လက်ကောင်ဝယ်ပြီးကုန်တိုက်တစ်ခုရတာလား။
Vol. 5 Ch. 70
လင်းဖန်သည် သူတို့၏ ထူးဆန်းသောအသွင်အပြင်ကိုကြည့်ပြီးနောက်သူက “မင်း တို့ဘာလုပ်နေတာလဲ”ဟုမေးလိုက်သည်။
“ပထမတုန်းကလဲအမြွှာညီအမ၊ နောက်တော့ဆရာမဟန်တီ၊အခု ရေခဲတောင် အလှတရား ဆောင်ကျင်းအန်းက မင်းကိုသူ့မွေးနေ့ပွဲကိုဖိတ်တယ်။ အစ်ကိုလင်းမင်းအချစ်နတ်ဘုရားဝင်စားတာလား။” စုရီကပြောလိုက်သည်။
ဇောင်ချင်းဘိုက “အစ်ကို လင်းမင်းငါ့တို့ရဲ့ခံစားချက်ကို မင်းစဉ်းစားဖူးလား။”
မူဇောင်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်သည်သူတို့ဖြစ်နေသည့်ပုံစံကိုကြည့်ကာရယ်လိုက်သည်။
…………
လင်းဖန်သည် အဆောင်သို့မပြန်တော့ပဲ Lamborghiniဖြင့် KM Mall(ကေမေး)သို့ တိုက်ရိုက်မောင်းခဲ့သည်။
ဒီနေ့ည ဆောင်ကျင်းအန်းရဲ့ မွေးနေ့ပါတီကို သွားမယ်ဆိုရင်လက်ဆောင်တစ်ခုခုတော်ပေးရမည်ဖြစ်သည်။
ချန်နန်လက်ဝတ်ရတနာဆိုင်။
ချန်နန်အရောင်းဝန်းထန်းမလေးက”မင်္ဂလာပါ ချ်နန်ကနေကြိုဆိုပါတယ်၊ မင်းလိုတာရှိရင်ပြောပါ”
လင်းဖန်သည်အမေးကိုမတုံ့ပြန်ဘဲ ဆိုင်ထဲရှိရတနာတွေကိုလိုက်ကြည့်လိုက်သည်။
ခဏအကြာတွင် ကောင်တာအလယ်ရှိ ခရမ်းရောင်လက်ကောက်ကို လက်ညှိုးထိုးပြပြီး “ဒီလက်ကောက်ကို တဟ်လျက်လောက်ပြပါ” လို့ ပြောလိုက်သည်။
အမျိုးသမီး ဝန်ထန်းက “ဒါက နာမည်ကြီး ဒီဇိုင်နာ လီရိုဂရစ်ရဲ့ စခရက်ဟတ်ဒ့်လို့ အမည်ပေးထားပြီးကျွန်မတို့ ချန်နန် ရဲ့ နောက်ဆုံးပေါ် လက်ကောက်ပဲဖြစ်ပါတယ်။”
“ဒီလက်ကောက်ရဲ့ အဓိကကိုယ်ထည်က စိန် ၅ လုံးနဲ့ ဖွဲ့စည်းထားတယ်။”
“ပြီးတော့ ဒီစိန် ၅ လုံးနဲ့သစ်ရွက်လိုပုံစံမျိုးပြုလုပ်ထားပါတယ်”
“အဲ့သစ်ရွက်လေးတွေမှာပါတဲ့အရောင်တွေကကံကောင်းခြင်းကို ကိုယ်စားပြုတယ်၊ အရောင်ငါးရောင်နဲ့လက်ကောက်ကြိုးခရမ်းရောင်နဲ့တွဲဖက်ထားတာကြောင့် လက်ကောက်တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်ကာလှပစေသည်။”
လင်းဖန်သည် အမျိုးသမီး စျေးဝယ်လမ်းညွှန်၏ နိဒါန်းကို နားထောင်ပြီးနောက် လက်ကောက်တစ်ခုလုံးကို အနီးကပ်ကြည့်ကာ “ဒီလက်ကောက်က ဘယ်လောက်လဲ” ဟု မေးလိုက်သည်။
“စခရက်ဟတ်ဒ့်ရဲ့စျေးနှုန်းက ယွမ် 580,000 ဖြစ်ပါတယ်။ မင်းဝယ်မှာဆိုရင်စတိုးမန်နေဂျာကလျှော့စျေးပေးလိမ့်မယ်” ဈေးဝယ်လမ်းညွှန်အမျိုးသမီးက ပြောလိုက်သည်။
ဆောင်ကျင်းအန်းရဲ့မိသားစုက ပိုက်ဆံရှိတယ်ဆိုတာလက်းဖန်သိသည်။
ဒီလက်ကောက်လေးက ကြည့်ကောင်းပြီး တော့လှလည်းလှပြီးလက်ကောက်မှာလဲအဓိပ္ပါယ်ရှိသည်ဟုထင်သည်။
ဈေးနှုန်းက 580,000ယွမ်ဖြစ်ပြီး အရမ်းကြီးစျေးမကြီးသလို အရမ်းလည်းစျေးမနည်းပေ။
ဒါကြောင့် လင်းဖန် က ခေါင်းညိတ်ပြီး “အိုကေ၊ ငါ့အတွက်ဒါကိုထုတ်ပိုးပေးလိုက်ပါ၊ လျှော့စျေးနဲ့ ပတ်သက်ပြီးတော့ မင်းငါ့ကိုအခုလိုရှင်းပြတဲ့အတွက်မင်းပဲယူလိုက်ပါ။”
အမျိုးသမီး စျေးဝယ်လမ်းညွှန်သည် မိတ်ဆက်ပေးခဲ့တာက တော်တော်လေးကိုကောင်းသည်။
လျှော့စျေးနဲ့ ပတ်သက်ပြီး လင်းဖန်ကတော့ဂရုမစိုက်ပေ။
စျေးဝယ်လမ်းညွှန်အမျိုးသမီးက ဒါကိုကြားတော့ ဝမ်းသာအားရ ဖြင့် “ကျေးဇူးတင်ပါတယ် မစ္စတာ” လို့ ကမန်းကတန်းပြောလိုက်သည်။
580,000 သည် လျှော့စျေးကအနည်းဆုံး5800ယွမ်ရှိသည်။ ဒါကသူမအတွက် ငွေနည်းနည်းမဟုတ်ပေ။
ဒါ့အပြင် ဒီလက်ကောက်ကို ရောင်းရတဲ့အခါ ကော်မရှင်လည်း ရအုံးမည်ဖြစ်သည်။
မကြာခင်မှာပဲ စျေးဝယ်လမ်းညွှန်အမျိုးသမီး အလွန်လက်ရာမြောက်တဲ့ ထုပ်ပိုးမှုသေတ္တာထဲမှာ စခရက်ဟတ်ဒ့်ကိုထည့်သွင်းပြီး လင်းဖန်ကိုပေးလိုက်သည်။
လင်းဖန်သည် Lamborghini သို့ဝင်ပြီးနောက်တွင်ဖုန်းစခရင်ကို တစ်ချက်ဖွင့်ကြည့်လိုက်သည်။
【 580,000 အကုန်အကျခံပြီး အနီရောင်စာအိတ် 58 စောင်ကို ရပါပြီ၊ အဲဒါတွေအားလုံးကို သင်ဖွင့်မည်လား။ 】
ဤသည်မှာ လက်ကောက်ဝယ်ခြင်းဖြင့်ရရှိသောအနီရောင်စာအိတ်များဖြစ်သည်။
လင်းဖန်က ဖွင့်ရန်နှိပ်လိုက်သည်။
“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၁၀ ယွမ်ရရှိခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 20,000 ရခဲ့သည်။”
……
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ကျန်ပေ့ KM Mall 1 ခုကို ရရှိခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 5000 ယွမ်ရရှိခဲ့သည်။”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 800 ယွမ်ရခဲ့သည်။”
……
အနီရောင် စာအိတ် ၅၈ စောင်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၁၀၂၀၂၀ နှင့် 1 KM Mall ကို လက်ခံရရှိခဲ့သည်။
KM Mall တစ်ခုလား။
လင်းဖန်၏ မျက်နှာသည် အလွန်ထူးဆန်းလာခဲ့သည်။
ငါအခုရှိတဲ့နေရာကKM Mall မဟုတ်လား။
တစ်နည်းဆိုရသော် လက်ကောက်တစ်ခုဝယ်ပြီးနောက် ကုန်တိုက်တစ်ခုရခဲ့တာလား။
KM Mall သည် ကျန်ပေ့မြို့၏အလယ်တွင်တည်ရှိပြီး၎င်းသည် ကျန်ပေ့တွင်အကောင်းဆုံးစျေးဝယ်စင်တာပင်ဖြစ်သည်။
KM Mallရဲ့စျေးကွက်တန်ဖိုးက တစ်ဘီလီယံကျော်လောက်ရှိသည်။
ဒီအတိုင်းရတာလား?
လင်းဖန်သည် သူရှေ့ကိုကြည့်လိုက်သောအခါစာရွက်စာတန်းများသူ့ရှေ့တွင် ပေါ်လာခဲ့သည်။
“KM Mall... ပိုင်ရှင်၊ လင်းဖန်”
လင်းဖန်သည် ဒါကိုမြင်သောအခါ သူပြုံးလိုက်သည်။
…………
ဆောင်ကျင်းအန်း၏အိမ်သည် KM Mall နှင့်မဝေးသော ချင်ရှီဗီလာအမှတ် 6 တွင်တည်ရှိသည်။
ချင်ရှီဗီလာအတွင်းတွင် ပန်းများနှင့် သစ်ပင်များသည် အစုလိုက် ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် သာယာသောရှုခင်းများရှိသော ပန်းခြံကြီးတစ်ခုလိုပင်ဖြစ်သည်။
ဗီလာနံပါတ် 6 သည် ကျန်ပေ့ချင်တွင်ကျော်ကြားသောချင်ရှီရေကန်အတွင်းတွင် တည်ရှိသည်။
ဗီလာနံပတ်၆သည်500 စတုရန်းမီတာ ကျယ်ဝန်းပြီးခြံတစ်ဝိုက်တွင်သစ်ပင်၊ ပန်းပင်များ၏မွှေးရနံ့များကို ခံစားလို့ရနိုင်သည်။
လင်းဖန်သည် ဗီလာနံပါတ် 6 သို့ရောက်သောအခါ၊ စုလင်းဟို၊လီယွင်ဟိုင်နှင့် အခြားအသိမိတ်ဆွေများကစကားစမြည်ပြောနေကြသည်။
လင်းဖန်ကိုတွေ့တော့ လီယွင်ဟိုင်နှင့်စုလင်းဟိုတို့ကနှုတ်ဆက်လိုက်ကြသည်။
“လင်းဖန်မတွေ့ရတာတောင်ကြာပြီ” စုလင်းဟိုက ပြုံးပြီးပြောလိုက်သည်။
“အစ်ကို လင်း၊ ငါလဲမင်းကို စောင့်နေတာ!” လီယွင်ဟိုင်သည် လင်းဖန်ကိုပြောလိုက်သည်။
လင်းဖန်ကို မသိတဲ့လူတချို့ကတော့ သူတို့မျက်နှာတွေမှာ သံသယတွေ ပြည့်နှက်နေပြီး ပတ်ဝန်းကျင်က လူတွေကို အသံတိုးတိုးနဲ့ မေးနေကြသည်။
စုလင်းဟို နှင့် လီယွင်ဟိုင်တို့ကို သူတို့အားလုံး ကောင်းကောင်းသိကြသည်။
စုလင်းဟိုက သူ့ကို နှုတ်ဆက်ဖို့ အစပြုခဲ့ပြီး လီယွင်ဟိုင်က တော့ အစ်ကိုလင်း လို့တောင် ခေါ်သည်။ထင်ရှားသည်မှာလင်းဖန်၏နောက်ခံမှာလီယွင်ဟိုင်တို့နဲ့တူရင်တုမတူရင်အဲ့ထက်မြင့်ရင်မြင့်လိမ့်မည်ဟုသူတို့ထင်သည်။
ဒါပေမယ့် ကျန်ပေ့မှာဒီလိုလူမျိုးကိုသိသင့်သည်။
သို့သော်၊ သူတို့သည် သူ့ကိုမမြင်ဖူးသည်မှာအလွန်ထူးဆန်းနေသည်။
စုလင်းဟိုသည်လဲလီယွင်ဟိုင်ကအစ်ကိုလင်း လို့ခေါ်လိုက်တော့အံသြ သွားသည်။
လီယွင်ဟိုင်သည်မနတော်တော်ကြီးကြောင်းစုလင်းဟိုသိသည်။
လင်းဖန်ကိုကားပြိုင်ပွဲမှာသူတို့နစ်ယောက်လုံးရှူံးသွားခဲ့သည်။ရှူံးတာနဲ့အစ်ကိုလင်းလိုခေါ်တာလား။အဲ့တာမဖြစ်နိုင်ပေ။
လီယွင်ဟိုင်ကဘာလို့လင်းဖန်ကိုအစ်ကိုလင်းဟုခေါ်လဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်သည်။
လီယွင်ဟိုင်သည်လင်းဖန်သည်ဇောင်မိသားစုကိုကယ်တင်ပြီးရင်းနှီးစေခဲ့သည်။အစ်ကိုလင်းဟုအဲ့တာနဲ့တင်လုံလောက်သည်။
လင်းဖန်ကလဲသူတို့ကိုပြန်နူတ်ဆက်ကာ”မမျှော်လင့်ဘဲ မင်းတို့ကစောစောလာတာပဲ” လို့ ပြောလိုက်သည်။
လီယွင်ဟိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “မဟုတ်တာ ငါတို့ရောက်တာသိပ်မကြာသေးဘူး”
လီယွင်ဟိုင်ကခဏရပ်ပြီး လူအနည်းငယ်ကို လက်ညှိုးထိုးကာ’’ချင်အန်း၊ ဂျက်.....’’
ထို့နောကသူက “ဒါကတော့ လင်းဖန်၊ အစ်ကိုလင်းပေါ့”
မိတ်ဆက်ခံရသော လူများသည်လင်းဖန်ကို “အစ်ကို လင်း၊ မင်္ဂလာပါ။”
“မင်္ဂလာပါ” လင်းဖန်ကပြန် ပြောလိုက်သည်။
ထိုအချိန်တွင် မနီးမဝေးတွင် ခြေသံထွက်ပေါ်လာခဲ့သည်။
ဒီခြေံသံသည်ယနေ့ဇာတ်ဆောင်ဆောင်ကျင်းအန်းပင်ဖြစ်သည်။
ဆောင်ကျင်းအန်းသည်ခါတိုင်းနဲ့မတူပေ။
ယခုဆောင်ကျင်းအန်းသည် သူမ၏ဆံပင်ကို မြင့်မြင့်စီထားလိုက်ပြီး မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောမိတ်ကပ်ကို လိမ်းထားသောကြောင့်သူမ၏မျက်နာသည်အလွန်ကျက်သရေရှိလှသည်။
အဖြူရောင်ဂါဝန်လေးကိုဝတ်ဆင်ထားပြီးဠ ကြယ်များကဲ့သို့ လည်ပင်းတွင် တောက်ပနေသော ကျောက်မျက်များနှင့်အတူ လူတစ်ကိုယ်လုံးသည် ကောင်းကင်ပေါ်တွင် လမ်းလျှောက်နေသည့် နတ်သမီးကဲ့သို့ပင် လှပပြီး စွဲမက်ဖွယ်ကောင်းလှသည်။
ဤအချိန်တွင် လူတိုင်း၏နှလုံးသားထဲတွင် စကားတစ်ခွန်းထဲသာရှိသည်။
အဲ့ဒါကအရမ်းလှတယ်ဆိုတာပင်ဖြစ်သည်။
Gp3ကပြီးသွားပြီနော်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စော့်ချောကြီး