ဆောင်ကျင်းအန်းကျက်သေသေခြင်း
Vol. 5 Ch. 74
လင်းဖန်သည် စူပါလူချမ်းသာဖြစ်သည်ကိုဟေးတီသိသည်။
ရီကေတုန်းကလဲတိုက်ခန်းကိုငွေအပြည့်ချေခဲ့သည်။
ဒါပေမယ့် အခုက ပန်းလုံဗီလာပါ။
ထို့အပြင်၊ ၎င်းသည် ပန်းလုံဗီလာတသ်အုပ်စုလုံးဖြစ်သည်။
ဘယ်လောက်ကုန်ကျမလဲ?
1000000000?
2000000000?
လင်းဖန်သည် ဟေးတီက မှိန်းပြီးရပ်နေသေးသည်ကို မြင်လိုက်သဖြင့်”မန်နေဂျာ ဟေးတီ၊မင်း ဝင်ကြည့်ချင်သေးလား”
ထိုအချိန်မှဟေးတီကသတိပြန်ဝင်လာပြီး”အ.....အ....အ....အိုကေ”
တံခါးဝသို့ ဝင်ပြီးနောက်တွင် ရောင်စုံပန်းများ၊ စိမ်းလန်းသောသစ်ပင်များနှင့် ကြည်လင်ပြတ်သားသောရေများကို မြင်တွေ့ရသည်။
လင်းဖန်သည် ဒီမြင်ကွင်းကိုမြင်ပြီးနောက်အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ထို့နောက် လင်းဖန် သည် အပြင်ဘက်ဆုံး ပန်းလုံဗီလာ နံပါတ် 10 သို့ သွားခဲ့သည်။
စတုရန်းမီတာ ၆၀၀ ခန့် ကျယ်ဝန်းပြီးခြံရှေ့တွင် စိမ်းလန်းသော မြက်ခင်းပြင်တစ်ခု၊ သီးပင်စားပင်အချို့နှင့် ကျယ်ပြန့်သော ရေကူးကန်တစ်ခုလဲရှိသည်။
နံပါတ် 10 ဗီလာ၏ အလုံးစုံအလှဆင်မှုပုံစံသည် ဥရောပနှင့် အမေရိကတို့ဘက်လိုက်သောကြောင့် လူများကို ဒဏ္ဍာရီလာရဲတိုက်ထဲတွင် ရှိနေသကဲ့သို့ ခံစားရစေသည်။
လင်းဖန်သည်ယေဘုယျအားဖြင့်ဗီလာ၏ပတ်ဝန်းကျင်သည် အလွန်ကောင်းမွန်ပြီး အလှဆင်မှုပုံစံများသည် အမျိုးမျိုးရှိသည်။ လင်းဖန်ကကြည့်ပြီးနောက်ကျေနပ်နေသည်။
…………
ထိုအချိန်တွင်ကျူရှင်းရ၏ သူဌေးက ဝန်ထမ်းများအား ချင်ရှီရေကန်သို့ လာရောက်ရန်စီစဉ်ပေးခဲ့သည်။
လာရောက်ပြီးနောက်သူတို့သည်ဓာတ်ပုံများစွာရိုက်ပြီးနောက် ဝန်ထမ်းများအားလုံးကို လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်သည်။
ကျူရှင်းရသည် ချင်ရှီရေကန်တစ်လျှောက် လမ်းလျှောက်ထွက်ပြီးနောက်ပန်းလုံဗီလာတံခါးဝသို့ ရောက်သောအခါ တွင်”ဒီအိမ်ကြီးက အရမ်းလှတယ်!”
သူမနှင့် ဆက်ဆံရေးကောင်းမွန်သော လုပ်ဖော်ကိုင်ဖက်တစ်ဦးက “ဟုတ်တယ်၊ ပန်းလုံဗီလာရှိအိမ်တစ်လုံးက သန်းရာနဲ့ချီပြီး ကုန်ကျနိုင်ပါတယ်”
ကျူရှင်းရက ဒါကိုကြားတော့ အသက်ရှူမဝသလို ဖြစ်သွားခဲ့သည်။
သန်းရာနဲ့ချီတဲ့ အိမ်ကြီးတစ်လုံးလား။
ကျူရှင်းရက “ငါ့တစ်သက်မှာ ဒီလိုအိမ်မျိုး ပိုင်ဆိုင်နိုင်ရင် သေရမယ်ဆိုရင်တောင်နောင်တမရဘဲသေနိုင်တယ်။’’ လို့ ကျူရှင်းရကပြောလိုက်သည်။
လုပ်ဖော်ကိုင်ဖက်က ပြုံးပြီး”ဒီမှာ ရှိတဲ့အိမ်ကိုတော့တွေးတောင်မတွေးဝံ့ဘူး။ လှည့်ပတ်ကြည့်လို့ရရင်တောင်ငါကျေနပ်တယ်။’’
ထိုအချိန်တွင် လင်းဖန်သည် ပန်းလုံဗီလာရှီအိမ်များအားလုံးကိုမြင်ပြီးနောက်တွင် ထွက်လာခဲ့သည်။
လုံခြုံရေးအစောင့်က လင်းဖန်ကိုမြင်လိုက်တာနဲ့ တလေးတစားရပ်နေကြသည်။
“မစ္စတာလင်း၊ နှုတ်ဆက်ပါတယ်။”
လင်းဖန်ကလဲ နှုတ်ဆက်လိုက်သလိုခေါင်းညိတ်ပြလိုက်သည်။
ဤမြင်ကွင်းကို ကျူရှင်းရ၏မျက်လုံးထဲတွင် မြင်တွေ့ခဲ့ရသည်။
လင်းဖန်၏လက်ထဲတွင်ရှိသော သော့အမြောက်အမြားနှင့် အိမ်ခြံမြေလက်မှတ်များကို ကြည့်လိုက်ရာ သူမ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသည့်အကြည့်မျိုး ပေါ်လာခဲ့သည်။
ဝမ်ကျင်းဝမ်ရှင်နတီတွင် အဆောက်အဦတစ်ခုလုံး ပိုင်ဆိုင်သည်ဟု လွန်ခဲ့သည့် တစ်ကြိမ်က ပြောခဲ့သည်။ယခုအခါတွင်လဲ သော့များနှင့် အိမ်ခြံမြေ လက်မှတ်များစွာကို ပန်လုံဗီလာသို့ ယူဆောင်လာခဲ့သည်။
လင်းဖန်ကအိမ်ခြံမြေအရောင်းသမားဖြစ်လိမ့်မယ်လို့သူမခန့်မှန်းလိုက်သည်။
ကျူရှင်းရ သည် လင်ဖန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး “မင်းဒီမှာ ဘာလုပ်နေတာလဲ” ဟု အေးစက်စွာမေးလိုက်သည်။
လင်းဖန်ကချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ကျူရှင်းရရဲ့ဘေးနားက လုပ်ဖော်ကိုင်ဖက်က လင်းဖန်ကို စိတ်ဝင်တစားနဲ့ “ပန်လုံဗီလာကို လာတဲ့အရောင်းသမားလား။’’
လင်းဖန်က ခေါင်းခါပြီး “ကျွန်တော်က အရောင်းသမားမဟုတ်ဘူး” လို့ပြောလိုက်သည်။
“ဒါဆို မင်းကအခု ဒီကိုဘယ်လိုရောက်လာတာလဲ” လုပ်ဖော်ကိုင်ဖက်က ထပ်မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ပန်းလုံဗီလာက ငါ့ကိုယ်ပိုင်အိမ်မို့” လင်းဖန်က ပြောလိုက်သည်။
လုပ်ဖော်ကိုင်ဖက်က လင်းဖန်ပြောလိုက်သောစကားကြောင့်အံ့အားသင့်သွားခဲ့သည်။
အခုအချိန်တွင်ကျူရှင်းရ၏ လှပသော မျက်နှာသည်အလွန် နီမြန်းနေသည်။
ရှက်တယ်!
တကယ့်ကို ရှက်စရာပင်ဖြစ်သည်။
လင်းဖန်ကိုသူမကနှုတ်ဆက်ရုံပဲရှိသေးတယ်။
ပန်းလုံဗီလာကမင်းအိမ်၊ မင်းနဲ့ထိုက်တန်လို့လား။ !
ဒီလို ကြွားဝါတဲ့လူကို သူမတစ်ခါမှမမြင်ဗူးပေ။
လုပ်ဖော်ကိုင်ဖက်တွေက သူမကိုလုလိမ်ရဲ့သူငယ်ချင်းဆိုပြီးထင်ကြလိမ့်မည်။
ကျူရှင်းရက ဒါကို တွေးပြီး ဒေါသတကြီးဖြင့် “လင်းဖန်၊ မင်းကမလိမ်လို့မရဘူးလား။”
“အိမ်ခြံမြေရောင်းတာကိုအိမ်ခြံမြေရောင်းတာပေါ့။ဘာလဲ”
“အရင်ဆုံး၊ ငါနဲ့ကားငှားပြီး ချိန်းတွေ့တယ်။ နောက်တော့ ဝမ်ကျင်းဝမ်ရှင်နတီမှာ အဆောက်အဦးတစ်လုံး ပိုင်တယ်လို့ ပြောတယ်။ အခု ပန်းလုံဗီလာက မင်းပိုင်တယ်လို့ ပြောနေတုန်းပဲ... အရူးကပဲမင်းကို ယုံလိမ့်မယ်။”
“မင်းသိလား ဒါကိုမင်းလုပ်လေလေငါမင်းအစားအရှက်ရလေပဲ”
ပြောပြီးသည်နှင့် သူသည် လုပ်ဖော်ကိုင်ဖက်၏လက်ကိုဆွဲကာ အမြန်ထွက်သွားတော့သည်။
ကားပါကင်ကိုဖြတ်သွားသောအခါတွင် သူမသည် စူပါပြိုင်ကားတစ်စီးကို ယောင်ဝါးဝါးမြင်လိုက်ရသည်။
သို့သော် ယခုအချိန်တွင် သူမသည် ဒေါသဖြစ်နေသောကြောင့်အနီးကပ်ကြည့်ဖို့ကိုအချိန်မရပေ။
လင်းဖန်က ကျူရှင်းရပုံစံကိုကြည့်ပြီး “တစ်ခုခုမှားနေပြီ” လို့ပြောလိုက်သည်။
ဘေးက ဟေးတီ က “ဘလိုင်းဒိတ်အတွက် ကားငှားတာလား မစ္စတာလင်း၊ အရင်က မင်းသူမနဲ့ မျက်မမြင်ချိန်းတွေ့ဖူးတာလား”
လင်းဖန်က “ဟုတ်တယ်၊ သူမကကျန်တော့်ညံ့ဖျင်းတယ်လို့ ထင်ပြီး Lamborghini ကိုလဲ ငှားတယ်လို့ ထင်နေတဲ့ပုံပဲ။”
ဟေးတီကဒါကိုကြားပြီးနောက်တွင်ကျူရှင်းရကိုမနာလိုဖြစ်သွားခဲ့သည်။
သူမသာကျူရှင်းရရဲ့နေရာမှာဆိုရင်သေချာပေါက်အခွင့်အရေးကိုဆုပ်ကိုင်ထားမည်ဖြစ်သည်။
ဟေးတီ က “သူမ နောင်တရလိမ့်မယ်!”
လင်းဖန်က ဘာမှမပြောသော်လဲ ဤကိစ္စကို စိတ်ထဲမထားပေ။
…………
လင်းဖန် နှင့် ဟေးတီတို့လမ်းခွဲပြီးနောက် KM Mall ရှိ ပရိဘောဂဆိုင်သို့ သွားခဲ့သည်။
ပန်စလုံဗီလာကို ပြန်လည်မွမ်းမံထားသော်လည်း ပရိဘောဂအချို့လဲရန်ကျန်ရှီသေးသည်။
ထိုကြောင့်လင်းဖန်သည်ယွမ်၃ သန်း အကုန်အကျခံကာ ဆိုဖာများနှင့် ကုတင်အချို့ကို ဝယ်ယူပြီးLamborghini ကို မောင်းနှင်ကာ ပန်းလုံဗီလာသို့ပြန်လာခဲ့သည်။
ယခုအချိန်တွင် ဆောင်ကျင်းအန်း သည် Ferrari ကားကို မောင်းနှင်နေပြီး အိမ်သို့်ပြန်နေခဲ့သည်။
ထိုအချိန်တွင် သူမသည် အဝေးမှ Lamborghini တစ်စီးကို မတော်တဆတွေ့လိုက်ရသည်။
“ဒီကားက..... လင်းဖန်ကားမလားလား။”
ဆောင်ကျင်းအန်း အနည်းငယ် အံ့သြသွားသည်။ လင်းဖန်၏ ချောမောသောမျက်နှာသည် သူမစိတ်ထဲတွင် ပေါ်လာသည်နဲ့သူမ၏နှလုံးခုန်သံသည် မြန်လာခဲ့သည်။
သူမကားကိုလင်းဖန်နောက်သို့လိုက်သွားခဲ့သည်။
မကြာမီ သူတို့နှစ်ဦးသည် ပန်လုံဗီလာသို့ရောက်လာကြသည်။
ဆောင်ကျင်းအန်း က “လင်းဖန် ၊ ဘာလို့ ဒီကိုလာနေတာလဲ၊ ဒီမှာ အိမ်ဝယ်ဖို့ စီစဉ်နေတာလား “
လင်းဖန်ကဆောင်ကျင်းအန်းကိုတွေ့ပြီးခဏလောက်အံသြ ကာ’’ငါဝယ်ပြီးသွားလို့ပြောလိုက်သည်။’’
“အိုး? မင်းအိမ်ကဘယ်အိမ်လဲ။ ငါတို့ကအိမ်နီးချင်းဖြစ်သွားပြီဆိုတော့လာလည်လို့ရအောင်” ဆောင်ကျင်းအန်း က ဝမ်းသာအားရပြောလိုက်သည်။
လင်းဖန်က “ငါဘယ်မှာရောမလဲဆိုတာမဆုံးဖြတ်ရသေးဘူး”
လင်းဖန် တကယ်မလိမ်ခဲ့ပေ။
ဒီနေ့ သူသည်ဗီလာ၁၀လုံးစလုံးကိုလာကြည့်ခဲ့သည်။
၎င်းတို့အနက် ဗီလာနံပါတ် 1၊ နံပါတ် 6 နှင့် ဗီလာနံပါတ် 8 တို့သည် ချင်ရှီကန်နှင့် အလွန်နီးကပ်သောကြောင့် ပြတင်းပေါက်ဖွင့်လိုက်တာနဲ့လှပသောရေကန်ကို မြင်နိုင်သည်။
နံပါတ် 1 ၏အလှဆင်မှုသည် ပို၍ရှေးကျသည်၊ နံပါတ် 6 ၏အလှဆင်မှုသည်ခေတ်မီသည်၊ နံပါတ် 8 ၏အလှဆင်သည်ဥရောပနှင့်အမေရိကန်ဖြစ်ပြီးတစ်ခုချင်းစီ၏ဝိသေသလက္ခဏာများလဲရှိသည်။
လင်းဖန်သည် အနာဂတ်တွင် မည်သည့်အိမ်တွင် နေထိုင်ရမည်ကို အမှန်တကယ်ပင် မတွေးခဲ့မိပေ။
ဒါပေမယ့် ဒီစကားလုံးတွေကိုဆောင်ကျင်းအန်းကြားတော့အံသြ သွားခဲ့သည်။
လင်းဖန်ကဗီလာဝယ်လိုက်ပြီမလား။
အခု ဘယ်အိမ်မှာမှာနေထိုင်ရမှန်း မသိတာလား။
လင်းဖန်သည် ဆောင်ကျင်းအန်း၏မျက်နှာပြောင်းလဲသွားသည်ကို သတိပြုမိသည်။
“ကျွန်တော်က ပန်လုံဗီလာမှာရှိတဲ့စုစုပေါင်း အိမ်10 လုံးဝယ်ခဲ့တယ်... အခုအချိန်မှာတော့ နံပါတ် 1၊ နံပါတ် 6 နဲ့ နံပါတ် 8 အိမ်ရာတွေထဲက တစ်ခုကို ရွေးချယ်ဖို့စဉ်းစားထားတယ်”
ဆောင်ကျင်းအန်း:...
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်--စောင့်ချောကြီး