ပရော်ဖက်ရှင်နယ်စကားပြောစွမ်းရည်။
Vol. 5 Ch. 64
လင်းရှောင်ရီကတုန်လှုပ်စွာ ဖြင့် “မင်းဘာပြောလိုက်တာလဲ.....?”
“Moon Princess(လမင်းသမီး)၁၈၈၈၈၈ ယွမ်၊ လက်စွပ်၄၈၈၈၈ ယွမ်၊ ကျောက်စိမ်းလက်ကောက် ၄၆၆၆၆၊ လည်ဆွဲ၃၆၆၆၆ ယွမ်” စျေးဝယ်လမ်းညွှန်သည် လင်းဖန်ဝယ်ထားသည့်စျေးနှုန်းများကိုပြေပြလိုက်သည်။
လင်းရှောင်ရီသည် နောက်ကွယ်မှ စျေးနှုန်းကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။
သို့သော်၊ သူမသည်လည်ဆွဲ၏ ရှင်းရှင်းလင်းလင်းကြားလိုက်သည်။
188888 ယွမ်!
လင်းရှောင်ရီ သည် သူ့မဘ၀တွင် ဤမျှလောက် ပိုက်ဆံများများစားစား မတွေ့ခဲ့ဖူးပေ။
ထို့ကြောင့်လင်းရှောင်ရီသည် လည်ဆွဲကို အမြန်ချွတ်လိုက်ပြီး “အစ်ကို၊ ဒါအရမ်းစျေးကြီးတယ်၊ ငါမလိုတော့ဘူး” လို့ပြောလိုက်သည်။
လင်းဖန်က သူမကို စိုးရိမ်တကြီးကြည့်နေသည်ကိုမြင်ပြီး “ပြန်ပေးလို့မရတော့ဘူး အဏမ်းနောက်ကျသွားပြီး၊ဘာလို့ဆိုငါကငွေရှင်းပြီးသွားလို့ပဲ။”
“အ... ဒါဆို....ဘာလိုလုပ်မလဲ” လင်းရှောင်ရီက သူမပြောပြီးသည်နှင့်ဈေးဝယ်လမ်းညွှန်ကို ကြည့်လိုက်သည်။
ထိုပုံစံသည်ထင်ရှားသည်မှာခေထားတဲ့ပိုက်ဆံပြန်ပေးလို့ရမလားဟုမေးနေသည့်သဘောပင်ဖြစ်သည်။
လင်းဖန်သည် လင်းရှောင်ရီကိုကြည့်ကာ “ကောင်းပြီ၊ စိတ်မပူပါနဲ့၊ မင်း စိတ်အေးအေးထားပြီး ဝတ်လို့ရတယ်။”
“မင်း မေ့သွားပြီလား၊ ရန်ရှီမော်တစ်ခုလုံးက ငါ့ပစ္စည်းပဲ၊ ငါ့ဥစ္စာကို မယူသွားစရာအကြောင်း မရှိဘူး”
လင်းရှောင်ရီ သည် ထိုစကားကိုကြားပြီးနောက် သူမသည်သူ့အကျုပြောတာကိုနားထောင်လိုက်သည်။
ထို့နောက် လင်းဖန် နှင့် လင်းရှောင်ရီတို့သည် ကားပါကင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။
ထိုအချိန်တွင် ကင်းလှည့်နေသော လုံခြုံရေးမှူး ဂိုလင်း သည် လင်းဖန် ကို မတော်တဆ တွေ့လိုက်သည်။
ပထမတစ်ချက်တွင် ဂိုလင်းသည် ယောင်ဝါးဝါးဖြင့် အကျွမ်းတဝင်ရှိနေသည်ကိုတွေ့လိုက်ပြီးနှိုင်းယှဉ်ရန်အတွက် ဖုန်းဓာတ်ပုံကို ထုတ်လိုက်သည်။
နောက်အခိုက်အတန့်တွင်၊ ဂိုလင်း၏မျက်လုံးများ ပြူးကျယ်လာပြီး အကြီးအကဲကို အာရုံစိုက်နေသော ကင်းလှည့်စစ်သားတစ်ယောက်ကဲ့သို့ သူ၏ခါးသည် ချက်ချင်းဖြောင့်သွားလေသည်။
အံ့သြစရာမဟုတ်ပါ၊ သူဖြစ်လိမ့်မယ်လို့မထင်ထားဘူး။
အဘယ်ကြောင့်ဆိုသော် အရင်လုံခြုံရေးမှူးမှာ လင်းဖန်ကထုတ်ပယ်လိုက်သေယကြောင့်ကြောင့် ဖြစ်သည်။
ထိုကြောင်ပဲဂိုလင်း သည် လုံခြုံရေးမှူးအသစ်ဖြစ်လာရန် အခွင့်အရေးရခဲ့သည်။
လင်းဖန်် ထွက်သွားပြီးနောက်၊ ဂိုလင်းသည်စိတ်ကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။
ခဏလောက် အကြာတွင်ဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။
……
ဇောင်ချမ် သည်ချင်ရီ ရန်ရှီမော်၏ အထွေထွေမန်နေဂျာဖြစ်သည်။
ယခုအချိန်တွင် သူသည် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးနေသည်။
“ဒီး....!”
ထိုအချိန်တွင် ဇောင်ချမ် ၏အိတ်ကပ်အတွင်းမှ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။
ဇောင်ချမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဇောင်ချမ် က သူ့ဘေးမှာထိုင်နေတဲ့ သက်လတ်ပိုင်းလူကို လှည့်ကြည့်ပြ “တောင်းပန်ပါတယ် ဖုန်းဖြေလိုက်အုံးမယ်’’ လို့ပြောလိုက်သည်။
အဖြေခလုတ်ကို နှိပ်ပြီးနောက်တွင် သူက အနည်းငယ်စိတ်ပျက်သောလေသံဖြင့် “ဂိုလင်း၊မင်းဘာကိစ္စရှိလို့လဲ”
ဇောင်ချမ်ဟာ မပျော်မရွှင်ဖြစ်နေသံကိုကြားပြီးနေက် ဂိုလင်းသည်အပိုတွေကိုမပြောတော့ပဲ”မစ္စတာဇောင် မစ္စတာလင်းသည်ခုနတုန်းကကျွန်တော်တို့ရဲ့ ရန်ရှီမော်ကိုစျေးဝယ်ဖို့လာခဲ့တယ်’’ လို့ ဆိုလိုက်သည်။
မစ္စတာလင်း
ဇောင်ချမ် သည် ပထမတော့ အနည်းငယ် စိတ်ရှုပ်သွားသည်။
ထို့နောက် ဆတ်ခနဲ ထရပ်လိုက်လေသည်။
“မစ္စတာလင်းကအခုလာတာလား” ဇောင်ချမ် က ပြောလိုက်သည်။
“ဟုတ်” ဂိုလင်း က ပြောလိုက်သည်။
ဇောင်ချမ် က စိတ်လှုပ်ရှားစွာဖြင့်”ကောင်းပြီ၊ခဏလေးစောင့်၊ငါ မကြာခင် လာခဲ့မယ်”
ဖုန်းချသွားပြီးနောက် ဇောင်ချမ် သည် ဆန့်ကျင်ဘက်လူလတ်ပိုင်းကို “ဆောရီး၊ ကုန်တိုက်မှာ အရေးတကြီး ဖြေရှင်းစရာတစ်ခုရှိတယ်။ နောက်တစ်ကြိမ်ကျမှာ့ပဲ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ထပ်ပြောမယ်။”
သူတို့နှစ်ယောက်၏ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးသည်။
ဒါပေမယ့် မစ္စတာလင်းကိုတွေ့ဖို့က ပိုအရေးကြီးသည်။
ဇောင်ချမ်ကပြောပြီးတာနဲ့ အပြင်ကို အမြန်ထွက်သွားတော့သည်။
မျက်နှာချင်းဆိုင်ထိုင်နေသော သက်လတ်ပိုင်းလူက “မစ္စတာလင်း၊ ချင်ရီမြို့မှာ ဘယ်သူက ဇောင်ချမ်ကိုအမိန့်ပေးနိုင်တာလဲ၊ဒါမှမဟုတ် တခြားနေရာက တစ်ယောက်ယောက်ဖြစ်နိုင်မလား”
……
ဇောက်ချမ်ရှိသည့်နေရာသည် ရန်ရှီမော်နှင့် သိပ်မဝေးပေ။
ကံမကောင်းစွာပင်ဇောင်ချမ်ရောက်သည့်အချိန်တွင်လင်းဖန်ကမရှိတော့ပေ။
ဇောင်ချမ်သည်လင်းဖန်မရှိတော့သည်ကိုသိပြီးနောက်တွင်သူကဂိုလင်း ရဲ့ ပုခုံးကို ပုတ်ပြီး “ဂိုလင်း၊ မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ။နောက်တစ်ခါ မင်းမစ္စတာလင်းကိုထပ်တွေ့ရင် မင်းငါ့ကို အမြန်ဆုံး အကြောင်းကြားလိုက်ပါ” လို့ပြောသည်။
“ဟုတ်” ဂိုလင်းကက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
……
လင်းဖန်သည် အိမ်ပြန်ရောက်ပြီးနောက်တွင် လင်စွပ်နှင့်လက်ကောက်တို့ကို သူ့မိဘများထံ တိုက်ရိုက်ပေးခဲ့သည်။
လင်းတန်၏ မျက်နှာတစ်ခုလုံးသည်အပြုံးများဖြင့်ပြည့်နေသည်။’’ဒီလက်စွပ်ကအရမ်းလှတာပဲ။ဒီထက်လှတဲ့လက်စွပ်ကိုငါ့ဘဝမှာမတွေ့ဖူးဘူး။’’
လင်းရှောင်ရီက “ဟုတ်တယ် ဖေဖေ၊ ဒီလက်စွပ်ရဲ့စျေးကယွမ်၄၈၈၈၈ ပဲ”
“ဘာ? ဘယ်လောက်လဲ။” လင်းတန် က တအံ့တသြကြီးပြောလိုက်သည်။
“၄၈၈၈၈?” လက်ကောက်နှင့်ကစားနေသော ဒေယင်ဝမ်ဝမ်သည် အလွန်အံ့အားသင့်သွားကာ “ငါ့လက်ကောက်ကော ဘယ်လောက်လဲ။”
“၄၆၆၆၆။” လင်းရှောင်ရီက ပြောလိုက်သည်။
ဒေါင်ဝမ်ဝမ်က “ရှောင်ဖန်၊ မင်း ငါတို့ကို ဘာလို့ ဒီလောက်ဈေးကြီးတာတွေဝယ်ပေးနေတာလဲ။”
ဒေါင်ဝမ်ဝမ်သည် သူမ၏ ဘဝတစ်လျှောက်လုံး လုံ့လဝီရိယနှင့် ခြွေတာသူဖြစ်သည်။ လက်ထပ်ပြီးသောအခါတွငလဲ် ကြေးလက်စွပ်တစ်ကွင်းသာ ဝယ်ခဲ့သည်။
အခု ရုတ်တရက် သောင်းချီတန်တဲ့လက်ကောက်တစ်ခု ရှီလာတော့ သူမ တကယ်ကို စိတ်မသက်မသာ ဖြစ်နေသည်။
“ဝယ်ပြီးနေပြီလေ ဘယ်လိုလုပ်ရတော့မလဲ” လင်းဖန်က ပြုံးပြီး “ဒါက နည်းနည်းလေးပဲ ရှီတာအမေ၊ စိတ်ချပြီးဝတ်လို့ ရပါတယ်၊ နောင်ဒီထက်ပိုကောင်းတဲ့ဟာ ဝယ်ပေးပါ့မယ်”
လင်းတန်က “ဟုတ်တယ်၊ မိဘကိုသားသမီးကဝယ်ပေးတာကိုလက်ခံသင့်တယ်” လို့ပြောလိုက်သည်။
သူပြောပြီးသည်နှင့်ဒေါင်ဝမ်ဝမ်ကသူ့ကိုယ်စိုက်ကြည့်နေသည်ကိုလင်းတန်က လျင်မြန်စွာ သတိပြုမိလိုက်သည်။
လင်းတန်ကအရှက်ပြေချောင်းဆိုးလိုက်ပြီး “ရှောင်ဖန်၊ မင်းအခု အရမ်းချမ်းသာနေပြီဆိုတာ ငါတို့သိပါတယ်၊ ဒါပေမယ့် ပိုက်ဆံကို ကျပန်းမဖြုန်းသင့်ဘူး။’’
ဒေါင်ဝမ်ဝမ်က ‘’၊ရှောင်ဖန် မင်း အခု အောင်မြင်တဲ့ အလုပ်တစ်ခုလဲရှိနေပြီ ငါတို့ကိုဘယ်တော့မိန်းကလေးခေါ်လာမှာလဲ။’’
လင်းဖန်သည် ကျူရီရှောင်၊ ရှောင်ပန်၊ရှောင်အန်း ၊ ချူစီရှင်းတို့ကိုမတွေးဘဲမနေနိုင်ပေ။
ခဏအကြာတွင် သူက “အနာဂတ်မှာ အခွင့်ရေးရှိလာမှာပါ” ဟုဆိုလိုက်သည်။
မိသားစုနဲ့ ကုန်ဆုံးတဲ့ အချိန်တွေဟာ အမြဲတမ်း မြန်ဆန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ညဉ့်နက်လာတော့သည်။
လင်းဖန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ဖုန်းစခရင်ကို စိုက်ကြည့်နေသည်။
【320,000 အကုန်အကျခံပြီး အနီရောင်စာအိတ် 32 စောင်ကို ရရှိပါသည်။ အဲဒါတွေအားလုံးကို သင်လက်ခံပါသလား။ 】
ဒါတွေကသူလက်ဝတ်ရတနာတွေ ဝယ်ပြီးရခဲ့တာဖြစ်သည်။
“ဟုတ်တယ်!”
【ဒင်း! ဂုဏ်ယူပါတယ်၊ ၁၀ ယွမ် ရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် 5 ယွမ် ရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 50,000 ရရှိခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ပရော်ဖက်ရှင်နယ် စကားပြော စွမ်းရည်ကို ရရှိခဲ့သည်။ 】
...
အနီရောင်စာအိတ် ၃၂ စောင်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၁၇၃,၂၀၀ ရရှိခဲ့သည်။
လင်းဖန်သည်ပိုက်ဆံတွေကို ဂရုမစိုက်ပေ။
သူသည် ပရော်ဖက်ရှင်နယ်စကားပြောကျွမ်းကျင်မှုအပေါ် အာရုံစိုက်လိုက်သည်။
[စကားပြော ကျွမ်းကျင်မှု။ သာမာန်လူများထက် သာလွန်ကောင်းမွန်သော စကားပြောအတွေ့အကြုံကိုရယူပြီး ထက်မြက်ပြီး ထူးချွန်သော စွမ်းရည်များဖြင့် ပြိုင်ဘက်များကို အနိုင်ယူကာ အထူးကျက်သရေကိုရရှီမည်ဖြစ်သည်။ 】
လင်းဖန်က သူ့မေးစေ့ကိုပွတ်လိုက်ပြီး “ဒါကတော်တော်စိတ်ဝင်စားဖို့ကောင်းပုံရတယ်။”
အဲ့ဒါကမနေ့ကဟာပါ။မတင်မိလိုက်လို့။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး