← Chapters

ငွေရောင်စာအိတ်ကိုဖွင့်ခြင်း

Vol. 5 Ch. 73

ငွေရောင်စာအိတ်ကိုဖွင့်ခြင်း

Vol. 5 Ch. 73

စုရန်ဒေါင်ထွက်သွားပြီးနောက်တွင်စုရီသည် ဂုဏ်ယူမဆုံးနိုင်ဖြစ်နေသည်။

သူပြောတာကာသူ့ကိုယ်သူအဲ့ဆုရတာကိုပြောတာမပြီးနိုင်ဘဲဖဟ်နေသည်။ဇောင်ချင်းဘိုတောင်သောက်ခွက်ရိုက်ချင်လာခဲ့သည်။

ဇောငအချင်စဘိုကအဲ့တာတွေကိုထိန်းချုပ်လိုက်ပြီး”ငါဆုတစ်ခုမှမရဘူး” လို့ပြောလိုက်သည်။

စုရီက ဇောင်ချင်းဘိုရဲ့ ပုခုံးကို ပွတ်သပ်ပြီး “မင်းလည်း စိတ်အားငယ်စရာမလိုပါဘူး။မင်းမှာငါ့လိုဆုရတဲ့သူငယ်ချက်းမျိုးရှိတာဂုဏ်တောင်ယူရအုံးမယ်”

ဇောင်ချင်းဘို:...

……

နေ့လည်စာစားပြီးနောက် လင်းဖန်သည် ကုတင်ပေါ်တွင် အေးအေးဆေးဆေး အိပ်နေသည်။

“ဒင်!”

သူ့အိတ်ကပ်ထဲက ဖုန်းသည်အနည်းငယ် တုန်ခါလာခဲ့သည်။

12:00 ။

စာအိတ်အနီပေါ်လာတော့သည်။

“ဒင်း၊ ဂုဏ်ယူပါတယ်၊ မင်း ၈ ယွမ် ရခဲ့သည်။”

“ဒင်း! ဂုဏ်ယူပါတယ် မင်း 99 ယွမ် ရခဲ့သည်။”

...

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် ၂၀၀၀ ရခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ်၁၀၀၀ရရှိခဲ့သည်။”

ယခုတစ်ကြိမ်စာအိတ်နီဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် 30,225 ရရှိခဲ့သည်။

ထို့နောက် လင်းဖန်သည်ငွေရောင်စာအုပ်များကိုချပ်ချင်းဖွင့်ခိုင်းလိုက်သည်။

【ဒင်း! ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်မှုနှစ်ထပ်ကတ်ကို ရရှိခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ ပန်းလုံဗီလာကို ရရှိခဲ့သည်။】

【ဒင်း! ဂုဏ်ယူပါတယ် စွမ်းအင်ဒိုင်းကို ရရှိခဲ့သည်။ 】

.......

ငွေရောင်စာအိတ် ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၁.၂ သန်း ရရှိခဲ့သည်။

ဒီငွေပမာဏအတွက် လင်းဖန်ကဂရုမစိုက်ပေ။ သူသည် ကျွမ်းကျင်မှုနှစ်ထပ်ကတ်၊ စွမ်းအင်ဒိုင်းနှင့် ပန်လုံဗီလာအုပ်စုတို့ကို တိုက်ရိုက်အာရုံစိုက်ခဲ့သည်။

[ကျွမ်းကျင်မှုနှစ်ခုကတ်။ ကျွမ်းကျင်မှုတစ်ခု၏ စွမ်းရည်ကို 1 နာရီအတွင်း နှစ်ဆတိုးမြင့်နိုင်သည်။ ဒါကိုသုံးပြီးသည်နနှင့်သင်သည်ပို၍ချစ်စရာကောင်းလာပါလိမ့်မည်။ 】

လင်းဖန်သည် ဒါကိုမြင်သောအခါ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ကျွမ်းကျင်မှုတစ်ခု၏ စွမ်းရည်ကို နှစ်ဆတိုးစေနိုင်သည်မှာ သံသယဖြစ်စရာမလိုအောင် ကောင်းသောအရာဖြစ်သည်။

သနားစရာကောင်းတာက ၁ နာရီပဲသုံးလို့ရတယ်။တသက်လုံးဆိုဘယ်လောက်ကောင်းမလဲ။

【စွမ်းအင်အကာအရံ။ ပိုင်ရှင်အန္တရာယ်နှင့်ကြုံတွေ့သောအခါ အိမ်ရှင်၏ဘေးကင်းမှုကိုကာကွယ်ရန် အကာအကွယ်အဖုံးတစ်ခု အလိုအလျောက်ဖွဲ့စည်းမည်ဖြစ်သည်။ 】

လင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာခဲ့သည်။

လင်းဖန်သည်ရန်ငူတစ်ရာကိုင်တွယ်နိုင်သည်။ဒါပေမဲ့အန္တရယ်ဆိုတာရှိစမြဲပင်ဖြစ်သည်။ဒါကြောင့်ဒီစွမ်းရည်သည်တော်တော်အသုံးဝင်သည်။

【ပန်းလုံဗီလာ၊ကျန်ပေ့မြို့လယ်ရှိ ချင်ရှီရေကန်နားတွင်တည်ရှိသော လှပသောရှုခင်းများနှင့် နေထိုင်ရန်သင့်တော်သော အိမ်ရာအုပ်စုဖြစ်သည်။ 】

လင်းဖန်ဒါကိုမြင်လိုက်သောအခါသူ့မျက်နှာတွင်ထူးဆန်းသောအမူအရာတစ်ခုရှိလာခဲ့သည်။

ချင်ရှီရေကန်နားရှီအိမ်ရာတစ်ခု။

ချင်ရှီရေကန်အနီးတွင် အိမ်ရာနှစ်ခုရှိသည်။ တစ်ခုမှာ ဆောဂ်ကျင်းအန်းမိသားစုတည်ရှိရာ ချင်ရှီဗီလာနှင့် အခြားတစ်ခုမှာ အသစ်တည်ဆောက်ထားသော ပန်းလုံဗီလာဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။

ယခု သူသည်ပန်းလုံဗီလာ၏ပိုင်ရှင်ဖြစ်လာတာလား။

လင်းဖန်သည် ရှေ့သို့မော့ကြည့်လိုက်သောအခါ သော့တစ်သိုက်နှင့် လက်မှတ်များ သူ့ရှေ့တွင် ပေါ်လာသည်။

လင်းဖန်သည် ပထမစာရွက်ကိုယူပြီးကြည့်လိုက်သည်။

ပန်းလုံဗီလာအမှတ် 1 အကျယ်အဝန်း 3200 စတုရန်းမီတာရှိပြီးအိမ်ခန်းပိုင်ရှင် လင်းဖန်

ပန်းလုံဗီလာအမှတ် 2 အကျယ်အဝန်း 3300 စတုရန်းမီတာရှိပြီးအိမ်ခန်းပိုင်ရှင် လင်းဖန်

...

ပန်းလုံဗီလာအမှတ် 10 အကျယ်အဝန်း 3300 စတုရန်းမီတာရှိပြီး အိမ်ခန်းပိုင်ရှင် လင်းဖန်

အိမ်ကြီး 10 လုံးကို လင်းဖန် မှ ပိုင်ဆိုင်သည်။

လင်းဖန်သည်သူ့မှာတစ်ခြားအဆောက်အဦးတွေရှိသော်လဲလက်မှတ်များကိုမြင်ပြီးနောက် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“ငွေရောင်စာအိတ်က တကယ်ကောင်းတယ်။”

...

နေ့လည်ကျောင်းဆင်းပြီးနောက်တွင် လင်းဖန်သည် ကားပါကင်ဆီသို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။

သူအခုမှရထားတဲ့အိမ်ကိုကြည့်ဖို့ပန်းလုံဗီလာကိုသွားကြည့်မလို့ပင်ဖြစ်သည်။

အရမ်းဝေးလျှင် လင်းဖန်သည် Mercedes-Benz G ကို သာမောင်းလိမ့်မည်။

သို့သော်ပန်းလုံဗီလာသည် သည် ကျန်ပေ့တက္ကသိုလ်မှ ကီလိုမီတာ 20 သာဝေးသည်။

ထို့ကြောင့် လင်းဖန် သည်လျှင်မြန်ပြီးအမြန်နှုန်းရှိသော Lamborghini ကို မောင်းနှင်ရန် ရွေးချယ်ခဲ့သည်။

လင်းဖန်သည်Lamborghiniထဲဝင်ပြီးနောက်အရှိန်မြှင့်စက်ကို နင်းကာမောင်းသွားတော့သည်။

...

ယခုအချိန်တွင် ဟေးတီသည် ပန်းလုံဗီလာတံခါးဝတွင်ရောက်ရှိနေပြီဖြစ်သည်။

ဟေးတီ က ပြုံးလိုက်ပြီး “ဟယ်လို၊ ငါက လင်းကျင်းခရိုင်ရဲ့ မန်နေဂျာဟေးတီ ပါ။ ငါ့မှာမှာပန်းလုံဗီလာ8 ကို ဝယ်ချင်တဲ့ ဖောက်သည်တစ်ယောက် ရှိတယ်။”

“ဒါပေမယ့်၊ ဖောက်သည်က အတော်လေး အလုပ်ရှုပ်နေတော့ ဓာတ်ပုံနည်းနည်းရိုက်ပြီး သူ့ဆီပို့ပေးဖို့ ငါ့ကိုပေးအပ်ထားသို့ဝင်လို့ရမလား”ဟုလုံခြုံရေးအစောင့်တွေကိုမေးလိုက်သည်။

အိမ်ခြံမြေပွဲစားများကိုကော်မရှင်ခရရန်မလွယ်ပေ။သူတို့နှစ်သက်ပြီးဝယ်လာအောင်နှီးမျိုးစုံဖြင့်ကြိုးစားရသည်။

အဲ့ထဲမှာဓာတ်ပုံရိုက်တာလဲပါဝင်သည်။

လုံခြုံရေးအစောင့်က “ကျွန်​ေတတေို့ပန်းလုံဗီလာကအိမ်အားလုံးကို ရောင်းပြီး ပြီမို့ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး။”

ဟေးတီတစ်ခဏလောက် ထိတ်လန့်သွားပြီး “အားလုံးရောင်းပြီးပြီ?”

လင်းကျင်းမန်နေဂျာအနေဖြင့် သူမသည် ကျန်ပေ့ ရှိ အိမ်ခြံမြေအားလုံးနီးပါးကို သိသည်။

ပန်းလုံဗီလာ​သည် မကြာသေးမီက စတင်တည်ထောင်ခဲ့သည့် အလွန်ဇိမ်ခံအိမ်အုပ်စုဖြစ်ပြီး ဗီလာတစ်ခုစီ၏စျေးနှုန်းသည် အနည်းဆုံး ယွမ်သန်း ၁၅၀ ဖြစ်သည်။

အချိန်တိုအတွင်း အားလုံးအရောင်းပြီးသွားတာလား။

ဟေးတီ က အံ့ဩသွားပြီး “ငါဘာလို့ မကြားရတာလဲ?”

“ငါတို့လဲမသိဘူး​​လေ။ငါတို့ခေါင်းဆောင်က အကြောင်းကြားသလောက်ပဲသိတယ်” လုံခြုံရေးအစောင့်က ပြောလိုက်သည်။

တကယ်တော့ ​ဟေးတီသာမက လုံခြုံရေးအစောင့်ကိုလည်း အလွန်အမင်း အံ့ဩနေခဲ့သည်။

အရင်တုန်းကတော့ တချို့အိမ်ခြံမြေကုမ္ပဏီတွေက နေ့တိုင်းလာပြီး ဓာတ်ပုံရိုက်သည်ကိုလုံခြုံရေးတွေကခွင့်ပြုပေးသည်။

သို့သော် ယနေ့မွန်းလွဲပိုင်းတွင် ခေါင်းဆောင်က အိမ်ကြီးအားလုံးကို ရောင်းချပြီးဖြစ်ကြောင်း ရုတ်တရက် အသိပေးခဲ့ပြီး ယခုအခါ အိမ်ခြံမြေကုမ္ပဏီများကိုဗီလာထဲသို့ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသည်။

ဒါက လုံခြုံရေးအစောင့်တွေအားလုံးကို အံ့သြသွားစေခဲ့သည်။

ဟေးတီသည်ပန်းလုံဗီလာကို ဝယ်ယူရန် စိတ်ဝင်စားသော ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

ဒါပေမယ့် အခုကရောင်းဖို့မရှီတော့ဘူးဆျုတော့ပြန်လည့်ဖို့ကလဲဲပီးရွေားချယ်စရာမရှိပေ။

ထိုအချိန်တွင် သူ့မနောက်တွင်ခြေသံများ ထွက်ပေါ်လာသည်။

ထို့နောက် သူ့ရှေ့တွင် အကျွမ်းတဝင်ရှိသော ရုပ်အသွင်တစ်ခု ပေါ်လာခဲ့သည်။

သူကတော့လင်းဖန်ပင်ဖြစ်သည်။

ဟေးတီသည် လင်းဖန်၏ အရပ်ရှည်သော အသွင်အပြင် ၊ ညှို့ယူဖန်းစားသော မျက်နှာသွင်ပြင် နှင့် တောက်ပသော မျက်လုံးများကို ကြည့်လိုက်ရာ သူမ၏ နှလုံးသားတစ်ခုလုံးသည် အနည်းငယ် ခုန်မြန်လာခဲ့သည် ။

ဟေးတီက သူခိုးကလူကိုတွေ့လိုက်သလိုပဲခံစားရပြီးအမြန်​အကြည့်လွဲလိုက်သည်။

လင်းဖန်သည် ဟေးတီကို သတိပြုမိပြီး “မန်နေဂျာ ဟေး၊ ငါတို့ ပြန်တွေ့ကြပြီ” လို့ ပြုံးပြုံးလေး ပြောလိုက်သည်။

ထိုအချိန်တွင် ဟေးတီ က သူ့မစိတ်ကို ထိန်းပြီးပြုံးကာ “ဟုတ်တယ်”

ခေတ္တနားပြီးနောက် “မစ္စတာလင်းက ပန်လုံဗီလာမှာ အိမ်ဝယ်ချင်လို့လာတာလား၊ စိတ်မကောင်းစွာနဲ့ ဒီအိမ်တွေအကုန်လုံး ရောင်းကုန်သွားပြီလို့ လုံခြုံရေးက ပြောတယ်။”

ဘင်းဖန်က “အဲဒါ မမှန်ဘူး၊ ငါ့အိမ်က ဘယ်လိုနေလဲ ဆိုတာ သိဖို့ လာကြည့်တာပါ”

စကားပြောနေစဉ်တွင် သူက လုံခြုံရေးအစောင့်ကို အိမ်ခြံမြေ လက်မှတ်များ ထုတ်ပေးပြီး “ကျွန်တော် ဝင်လို့ရမလား” လို့ ပြောလိုက်သည်။

လုံခြုံရေးအစောင့်သည် ခေတ္တမျှ ငုံ့ကြည့်ပြီးအရိုအသေပေးကာ “မစ္စလင်း၊ အိမ်ကနေကြိုဆိုပါတယ်” ဟု ပြောလိုက်သည်။

ဒါကိုမြင်တော့ ဟေးတီ က လုံးဝကို အံ့အားသင့်သွားခဲ့သည်။

သူမ ဘာကို မြင်ခဲ့လဲ?

ပန်းလုံဗီလာကရောင်းကုန်သွားပြီ။ထို့အပြင် ဝယ်ယူသူမှာ လဲလင်းဖန်ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်က ဟေးတီကိုလှည့်ကြည့်ကာ “မန်နေဂျာ ဟေး မင်း ဝင်ကြည့်ချင်လား” ဟု မေးလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters