← Chapters

လင်းဖန်မင်းမှာလျှို့ဝှက်ဘယ်လောက်တောင်ရှိလဲ။

Vol. 5 Ch. 71

လင်းဖန်မင်းမှာလျှို့ဝှက်ဘယ်လောက်တောင်ရှိလဲ။

Vol. 5 Ch. 71

ဆောင်ကျင်းအန်းကိုမြင်လိုက်ရတော့

လင်းဖန်ပင် အနည်းငယ် မှင်တက်သွားခဲ့သည်။

လင်းဖန်သည် ဆောင်ကျင်းအန်းကိုအမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။

[မျက်နှာတန်ဖိုး- 97]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 75】

ဆောင်ကျင်းအန်းကို ပထမဆုံးစတွေ့တုန်းက လင်းဖန်က သူမမျက်နှာတန်ဖိုးသည် 95 ဖြစ်ပြီး 60 အကြိုက်ဆုံးဆိုတာသူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။

အခုသူမပြင်ဆင်လိုက်သည်နှင့်မျက်နှာတန်ဖိုးတိုးလာခဲ့သည်။

ထိုအချိန်တွင် ဆောင်ကျင်းအန်း သည် လူတိုင်းရှေ့တွင် လျှောက်လှမ်းနေပြီဖြစ်သည်။

“ညီမကျင်းအန်း မွေးနေ့မှာ ပျော်ရွှင်ပါစေ။” လူငယ်တစ်ဦးက ပြောပြီး တစ်ချိန်တည်းမှာပင် လှပသောထုပ်ပိုးထားသည့် လက်ဆောင်တစ်ခုကို ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်။” ဆောင်ကျင်းအန်းပြုံးပြီး လက်ခံလိုက်သည်။

လူတစ်ဦးမှ ဦးဆောင်ပြီးနောက်တွင်တက်ရောက်လာသူအားလုံးသည်လက်ဆောင်အသီးသီးပေးခဲ့ကြသည်။

လင်းဖန်သည်လဲဘဲ”မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဟု ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။” ဆောင်ကျင်းအန်းသည်လဲပြုံးပြီးပြောလိုက်သည်။

ထို့နောက်တက်​ရောက်လာသူများကိုဆောင်ကျင်းအန်းကအကင်ဖြင့်ဧည့်ခံသည်။

ထိုအချိန်တွင်၊ လီယွင်ဟိုင်စစ်တုရင်ခုံကိုမြင်လိုက်ပြီး “အစ်ကိုလင်း ငါတို့ စစ်တုရင်ကစားကြမယ်လေ” လို့ပြောလိုက်သည်။

အမြဲတမ်း အသားကင်လိုက်စားလိုက်လုပ်နေသဖြင့် လင်းဖန်သည်ပျင်းလာခဲ့သောကြောင့် “ကောင်းပြီ” ဟု ပြန်ဖြေလိုက်သည်။

နှစ်ယောက်သားသည်စစ်တုရင်ကစားမည့်နေရာတွင်ထိုင်လိုက်ကြသည်။

လီယွင်ဟိုင်ကရယ်လိုက်ပြီး”အစ်ကိုလင်း၊ ငါ မင်းကို ရင်တုန်းကကားပြိုင်ပွဲမှာရှူံးခဲ့တယ်။ စစ်တုရင်မှာတော့ငါမင်းကိုနိုင်ရမယ်။ မင်းကိုနှစကွက်အရင်ရွှေ့ခိုင်းလိုက်မယ်။’’

လင်းဖန်က “မင်းသေချာလား”

စာဖတ်သူတွေသိပါတယ်၊ အခု သူ့မှာ ပရော်ဖက်ရှင်နယ် စစ်တုရင် ကျွမ်းကျင်မှု ရှိတယ်ဆိုတာ။

လီယွင်ဟိုင်ကသူ့ကိုနှစ်ကွက်ရွှေ့ခိုင်းတာလား။

လီယွင်ဟိုင်က “အစ်ကိုလင်း မင်းစိုးရိမ်နေဖို့မလိုဘူး။ ငါ့အကြောင်းငါသိပါတယ်။!”

လီယွင်ဟိုင်ကအဲ့လောက်ပြောနေတော့လင်းဖန်သည်နှစ်ကွက်ရွှေ့လိုက်သည်။

လင်းဖန်ရွှေ့ပြီးမှလီယွင်ဟိုင်ရွှေ့လိုက်သည်။

“

သူတို့နှစ်ယောက်သည်စစ်တုရင်ခုံပေါ်တွင်တစ်ယောက်တစ်ကွက်ရွှေ့နေကြသည်။

လီယွင်ဟိုင် ရဲ့ စစ်တုရင်ကျွမ်းကျင်မှုမှာ လှုပ်ရှားမှု နှစ်ခုပါရှိပြီး အခြေခံအားဖြင့်တော့ သူက တစ်ကွက်ရွှေ့ပြီးလှုပ်ရှားမှု သုံးခုကို ကြည့်နိုင်စွမ်းရှိသည်။

သာမာန်လူတွေကတော့သူ့ပြိုင်ဘက်မဟုတ်မှာတောင်ကြောက်ရသည်။

ဒါပေမယ့်စိတ်မကောင်းစရာကလင်းဖန်နှင့်တွေ့ခဲ့သည်။လီယွင်ဟိုင်သည်လင်းဖန်တွင်​ပရော်ဖက်ရှင်နယ်စစ်တုရင်စွမ်းရည်ရှိသည်ကိုမသိခဲ့ပေ။သိရင်သူစန်ခေါ်နေလိမ့်မည်မဟုတ်ပေ။

လီယွင်ဟိုင်သည်လင်းဖန်နှင့်အချိန်ကြာကြာကစားပြီးနောက်တွင်လီယွင်ဟိုင်သည် ကူကယ်ရာမဲ့ “ငါရှုံးတယ်” ဟုပြောလိုက်သည်။

အနီးနားရှိလူများသည်အချင်းချင်း”လီယွင်ဟိုင်ကစစ်တုရင်မှာရှူံးသွားမည်လို့မထင်ထားဘူး”ဟုအချင်းချင်းပြောနေကြသည်။

စုလင်းဟို၏မျက်နှာတွင်တွင်လဲအံသြ သင့်မှုတစ်ခုပေါ်လာခဲ့သည်။

ယခင်က လီယွင်ဟိုင်၏စစ်တုရင်စွမ်းရည်သည်လူငယ်များကြားတွင်အလွန်ကျော်ကြားသည်။

လီယွင်ဟိုင်၏စစ်တုရင်စွမ်းရည်သည်လူငယ်မျိုးဆက်များကြာတွင်ပင်သူ့ကိုအနိုင်ယူတဲ့ငူသိပ်မရှိပေ။

လီယွင်ဟိုင် က “အစ်ကို လင်း၊ မင်းရဲ့နည်းပညာက ငါ့ကို တကယ်ကို အံ့အားသင့်စေတယ်။ မင်းမဆော့တတ်ဘူးလို့ငါထင်ထားတာ၊လာနေက်တစ်ပွဲဆော့ရအောင်။”

လင်းဖန်က ခေါင်းညိတ်လိုက်သည်။

သူ့ပတ်ဝန်းကျင်က လူတွေကတော့လီယွင်ဟိုင်သည်လင်းဖန်ကိုမနိုင်ကြောင်း သိလိုက်ရသည် ။

ထိုအချိန်တွင် လူတိုင်းသည် အသားကင်ကိုင်သည်ဖြစ်စေ ဝိုင်နီသောက်သည်ဖြစ်စေ သူတို့နှစ်ဦး စစ်တုရင်ကစားတာကို ဘေးမှာရပ်ပြီးတိတ်တဆိတ်ကြည့်နေလိုက်သည်။

“ဗိုလ်ချုပ်!”

“ဗိုလ်ချုပ်!”

လင်းဖန်သည်သည် ခဏအကြာတွင်လီယွင်ဟိုင်၏မြင်းကိုတိုက်ရိုက်စားလိုက်သည်။

လူတိုင်းအံအားသင့်သွားခဲ့ကြသည်။

ယနေ့ဇတ်ဆောင်ဆောင်ကျင်းအန်း၏လှပသော မျက်နှာသည်အံသြမှုအထင်းသားဖြစ်သည်။

စစ်တုရင်ကစားနေတာကို လူတိုင်းအာရုံစိုက်နေချိန်တွင် ဆံပင်ဖြူရောင်အဘိုးကြီးသည် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

လင်ဖန်းနှင့်လီယွင်ဟိုင်တို့ဆော့နေတာအချိန်ခဏကြာပြီးနောက်တွင်လီယွင်ဟိုင်က သက်ပြင်းချလိုက်ပြီး “ငါရှုံးပြီ။”ဟုပြောလိုက်သည်။

စာပင်ဖြူရောင်အဘိုးအိုက မကူညီနိုင်ဘဲ “လူငယ်၊ မင်းဆော့တာတော်တော်ကောင်းတယ်” လို့ ပြောလိုက်သည်။

“အဘိုး၊ ဘာလို့ ဒီကိုလာတာလဲ။” ဆောင်ကျင်းအန်း က ပြုံးပြီး အဖိုးအိုရဲ့ လက်မောင်းကို ကိုင်လိုက်သည်။

အနီးနားရှိလူတိုင်းက လိုက်၍ နှုတ်ဆက်ကြသည်- “မင်္ဂလာပါ အဘိုးဆောင်”။

ဆောင်ဝမ်မင်း က ပြုံးပြီး နှုတ်ဆက်ကာ လူတိုင်းကို ခေါင်းညိတ်လိုက်ကြသည်။

လူတိုင်းနှုတ်ဆက်ပြီးနောက်တွင်လင်းဖန်အား ပြုံးကာ “မင်းလို စစ်တုရင်ကျွမ်းကျင်တဲ့ လူငယ်တစ်ယောက်ကို ငါမတွေ့ဖူးဘူး”

“အဘိုးဆောင်၊မင်းချီးကျူလွန်းနေပါပြီ၊ငါနည်းနည်းပဲဆော့တတ်တာပါ” လင်းဖန်က ပြောလိုက်သည်။

ဆောင်ဝမ်မင်းက “လူငယ်မင်းကအရမ်းကျိုးနွံတာပဲ၊ဒီအဖိုးကြီးနဲ့ကစားရတာကို စိတ်ဝင်စားလား”

လီယွင်ဟိုင်သည်သူ့နေရာကနေထကာဆောင်ဝမ်မင်းအားနေရာပေးလိုက်သည်။

လီယွင်ဟိုင်ထသည်နှင့်ဆောင်ဝမ်မင်းသည်စစ်တုရင်ဆော့မည့်နေရာတွင်ဝင်ထိုင်လိုက်တော့သည်။

လင်းဖန် က “အဘိုးဆောင် ကျေးဇူးပြုပြီး”

လီယွင်ဟိုင်နေရာ ကို ဆောင်ဝမ်မင်း အစားထိုးပြီးနောက် လူတိုင်းက ပိုအာရုံစိုက်ပြီးကြည့်နေကြသည်။

“စစ်သားစားပါ!”

“မြင်း’’

“ဗိုလ်ချုပ်!”

ခြံထဲတွင်တဘုတ်ဘုတ်အသံများထွက်ပေါ်နေသည်။

ဒါပေမယ့် ခဏကြာတွင်ထိုအသံများရပ်သွားတော့သည်။

ဆောင်ဝမ်မင်းအလှည့်ရောက်သောအခါတွင်အဘိုးဆောင် သည် အချိန်အတော်ကြာ အကွက်မရွှေ့ဘဲနေသည်။

ခဏအကြာတွင်”ငါရှုံးတယ်” လို့ ပြောလိုက်သည်။

လင်းဖန် က “အဘိုးဆောင်း၊ မင်းက အရမ်းကျိုးနွံတယ်” ဟုပြောလိုက်သည်။

ဆောင်ဝမ်မင်းကပြုံစလိုက်ပြီးခေါင်းခါကာ “လူငယ်မင်းကတစ်ကွက်ရွှေ့ပြီး ငါးကွက်ကိုကြည့်ထားတယ်။ နည်းလမ်းတွေကလဲအရမ်း လိမ္မာပါးနပ်တယ်။နောက်တစ်ပွဲဆော့အုံးမလား”

“ကောင်းပါပြီ၊အဘိုးဆောင်” လင်းဖန်က ပြောလိုက်သည်။

အဘိုးဆောင်”လူငယ်၊ မင်းအရင်စပါ”ဟုပြောလိုက်တယ်။

“ကောင်းပါအဘိုးဆောင်”

လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ အနက်ရောင် စစ်တုရင်ကို ကောက်ယူကာ အလယ်ဗဟိုသို့ချလိုက်သည်။

ဆောင်ဝမ်မင်းသည်လဲအဖြူရောင်စစ်တုရင်ကိုကိုင်ကာအကွက်ရွှေ့လိုက်သည်။

ဒီတစ်ခါလင်းဖန်နှင့်ဆောင်ဝမ်မင်းတို့သည်သူ့နည်းကိုယ့်နည်းဖြင့်အပြိုင်အဆိုင်အကွက်ရွှေ့နေကြသည်။

လင်းဖန်နှင့်ဆောင်ကျင်းအန်းတို့စစ်တုရင်ကစားတာအချိန်တော်တော်ကြာပြီးနောက်တွင်ဆောင်ကျင်းအန်းကသက်ပြင်းချလိုက်ပြီး “ကျုပ်ထပ်ရှူံးပြန်ပြီ’’ လို့ ပြောလိုက်သည်။

အားလုံးက ထိုစကားကိုကြားပြီး လင်းဖန်ကိုအံအားသင့်သည့်အကြည့်များဖြင့်ကြည့်လိုက်ကြသည်။

ဆောင်ဝမ်မင်းသည်နာမည်ကြီးစစ်တုရင်ကစားသမားဖြစ်သည်။အဲ့လိုကစားသမားမျိုးကလင်းဖန်ကိုနှစ်ကြိမ်တောင်ရှူံးတာလား။အဲ့ဒါကမယုံနိုင်အောင်ပင်ဖြစ်သည်။

ဆောင်ကျင်းအန်းသည် သူမ၏ လှပသော မျက်လုံးများဖြင့် လင်းဖန်ကိုစိုက်ကြည့်နေသည်။

လင်းဖန်သည်သူမအဘိုးဖြစ်သူနှင့်စစ်တုရင်ပြိုင်ကြရာတွင်လင်းဖန်ရှူံးမည်ကိုသူမစိုးရိမ်ခဲ့သည်။

သူမစိုးရိမ်တာကိုလဲအပြစ်မပြောပေ။ဆောင်ဝမ်မင်းကဲ့သို့စစ်တုရင်ဆရာကြီးကလူငယ်နှင့်ယှဉ်ပြိုင်နေသည်မှာအနိုင်ကျင့်နေသကဲ့သို့ပင်ဖြစ်သည်။ဒါပေမဲ့မထင်ထားတာကအဲ့လိုဆရာကြီးကိုလင်းဖန်ကနိုင်သွားခြင်းပင်ဖြစ်သည်။

ဆောင်ကျင်းအန်းသည်လင်းဖန်အနိုင်ရသည်ကိုမြင်ပြီးနောက်တွင်ဝမ်းသာသွားခဲ့သည်။

သင်္ချာနှင့် ကားမောင်းလဲကျွမ်းကျင်သည်။

အခု... စစ်တုရင်ကစားသည်မှာလဲသူ့အဘိုးတောင်ရှူံးလှသည်အထိတော်လှသည်။

လင်းဖန် မင်းမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်ရှိလဲ။

ဆကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters