← Chapters

အကုန်လုံးအံ့သြသွားခြင်း

Vol. 5 Ch. 67

အကုန်လုံးအံ့သြသွားခြင်း

Vol. 5 Ch. 67

စီကျူက အံ့ဩလွန်းလို့ သူ့ကို ရှောင်ဒေါင်က အခန်းထဲကနေ ဆွဲထုတ်သွားမှသတိပြန်ဝင်ခဲ့သည်။

တကယ်တော့ ဒါဟာ စီကျူတစ်ယောက်ထဲပဲ မဟုတ်ပေ။

သူမ၏ မိဘများ နှင့် ဧည့်သည် အများစုသည် တူညီစွာ အံသြနေကြသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့ပြောခဲ့သည့်စကားနှင့် ကွဲပြားပုံရသည်။

ရှောင်ဒေါင်က က တော့ဒါတွေကိုမသိပေ။

စီကျူ ရဲ့ မိဘတွေကို လက်ဖက်ရည်သောက်ဖို့ ပြင်ဆင်ပေးနေရင်းစီကျူတို့မိသားစုကရှောင်ဒေါင်ကိုမိသားစုဝင်အဖြစ်အသိအမှတ်ပြုလိုက်တော့သည်။

ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံထွက်ပေါ်လာခဲ့သည်။

ထို့နောက်ဇောင်ချမ်ဝင်လာခဲ့သည်။

လင်းဖန်ကိုမြင်သောအခါမှာသာသက်ပြင်းတစ်ချက်ချလိုက်သည်။

လင်းဖန်မရှိတော့မည်ကိ​ုသူကြောက်သည်။

ထို့နောက် ဇောင်ချမ်က ပြုံးလိုက်ပြီး “မဖိတ်ခေါ်ဘဲ ဒီကိုရောက်လာတဲ့အတွက်စိတ်အနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်၊ နှစ်ယောက်သား ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်”

ရောက်ရှိလာသူအများစုသည် ဇောင်ချမ် ကို မသိကြပေ။ အချို့လူများကပင် ဇောင်ချမ်ကနေရာမှားသွားသည်ဟုပင် ထင်နေကြသည်။

လူအုပ်ထဲမှာ ရပ်နေတဲ့ ဂိုလင်းကျူ က အံ့သြတကြီးနဲ့ ‘’မစ္စတာဇောင် က ဘာလို့ ဒီကိုလာတာလဲ။”

လူဘေးနားကလူတစ်ယောက်က “မင်းသူ့ကိုသိလား”ဟုမေးလိုက်သည်။

ဂိုလင်းကျူသည်မေးတာကိုမဖြေပဲမတ်တပ်ထရပ်ကာ”မင်္ဂလာပါ မစ္စတာဇောင်” ဟု လေးလေးစားစား ပြောလိုက်လေသည်။

သိရန်……

ဂိုလင်းကျူဟာ လူတိုင်းရဲ့အမြင်မှာ ကောင်းကင်ကြီးလောက်မြငိ့တဲ့သူတစ်ယောက်လည်း ဖြစ်သည်။

မကြာသေးမီက သူသည် ရန်ရှီမော်၏ လုံခြုံရေးမှူးဖြစ်လာပြီး လူအများက သူ့ကို မနာလိုဖြစ်ခဲ့ကြသည်။

ယခုမူကား၊ သူ့ရှေ့ရှိ လူလတ်ပိုင်းလူကို အလွန်ရိုသေသလော။

မစ္စတာဇောင်

လူတိုင်းက သူ့အမည်ကို လျှို့ဝှက်စွာ ခန့်မှန်းခဲ့ကြသည်။

မကြာခင်မှာပဲ တစ်ယောက်ယောက်က “ငါမှတ်မိတယ်၊ သူက ဇောင်ချမ်ပဲ”

သူ့ဘေးကလူက “ဇောင်ချမ် က ဘယ်သူလဲ” ဟု မေးလိုက်သည်။

“မင်းက ချင်ရီမှာရှိနေတာတောင်ဇောင်ချမ်ကိုမသိဘူးလား။သူက ရန်ရှီမော် ရဲ့ အထွေထွေမန်နေဂျာပဲ!” ဟုပြောလိုက်သည်။

ဒီစကားကိုပြောပြီးတာနဲ့ တစ်ခြားသူများကလဲတီးတိုးတီးတိုးပြောနေကြသည်။

ရန်ရှီမော်သည် ချင်ရီတွင်အကြီးဆုံးစျေးဝယ်စင်တာဖြစ်သည်။

ရန်ရှီမော်၏ အထွေထွေမန်နေဂျာ၊ ၎င်းမှာ ရန်ရှီမော်၏ သူဌေးလဲဖြစ်သည်။

လူတိုင်းအတွက်၊ ဤအရာသည် ဆင်းရဲသားရပ်ကွက်ထဲသို့ရုတ်တရက်ရောက်လာသော ချမ်းသာတဲ့သူနဲ့တူသည်။

ဇောင်ချမ် က ဂိုလင်းကျူကို ခေါင်းညိတ်ပြပြီး လင်းဖန်ထံသို့ တည့်တည့်သွားကာ “မင်္ဂလာပါ မစ္စတာလင်း” ဟု လေးလေးစားစား ပြောလိုက်လေသည်။

လင်းဖန်က “အင်း၊ ရန်ရှီမော် မှာ အရင်ကဖြစ်ပျက်ခဲ့တာတွေကိုပြီးသွားပြီမို့ စိတ်ထဲမထားပါနဲ့”

ဇောင်ချမ် က “ကျေးဇူးတင်ပါတယ် မစ္စတာလင်း”

ယခုမှပင်သူ့နှလုံးသားထဲမှာ လေးတုံးကြီးကျသွားတော့သည်။

လင်းဖန်ကိုယခင်ခေါက်တုန်းကရန်ရှီမော်ရဲ့လုံခြုံရေးတွေနဲ့ချမလိုဖြစ်သွားခဲ့သည်။

လင်းဖန်က ဥက္ကဌ စုဇောင်ဖန် ကို ဖုန်းဆက်လိုက်သောကြောင့်ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်။

ဒါကြောင့်ဇောင်ချမ်ဟာသူ့အပြစ်မကင်းသလိုဖြစ်သောကြောင့်တောင်းပန်ချင်ခဲ့သည်။

ထို့ကြောင့်၊ ဂိုလင်းကလင်းဖန် ကိုတွေ့တယ်လို့ပြောတဲ့အခါတွင်သူ့လုပ်နေသည့်ကိစ္စများကိုလျစ်လျူပြီးအမြန်လာခဲ့သည်။

ဒီနေ့တွင်လဲမနေ့ကလိုပင်လုပ်တဲ့ကိစ္စတွေကိုဘေးဖယ်ပြီးလင်းဖန်နောက်ကိုလိုက်ခဲ့သည်။

ယခုလင်းဖန်၏ စကားများကို ကြားသိရပြီးနောက် တွင်ဇောင်ချမ်သည် အဖြစ်အပျက် များကိုအမှန်တကယ် ပြီးဆုံးသွားပြီဖြစ်ကြောင်း နားလည်ခဲ့သည်။

လင်းဖန်က “ဒီနေ့ သတို့သား ကရှောင်ဒေါင်ရယ်၊ ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ”

ဇောင်ချမ် က သူ့အိတ်ကပ်ထဲက ရွှေလက်ကောက်ကို အမြန်ထုတ်လိုက်ပြီး “မစ္စတာရှောင်၊ ပျော်ရွှင်စရာ မင်္ဂလာပွဲဖြစ်ပါစေ။”

မီးပွိုင့်မှာ လင်းဖန်ကို မြင်ပြီးကတည်းကဇောင်ချမ် ဟာ လင်းဖန်ရဲ့နောက်ကို လိုက်နေခဲ့သည်။

လင်းဖန်သည် Bအိမ်ရာအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ ဇောင်ချမ်သည် ကမန်းကတန်းနောက်ပြန်လှည့်၍ ရွှေလက်ကောက်ကို ဝယ်ရန် အနီးဆုံး လက်ဝတ်ရတနာဆိုင်သို့ သွားခဲ့သည်။

ထို့ကြောင့် သူသည်အနည်းငယ်နောက်ကျပြီးမှလာခဲ့သည်။

ရှောင်ဒေါင် က ကမန်းကတန်းဖြင့် “ဒါ... ဒါက အရမ်းဈေးကြီးတယ်”

ဒီရွှေလက်ကောက်က အရမ်းလေးပြီးပိုက်ဆံတော်တော်ပေးရမည်ပိုသူကြောက်သည်။

ရှောင်ဒေါင်နှင့် ဇောင်ချမ်တို့သည် ဘာမှမပတ်သပ်သည့်တစိမ်းသက်သက်ပင်ဖြစ်သည်။

ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းများကို ယူရန် မဝံ့ရဲပေ။

လင်းဖန်က ပြုံးလိုက်ပြီး “ရှောင်ဒေါင်၊ လက်ခံလိုက်ပါ။ မဟုတ်ရင် မစ္စတာဇောင်ရဲ့စေတနာကိုစော်ကားရာကျသွားလိမ့်မယ်”

ဇောင်ချမ်ကလည်း “ဟုတ်တယ်၊မစ္စတာရှောင်လက်ခံပေးပါ။”

သူ့တောင်းဆိုတာကိုမြင်တော့ ရှောင်ဒေါင်သည် ရွှေလက်ကောက်ကို မငြင်းတော့ပေ။

ဇောင်ချမ်ဟာခဏလောက်စဉ်းစားပြီး သူ့အိတ်ကပ်ထဲက လုပ်ငန်းရှင်ကတ်ကို ထုတ်လိုက်ပြီး “မစ္စတာရှောင် မင်းငါ့ကိုလိုအပ်တာရှိရင်ခေါ်လို့ရတယ်။’’ လို့ပြောလိုက်သည်။

ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် နောက်ထပ် ခြေသံများ ထပ်မံထွက်ပေါ်လာသည်။

ထို့နောက် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦး ဝင်လာကြသည်။

ရှေ့ဆုံးက လမ်းလျှောက်လာတဲ့ အမျိုးသားက ရှောင်ဒေါင်တို့ကိုပြုံးပြီး ‘’မင်းတို့နှစ်ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာဆောင်ဖြစ်ပြီးအိုအောင် မင်းအောင်ပေါင်းနိုင်ကြပါစေ” လို့ ဆုတောင်းပေးလိုက်သည်။

သူ့ကိုတွေ့ပြီးနောက် အားလုံးက မျက်မှောင်ကြုတ်လိုက််ကြပြန်သည်။

ဘာလို့လဲ ဆိုတော့ ဒီလူက နည်းနည်း ရင်းနှီးနေတယ်လို့သူတို့ခံစားရသည်။

ဒါပေမယ့် သူတို့သေချာမငိ့ဖစ်နေသည်။

ထိုအချိန်တွင် ဒမင် ကရပ်လိုက်ပြီး “ခေါင်းဆောင် ဇောင်!”

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ချက်ချင်းဆူညံသွားတော့သည်။

“ဟုတ်တယ်၊ ခေါင်းဆောင်ကြီးပဲ၊ မနေ့က တိုက်ရိုက်သတင်းမှာ ငါတွေ့ခဲ့တာ။”

“ချင်ရီမြို့ရဲ့ ခေါင်းဆောင်ကြီးလဲလာတယ်”

မှန်ပါတယ်၊ ဒီလူက ချင်ရီမြို့ ရဲ့ခေါင်းဆောင် ဇောင်ချင်းကျူပင် ဖြစ်သည်။

ဇောင်ချင်းကျူဟာ ခေါင်းဆောင်ကြီးတစ်ယောက်အနေနဲ့ တကယ်ကို အလုပ်များတယ်လို့ပြောလို့ရသည်။

သူသည်အားလပ်ရပ်တွေမှာတောင်သူသည် အရာများကို ကိုင်တွယ်ရန် အပြင်ထွက်နေရသေးသည်။

လမ်းမပေါ်တွင်ရှိစဉ်၊ ဇောင်ချင်းကျူ သည် ပမင်္ဂလာဆောင်ကားကို လင်းဖန်မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။

အနည်းငယ်စဉ်းစားပြီးနောက် ဇောင်ချင်းကျူသည် လဲဇောင်ချမ်ကဲ့သို့ ရွေးချယ်မှုပြုလုပ်ခဲ့သည်။

ဇောင်ချင်းကျူက လူတိုင်းကို ပြုံးပြီး နှုတ်ဆက်လိုက်သည်။

ထို့နောက် ဇောင်ချင်းကျူကဲ့သို့ပင် လင်းဖန်ထံသို့လာပြီး “ညီအစ်ကိုလင်း၊ မတွေ့တာတောင်ကြာပြီ”

လင်းဖန်က “ဟုတ်တယ်၊ တော်တော်ကြာပြီ”

ထို့နောက် လင်းဖန် “အစ်ကို ဇောင်၊ ဒီနေ့သတို့ငါးလောင်းကငါ့သူငယ်ချင်းရှောင်ဒေါင်”

ဇောင်ချင်းကျူက ပြုံးလိုက်ပြီး “မစ္စတာရှောင် မင်းက တကယ့်ကို အရည်အချင်းရှိသူပါ။ မင်းတို့ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာဆောင်ပြီး စောစောစီးစီး သားလေးမွေးဖွားပါစေလို့ ထပ်ပြီးဆုတောင်းပါတယ်!”

ပြောပြီးတာနဲ့ စာအိတ်အနီလေး ထုတ်ပေးလိုက်သည်။

ဇောင်ချင်းကျူ ရောက်ရှိလာခြင်းကြောင့်ရှောင်ဒေါင် သည် လုံးဝအံ့အားသင့်သွားခဲ့သည်။

ရန်ရှီဂရု မှ ဇောင်ချမ်ကို၊ အနာဂတ်မှာ သူမြင်ချင်မြင်နိုင်သည်။

သို့သော် ချင်ရီ ၏ခေါင်းဆောင် ချင်ရီမြို့ရဲ့ခေါင်းဆောင်ဇောင်ချင်းကျူကိုသူ့တစ်သက်လုံးတွေ့ချင်မှတွေ့လိမ့်မည်ဖြစ်သည်။

အဲ့လိုတည်ရှိမှုမျိုးကသူ့မင်္ဂလာပွဲကို လာတက်ပြီး စာအိတ်နီတောင်ပေးခဲ့သည်။

ရှောင်ဒေါင် သည် အလွန်စိတ်လှုပ်ရှားနေပြီး သူဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

လင်းဖန် က ပြုံးလိုက်ပြီး “ရှောင်ဒေါင်၊ မင်း ဘာလို့ စာအိတ်အနီကို ချက်ချင်းလက်မခံတာလဲ။”

ရှောင်ဒေါင် က “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီး” ဟု လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

သို့ပေမယ့် ဒီစာအိတ်အနီက အထူကြီးမဟုတ်ပေမဲ့ အရမ်းပါးသည်။

ဒါပေမယ့် ရှောင်ဒေါင်ရဲ့လက်ထဲမှာ ဆုပ်ကိုင်လိုက်ရတာ ပေါင်တစ်ထောင်ကိုကိုဂ်ထားရသည်နှင့်တူသည်။

ဒါက ချင်ရီမြို့ရဲ့ခေါင်းဆောင်ကပေးတဲ့ အနီရောင်စာအိတ်ပါ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters