စာမေးပွဲဲပြီးခြင်း
Vol. 5 Ch. 61
ဘာသာပြန်-စောင့်ချောကြီး
မူလက လင်းဖန်သည် မေးခွန်းများကို ပေါ့ပေါ့ပါးပါးသာဖြေရန်သာ ရည်ရွယ်ခဲ့သည်။
စနစ်ရဲ့အသံကြားပြီးနောက်တွင်လေးလေးနက်နက်ဖြေရန် သူဆုံးဖြတ်လိုက်တော့သည်။
လင်းဖန်သည် ဘောပင်ကို ကောက်ယူလိုက်ပြီး ရှုပ်ထွေးသော တွက်ချက်မှုများကို စာရွက်ဖြူပေါ်တွင် အမြန်ရေးချလိုက်တော့သည်။
ထို့နောက် ရှောင်ပန် နှင့် ရှောင်အန်း တို့ကိုလင်းဖန်ကသူအအချက်အလက်များကိုပြောပြလိုက်သည်။
လင်းဖန်၏အဖွဲ့သည် ကြိုးကြိုးစားစားနှင့်လုပ်၍နေသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ရေနုတ်မြောင်းစနစ်၏ ရှေ့ပြေးပုံစံသည် ရှောင်ပန် နှင့်ရှောင်အန်းတို့၏ ကွန်ပျူတာများတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
မကြာခင်ပင်မွန်းတည့်ချိန်ဖြစ်သွားပြီဖြစ်သည်။
လူတော်တော်များများက စာမေးပွဲအဝင်ပေါက်မှာ သူတို့ရဲ့ အစားအစာတွေကို တိုက်ရိုက်ဝယ်ယူစားသောက်ကြသည်။
အလျင်စလိုစားပြီးတာနဲ့ ပြဿနာတွေကို ဆက်လက်ဖြေရှင်းရန် စာမေးပွဲခန်းထဲသို့ပြန်ဝင်သွားကြတော့သည်။
သူတို့အဲ့လိုလုပ်ဖို့ကရွေးချယ်စရာမရှိပေ။၎င်းသည် ပြိုင်ပွဲသည်အမှန်တကယ် အလုပ်အလွန်များသည်။
အလျင်အမြန်မလုပ်ပါက သုံးရက်အတွင်း အလုပ်ပြီးမြောက်နိုင်မည် မဟုတ်ကြောင်းသူတို့အားလုံးနားလည်သည်။
ဒါပေမယ့်လင်းဖန်ကတော့ လုံးဝကွဲပြားသည်။ ရှောင်ပန် နှင့် ရှောင်အန်းတို့နှင့် နေ့လည်စာစားပြီးနောက် လွတ်နေသောအိပ်ဆောင်သို့ ပြန်သွားပြီး တစ်ရေးတစ်မော အိပ့်ရန်ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် သူ့ဖုန်းသည် အနည်းငယ်တုန်ခါသွားတော့သည်။
12:00 ။
စာအိတ်အနီပေါ်လာတော့သည်။
“ဒင် ဂုဏ်ယူပါတယ် မင်း 6 ယွမ်ရရှိခဲ့သည်။”
“ဒင် ဂုဏ်ယူပါတယ် မင်း 20 ယွမ် ရခဲ့သည်။’’
……
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် 10,000 ရရှိခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်။’’
ယနေ့တွင်လင်းဖန် သည် စုစုပေါင်း ယွမ် 25,009ကို ရရှိခဲ့သည်။
ထို့နောက် ဖန်သားပြင်ပေါ်တွင်ပြသထားသည့် အနီရောင်အထုပ် 818 ထုပ်ကို တစ်ချက်ကြည့်လိုက်သည်။
မနေ့က 8.188 သန်း အကုန်အကျခံပြီး ရီကေ မှာ အိမ်တစ်လုံးဝယ်အပြီးမှာ ဒီစာအိတ်အနီတွေရခဲ့တာဖြစ်သည်။
မူလက လင်းဖန်သည် အနီရောင်စာအိတ် 1,000 ကိုစုဆောင်းကာ အတူတူဖွင့်ရန်စီစဉ်ခဲ့သည်။
ယခုမူကား သူ မစောင့်နိုင်တော့ပေ။
“မေ့လိုက်တော့၊ ဖွင့်ပါ။”
“ဒင်၊ ဂုဏ်ယူပါတယ် မင်း 3000 ယွမ်ကိုရရှိခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၂ ယွမ်ရရှိသည်။”
……
“ဒင်! ဂုဏ်ယူပါတယ် မင်း ကျွမ်းကျင်တဲ့ ရေကူးအတွေ့အကြုံကို ရရှိခဲ့သည်။ ထူးချွန်တဲ့ ရေကူးကျွမ်းကျင်မှုက မင်းကို ရေထဲမှာ ထူးထူးခြားခြား ကျက်သရေရှိမှုကို ပြသနိုင်မည်ဖြစ်သည်။”
……
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 10,000ကိုရရှိခဲ့သည်။”
“ဒင်! ဂုဏ်ယူပါတယ် မင်းဟာ ပရော်ဖက်ရှင်နယ် လေယာဉ် မောင်းနှင်မှု စွမ်းရည်ကို ရရှိခဲ့ပြီ။ လေယာဉ်ပျံမောင်းနှင်တဲ့အချိန်အလွန်ကျက်သရေရှိနေမည်ဖြစ်သည်။ “
……
အနီရောင်စာအိတ် ၈၁၈ စောင်၊ လင်းဖန် သည် စုစုပေါင်း ယွမ် ၇၈၀,၉၂၂၀ ရရှိခဲ့သည်။ ကျွမ်းကျင်သောရေကူးအတွေ့အကြုံနှင့် ကျွမ်းကျင်သောလေယာဉ်မောင်းနှင်မှုစွမ်းရည်ကိုရရှိခဲ့သည်။
ငွေသား ၇၈ သန်း၊ ကိစ္စမရှိပေ၊ ဒါပေမယ့် လင်းဖန်ကတော့ ကျွမ်းကျင်မှုအသစ်နှစ်ခုကိုအလွန်ကျေနပ်နေသည်။
“ငွေရောင်စာအိတ်ငါးလုံးလဲရအောင်လုပ်ရအုံးမယ်။အိပ့်ပြီးမှပဲသင်္ချာမော်ဒယ်ပြိုင်ပွဲရဲ့ အလုပ်ကိုပြီးအောင်လုပ်တော့မယ်။”
လင်းဖန်သည်စာမေးပွဲစီသို့မသွားမီနှစ်နာရီကြာသည်အထိ အိပ်ခဲ့သည်။
ဤအချိန်တွင် စာမေးပွဲခန်းမရှိ လူတိုင်းသည် တွက်ချက်ရန်နှင့် ဒီဇိုင်းဆွဲရန် ရုန်းကန်နေသည်။
လင်းဖန်သည် သူ့ထိုင်ခုံသို့ ပြန်သွားပြီး လက်ဖက်ရည်သောက်ကာ စားပွဲမှာ ဆက်၍ရေးသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာတော့သည်။
ဟောပြောပွဲခန်းမသည် တောက်ပနေသည်။
တော်တော်များများက ညဘက်မှာ အနားယူဖို့ အစီအစဉ်မရှိကြဘဲ စာသင်ခန်းထဲမှာ တစ်ညလုံးနေမယ်ဆိုတာထင်ရှားသည်။
လင်းဖန်သည် သည်ရှောင်ပန် နှင့် ရှောင်အန်း တို့နှင့်အတူ အိပ်ဆောင်သို့ တိုက်ရိုက်သွားခဲ့သည်။(အတူတူသွားတာမဟုတ်ပါ😁😁။)
ဒုတိယနေ့သည်လဲပထမနေ့နဲ့အတူတူပင်ဖြစ်သည်။
လင်းဖန်သည် အနားယူရန် အိပ်ဆောင်သို့ ပြန်ခါနီးတွင် ဆံပင်ဖြူရောဂ်ရှိသော ပါမောက္ခက နောက်ဆုံးတွင် မတတ်နိုင်ဘဲ လှမ်းပြောကာ “ဒီအတန်းဖော်၊ မနက်ဖြန် ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ပဲ၊ မြန်မြန် ပြီးအောင်မေးခွန်းတွေကိုဖြေလေ။”
လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။
ထို့နောက် စာသင်ခန်းအပြင်ဘက်သို့လျှောက်သွားတော့သည်။
ပါမောက္ခဟောင်း... အဆင်ပြေလား?
……
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်မြောက်နေ့ကိုရောက်ရှိသွားတော့သည်။
စာမေးပွဲခန်းထဲတွင်တစ်အုပ်စုနှင့်တစ်အုပ်စုတိုးတိုးတိတ်တိတ်တိုင်ပင်ပြီးဖြေနေကြသည်။
ယခုအချိန်တွင် စာသင်ခန်းထဲတွင် ပါမောက္ခတစ်ယောက်ကသတင်းစာကို ဖတ်နေသည်။
ကျန်တဲ့ ပါမောက္ခနှစ်ယောက်က လက်ဖက်ရည်သောက်ပြီး လေကို ရှူရင်းဖြင်ြ စင်္ကြံမှာ ရပ်နေသည်။
၎င်းတို့အနက်မှ ငယ်ရွယ်သော ပရော်ဖက်ဆာကမေးသည် “ပါမောက္ခ ရှောင်၊ ဇောင်ရီပြောတဲ့လင်းဖန်ကိုသိလား။”
ဘေးက ပါမောက္ခရှောင်က စာသင်ခန်းအလယ်မှာ ထိုင်နေတဲ့ လင်းဖန်ကို လက်ညှိုးထိုးပြပြီး “သူကလင်းဖန်”
“သူဟုတ်လား?” ပါမောက္ခငယ်က ပြောလိုက်သည်။
“ဒီလင်းဖန်ကစားချိန်ရောက်ရင်စားမယ်၊အိပ့်ချိန်ကျရင်အိပ့်မယ်။သူကစာမေးပွဲလာဖြေတာတာမတူဘဲအပန်းလာဖြေတာနဲ့တောင်တူတယ်။အဲ့လိုလူမျိုးကဘယ်လိုလုပ်တိုးတက်မှာလဲ။’’ ပါမောက္ခရှောင်ကပြောလိုက်သည်။
ပရော်ဖက်ဆာရှောင်က “တစ်ချို့ပါမောက္ခတောင်မှပဲဒီသင်္ချာပုံစံပြဿ နာတွေကို အချိန်တိုတိုအတွင်းမှာ မဖြေရှင်းနိုင်ပေ။”
“ဒီနေ့ ပြိုင်ပွဲက ပြီးပြီဆိုတော့သူကပြီးရင်သိပ့်မပြီးသေးဘူးထင်တယ်”
ပါမောက္ခငယ်က ခေါင်းညိတ်သဘောတူပြီး “သနားစရာပဲ” ဟုပြောလိုက်သည်။
နေဝင်သည်နှင့်အမျှ ပြိုင်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားလေသည်။
“ဒင်!”
ပြီးနောက် ခေါင်းလောင်းသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။
ပရော်ဖက်ဆာရှောင်က စင်မြင့်ပေါ်တွင် ရပ်ကာ “လူတိုင်း လုပ်နေတာတွေရပ်လိုက်ပါ။မဟုတ်ရင်ဖြေထားတဲ့ဟာတွေကိုအကြုံးမဝင်ဘူးလို့သတ်မှတ်ရလိမ့်မယ်။!”
တစ်ချို့လူတွေကထပ်မံဖြေဆိုချင်ကြသည်။
သို့သော် ပါမောက္ခရှောင်၏ စကားကိုကြားပြီးနောက်တွင်မူ တုန်လှုပ်ချောက်ချားစွာ မတ်တပ်ရပ်လိုက်ကြသည်။
လင်းဖန်ကရှောင်ပန် နှင့် ရှောင်အန်းတို့သည် ကွန်ပြူတာစခရင်ကို တုံ့ဆိုင်းစွာ စိုက်ကြည့်နေသေးသည်ကို မြင်လိုက်ရသည်။သူတို့ကဖြေတာမှားသွားမည်ဆိုးနေသည်ကိုသူသိသည်။
“စိတ်မပူပါနဲ့၊အားလုံး ပြီးပြည့်စုံနေပြီ” လင်းဖန်က ပြောလိုက်သည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့ကလင်းဖန်စကားကိုကြားပြီးနောက်တွင်အကောင်းဆုံးဆုများ ရရှိခဲ့သလိုမျိုး ချောမောလှပသော မျက်နှာနှစ်ခုသည် ချက်ချင်းပြုံးလိုက်ကြသည်။
လင်းဖန်သည် သူတို့နှစ်ဦး ပျော်ရွှင်နေသည်ကို ကြည့်သော်လည်း သူအသံမထွက်နိုင်ပေ။ သူ့နှလုံးက လှုပ်ရှားသွားပြီး စနစ်မှ ဆေးရေ၂ ပုလင်း ဝယ်ယူရန် သန်း ၂၀ သုံးစွဲလိုက်ငည်။
“မင်းတို့ အိပ်ဆောင်ကို ပြန်ရောက်ပြီးရင်ဒါကိုသောက်လိုက်ပါ။”
ရှောင်ပန်နဲ့ ရှောင်အန်းတို့ က ဘာလဲဆိုတာတောင် မမေးဘဲ ရတနာတစ်ခုလို လက်နှစ်ဖက်ဖြင့်လင်းဖန်ပေးသည့်ဆေးရေကိုတင်းတင်းကြပ်ကြပ် ကိုင်ထားလိုက်သည်။
ဆေးရေကိုကိုင်ပြီးအမြွှာညီအမနှစ်ယောက်သည် မိန်းကလေးအဆောင်အခန်း 502 ကို ပြန်လာခဲ့သည်။
ထို့နောက် ရှောင်ပန် နှင့် ရှောင်အန်းတို့သည် လုံးဝမတွန့်ဆုတ်ဘဲ ဆေးရေကိုဖွင့်ကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်ကြသည်။
လင်းဖန်က သူ့မတို့ကိုဘာပြောပြောလုပ်ဆောင်မည်ဖြစ်သည်။
ထိုအချိန်တွင် အပြင်ဘက်တွင် ခြေသံများ ထွက်ပေါ်လာခဲ့သည်။
ဖရဲသီးလိုမျပ်နှာလေးမျိုးအခန်းဖော်တစ်ယောက် ဝင်လာခဲ့သည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့ကိုတွေ့ပြီးနောက် သူမက “နင်တို့်ပြန်လာပြီလား။ သင်္ချာမော်ဒယ်ပြိုင်ပွဲ ဘယ်လိုလဲ” လို့မေးလိုက်သည်။
ထို့နောက် နှစ်ယောက်သားပြောသည့်စကားကိုပြန်မစောင့်ဘဲ ကုတင်ပေါ်တွင် ထိုင်ကာ သီချင်းနားထောင်ရန် နားကြပ်တပ်လိုက်တော့သည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့သည် စကားလုံးဝမပြောနိုင်သည်ကို သူမသိသောကြောင့်ဒီအတိုင်းမေးလိုက်ခြင်းသာဖြစ်သည်။
ရှောင်ပန် နှင့် ရှောင်အန်း တို့သည် စမ်းသပ်မှု အဆင်ပြေကြောင်း ညွှန်ပြနေသည့် လက်ဟန်ခြေဟန်များ ပြုလုပ်ပြီးအခိုင်အမာ ပြောဆိုနေကြဆဲ ဖြစ်သည်။
ခဏအကြာတွင်၊ ဖရဲသမျက်နှာနှင့် ကောင်မလေးသည် အိပ်ခန်းထဲရှိ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
ရုတ်တရက်ပင် ပြင်းထန်သောလေနှင့် ဝတ်မှုန်နှင့်ရောထွေးပြီးတိုက်ခိုက်လာသည်။
“ဟပ်ချို...”
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် တစ်ချိန်တည်းတွင် နှာချေလိုက်ကြသည်။
အဲဒီနောက်မှာတော့ သူတို့ဟာ တစ်ခုခုကို သိလိုက်ကြပြီး ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ဘာလဲ……”
ရုတ်တရက် သူမတို့လည်မျိုထဲမှအသံတစ်ခု ထွက်လာသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မယုံနိုင်သောမျက်နှာများဖြစ်နေသည်။
ထို့နောက် သူမတို့သည် တစ်ခုခုကို တွေးနေပုံရပြီး သူမတို့လက်ထဲတွင် တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် ဆေးရေဘူးပေါ်သို့မျက်လုံးများ ကျရောက်သွားသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး