လည်ဆွဲဝယ်ခြင်း
Vol. 5 Ch. 63
နောက်တစ်နေ့တွင် နေမင်းကြီးသည်အရှေ့အရပ်ကနေထွက်ကာနေအလင်းရောင်များတောက်ပနေသည်။
ဒီနေ့ကစနေနေ့ဆိုတော့ အတန်းတက်စရာ မရှိပေ။
သုံးရက်ဆက်တိုက် သင်္ချာ မော်ဒယ်လ်ပြိုင်ပွဲ သည်မနေ့ကပြီးသွားခဲ့သည်။ ထို့ကြောင့်မူဇောင်၊ ဇောင်ချင်းဘိုနှင့် စုရီတို့တို့သည်သင်္ချာမော်ဒယ်ပြိုင်ပွဲ ကသေအကျေဖြေခဲ့ရသောကြောင့်ယခုအချိန်တွင်သူတို့သုံးယောက်သည်မလှုပ်မယှက်ဘဲ အိပ်ရာပေါ်တွင် အိပ့်နေကာ နိုးထရန် အရိပ်အယောင် လုံးဝမရှိပေ။
ထုံးစံအတိုင်း လင်းဖန်သည် ခေါင်းအုံးဘေးရှိ ဖုန်းကို ကောက်ကိုင်လိုက်ပြီးတစ်ချက်ကြည့်လိုက်သည်။
မျက်နှာပြင်ပေါ်တွင် ထင်ရှားသော SMS သတိပေးချက်တစ်ခု ပေါ်နေသည်။
“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၁၄၁၂၀၀ ကို လွှဲပေးကြောင်းသင့်အား သတိပေးအပ်သည်။”
ထိုသုံးရက်အတွက် လင်းဖန်သည် နေ့စဉ် နေ့လယ် ၁၂ နာရီတွင် ဖွင့်လှစ်သော စာအိတ်အနီများ အားလုံးဝည်ငွေသားများသာဖြစ်သည်။
ထို့အပြင် အသက်ရှုခြင်း၊ လမ်းလျှောက်ခြင်းနှင့် အိပ်ခြင်းတို့ကြောင့် လင်းဖန်သည် သုံးရက်အတွင်းတွင် 4.4 သန်းကို ရရှိခဲ့သည်။
အဲ့ထဲမှာမဆေးရေ ၂ ပုလင်းဝယ်ဖို့ သန်း ၂၀ ကုန်ကျခဲ့သည်။
သို့သော် ယခုအချိန်တွင် လင်းဖန်တွင်ယွမ်ငွေ ၁၄၂.၆ သန်းရှိသေးသည်။
နံနက်စာစားပြီးနောက် လင်းဖန် သည် Mercedes-Benz G ကို မောင်းနှင်ပြီး (ချင်ရှီကိုချင်ရီလို့ပဲသုံးတော့မယ်။)ချင်ရီမြို့ဆီသို့ ဦးတည်မောင်းသွားခဲ့သည်။
ပြီးခဲ့သော အပတ်က ရှောင်ဒေါင်ကိုအချိန်ရလျှင် မင်္ဂလာဆောင်လာမည်ဖြစ်ကြောင်း သူကတိပေးခဲ့သည်။
ရှောင်ဒေါင်သည် လင်းဖန်၏ အလယ်တန်းကျောင်း ကအတန်းဖော်ဖြစ်သည်။
ယခင်အချိန်က လင်းဖန်၏မိသားစုသည် ဆင်းရဲသဖြင့်စာအုပ်များနှင့် ဘောပင်များကိုပင် မတတ်နိုင်ချေ။
ရှောင်ဒေါင်သည် လင်းဖန်ကိုစာအုပ်နှင့်ဘောပင်များ ကို မကြာခဏ ပေးလေ့ရှိပြီး ၎င်းလုပ်ရပ်သည်လင်းဖန်၏ နှလုံးသားထဲတွင် ရှိနေသည်။
အခုတော့သူ့သူငယ်ချင်းရှောင်ဒေါင်အိမ်ထောင်ကျတော့မည်ဖြစ်သည်။
လင်းဖန်သည်ချင်ရီမြို့ကိုသွားရသည့်အကြောင်းအရင်းမှာသူ့မိဘတွေကိုလဲတွေ့ရင်းသူ့ငယ်ချင်းရှောင်ဒေါင်ရဲ့မင်္ဂလာလက်ထပ်ပွဲကိုတင်ရောက်မည်ဖြစ်သည်။ဒါဟာခဲတစ်လုံးနှင့်ငှက်နှစ်ပစ်လိုက်ခြင်းပင်ဖြစ်ပေသည်။
တစ်နာရီခန့်ကြာသောအခါ လင်းဖန်သည် အိမ်သို့ပြန်ရောက်နေပြီဖြစ်သည်။
လင်းတန် နှင့် ဒေါင်ဝမ်ဝမ်တို့သည် ဆေးသောက်ပြီးကတည်းက ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး၏စိတ်သည်ဆယ်ကျော်သက်တစ်ယောက်လိုပင်ဖြစ်သည်။
နေ့ခင်းဘက်မှာထမင်းစားရင်နှစ်ပန်ကန်တောင်စားဝင်သည်။
နေ့ခင်းဘက်တွင် လင်းဖန်သည် ၎င်းတို့နှင့်အတူ တီဗီကြည့်ရင်း စကားစမြည်ပြောကာ ရံဖန်ရံခါ ရယ်မောနေကြသည်။
ထိုအချိန်တွင် တစ်ယောက်ယောက်ကတံခါးကို တွန်းဖွင့်လိုက်သည်။
သူကတော့လင်းဖန်ညီမလင်းရှောင်ရီပင်ဖြစ်သည်။လင်းရှောင်ရီသည်ကျောပိုးအိတ်ဖြင့်အိမ်ထဲသို့ဝင်လာသည်။
လင်းဖန်ကိုတွေ့ပြီးနောက် သူမ အံ့အားသင့်သွားကာ “အစ်ကို၊ မင်းဘယ်တုန်းက ပြန်လာတာလဲ”
ပြောပြီးသည်နှင့် သူမကိုယ်သူမလင်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပစ်ဝင်လိုက်တော့သည်။
“မတွေ့ရတာတောင်ကြာပြီရှောင်ရီလေး” လင်းဖန်ကပြောရင်း က လင်းရှောင်ရီချောမောတဲ့ မျက်နှာလေးကို ညှစ်လိုက်ပြီး “ကြည့်စမ်းပါအုံး၊ညီမလေးရဲ့ပါးကသိပ်မဖောင်းတော့သလိုဘဲ၊ပါးဖောင်းအောင် ထမင်းများများစား။”
လဂ်းရှောင်ရီ က “အဖေ၊ အမေ၊ အစ်ကို ကို့ပြောအုံး!”
“အစ်ကိုပြောတာ မှန်ပါတယ်၊ သမီးထမင်းများများစား။” ဒေါင်ဝမ်ဝမ် က ပြောလိုက်သည်။
လင်းဖန် က လင်းရှောင်ရီ ၏မကျေမနပ်ဖြစ်နေသည့်ပုံစံကို ကြည့်ပြီး ရယ်မောကာ”ဒီနေ့ ဘာလို့ အစောကြီး ရောက်လာတာလဲ”
လင်းဖန်သည် ချင်ရီ အမှတ် ၁ အလယ်တန်းကျောင်း၏ အခြေအနေကို နားလည်သည်။
အဲ့ကြောင့်မေးလိုက်ရခြင်းဖြစ်သည်။ကျောင်း၏စည်းမျဉ်းကိုချိုးဖောက်ခြင်းသည်ကျောင်းထုတ်ခံရနိုင်ကြောင့်မေးခြင်းဖြစ်သည်။
လင်းရှောင်ရီက “ဒီနေ့ ကစာကျက်ပြီးလို့အစောကြီးပြန်လာတာ”
လင်းဖန်က ခေါင်းညိတ်လိုက်သည်။
“အစ်ကို ဒီနေ့ အပြင်သွားလို့ရလား” လင်းရှောင်ရီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
လင်းဖန် က “ကောင်းပြီလေမင်းဘယ်ကိုသွားချင်လဲ”
“ရန်ရှီမော်!” လင်းရှောင်ရီ က ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည် ။
လင်းဖန်သည် ရန်ရှီမော်၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်ကြောင်းလင်းရှောင်ရီ သိရှိရပြီးကတည်းက သူမသည် လင်းဖန် နှင့်အတူရန်ရှီမော် သို့ ထပ်မံသွားရောက်လည်ပတ်ရန် မျှော်လင့်နေခဲ့တာကြာပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏အမြင်တွင်၊ ၎င်းသည် စျေးဝယ်ခြင်းလုံးဝမဟုတ်ဘဲ၊သူ့အိမ်သူ့ရာကိုသွားရောက်လည်ပတ်သလိုဖြစ်သောကြောင့်ဖြစ်သည်။
ကံမကောင်းစွာပင် လင်းဖန်သည် ယခုရက်ပိုင်းအတွင်းပြန်မလာသောကြောင့်သူမသည်ရန်ရှီမော်ကိုလာချင်သညိ့စိတ်ကိုထိန်းချုပ်ထားရသည်။
ဤတစ်ကြိမ်တွင် လင်းရှောင်ရီသည် အခွင့်အရေးကို မိမိရရဆုပ်ကိုင်လိုက်သည်။
လင်းဖန်သည် လင်းရှောင်ရီ၏လှပသောမျက်နှာကိုကြည့်ပြီး ပြုံးကာ “ကောင်းပြီ၊ ဒါဆို ရန်ရှီမော်ကိုသွားရအောင်”
လင်းရှောင်ရီသည် Mercedes-Benz Big G တွင် ထိုင်သောအခါတွင် သူမ၏ တောက်ပသော မျက်လုံးများဖြင့်ကားထဲရှိသည်များကိုပတ်ပတ်လည်လိုက်ကြည့်နေသည်။
မီးပွိုင့် မီးနီ။
လင်းရှောင်ရီကမီးနီစောင့်နေသောကားများကို ကြည့်လိုက်ပြီး “အစ်ကို၊ ငါတို့ကားက အရမ်းမြင့်တယ်” ဟု စိတ်လှုပ်ရှားစွာပြောလိုက်သည်။
လင်းဖန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ဗွမ်း!”
မီးစိမ်းသွားသောအခါတွင်လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းကာ ရန်ရှီမော်သို့မောင်းသွားသည်။
သူတို့ သည်ရန်ရှီမော်သို့ရောက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။
လင်းဖန်နှင့်လင်းရှောင်ရီတို့သည်စျေးဝယ်နေစဉ်အတွင်းဘာမတော်တဆမှု မရှိပေ။
လင်းဖန်နှင့်လင်းရှောင်ရီတို့ပြန်မည့်အလုပ်တွင်လင်းဖန်သည် မလှမ်းမကမ်းရှိ ဘလုးကာလာလက်ဝတ်ရတနာဆိုင်ကို တွေ့ပြီးခနရပ်လိုက်သည်။
ခနရပ်ပြီးနောက်တွင်လင်းဖန်သည်ဘလူးကာလာဆိုင်ကိုလျှောက်သွားသည်။
လင်းရှောင်ရီ က “အစ်ကို၊ ငါတို့ ဘာလို့ လက်ဝတ်ရတနာဆိုင်ကို သွားနေရတာလဲ?”
“ညီအမလေးအတွက်နဲ့ကိုယ့်ရဲ့မိဘာတွေကိုလဲဝယ်ပေးချင်တယ်၊မနာရ်ပြ မနက်ဖြန် အတန်းဖော်တွေရဲ့ မင်္ဂလာပွဲအတွက် လဲလက်ဆောင်တစ်ခု ဝယ်ချင်လို့။” လင်းဖန်က ပြောလိုက်သည်။
“ကောင်းပြီ!” လင်းရှောင်ရီသည် သူ့အတွက်ဝယ်တော့မည်ဟု ကြားသောအခါတွင် သူမ၏ လှပသော မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာတော့သည်။
ဒါပေမယ့်ဆိုင်ထဲဂင်ပြီးနောက်တွင်ဖန်ကောင်တာရှိလည်ဆွဲနှင့်တခြားလက်ဝတ်ရတနာများပေါ်မှာကြောက်စရာကောင်းတဲ့ ဈေးနှုန်းတွေကိုမြင်တဲ့အခါ “အစ်ကို၊ ဒီကပစ္စည်းတွေက အရမ်းဈေးကြီးတယ်၊ တခြားဆိုင်ကို သွားရအောင်” ဆိုပြီး ပြောလိုက်သည်။
လင်းရှောင်ရီသည် ယခင်က သူငယ်ချင်းများနှင့်အတူ လက်ဝတ်ရတနာဆိုင်သို့ လည်ပတ်ခဲ့ဖူးပြီး စျေးနှုန်းအချို့ကိုလည်း သိရှိခဲ့သည်။
သူမရှေ့ရှိ ဒီလက်ဝတ်ရတနာတွေရဲ့ စျေးနှုန်းက တခြားဆိုင်တွေထက် ၁၀ ဆတောင် ပိုများနေသည်ကိုတွေ့လိုက်သည်။
လင်းရှောင်ရီသည် ယခုအခါ သူမ၏အစ်ကိုတွင် ပြိုင်ကားတစ်စီးနှင့် Mercedes-Benz ကားကြီးတစ်စီးရှိနေပြီဖြစ်ပြီး အလွန်ချမ်းသာနေပြီဖြစ်ကြောင်းကိုလင်းရှောင်ရီ သိသည်။
လင်းဖန်ကသူမကိုပိုက်ဆံကကိစ္စမဟုတ်ဘူးဆိုပြီးကြိုက်သလောက်သုံးခိုင်းထားသည်။
သို့သော် လင်းရှောင်ရီသည် မတန်မဆစျေးနဲ့တော့ပိုက်ဆံကိုဖြုန်းတီးမည်မဟုတ်ပေ။
ထိုအချိန်တွင်စျေးဝယ်လမ်းညွှန်တစ်ဦးက ပြုံးပြီး “ဘလူးကာလာရဲ့ လက်ဝတ်ရတနာ အစိတ်အပိုင်းတိုင်းကို အရည်အသွေးမြင့် ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး နာမည်ကြီး ဒီဇိုင်နာတွေကပုံဖော်ထားတာဖြစ်သည်။” ဟု ပြောကြားလိုက်သည်။
“ဒါကြောင့်စျေးက သာမန်လက်ဝတ်ရတနာတွေထက် ပိုမြင့်တယ်”
“ဒါပေမယ့်၊ ငါတို့ရဲ့စတိုင်က ခေတ်မီတယ်၊ အရည်အသွေးမြင့်တယ်။ ဒါက သာမန်လက်ဝတ်ရတနာတွေထက် အများကြီးသာလွန်တယ်။”
လင်းဖန်သည် မဝေးလှသော မှန်ခန်းရှိ လည်ဆွဲကို ညွှန်ပြကာ ‘’ရှောင်ရီ၊ ဒီလည်ဆွဲကို မင်းဘယ်လိုထင်လဲ”
လင်းရှောင်ရီသည် သူညွှန်ပြသောနေရာကိုကြည့်လိုက်သည်။
သူမသည်လည်ဆွဲကိုမြင်သည့်နှင့်ထိုလည်ဆွဲတွင်တောက်ပသော လခြမ်းပုံသဏ္ဍာန်ရှိသော ဆွဲသီးကိုသာတေက်ပသောမျက်လုံးဖြင့်ကြည့်နေသည်။
စျေးဝယ်လမ်းညွှန်က လည်ဆွဲကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး “ဒီလည်ဆွဲကို Moon Princess(လမင်းသမီး)လို့ နာမည်ပေးထားပြီး ဒါဟာ နာမည်ကြီး ဒီဇိုင်နာ ဂျေလန် ရဲ့လက်ရာဖြစ်ပါတယ်။”
“လည်ဆွဲကို ပလက်တီနမ်နဲ့လုပ်ထားပြီးသွက်လက်ပြီး ခေတ်ဆန်သောအသွင်အပြင်ရှိပြီး အလွန်ခိုင်ခံ့သည်။”
“လည်ဆွဲရဲ့ ဆွဲသီးက အပြာရောင်ဖြစ်ပြီးအဝေးက လသင်္ဘောပေါ်မှာ ထိုင်နေတဲ့ လှပတဲ့ မင်းသမီးလေးနဲ့ တူတယ်”
“”တစ်ချိန်ထဲမှာပင်Moon Princess(လမင်းသမီး)ကို စိန် ၄ လုံးဖြင့် ဝန်းရံထားသည်။ဒီဟာက ဝတ်ထားတဲ့သူအတွက် အဆုံးမရှိ ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။’’(မင်းသမီးဆိုတာအလည်မှရှိတဲ့ဟာကိုပြောပြီးစိန်လေးလုံးဆိုတာကအလည်ကဟာကိုဝန်းရံထားသည်ဟုဆိုလိုသည်။’’
စျေးဝယ်လမ်းညွှန်ကို မိတ်ဆက်ပြီးနောက် တွင်လင်းရှောင်ရီသည်အနီးကပ်ကြည့်ပြီးနောက် တွင်သူမ၏ မျက်လုံးများ ပိုမိုတောက်ပလာသည်။
လင်းရှောင်ရီသည်ဒီလည်ဆွဲကို အရမ်းကြိုက်သွားပြီဖြစ်သည်။
ဒါတွေအားလုံးဟာ... ထုံးစံအတိုင်း သူတို့အားလုံး လင်းဖန်ရဲ့မျက်လုံးကနေမလွတ်မြောက်ပေ။
သူက ပြုံးပြီး ခေါင်းညိတ်ပြပြီး “ကောင်းပြီ၊ ဒါဆို ဒီလည်ဆွဲကို ထုတ်ပိုးလိုက်ပါ” လို့ ပြောလိုက်သည်။
ထို့နောက် လင်းဖန်သည် စျေးဝယ်လမ်းညွှန်ကို မလှမ်းမကမ်းတွင်ရှိသော လက်ကောက်နှင့်တခြားလက်ဂတ်ရတနာကိုထုတ်ပိုးပေးရန် တောင်းဆိုလိုက်သည်။
ထို့နောက်လင်းဖန်သည်ဘဏ်ကဒ်ကိုပေးလိုက်ပြီးတိုက်ရိုက်ငွေချေလိုက်သည်။
နူးညံ့သောအသံဖြင့် ငွေပေးချေမှု အောင်မြင်သောအသံကိုကြားလိုက်ရသည်။
လင်းရှောင်ရီသည် လည်ဆွဲကို စိုက်ကြည့်နေဆဲဖြစ်ကြောင်းကို လင်းဖန်က မြင်လိုက်ရပြီး ပြုံးကယ”ဘာလုပ်နေတာလဲ မြန်မြန်ဝတ်လေ”
“ကောင်းပြီ!” လင်းရှောင်ရီ က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
သူမ၏လည်ပင်းကို ၀တ်ဆင်ထားသည့် တောက်ပနေသော Moon Princess(လမင်းသမီး)ကို ကြည့်ပြီး မျက်လုံးများ တောက်ပနေကာ သူမ၏ လှပသော မျက်နှာတွင်စိတ်လှုပ်ရှားမှုရှိသည့်အမူအရာရှိနေသည်။
လင်းရှောရီက သူ့လက်ကိုင်ဖုန်းနဲ့ ဆယ်လ်ဖီရိုက်ပြီး “ဒီလည်ဆွဲက ဘယ်လောက်လဲ?”
“188888 ယွမ်” ဈေးဝယ်လမ်းညွန်က ပြောလိုက်သည်။
လင်းရှောင်ရီသည်ကြားလိုက်ရသောစျေးကြောင့်အကြီးအကျယ်ထိတ်လန့်သွားခဲ့သည်။
Wowမှာစာစဉ်၇ထိရနေပါပြီဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး