← Chapters

အမြွှာနှစ်ယောက်စကားပြောနိုင်ခြင်း

Vol. 5 Ch. 62

အမြွှာနှစ်ယောက်စကားပြောနိုင်ခြင်း

Vol. 5 Ch. 62

ကျန်ပေ့တက္ကသိုလ်၊ အမျိုးသားအိပ်ဆောင်တွင် အခန်း၁၀၄။

စုရီ၊ ဇောင်ချင်းဘို နှင့်မူဇောင်တို့သည် ပင်ပန်းနွမ်းနယ်နေသည့် အကြည့်များဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းနေကြသည်။

သင်္ချာမော်ဒယ်ပြိုင်ကတော်တော်လေးကိုခက်ခဲသောကြောင့်ဖြစ်သည်။

သာမန်စာမေးပွဲသာဆိုပါကစုရီနှင့်ဇောင်ချင်းဘိုတို့သည် စာရွက်အလွတ်တစ်ခုကို သေချာပေါက် ပေးအပ်မည်ဖြစ်သည်။

သို့သော်၊ သင်္ချာမော်ဒယ်လ်ပြိုင်ပွဲသည် လူသုံးယောက်အဖွဲ့ပြိုင်ပွဲဖြစ်သည်။

သူတို့ရဲ့ အသင်းဖော်တွေက စာရွက်အလွတ်ဖြစ်ခွင့်မပေးပေ။

စိတ်ပျက်အားငယ်စွာဖြင့်စုရီနှင့်ဇေယင်ချင်းဘိုတို့သည် မေးခွန်းများကိုဖြေဆိုရန် ၎င်းတို့၏အသင်းဖော်များနှင့်တိုင်ပင်ကဖြေလိုက်ကြသည်။

လွန်ခဲ့သည့်သုံးရက်အတွင်း သူတို့အားလုံးနီးပါးသည် မအိပ်လုနီးပါး တွက်ချက်ကာ ဒီဇိုင်းကို အရူးအမူးဆွဲကာသေတော့မယ်လို့တောင်သူတို့ထင်လိုက်ကြသည်။

စုရီ က “မင်းဘယ်ခေါင်းစဉ်ကိုရွေးလိုက်တာလဲ။”

“ငါ ကားပါကင်ကို ရွေးလိုက်တယ်။’’ က ပြန်ဖြေလိုက်သည်။

“ကျွန်တော်လည်း ဒီမေးခွန်းကို ရွေးချယ်ခဲ့တယ်။ကျွန်တော့်ရဲ့ အသင်းဖော်တွေက ဒါက အရိုးရှင်းဆုံးမေးခွန်းပဲလို့ ပြောခဲ့ပေမယ့် လုပ်ဖို့က အရမ်းရှုပ်ထွေးတယ်။” စုရီကပြောလိုက်သည်။

ဒီအကြောင်းကိုပြောရင်း စုရီ ဟာ လွန်ခဲ့တဲ့သုံးရက်လောက်က သတင်းအချက်အလက်တွေကို အရူးအမူးရှာဖွေဖို့ တွေးနေပုံရပြီးကြောက်လန့်တကြား သက်ပြင်းချလိုက်သည်။

ဇောင်ချင်းဘိုက” ရေနုတ်မြောင်းစနစ်ကို ဒီဇိုင်းထုတ်ဖို့ အရိုးရှင်းဆုံးမေးခွန်းပဲ မဟုတ်ဘူးလား”

မူဇောင်က “ဒုတိယမေးခွန်းက အခက်ခဲဆုံးပဲ။ ရေနုတ်မြောင်းစနစ်မှာ မြေမျက်နှာသွင်ပြင်၊ ဖိအား၊ မြေဆီလွှာအရည်အသွေး၊ ပစ္စည်းတွေ စသဖြင့် ကဏ္ဍပေါင်းစုံ ပါဝင်တယ်။”

ဇောင်ချင်းဘိုက သူ့မျက်လုံးလေးကို မှိတ်ချလိုက်ပြီး ဒါလဲမှန်တာပဲဟုသူထောက်ခံလိုက်သည်။

ထို့အပြင် မူဇောင်သည် သူ၏အတန်းထဲတွင် ကျောင်းသားကောင်းတစ်ဦးဖြစ်သည်။ ယေဘူယျအားဖြင့် သူသည် အမှားမလုပ်နိုင်ပေ။

ထို့နောက် ဇောင်ချင်းဘိုသည် လွန်ခဲ့သော သုံးရက်အတွင်း သူ၏အသင်းဖော်နှစ်ဦးကို မတွေးပဲမနေနိုင်ပေ။ ပြဿနာက အရမ်းခက်ခဲတယ်လို့ ဆိုပြီးသူတို့က ခေါင်းစဉ်ပြောင်းမလားဆိုပြီး အကြိမ်ကြိမ် အဆိုပြုခဲ့သည်။

သို့သော် အခြားအကြောင်းအရာများဖြင့် ရေနုတ်မြေင်းစနစ်ကိုပဲသုံးလုပ်ကြသည်။

ရေနုတ်မြောင်းစနစ် ဒီဇိုင်းဆွဲခြင်းသည် တကယ်ပင် အခက်ခဲဆုံးဖြစ်ကြောင်းကို သူတို့မသိခဲ့ပေ၊သိခဲ့ပါက သူတို့တစ်ခြားဟာကိုရွေားမှာသေချာသည်။

ဇောင်ချင်းဘိုကဒီအကြောင်းတွေကိုဆက်မတွေးတော့ပေ။

မူဇောင် က “အစ်ကိုလင်း၊ မင်းဘယ်ခေါင်းစဉ်ကိုရွေးတာလဲ။”

“ငါလဲ ချင်းဘို နဲ့အတူတူပဲ၊ ဒုတိယမေးခွန်းကို ငါရွေးခဲ့တယ်” လင်းဖန်က ပြောလိုက်သည်။

မူဇောင်က’’အော်.........’’

“ဒီး.....”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်အတွင်းမှ ဖုန်းသည် အသံမြည်လာခဲ့သည်။

ဖန်သားပြင်ကို ကြည့်လိုက်တော့ သူ့မျက်နှာမှာ မထင်မှတ်ထားတဲ့ အကြည့်တစ်ခု ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရှောင်ပန်မှ ခေါ်ဆိုမှုဖြစ်ကြောင်း သူတွေ့ရှိသောကြောင့်ဖြစ်သည်။

လင်းဖန်သည်အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

လင်းဖန်သည်ဖုန်းထဲမှာ အရမ်းတိတ်ဆိတ်နေပြီးလျင်မြန်သော အသက်ရှုသံနှစ်ခုကို ယောင်ဝါးဝါးကြားရသည်။

ခဏအကြာတွင် လင်းဖန် က “ရှောင်ပန်၊ရှောင်အန်း၊မင်းတို့ အခုပဲ ငါ့ကိုဖုန်းခေါ်တာဘာပြောမလို့လဲ။”

“ဟယ်လို”

ဖုန်းထဲတွင် အလွန်ပြတ်သားပြီး ချိုမြိန်သော စိမ့်စမ်းရေကဲ့သို့ အသံနှစ်သံ ထွက်ပေါ်လာသည်။

လင်းဖန်က “ကောင်းလိုက်တဲ့ အသံပဲ!”

ခဏကြာတော့ ဖုန်းထဲမှာ နူးညံတဲ့အသံနှစ်ခုက “ကျေးဇူး...ကျေးဇူးပဲ...”

လင်းဖန် က ပြုံးပြီး “ ရပါတယ် ၊ ဒီရက်ပိုင်း စာမေးပွဲတွေ ပင်ပန်းနေပြီမလားကောင်းကောင်းအနားယူလေ”

“မဟုတ်ဘူး ငါတို့မပင်ပန်းပါဘူး...”

ဒါပေမယ့် မကြာခင်မှာပဲ ဖုန်းထဲမှာ သာယာနာပျော်ဖွယ် အသံတစ်ခုထွက်လာသည် “မင်း...မင်းရောပဲ... ကောင်းကောင်းအနားယူပါ”

ဖုန်းချပြီးနောက် ရှောင်ပန် နှင့် ရှောင်အန်း တို့သည် ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူတို့၏ လှပသော မျက်နှာနှစ်ခုလုံးသည့ခရမ်းချဉ်သီးမှည့်များကဲ့သို့ နီမြန်းနေသည်။

အချိန်အတော်ကြာပြီးနောက်တွင်သးတို့ငည်တခြားဖုန်းကိုခေါ်ဆိုခဲ့ကြသည်။

ခဏကြာတော့ ဖုန်းထဲမှာ အသံတိုးတိုးလေး ထွက်လာတယ်။

“ညီမတို့၊ ငါ့ကိုဘာလို့ဖုန်းခေါ်တာလဲ” လှပသော မိန်းကလေး ရီက ပြောလိုက်သည်။

လှပသောမိန်းကလေး ရီက ဖုန်းခေါ်တာကိုမြင်တော့ အနည်းငယ် အံ့သြသွားမိသည်။

ရှောင်ပန် နှင့် ရှောင်အန်းတို့သည် အဘယ်ကြောင့် ဖုန်းခေါ်သည်ကိုသူမမသိပေ။

အရင်ကတော့ ဒီလိုတစ်ခါမှမခေါ်ဖူးပေ။

“အမ......အမ’’ ရှောင်ပန် နှင့် ရှောင်အတ်း က ပြောလိုက်သည်။

“Fuck! Fuck! Fuck!!!”

ဖုန်းထဲကနေတုန်လှုပ်ခြောက်ခြားစွာ သံသုံးခုဆက်တိုက်ထွက်လာခဲ့သည်။

ခဏကြာတော့ ဖုန်းထဲက “မင်း အခုစကားပြောလို့ရပြီလား?”

“ဟုတ်တယ်ဟုတ်တယ်” ရှောင်ပန်နှင့် ရှောင်အန်းတို့က က ပြောလိုက်သည်။

လှပသောမိန်းကလေး ရီ က “ကောင်းပြီ ဟားဟား။ အသံကလဲကောင်းတယ်၊ မင်းတို့နှစ်ယောက်ကငါ့ ညီမလေးဖြစ်ထိုက်တယ်”

လှပသောမိန်းကလေး ရီ က ကျေနပ်သွားပြီး “ငါ့ညီမက အရမ်းကောင်းတယ်။ မင်းတို့စကားပြောနိုင်တာနဲ့ငါ့ကို အရင်ခေါ်တယ်ဆိုတော့မဆိုးဘူး...မဆိုးဘူး.....!”

“မဟုတ်ပါဘူး။ငါတိုကလင်းဖန် ကိုအရင်ခေါ်တာ” ရှောင်ပန် နှင့် ရှောင်အန်း က ပြောလိုက်သည်။

လှပသောမိန်းကလေး ရီ...:...

……

Aအသိုက်ဝန်း။

သက်လတ်ပိုင်း အမျိုးသမီးသည် သူ့သမီး၏ ဝတ်စားဆင်ယင်မှုပုံစံကို ကြည့်ပြီးနောက် အကြိမ်ကြိမ် ခေါင်းညိတ်ပြနေသည်။

“စီကျူ က အရမ်းလှတယ်၊ ရှောင်ဒေါင်ကိုစီကျူနဲ့ လွယ်လွယ်နဲ့လက်ထပ်ဖို့ လုံးဝခွင့်မပြုနိုင်ဘူး!”

လူလတ်ပိုင်းအမျိုးသမီးက ခဏလောက်စဉ်းစားပြီး “စီကျူ၊ရှောင်ဒေါင်မှာရှိတဲ့ချမ်းသာတဲ့သူငယ်ချင်းတွေကိုခေါ်လိုက်ပါ။လူများလေကောင်းလေပဲ “

“ချမ်းသာတဲ့လူတွေအများကြီးလား?” စီကျူက တုံ့ဆိုင်းပြီးပြောလိုက်သည်။

လူလတ်ပိုင်းအမျိုးသမီးက ချက်ချင်းပြောတယ် “ဟုတ်တယ်၊ ရှောင်ဒေါင် မှာ ပိုက်ဆံမရှိဘူး၊ အာဏာလည်းမရှိဘူး၊ လွယ်လွယ်နဲ့လက်ထပ်ရင် မင်းကိုမင်းစျေးပေါတယ်လို့မထင်ဘူးလား။’’

စီကျူ က “တကယ်တော့ ရှောင်ဒေါင်မှာချမ်းသာတဲ့သူရှိပါတယ်”

သို့ပေမယ့် စီကျူ က ရှောင်ဒေါင် ကို ချမ်းသာတဲ့သူငယ်ချင်းမရှိလို့မကြာခဏ ပြစ်တင်ကြိမ်းမောင်းသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ရှောင်ဒေါင်ဟာ ​​သူမကိုယ်တိုင် ရွေးချယ်ထားတဲ့ ခင်ပွန်းဖြစ်ပြီး သူမသူ့ကို အလွန်အနှိမ်မခံချင်ပေ။

သက်လတ်ပိုင်းမိန်းကလေးက သက်ပြင်းချပြီး “မိုက်တဲ့သမီးလေး၊ ဘာရှက်စရာရှိလို့လဲ။ မင်းကိုလက်ထပ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ရှောင်ဒေါင်ကို နားလည်ခွင့်ပေးလိုက်ပါ။ နောင်မှာ မင်းကို ပိုပြီးမြတ်နိုးလိမ့်မယ်!”

စီကျူ သည် သူ့အမေပြောသည်ကိုမြင်ပြီးနောက် ခကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters