရင် ဘယ်လိုလဲ"

"ချန်ရီက ခေါင်းဆောင်ဖို့ ဖြစ်နိုင်ပေမယ့် ဒီလူငယ်လေးကတော့ တာဝန်ကို ထမ်းဆောင်နိုင်မှာမဟုတ်ဘူး။ သူက ချေမွခံရလိမ့်မယ်"

ထိုအမေးကြောင့် သူက နှာခေါင်းရှုံ့၍ ယွမ်ရှောင်ကို အထင်သေးစွာ မှတ်ချက်ချလိုက်၏။

"ဝန်ကြီးဟန် မင်းစကားကို ငါ သဘောမတူဘူး"

ကျောက်ရွှမ်ကျန့်က တစ်လုံးချင်း ပြောလိုက်သောအခါ သူ၏မျက်နှာကို မည်းနက်သွားစေသည်။

"ငါက တခြားလူတွေကို လှောင်ပြောင်တာမျိုး အမြဲတမ်း ရှောင်တယ်။ အဲဒီလိုဆိုတော့ ကိုယ့်ကိုကိုယ် အရှက်မခွဲမိဘဲ ဂုဏ်သိက္ခာကို အပြည့်အဝ ထိန်းသိမ်းထားနိုင်တယ်လေ"

" ငါ ဒီနေ့ ဂုဏ်သိက္ခာ ဆုံးရှုံးသွားတယ်လို့ ပြောချင်နေတာလား"

"နဂါးငွေ့တန်းအဆင့် ဓားဝိညာဉ် ပေါ်လာတဲ့ အချိန်ကစပြီး မင်း ဆုံးရှုံးသွားတာ မဟုတ်ဘူးလား"

ကျောက်ရွှမ်ကျန့်က ရက်စက်စွာ ထောက်ပြလိုက်သောကြောင့် ဟန်ကျင်းလီကို တိတ်ဆိတ်သွားစေသည်။ သို့သော် သူက ရဲတော်ဝင်မိသားစု၏ သစ္စာရှိ ခွေးဖြစ်သောကြောင့် ယွမ်ရှောင်ကို အကောင်းမမြင်နိုင်ပေ။ထို့ကြောင့် လက်မလျှော့သေးဘဲ ဆီကဲ့သို့ အပေါက်ရှာ၍ ယွမ်ရှောင်အား ကဲ့ရဲ့လိုက်ပြန်၏။

"ဉာဏ်ပညာက အားသာချက်တစ်ခုဖြစ်ပေမယ့် ကျင့်ကြံခြင်းလမ်းကြောင်းမှာ တကယ့် စွမ်းအားက အရေးကြီးတယ်။ ဒီယွမ်ရှောင်မှာ သူ့ရဲ့မိသားစုက မင်္ဂလာပွဲကို တက်ရောက်ဖို့တောင် အရည်အချင်းမပြည့်တဲ့ သာမန်လူတွေပဲ။ မင်းတို့အားလုံးက သူ့ကို ရတနာတစ်ခုလို ဘာကြောင့် ဆက်ဆံနေကြတာလဲ"

အရိုအသေပေးရန် နေရာ၌ ချန်ရှောင်တစ်ဦးတည်းရှိပြီး သတို့သားနှင့် သတို့သမီးက မိဘများကို ကန်တော့ရမည်ဖြစ်သော်လည်း ယွမ်ရှောင်သည် တစ်ကိုယ်တော်ဖြစ်နေကာ ချန်မျိုးနွယ်ကို လုံးဝ မှီခိုနေကြောင်း သိသာသည်။

ဟန်ကျင်းလီ၏ စကားအဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သွားကာ အခမ်းအနားကို ဆက်လက်လုပ်ဆောင်ရမည့်အချိန်၌ ကောင်းကင်မှ ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သူ့မိသားစုက ဒီလက်ထပ်ပွဲကို လာဖို့ အရည်အချင်း မရှိဘူးလို့ ဘယ်သူ ပြောတာလဲ"

လူအုပ်က မော့ကြည့်လိုက်သောအခါ ပန်းရောင်အလင်းတန်းတစ်ခု ဆင်းသက်လာပြီး ဓားသမားတစ်ယောက်ဖြစ်နေခဲ့သည်။ အလျား ခြောက်ပေရှိသော ပန်းရောင်ဓားတစ်လက်နှင့် အမျိုးသမီးတစ်ယောက်က လေထဲတွင် ဓားကို ကျွမ်းကျင်စွာ သိမ်းဆည်းလိုက်ပြီး ​လှပစွာကျဆင်းလာခဲ့သည်။ သူမ၏ ပန်းရောင်ဝတ်ရုံက ချပ်ချပ်ရပ်ရပ်ရှိနေသောကြောင့် အရပ်ရှည်ရှည်နှင့် လှပသော ကောက်ကြောင်း အပြည့်အဝ ထွက်ပေါ်နေခဲ့သည်။ နောက်ကျောဘက်၌ လှိုင်းတွန့်ဆံပင်ရှည်များ ဖြာကျနေပြီး မျက်တောင်ရှည်များကြောင့် သူမ၏ မျက်နှာက စွဲမက်ဖွယ် လှပလွန်းနေပြီး လှထိပ်ခေါင်တင်တစ်ယောက်ဖြစ်ပေသည်။

"ဒါက ဖန်ဆင်းရှင် အကြိုက်ဆုံး ခန္ဓာကိုယ် အမျိုးအစားပဲ"

ယွမ်ရှောင်၏အကြည့်က သူမ၏ခန္ဓာကိုယ်တစ်နေရာထံ အကြည့်ရောက်သွားသောအခါ လနီ၏အော်သံ ထွက်ပေါ်လာခဲ့သည်။

"တိတ်တိတ်နေစမ်းပါဟ"

ယွမ်ရှောင်က ခေါင်းကိုက်သွားပြီး ထိုအမျိုးသမီး၏ ယုန်နှစ်ကောင် အရွယ်အစားသည် ကျောက်ရန်ရန်အောက် မရောက်ပေ။ ကျောက်ရန်ရန်၏ အရှိန်အဝါက သန့်ရှင်းမြင့်မြတ်ကာ ဤအမျိုးသမီးမှာ သဘာဝအတိုင်း ဆွဲဆောင်မှုပြင်းထန်နေသည်။ သူမက ကျောက်ရန်ရန်ထက် အနည်းငယ် ပိုရင့်ကျက်ပုံရပြီး မက်မွန်သီးမှည့်တစ်လုံးနှင့် ဆင်တူကာ အရေးကြီးသည့်အချက်မှာ ဓားသမားတစ်ယောက် ဖြစ်နေခြင်းပင်။

"စုလျန်လျန်"

သူမ ရောက်ရှိလာသည့်အခါ နာမည်ကို တီးတိုးပြောဆိုသံများက ခန်းမအတွင်း ဆူညံလာသဖြင့် နာမည်ကြီးဖြစ်ကြောင်း သိသာ၏။ လူအုပ်က စောင့်ကြည့်နေစဥ် စုလျန်လျန်က ယွမ်ရှောင်အနားသို့ကျက်သရေရှိစွာ ချဉ်းကပ်လာကာ သိမ်မွေ့စွာပြုံး၍ ပြောလာခဲ့သည်။

"ကောင်းကင်နယ်မြေမှာ ဓားမျိုးဆက် သုံးခု ရှိပြီး ငါက မျိုးဆက်တစ်ခုရဲ့ ခေါင်းဆောင်ပဲ။ အခုကစပြီး မင်းက ငါ့ရဲ့ အကာအကွယ်အောက်မှာ ရှိတယ်လို့ မှတ်ယူလိုက်။ ကောင်းတယ် မဟုတ်လား"

"ခင်ဗျားရောက်လာမှာကို ကျုပ် စောင့်နေတာ"

ယွမ်ရှောင်က အနည်းငယ် ပြုံး၍ ဖြေလိုက်သည်။

"အို ဒီလိုလား"

သူမက ချစ်စဖွယ် ပြုံးပြီး ယွမ်ရှောင်၏အင်္ကျီ ကော်လာကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြုလုပ်ပေးနေခဲ့သဖြင့် နူးညံ့သော လက်ချောင်းလေးများမှာ သူ၏ လည်ပင်းနှင့် မျက်နှာကို မရည်ရွယ်ဘဲ ထိမိသွားကာ နွေးထွေးသွားစေသည်။

"ဒါဆို သူတို့ကို ငါက မင်းရဲ့ ဒေါ်လေးလို့ ပြောလိုက်"

စုလျန်လျန်က ချန်ရှောင်၏ ဘေးတွင် နေရာယူလိုက်သဖြင့် ဧည့်သည်များထံမှ အံ့အားသင့်သော အသံများ ထွက်ပေါ်လာခဲ့သည်။

"ဘာလို့ အားလုံးက စိုက်ကြည့်နေကြတာလဲ။ လုပ်စရာရှိတာ ဆက်လုပ်ကြလေ"

စုလျန်လျန်က သူမ၏ သာယာနာပျော်ဖွယ် အသံဖြင့် ချန်ရှောင်ကို ပြောလိုက်သည်။

"လူမြင်ကွင်းမှာ ပါရမီရှင်ကို ခိုးယူတာလား။ မင်းက တော်တော် ရဲတင်းတာပဲ"

ချန်ရှောင်က သူမကို စိုက်ကြည့်လိုက်၏။

"ခိုးယူတာက ဘာကို ဆိုလိုတာလဲ။ ဓားသမားတွေက ဘယ်သူမဆို ငါတို့နဲ ပတ်သက်တယ်။ ငါက မင်္ဂလာလက်ဆောင် မတောင်းခဲ့ဘူး။ ဒါကြောင့် ငါ့ကိုတောင် ကျေးဇူးတင်ရဦးမယ်"

ချန်ရှောင်က ဆွံ့အသွားသော်လည်း ခဏအကြာတွင် ဧည့်သည်များဘက် လှည့်ကြည့်ကာ ကြေညာလိုက်၏။

" သူမက ငါ့သားမက်ရဲ့ အဒေါ်ပဲ။ အခုကစပြီး ချန်မျိုးနွယ်နဲ့ မဟာဓားဂူသုံးခုက ဆွေမျိုးတွေပဲ။ ရိုသေလေးစားကြ"

"မဟာဓားဂူသုံးခုက နယ်မြေရဲ့ အရေးကိစ္စတွေမှာ အမြဲတမ်း ကြားနေလေ။ အခု သူတို့က ဓားဧကရာဇ်ဘက်ကို ရွေးချယ်လိုက်တာလား"

"ဒါဆိုရင် သူတို့က ချန်မျိုးနွယ်နဲ့ ပူးပေါင်းလိုက်တာ မဟုတ်ဘူးလား"

"ဟုတ်တယ်။ချန်ရှောင်က သူတို့ရဲ့ မဟာမိတ်ကို ချက်ချင်း လက်ခံလိုက်တယ်"

ဤသို့သော ပေါင်းစည်းမှုမျိုး ယခင်က မရှိဖူးသော်လည်း ယွမ်ရှောင်ကြောင့် ဖြစ်တည်လာခဲ့သည်။

"စုလျန်လျန်က တစ်ချိန်လုံး ဒီမှာ ရှိနေတာ ဖြစ်ရမယ်။ ယွမ်ရှောင်က ရဲရှင်းချန်ကို သတ်ပြီးတဲ့နောက် သူမက အချိန်ကောင်းမှာ ထွက်လာခဲ့တာပဲ"

တစ်ယောက်ယောက်က တီးတိုးပြောလိုက်ခြင်းဖြစ်သည်။ နတ်ဆိုးများ၏ ကမ္ဘာမကြေရန်သူဖြစ်သော ဓားသမားများနှင့် မဟာမိတ်ဖွဲ့ရန် လူတိုင်း သတ္တိမရှိကြပေ။ သို့သော် ခေါင်းဆောင်ချန်က သဘောတူခဲ့ပြီး လက်ထပ်ပွဲတစ်ခုကြောင့် ကောင်းကင်နယ်မြေ၏ အခြေအနေကို ပြောင်းလဲစေခဲ့သည်။

ယွမ်ရှောင်သည် ရုတ်တရက် အဒေါ်တစ်ယောက် ရသွားကာ စုလျန်လျန်က မဟာဓားဂူသုံးခုရဲ့ အငယ်ဆုံး ခေါင်းဆောင်ဖြစ်သောကြောင့် ကာကွယ်စောင့်ရှောက်မည့် အဒေါ်နှစ်ယောက် အဆစ်ထပ်ရလိုက်၏။ သူတို့၏ ထောက်ခံမှုက ချန်မျိုးနွယ်လောက် အားမကောင်းသော်လည်း သူ့၏အနေအထားကို ပိုမိုတည်ငြိမ်လာစေနိုင်စွမ်းရှိသည်။

ထို့နောက် မင်္ဂလာပွဲက ရိုးရာထုံးတမ်းစဉ်လာအတိုင်း ဆက်လက်ကျင်းပကာ ကောင်းကင်ကို ဦးညွှတ်ခြင်း၊ သတို့သားနှင့် သတို့သမီးတို့၏ အကြီးအကဲများကို ဦးညွှတ်ခြင်းနှင့် နောက်ဆုံးမှာ လင်နှင့်မယားအဖြစ် တစ်ယောက်ကို တစ်ယောက် ဦးညွှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ လက်ထပ်ပွဲအပြီး ချန်ရီက သူမ၏ အခန်းသို့ အရင်ဆုံးပြန်သွားကာ ချန်ရှောင်သည် ကောင်းကင်နယ်မြေ၏ အားကြီးသူများနှင့် မိတ်ဆက်ပေးရန် ယွမ်ရှောင်ကို ဆွဲခေါ်ထားခဲ့၏။ အချိန်တိုအတွင်း သူက လူအများစု တစ်သက်လုံး အိပ်မက်ထဲ၌ပင် တွေ့ဆုံရန် မဖြစ်နိုင်သော ပုဂ္ဂိုလ်များနှင့် ကြုံခဲ့ရပြီး သူ၏ စကားပြောကောင်းမှုကြောင့် စီနီယာမျိုးဆက်များ၏ ချီးကျူးမှုကို လက်ခံရရှိခဲ့သည်။

"ဂုဏ်ယူပါတယ် ခေါင်းဆောင်ချန်။ မင်းရဲ့ သမက်က ရတနာတစ်ခုပဲ။ ချောမောတယ်၊ တောက်ပပြီး အရည်အချင်းရှိတယ်၊ အထူးသဖြင့် သူ့ရဲ့ ကျင့်ကြံဆင့်"

ဟန်ကျင်းလီက ခနဲ့လိုက်ပြီး သူက အရက်ခွက်ကို ကမ်းပေးလိုက်ကာ မူတန်းရှီနှင့် ရဲချင်လီ မရှိသောအခါ ရန်သူနယ်မြေ၌ တစ်ယောက်တည်းဖြစ်ကျန်ရစ်ခဲ့ရသဖြင့် မသက်မသာဖြစ်နေခဲ့သည်။

"ယွမ်ရှောင် ကြိုးစားအားထုတ်ပါ။ တစ်နေ့ကျရင် မင်းကို ဝန်ကြီးဟန်က လက်ခံလာမှာပါ"

ချန်ရှောင်က ပေါ့ပေါ့ပါးပါး ရယ်မောကာ ဟန်ကျင်းလီ၏ စကားလုံး ထိုးနှက်မှုကို အသာအယာ တားဆီးခဲ့၏။

"မဟာစစ်သေနာပတိ။ မင်းရဲ့ သည်းခံနိုင်စွမ်းက တကယ်ကို အံ့သြစရာပဲ။ လူမိုက်တစ်ယောက်ကိုတောင် ဒီလောက် ယဉ်ကျေးနေရလား"

စုလျန်လျန်က တီးတိုးရေရွတ်လိုက်ခြင်းဖြစ်သည်။ ညနေရောက်လာပြီး လက်ထပ်ပွဲ အဆုံးသတ် နီးကပ်လာသောအခါ ယွမ်ရှောင်သည် သေရည် အာနိသင်ကြောင့် ချောမောသည့် မျက်နှာ နီမြန်းလာခဲ့သည်။

ကိုယ်သင်းနံတစ်ခု ရလိုက်ပြီး လက်တစ်ဖက်က ပခုံးပေါ် ကျရောက်လာသဖြင့် လှည့်ကြည့်လိုက်သောအခါ အသစ်စက်စက် အဒေါ်ငယ်ကို မျက်နှာချင်းဆိုင် တွေ့လိုက်ရ၏။ သူမ၏ ပါးနှစ်ဖက် ပန်းရောင်သန်းနေပြီး ညှင်သာစွာ တောင်းဆိုလိုက်သည်။

"မနက်ဖြန် မဟာဓားဂူသုံးခုကို လာလည်ပါ။ အဒေါ်တွေက မင်းကို တွေ့ဖို့ စိတ်အားထက်သန်နေကြတယ်"

"ကောင်းပါပြီ"

ယွမ်ရှောင်က ခေါင်းညိတ်လိုက်ပြီး သူ၏ အဒေါ်အသစ်မှာ အနည်းငယ် ရဲတင်းသည်ဟု ထင်မြင်နေခဲ့၏။

"ဒီညက မင်္ဂလာဦးညဆိုတော့ အားကုန်မသုံးလိုက်နဲ့နော်။ မနက်ဖြန် ခရီးသွားလာဖို့ အားမရှိဘဲ နေဦးမယ်"

စုလျန်လျန်က သူ၏မျက်နှာကို တစ်ချက်ပွတ်သပ်ကာ ခပ်ညစ်ညစ်ပြုံး၍ သတိပေးလိုက်လေသည်။

All Chapters