ဒမင်ကြောက်လန့်ခြင်း
Vol. 5 Ch. 66
Bအိမ်ရာအသိုင်းအဝိုင်းရှေ့မှာ လူသုံးယောက် ရပ်နေတာကို တွေ့တော့ ကားကိုသူတို့နားမရောက်ခင်ရပ်လိုက်သည်။
ထို့နောက် လင်းဖန်၊ ရှောင်ဒေါင်နှင့် အခြားသူများ ကားပေါ်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
မူလက Bအိမ်ရာအသိုင်းအဝိုင်း၏တံခါးအလယ်တွင်ရှိနေသည့် စုံစမ်းစစ်ဆေးရေးမှူး ဒမင် သည် ချက်ချင်းပင်ဘေးသို့ ထွက်ခွာသွားခဲ့သည်။
ဒမင်သည်ထွက်ခွာသွားရုံသာမက အခြားလူငယ်နှစ်ယောက်ကိုလည်း ဆွဲခေါ်သွားခဲ့သည်။
ဒီလိုဆွဲခေါ်ခံရတဲ့အချိန်လူငယ်နှစ်ယောက်စလုံး အနည်းငယ် စိတ်ရှုပ်သွားကြသည်။
အခုအခြေအနေဘယ်လိုလဲ
သတို့သားကို စီကျူနှင့်လွယ်လွယ်လက်ထပ်ခွင့်မပေးသင့်ဘူးလို့ ဒမင်က မပြောခဲ့ဘူးလား။
သတို့သားကို အရှက်ရစေမယ်လို့လဲပြောတယ်။အခု မင်းက ရုတ်တရက် နောက်ဆုတ်လိုက်ပြီးငါတို့နှစ်ယောက်ကိုပါဆွဲထုတ်လာခဲ့သည်။
အိမ်ထောင်ပြုသောအခါတွင် အမျိုးသမီးသည် အရည်အချင်းရှိသဖြင့်အမျိုးသမီးရှင်ဘက်မှအဖေ၊အမေများသည်လွယ်လွယ်နှင့်လက်မထပ်ရစေရန်တံခါးဝကနေနောက်ယှက်ခိုင်းခဲ့သည်။
ဤနည်းဖြင့်၊ သူတို့သမီးကိုယူရန်မှာမလွယ်ကူကြောင်း သတို့သားအား သိခိုင်းစေပြီးမိမိသတို့သမီးကိုတန်ဖိုးထားတတ်စေခြင်းပင်ဖြစ်သည်။
ဒမင်သည်ရုတ်တရက် ရှောင်ထွက်သွားရတဲ့ အကြောင်းအရင်းကတော့ လင်းဖန် ကိုတွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။
ဒမင်သည်ယခုချိန်အပါအဝင်လင်းဖန်ကို၃ကြိမ်တိုင်တိုင်တွေ့ဖူးသည်။
ပထမကတော့ချင်ရီဆေးရုံမှာတွေ့တာ။
ထိုနေ့တွင်၊ ချင်ရီခေါင်းဆောင်သည်ဆေးရုံကို စစ်ဆေးရန်သွားသည့်အခါတွင်ဒမင်သည် ခေါင်းဆောင်ကို ကာကွယ်ရန် အစောင့်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။
ထိုအချိန်တွင်ချင်ရီ ခေါင်းဆောင်သည် လင်းဖန် နှင့် အလွန်နီးစပ်ခဲ့ပြီး နောက်တစ်နေ့တွင်လင်းဖန်၏ဖခင်ထံသို့သွားလည်ခဲ့သည်။
ဒုတိယအကြိမ်ကတော့ ရန်ရှီမော်မှာဖြစ်သည်။
ထိုအချိန်တွင် ဒမင်သည် လင်းဖန်ကိုဖမ်းရန်
သူ့ သူငယ်ချင်းများကအကူအညီတောင်းသဖြင့်လူတစ်ချို့ကိုစေလွှတ်ခဲ့သည်။
နောက်ပိုင်းတွင် ကပ္ပတိန်ကဖြစ်ပျက်ခဲ့သည်များကိုချက်ချင်းစစ်ဆေးပြီးအမှုထမ်းများကိုတင်းတင်းကျပ်ကျပ် ဆက်ဆံခဲ့သည်။
ဒမင်ကိုယ်တိုင်ပင်လျှင် ဝေဖန်မှုအချို့ ခံခဲ့ရသည်။
ဒီနေ့ကတော့ တတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။
စီကျူကိုလွယ်လွယ်နဲ့လက်မထပ်ရအောင်လုပ်မည်ဟုသူလေကြီးခဲ့သည်။သူတားမည့်လူကသူ့သူငယ်ချင်းလား၊သူအသိလားဆိုတဲ့လူကိုသွားတား တာဟာကိုယ့်ကိုယ်သေကြောင်းကျန်သည်နှင့်တူသည်။
သတို့သား ရှောင်ဒေါင် သည် သည်အကြောင်းတွေကိုမသိပေ။
ဒါပေမယ့် တံခါးပိတ်ထားတဲ့လူတွေထွက်သွားတာကိုမြင်တော့ အရမ်းပျော်သွားပြီး အိမ်ထဲကို တိုက်ရိုက်ဝင်သွားခဲ့သည်။
အိမ်တံခါးရှေ့မှာရပ်နေတဲ့လူလတ်ပိုင်းအရွယ် အမျိုးသားက က”ဒမင်ကိုလုပ်ခိုင်းတာသေချာလို့လား။”
စီးကရက်တစ်လိပ်ကိုင်ထားတဲ့ ဂိုလင်းကျူက သူ့နှုတ်ခမ်းတွေကို ကောက်ကွေးလိုက်ပြီး “အေးအေးဆေးဆေးသာနေစမ်းပါကွာ”
ဂိုလင်းကျူက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး”ငါ့ကို သာယုံထားလိုက်စမ်းပါ။ဒမင်က ပုံမှန်အားဖြင့်တော့ လုံခြုံရေး အစောင့်တစ်ဒါဇင်လောက်ကို ရပ်တာလောက်ကိုပြဿနာမရှိပေ။”
“ဒီနေ့၊ သတို့သားအတွက် မမေ့နိုင်တဲ့ မင်္ဂလာပွဲဲဖြစ်စေရမယ်ဟုအာမခံတယ်”
လူလတ်ပိုင်းအရွယ်က အခုမှစိတ်သက်သာရသလိုမျိုးသက်ပြင်းချလိုက်သည်။
မကြာမီ လူအုပ်ကြီးသည် မင်္ဂလာဆောင်မည့်နေရာသို့ရောက်လာသည်။
ဂိုလင်းကျူသည် သတို့သားနေရာတွင် လျှောက်သွားနေသည့် ရှောင်ဒေါင်ကို မြင်သောအခါတွင် သူ၏ အမူအရာ မှာဘယ်လိုပြောရမှန်းတောင်မသိဖြစ်သွားသည်။
သူ့ဘေးနားက လင်းဖန်ကို မြင်လိုက်ရတော့ သူလုံးဝထိတ်လန့်သွားတော့သည်။
သူပဲ။
ရန်ရှီဂရု၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သော လျှို့ဝှက်ဆန်းကြယ်သော မစ္စတာလင်း။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက “သတို့သားကဘယ်လိုဝင်လာတာလဲ’’ ဟု မေးလိုက်သည်။
ထို့နောက် သူ့ကို ဂိုလင်းကျူက ပြင်းပြင်းထန်ထန် ဆွဲထုတ်ခဲ့ပြီး မင်္ဂလာဆောင်သည့်နေရာမှမှ ဘေးဘက်သို့ တိုက်ရိုက်ဆွဲထုတ်ခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဂိုလင်းကျူကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။
အခုအခြေအနေဘယ်လိုလဲ
မင်ပြောတော့မင်းကိုပဲယုံဆို။
အဲ့တာမင်းပြောတာလား။
သတို့သားအတွက် လုံးဝ မမေ့နိုင်တဲ့ မင်္ဂလာပွဲလား။?
သတို့သား ရှောင်ဒေါင်ကတော့ ဘာတွေဖြစ်နေလဲ ဆိုတာကိုနားမလည်ပေ။
သတို့သား ရှောင်ဒေါင်နှင့် အခြားသူများ အပေါ်ထပ်သို့ တက်သွားသည်အထိ သက်လတ်ပိုင်း အမျိုးသားသည် ဘာတုံ့ပြန်မှု မှမရှိခဲ့ပေ။
“ဟျောင့်ဂိုလင်းကျူ မင်းငါ့ကိုအရှက်ခွဲနေတာလား။”
သူကိုအရှက်ခွဲတာလား?
ဂိုလင်းကျူက ချက်ချင်းပြန်မဖြေဘဲ လင်းဖန်ပျောက်ကွယ်သွားပုံကို ငေးကြည့်နေရုံနဲ့ “စီကျူက ခင်ပွန်းကောင်းကို ရှာတွေ့သွားပြီ” လို့ ရေရွတ်လိုက်သည်။
ယခုရှောင်ဒေါင်ရဲ့ အခြေအနေဟာ လက်ရှိအချိန်မှာ အတော်လေးကို ညံ့ဖျင်းနေသေးသည်။
သို့သော်လည်း၊ ဂိုလင်းကျူ၏အမြင်အရ၊ သူ့တွင် လင်းဖန်ကို သူငယ်ချင်းအဖြစ် ထားရှိထားသောကြောင့် ယခင်အချိန်နှင့် လုံးဝမတူတော့မည်မှာ သေချာသည်။
…………
မင်္ဂလာဧည့်ခန်းထဲ။
စီကျူ၏မိခင်သည် အနည်းငယ် စိတ်ပူနေပုံရသည်။
စီကျူ၏ဖခင်က လက်ဖက်ရည်သောက်ပြီး ပြုံးကာ”အခုပဲရှောင်ဒေါင်ကရောက်တယ်ဆိုတော့သူကိုဒမင်ကတစ်နာရီလောက်ထိတော့အရှက်ခွဲနေလိမ့်မယ့။”
“မင်းဘာလို့စိတ်ပူနေတာလဲ”
ဒီစကားတွေ ပြောပြီးတာနဲ့ ရှောင်ဒေါင်တို့လူအုပ်ကြီး မြန်မြန်ဆန်ဆန် ဝင်လာခဲ့သည်။
စီကျူ၏ မိဘများ အားလုံး အံ့ဩသွားကြသည်။
အခုအခြေအနေဘယ်လိုလဲ
ရှောင်ဒေါင်ကအခုမှရောက်လာတာမဟုတ်ဘူးလား။
သူက ဘာလို့ အပေါ်ထပ်ကို ဒီလောက်မြန်မြန် တက်လာရတာလဲ။
ဒမင်က သူတို့ကို မတားခဲ့ဘူးလား ?
ရှောင်ဒေါင်ကတော့ သိပ်ဂရုမစိုက်ဘဲ စီကျူရဲ့ မိဘတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်လိုက်ပြီးသတို့သမီးရှိသည့်အခန်းသို့ဝင်သွားခဲ့သည်။
……
ဒီအချိန်မှာ အခန်းထဲမှာ။
စီကျုနဲ့ အချစ်ဆုံးသူငယ်ချင်း စီဖန်ကလည်း အပြင်ဘက်က လှုပ်ရှားမှုကို သတိထားမိလိုက်သည်။
စီဖန် က “တံခါးကို သွားတားတဲ့ သူရဲ့ စွမ်းရည်က ဆိုးလွန်းတယ် ရှောင်ဒေါင် က သိပ်မကြာခင် ပေါ်လာလိမ့်မယ်။”
ခေတ္တရပ်လိုက်ပြီး “စီကျူစိတ်မပူပါနဲ့ငါမင်းကိုစောင့်ရှောက်ပေးမယ်”
“ငါချင်ရီဆေးရုံရဲ့သူနာပြုတစ်ယောက်ပါ။ အဲဒီ့အတွက် နေ့တိုင်း ဝင်ရမယ့် လူနာ ဘယ်နှစ်ယောက် ပိတ်ဆို့ခံရမယ်ဆိုတာ တောင်မမှတ်မိဘူး။ရှောင်ဒေါင်ကမင်းကိုလွယ်လွယ်နဲ့လက်မထပ်စေရဘူး။ !”
စကားပြောပြီးတဲ့အခါ၊စီဖန် သည် တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
တစ်ချိန်တည်းမှာပဲ ပြင်ပအခြေအနေကို စောင့်ကြည့်ဖို့ တပ်ဆင်ထားသောစီစီတီဗီနဲ့ချိန်ထားသောမော်နီတာကို ဖွင့်လိုက်သည်။
စီဖန်၏အကြည့်များသည်ရှောင်ဒေါင်နှင့် အခြားသူများအပေါ် လွှမ်းခြုံသွားသည်။ လင်းဖန်ကို မြင်လိုက်သောအခါတွင် သူမ၏လှပသော မျက်နှာသည် ဖုံးကွယ်၍မရသော ထိတ်လန့်တုန်လှုပ်ဖွယ် အမူအရာများ ပြည့်နှက်နေသည်။
သူပဲ။
VIP ရပ်ကွက်တွင် နေထိုင်သော မိသားစုဝင်။
မကြာသေးမီက စီဖန်သည် အထူးစောင့်ရှောက်မှုလူနာ-လင်းတန်ကို ပြုစုရန် စီစဉ်ပေးခြက်းခံခဲ့ရသည်။
စီဖန်သည် ဌာနမှူးကလူနာ၏သား လင်းဖန်အပေါ် မည်မျှ ယဉ်ကျေးသိမ်မွေ့သည်ကို ရှင်းရှင်းလင်းလင်းသူမ မှတ်မိသည်။
ထိုအချိန်တွင်၊ စီဖန် သည် လင်းဖန် သည် သူ့ဌာနမှူးထက်ကြီးမားတဲ့လူဖြစ်ကြောင်း နားလည်ခဲ့သည်။
ထို့ကြောင့် လင်းတန်ကို ပြုစုသည့်အခါတွင်ပိုဂရုစိုက်ခဲ့သည်။
နောက်ပိုင်းတွင် လင်းဖန်သည် ဌာနမှူးနှင့် ဆက်သွယ်သောအခါတွင် လင်းဖန်ကသူမကိုအလုပ်ကိုကောင်းကောင်း ဂရုစိုက်ကြောင်း တိတ်တဆိတ် ပြောခဲ့သည်။
စီဖန်သည်ဆေးရုံမှ လူအများ၏ ချီးမွမ်းခြင်းကို တိုက်ရိုက်ရရှိခဲ့သည်။
စီဖန်သည် လင်းဖန်နှင့်တွေ့ရန် မမျှော်လင့်ထားခဲ့ပေ။
လင်းဖန်ကိုမြင်ပြီးနောက်တွင်စီဖန်သည် လုံးဝမတုံ့ဆိုင်းဘဲ တံခါးကို တိုက်ရိုက်ဖွင့်ကာ လေးစားစွာဖြင့် ဘေးသို့ ထွက်သွားလေသည်။
ဒီမြင်ကွင်းကိုမှန်တင်ခုံရှေ့မှာထိုင်နေတဲ့ စီကျူကို ထိတ်လန့်သွားစေခဲ့သည်။
အခြေအနေဘယ်လိုလဲ
စီဖန်မင်းပြောတော့ရှောင်ဒေါင်ကငါ့ကိုလွယ်လွယ်လက်မထပ်စေရဘူးဆို။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး