ပိုက်ဆံကို ဒလဟောသုံးစွဲခြင်း။
Vol. 1 Ch. 5
“ဗီအိုင်ပီ အဆင့် ၁၀ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူ ပါတယ်၊ သုံးစွဲသူ လင်းရှင်းကျန့် ခင်ဗျာ။ သူ့အတွက် ဂုဏ်ပြုပေးလိုက်ကြရအောင်ပါ”
တိုက်ရိုက်ထုတ်လွှင့်နေသော စာမျက်နှာတိုင်းတွင် သုံးကြိမ် သုံးခါ ချီးကျူးဂုဏ်ပြုကြသည်။
“ဟာ..ဘုရားရေ ဘယ်လိုလူချမ်းသာမျိုးက ဗီအိုင်ပီ ( VIP) အဆင့်ကိုမြှင့်တင်လိုက်နိုင်ပြန်တာလဲ” ဘမ်ဘူး ( bamboo) တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကိုကြည့်ရှုနေသူ အပေါင်းသည် မည်သူကများ ထိုမျှလောက်သုံးစွဲနိုင်လဲဆိုတာ သိချင်နေကြသည်။
သို့သော် လင်းရှန်းကျန့်ဆိုသော နာမည်ကို ယခုမှသာ ပထမဆုံး အကြိမ်ကြားဖူးကြသည်။
လူအများက ထိုသူကဘယ်သူလဲဆိုတာ အသည်းအသန် ရှာဖွေကြသည်။ သို့သော် ထိုအကောင့်သည် လွန်ခဲ့သော နှစ်နှစ်ခန့်က ဖွင့်ထားခဲ့သော အကောင့်ဖြစ်ပြီး တစ်ခါမှ ပိုက်ဆံသွင်းတာမျိုးလည်းမရှိသလို အများဆုံးအနေဖြင့် ဘမ်ဘူးချောင်း ( bamboo sticks) ၁၀၀လောက်ကို ပေးဖူးသည်။
“သေစမ်း၊ တစ်ယောက်ယောက်ကများ တိုက်ရိုက် ထုတ်လွှင့်မှုနေရာမှာ နာမည်ကြီးချင်လို့ ကုမ္ပဏီပိုင်ငွေတွေကို အလွဲသုံးစားလုပ်တာများလား”
ထိုကဲ့သို့ သာဓကများစွာကို ကြုံဖူးနေကြမို့ လူအများက သံသယ ဝင်နေကြခြင်းဖြစ်သည်။
လက်တွေတုန်ပြီး မဝံ့မရဲဖြစ်နေသော ဖန့်ကြွယ်ယွီလည်း အနည်းငယ်စိတ်သက်သာရာရလာသည်။ သူက ယွမ်ငါးသန်း ကို တိုက်ရိုက်ထုတ်လွှင့်မှုအတွက် သုံးစွဲခဲ့သည်ဆိုသော အရာ ကို သူ့ကိုယ်သူတောင် မယုံနိုင်သေးပေ။
မိသားစု တော်တော်များများအတွက် တဘဝလုံး ကြိုးစား ပမ်းစားရှာဖွေမှရနိုင်မည့် ထိုငွေပမာဏကို သူက ခလုတ်လေး တစ်ချက်နှိပ်ပြီး သုံးခဲ့သည်။
“လက်ခံသူ၊ ဒါက ပထမဆုံးအဆင့်ပဲရှိပါသေးတယ်။ နောက်ပိုင်းမှာ ဒီ့ထက်ပိုသုံးရမဲ့အခွင့်အလမ်းတွေရှိလာဦးမှာပါ။ လက်ခံသူလည်း တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာပါလိမ့် မယ်”
“သိတယ်။ သာမန်ဘဝကိုပဲ ဖြတ်သန်းခဲ့တဲ့ ငါ့အဖို့ ဒီလိုဘဝ မျိုးနဲ့ နေသားကျဖို့ အချိန်လိုတယ်မလား”
အားလပ်ရက်ဖြစ်တာမို့ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် လူအများအပြားစုပုံနေကြသည်။
ဖန့်ကြွယ်ယွီသည် သူအကြိုက်ဆုံး ဂိမ်းကစားသူ၏ တိုက်ရိုက် ထုတ်လွှင့်မှုကိုကြည့်လိုက်သည်။
“ဝိုး လှေမှောက်ပြီကွ။ မင်းတို့သိလား။ ဒီလူယုတ်မာကောင်တွေက ငါ့ကိုချောင်ကြိုချောင်ကြားထဲက နေပြီး နှစ်မိနစ်လောက် အငိုက်ဖမ်းပြီး ချုံခိုတိုက်ခိုက်တာ။ မင်းတို့တောအုပ်ကို မင်းတို့စွန့်လွှတ်ပစ်ပြီပေါ့”
ဝဝဖိုင့်ဖိုင့် ထုတ်လွှင့်သူက အားပါးတရပြောဆိုနေချိန်တွင် မှတ်ချက်ပေါင်းများစွာက ဖန်သားပြင်ပေါ်တွင် အပြည့်ဖြစ်နေသည်။
“ဆရာပတ်၊ မင်းကတိပေးထားတဲ့ မဖျက်စီးနိုင်တဲ့စကြာဝဠာ တင့်ကားဆိုတာကရော။ အရုပ်ကားဖြစ်သွားပြီလား။ မင်းကတိ ပေးထားပြီး မေ့နေ့တာမလား”
“ဟား။ ထမင်းစားဝင်ပြီဗျို့။ နောက်တစ်ပန်းကန်ထပ်တွယ် တော့မယ်”
“ဆရာ။ မြန်မြန်လေးပြန်ပြီး တိုက်ခိုက်ပါဦး။ သူတို့လူတွေက ပွဲသိမ်းတိုက်ကွက် ထုတ်သွားတာဗျ။ မင်းအနေအထားကြီးနဲ့ဆို တစ်ဖက်အသင်းနဲ့ အများကြီးမကွာပါဘူး။ မြန်မြန် မင်းအရည်အချင်းတွေထုတ်ပြပြီး ပြန်ပြီးတိုက်ခိုက်ပါကွ”
ထိုဝဖိုင့်ဖိုင့်လူသည် နာမည်အကြီးဆုံး ဂိမ်းအစီအစဉ် တင်ဆက်သူဖြစ်သော ဆရာပတ်ဟု သိကြသည်။ သူသည် အနားယူထားသော ပရော်ဖက်ရှင်နယ်ဂိမ်းသမားတစ်ဦးဖြစ်ပြီး သူ၏ ရွှတ်နောက်နောက် တင်ဆက်ပုံက နာမည်ကြီးစေသည်။
“သူက သေပြီးသား။ ကြည့်ထား ငါတစ်ယောက်ထဲ သူ့ကို သတ်ပြမယ်” သူ၏ အရည်အချင်းနှင့်ဆို ဆရာပတ်သည် ပြိုင်ဘက်ကို အသာလေး အနိုင်ယူနိုင်သည်။ တစ်ဖက်ရန်သူက သူ့ကိုတစ်ခါမိဖူးသော်ငြား သူက ပြိုင်ဘက်ကို ပါးနပ်စွာဖြင့် အနိုင်ယူကာ ရှင်းပစ်ခဲ့သည်။
“လှတယ်ကွာ”
“ဆရာက လူဆိုးပဲ”
“ဆရာက အမြဲတော်နေတာပဲ”
“ဟဲဟဲ။ မင်းတို့ကိုပြောပါတယ်။ ဒီကောင်ကို ငါ့တစ်ယောက်ထဲရှင်းပြမယ်လို့။ ငါ့ကိုနိုင်ချင်သေးတာ မရဘူး” သူ့စကားတောင်မဆုံးသေးခင်မှာပင် ရန်သူဘက်ကသူ့ကိုတည့်တည့်ပစ်မှတ်ထားပြီး ဒုံးပျံတစ်စင်း ပစ်ကာ ရှင်းပစ်သည်။
“အိုး။ ဘုရားရေ”
ဆရာပတ်က ဒေါသတကြီးဖြင့် ထခုန်လိုက်သောအခါ လက်ထဲ တွင်ရှိသော သောက်လက်စ စီးကရက်လည်းလွတ်ကျသွား သည်။
“ဟား။ ဂျင်းရဲ့ ဒုံးပျံအစွမ်းကွာ”
“ရယ်ရလွန်းလို့သေတော့မယ်။ တစ်ယောက်ယောက် ငါ့ကိုကယ်ကြပါဦး”
“လှလိုက်တဲ့အကွက်ကွာ။ ဒီပြကွက်ကတော့ မနက်ဖြန် ဟာသပေ့ချ်တွေမှာ ရယ်စရာလိုဟောင်ပြောင်ကြတော့မယ်”
ဖန်သားပြင်ရှေ့တွင်ကြည့်နေသော ဖန့်ကြွယ်ယွီသည် ဆရာပတ်၏ မရှုမလှရှုံးနိမ့်မှုအပေါ် အူလှိုက်သည်းလှိုက် ရယ်မောနေသည်။ ဆရာပတ်ကိုအချိန်အကြာကြီးအားပေးခဲ့သူမို့ သူသဘောအကျ ရဆုံးတင်ဆက်သူနှင့်ပတ်သက်ပြီး ပိုက်ဆံများစွာသုံးရမည်။
“လင်းရှင်းကျန့်က ဆရာပတ်ကို ပန်ဒါကိုးဆယ့်ကိုးကောင် ဆုချီးမြှင့်ပါတယ်”
“လင်းရှင်းကျန့်က ဆရာပတ်ကို ပန်ဒါကိုးဆယ့်ကိုးကောင် ဆုချီးမြှင့်ပါတယ်”
“လင်းရှင်းကျန့်က ဆရာပတ်ကို ပန်ဒါကိုးဆယ့်ကိုးကောင် ဆုချီးမြှင့်ပါတယ်”
ထိုထုတ်လွှင့်မှုစာမျက်နှာပေါ်တွင် တူညီသောစာသားများ ပေါ်လာသောအခါ များပြားလှသော ကြည့်ရှုသူ အပေါင်း သည်ချက်ချင်းဆိုသလို ထိန်းမနိုင်သိမ်းမရဖြစ်လာတော့သည်။
“သေစမ်း။ ဒါက ဘယ်လိုအကွက်လဲ။ တစ်ကြိမ်တည်းမှာ ပန်ဒါကောင်ရေ ၁၀၀၀ ပေးတယ်။ အဲ့တာက ယွမ်ငါးသိန်း ဆုချလိုက်သလိုပဲ”
“သူဌေးလေး။ တစ်ခုခုလိုအပ်သေးလား”
“ဒီလူ့ပုံကို တစ်ခါမြင်ဖူးတယ်။ ခုမှ ဗီအိုင်ပီ အဆင့် ၁၀ ကို မြှင့်တင်လိုက်တာဖြစ်မယ်”
“သူဌေးလေးနဲ့ ဖူးစာဆုံချင်တယ်”
“ဆရာကြီးကို ဦးခိုက်ပါတယ်”
ဆရာပတ်သည် ကုလားထိုင်ပေါ်မှ ထခုန်မိသည်။ သူ၏ ဖန်သားပြင်တစ်ခုလုံး ပရိတ်သက်ကပေးသော ဆုများဖြင့် ပြည့်နေသည်။
သူသည် တိုက်ရိုက်ထုတ်လွှင့်စဉ်ကာလတစ်လျှောက် သူဌေး ပေါင်းများစွာဖြင့် ကြုံဖူးသော်ငြား ဒီလောက် ပေါပေါ များများ သုံးစွဲခြင်းအား တစ်ခါမှ မမြင်ဖူးပေ။
နာမည်ကြီးအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တာမို့ ထိုပိုက်ဆံ ငါးသိန်းသည် သူ့အတွက်ဘာမှ မဟုတ်ချေ။ သို့သော် ထို ပိုက်ဆံ ပမာဏကို တိုက်ရိုက်ထုတ်လွှင့်ချိန်တွင် တစ်ထိုင်တည်းသုံးနိုင်သူသည် သာမန်လူတော့ မဟုတ်နိုင်ပေ။
“ဆုချပေးတဲ့အတွက် လင်းရှင်းကျန့်ကို ကျေးဇူး အထူးတင် ပါတယ်။ ပွဲစီစဉ်သူကိုမေးပြီး နောက်မှ အေးဆေး စကား ပြောကြတာပေါ့”
မကြာခင်မှာ ပွဲစီစဉ်သူ၏ ခွင့်ပြုချက်ရပြီးသောအခါ ဆရာပတ် မှ ဖန့်ကြွယ်ယွီထံသို့ သီးသန့်စာတစ်စောင်ပို့ခဲ့သည်။
“ဝီချက် ( We chat) မှာ အပ်ချင်လား ကိုယ့်ညီ။ နောက်ပိုင်းငါ့တို့ အတူတူ ဆော့ကြတာပေါ့”
“ကောင်းပြီလေ”
ဖန့်ကြွယ်ယွီက မဆိုင်းမတွပင် ဝီချက်အိုင်ဒီ ( We chat ID) ပို့ပေးလိုက်သည်။
“ဆရာပတ်ရေ ။ နောက်မှ အေးဆေးတွေ့ပြီး ထမင်းလေးဘာလေး အတူတူစားကြတာပေါ့။ ခုတော့ တခြားအခန်းတွေလိုက်ကြည့်လိုက်ဦးမယ်”
“ငါတို့အားတဲ့အချိန် ဝီချက် ( We chat) ကနေ ဆက်သွယ်ကြတာပေါ့”
“လင်းရှင်းကျန့်က ဆရာပတ်ကို ပန်ဒါကိုးဆယ့်ကိုးကောင် ဆုချီးမြှင့်ပါတယ်”
“လင်းရှင်းကျန့်က ဆရာပတ်ကို ပန်ဒါကိုးဆယ့်ကိုးကောင် ဆုချီးမြှင့်ပါတယ်”
ဖန့်ကြွယ်ယွီထွက်သွားပြီးနောက် ပန်ဒါကောင်ရေ ကိုးရာ့ကိုးဆယ်ကို ထပ်မံချီးမြှင့်ပေးသည်။ ထိုနေရာမှ ကျန်နေခဲ့သော လူများ၏ တုံ့ပြန်မှုကို မသိချင်တော့ပေ။
“ဟမ်။ သူမက ဒီနေ့ဘာလို့ အစောကြီးထုတ်လွှင့်တာလဲ” ဖန့်ကြွယ်ယွီသည် သူဖောလိုး ( follow) လုပ်ထားသော လူစာရင်းကိုကြည့်လိုက်သည်။ ဆရာပတ်အပြင် မိန်းကလေးတစ်ဦးက ယခုမှာ တိုက်ရိုက်ထုတ်လွှင့်နေသည်။
ရှင်းယွီသည် တော်သောအစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်သည်။ သူမက ညဆယ်နာရီနောက်ပိုင်းမှ စန္ဒရား တီးပြီး သီချင်းဆိုခြင်းကို ကြိုက်နှစ်သက်သော မိန်းကလေးဆိုပြီး ဖန့်ကြွယ်ယွီ သတိထားနေမိသည်။
သူမ၏ အသံက ကြည်လင်ပြတ်သားပြီး ချိူသာသည်။ သူမ၏ တိုက်ရိုက်တင်ဆက်မှုက နာမည်မကြီးသော်ငြား နေ့တိုင်း သူမက အချိန်တိကျသည်။ သူမ၏ မျက်နှာကို တစ်ခါမှ မပြဖူးတာက အထူးအဆန်းဖြစ်သည်။
သူမက သီချင်းဆိုတာလည်း ကောင်းပြီး စန္ဒရားတီးတာလည်း တော်သည်။ သို့သော် ရုပ်ဝါဒီလောကမို့ ရှင်းယွီမှာ နာမည်ကြီး အမျိုးသမီး တင်ဆက်သူများကဲ့သို့ ချောမောလှပသော ရုပ်ရည်သွင်ပြင်မျိုး မရှိတာဖြစ်ရမည်။
ရှင်းယွီသည် အနက်ရောင်ဝတ်စုံဝတ်ထားပြီး အင်္ဂလိပ် သီချင်းကို အားပါးတရအာရုံစိုက်ပြီး ဆိုနေသည်။ ပုံမှန်အတိုင်းပင် ဖန့်ကြွယ်ယွီသည် သူမသီချင်းဆိုတာကို နားဆင်နေသည်။
သီချင်းဆိုသံ…
So why why
Why should we wait
And I I
I should be waiting
Waiting for someone new
Even though it wasn’t you
…
ထိုစာသားများက ဖန့်ကြွယ်ယွီ၏ လှပသောအတိတ်နေ့ရက် များကိုပြန်ပြောင်းအမှတ်ရစေပြီး သူသတိမထားမိခင်မှာပင် မျက်ရည်များစို့တက်လာသည်။