သင်္ချာမော်ဒယ်လ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ကြေငြာခြင်း။
Vol. 5 Ch. 72
လင်းဖန်က “မဟုတ်တာ၊အဘိုးကကျွန်တော်ကိုအလျှော့ပေးလိုက်လို့တာကြောင့်နိုင်သွားတာပါ။’’
ဆောင်ဝမ်မင်းကလင်းဖန်စကားကိုကြားပြီးနောက်တွင်ပြည်စဉ်းစားလိုက်သည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ထူးချွန်တဲ့ စစ်တုရင် စွမ်းရည်ရှိပြီးနှိပ်နှိပ်ချချလဲနေသေးတယ်။
ဒီလိုလူမျိုးကရှားတယ်လို့ဆောင်ဝမ်မင်းတွေးလိုက်သည်။
ဆောင်ဝမ်မင်း က “သူငယ်ချင်းလင်းနောက်ထပ်တစ်ခေါက်လောက်ကစားအုံးမလား။”
ဆောင်ဝမ်မင်းကလင်းဖန်ကိုသူငယ်ချင်းလင်းလို့ခေါ်လိုက်တာကြားတော့အားလုံးအံ့သြ သွားသည်။
“ဘာကိုထပ်ကစားချင်တာလဲ။ဒီနေ့ကျင်းအန်းမွေ့နေ့လေ။ဒါတောင်ကစားချင်တုန်းလား။”
ဆံပင်ဖြူရောင်အဖွားကပြောလိုက်သည်။
ဆောင်ကျင်းအန်းကဆံပင်ဖြူအဖွားကိုတွေ့ပြီးနောက်’’အဖွား’’ဟုခေါ်လိုက်သည်။
ချန်လီ က ပြုံးပြီး “ကောင်းပြီ မြေးမလေး!”
“အဖွား၊ အဘိုးကို နောက်ထပ် နည်းနည်းကစားခိုင်းလိုက်ပါ” ဟု ဆောင်ကျင်းအန်းက ပြောလိုက်သည်။
ချန်လီက “မရဘူး၊စစ်တုရင်ကနောက်မှကစားလို့လဲရတယ်”
ဆောင်ဝမ်မင်းလည်း မတ်တပ်ထရပ်ပြီး ပြုံးကာ”ဟုတ်တယ်၊ ဒီနေ့ကမြေးမလေးမွေးနေ့လေ၊ဘယ်လိုလုပ်ကစားရမှာလဲ”
ခပ်လှမ်းလှမ်းတွင် လူလတ်ပိုင်း စုံတွဲတစ်တွဲ ဖြတ်လျှောက်လာသည်ကိုဆောင်ကျင်းအန်းမြင်ပြီနောက်’’ဖေဖေ မေမေ မင်းတို့လဲလာတာလား။’’
သူတို့သည် ဆောင်ကျင်းအန်း၏ မိဘများပင်ဖြစ်သည်။
တက်ရောက်လာသူအားလုံးသည်ဆောင်ကျင်းအန်း၏မိဘတွေကိုနှုတ်ဆက်လိုက်ကြသည်။
“မင်္ဂလာပါအန်ကယ်!”
“မင်္ဂလာပါ အန်တီ!”
ဆောင်ကျင်းအန်း၏မိဘတွေကလည်း ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်ခဲ့သည်။
ဆောင်ကျင်းအန်း၏မိဘတွေက”ကျင်းအန်း ရဲ့ မွေးနေ့ပါတီကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊မင်းတို့လွတ်လွတ်လပ်လပ်နေလို့ရတယ်”
ဆောင်ကျင်းအန်း၏ မိဘများနှင့် အဖိုးအဖွားများသည်အချိန်ခဏာအကြာတွင်အကြောင်းပြချက်ရှာပြီး အတူတူ ထွက်သွားကြသည်။
ဆောင်ကျင်းအန်း ၏မဘနှင့်အဘိုး၊အဖွားများထွက်ခွာသွားပြီးနောက်ခြံဝန်းတစ်ခုလုံးသည်ပြန်လန်အသက်ဝင်လာခဲ့သည်။
“အစ်ကို လင်းမင်းကားမောင်းတာလဲကျွမ်းတယ်။ စစ်တုရင်စွမ်းရည်လဲအရမ်းကောင်းမယ်လို့မမျှော်လင့်ထားဘူး။ မင်းကိုဒူးထောင်ပြီးကိုးကွယ်လိုက်ချင်တယ်။” လီယွင်ဟိုင်က ပြောလိုက်သည်။
လင်းဖန်က ပြုံးပြီးပြောတယ် “တကယ်လား ဒါဆို မင်း ဒူးထောက်ပြီးကိုးကွယ်မယ်ဆိုလဲငါစိတ်မဆိုးပါဘူး”
အနီးနားရှိလူတိုင်းသည်လင်းဖန်စကားကြားပြီးနောက်တွင်ချက်ချင်းရယ်လိုက်ကြသည်။
ကိတ်မုန့်စားပြီးနောက် လင်းဖန်သည် ခုံတန်းပေါ်တွင်ထိုင်ကာ ကောင်းကင်ကိုကြည့်လိုက်သည်။
“ဒီ ဗီလာက နေရတာ တော်တော်အဆင်ပြေတယ်”
ဆောင်ကျင်းအန်း က ဘယ်အချိန်က ရောက်လာမှန်း မသိဘဲ “မင်းရဲ့ အရည်အချင်းနဲ့ဆိုရင်လွယ်လွယ်နဲ့ဝယ်နိုင်တယ်မဟုတ်လား။”
လင်းဖန် က “မင်းရဲ့ နံဘေးက တိုက်ခန်းက တစ်ဘီလီယံ ဒါမှမဟုတ် နှစ်ဘီလီယံလောက် ရှိသင့်တယ် မဟုတ်လား လောလောဆယ်တော့ငါမဝယ်နိုင်သေးဘူး”
လင်းဖန်သည် ရန်ရှီဂရုတွင် အစုရှယ်ယာ 51% ရှိပြီးKM Mall နှင့် အခြားပိုင်ဆိုင်မှုများလဲရှိသည်။
သို့ရာတွင် ၎င်းတို့သည် အမြတ်ဝေစုနှင့် ငှားရမ်းခအတွက်သာ အသုံးပြုနိုင်ပြီး ရောင်းချ၍မရပေ။
လင်းဖန်တွင်စုစုပေါင်းယွမ်သန်း ၁၄၀ ရှိသည်။
သန်း 140 နဲ့ ဒီမှာ အိမ်တစ်လုံးဝယ်ဖို့ ကလုံလောက်သည်။
ဒါပေမယ့် လင်းဖန် က သူ့ပိုက်ဆံအားလုံးကို ချက်ချင်းမသုံးချင်ပေ။
ဆောင်ကျင်းအန်းက ပြုံးပြီး”ဟုတ်ချင်လဲဟုတ်မှာပေါ့”ဟုပြောလိုက်သည်။
လင်းဖန်က ပြုံးရုံသာပြုံးလိုက်သည်။
ဒီမွေးနေ့ပွဲကို ည ၁၁ နာရီအထိကျင်းပခဲ့ကြသည်။
ယခုအချိန်တွင် ကျောင်းအိပ်ဆောင်များကိုဝင်ခွင့်မရှိတော့ပေ။
ဒီလိုနဲ့ လင်းဖန်က ရီကေကို ထပ်ရောက်လာခဲ့သည်။
အဲဒီည။
လင်းဖန်ကချူစီရှင်းကိုထရိန်နင်ဆင်းပေးတော့သည်။
လင်းဖန်ကထရိန်နင်းဆင်းပေးသောအခါတွင်ချူစီရှင်း၏အသံများကြောင့်ဟေးလင်းသည်အိပ်မရသောညတစ်ညဖြစ်ခဲ့သည်။
…………
နောက်တစ်နေ့။
လင်းဖန်သည် နံနက်စာစားပြီးနောက် တွင်
ကျန်ပေ့တက္ကသိုလ်သို့ ကားမောင်းပြီးပြန်လာခဲ့သည်။
လင်းဖန်သည် စာသင်ခန်းသို့ရောက်သောအခါစုရန်ဒေါင်သည် စင်မြင့်ပေါ်တွင် ရပ်နေသည်။
အတန်းခေါင်းလောင်းသံမြည်ပြီးနောက်
စုရန်ဒေါင် က ပြုံးလိုက်ပြီး “သင်္ချာမော်ဒယ်ပြိုင်ပွဲမှဆုရရှိသူများစာရင်းကို ကြေညာပါမယ်။အားလုံးတိတ်တိတ်နေပေးပါ။”
“စုရီ၊ တတိယဆု”
……
“မူဇောင်၊ ဒုတိယဆု”
……
လူတိုင်းသည် သူတို့၏နာမည်ကိုကြားသောအခါတွင် ဖုံးကွယ်၍မရသော ပျော်ရွှင်မှုတို့ကို ပြသကြသည်။
အထူးသဖြင့် စုရီကပျော်လွန်းလွန်းသောကြောင့်မျောက်က ကနေခဲ့သည်။
မကြာမီ ပင်စုရန်ဒေါင်သည် နာမည်များကိုခေါ်ခြင်းရပ်တန့်ခဲ့သည်။
ဇောင်ချင်းဘိုက သက်ပြင်းချရင်း ‘’အစ်ကိုလင်းငါတို့နှစ်ယောက်ကဘဝတူတွေဘဲ”
ယခုအချိန်တွင် စုရန်ဒေါင်က “သင်္ချာမော်ဒယ်ပြိုင်ပွဲအနိုင်ရသူကိုကြေညာပါမယ်”
“လင်းဖန်!”
ဇောင်ချင်းဘို :...
စုရန်ဒေါင်က “လင်းဖန်သည် ကျွန်ုပ်တို့အတန်းတွင် တစ်ဦးတည်းသော နိုင်ငံလုံးဆိုင်ရာဆုရှင်ဖြစ်ပြီးကျန်ပေ့တက္ကသိုလ်တွင် လဲတစ်ဦးတည်းသော အမျိုးသားဆုရှင်ဖြစ်သည်။ ဒါကြောင့်သူ့ကို ချီးကျူးဂုဏ်ပြုလိုက်ရအောင်”
“ပါ့... ပါ့...ပါ့......”
စုရန်ဒေါင်ကဦးဆောင်ပြီးလက်ခုပ်တီးလိုက်သည်။
ထို့နောက် ချက်ချင်းပင် စာသင်ခန်းတစ်ခုလုံး လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်။
မနီးမဝေးတွင်ထိုင်နေသော ဆောင်ကျင်းအန်းကလင်းဖန်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည် ။
လင်းဖန်ကိုကြည့်ရင်းရင်းဆောင်ကျင်းအနိး ၏ နှလုံးခုန်နှုန်းကို အနည်းငယ် ခုန်မြန်လာခဲ့သည်။
ဒါကို လင်းဖန်မသိခဲ့ပေ။
ထိုအချိန်တွင် သူ့နှလုံးသားထဲတွင် ကြည်နူးမှုတစ်ခု ရှိနေသည်။
ဘာလို့ဆိုလင်းဖန်၏ စိတ်ထဲတွင် ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာသောကြောင့်ဖြစ်သည်။
【ဒင်း! မစ်ရှင်ပြီးမြောက်ပြီး သင်္ချာမော်ဒယ်လ်ပြိုင်ပွဲကိုအနိုင်ရရှိခဲ့ပါသည်။အနိုင်ရရှိခဲ့သောကြောင့်သင်သည်ငွေရောင်စာအိတ် ၅ ခုကိုရရှိခဲ့သည်။ 】
စုရန်ဒေါင်က “လင်ဖန်မင်းဒီပြိုင်ပွဲမှာအနိုင်ရတာကြောင့်မင်းနှစ်ရက်အတွင်း ပေကျင်းကိုသွားဖို့ပြင်ဆင်ထားတော့။”
သူကာသာပြောနေတာလင်းဖန်သည် ဘေကျင်းသို့သွားရန် အစီအစဉ်မရှိကြောင်း သူမသိခဲ့ပေ။
လင်းဖန်သည်နောက်ထပ်ပြိုင်ပွဲတွေကိုစိတ်မဝင်စားပေ။
အခု မစ်ရှင်ပြီးသွားပြီဖြစ်သို့ပျေးကျင်းသို့သွားရမှာလား။
ဆောရီးပဲ!
ငါစားပွဲပေါ်မှာ အိပ်ရတာ ပကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး