← Chapters

ရှင်းယွီ

Vol. 1 Ch. 6

ရှင်းယွီ

Vol. 1 Ch. 6

သီချင်းပြီးဆုံးပြီးသွားသော်လည်းဖန့်ကြွယ်ယွီတစ်ယောက်

သည် အတွေးကမ္ဘာထဲလွင့်မျောနေဆဲဖြစ်သည်။ ထိုအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှု၏ စကားဝိုင်းတွင် ပရိတ်သက်များ စုဝေး ရောက်ရှိလာသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှင်းယွီ၏ ပရိတ်သက် များကြောင့်မဟုတ်ဘဲ ဖန့်ကြွယ်ယွီ၏ ရောက်ရှိလာမှုက ကြည့်ရှုသူအပေါင်းကို အုတ်အုတ်သဲသဲဖြစ်စေသည်။

အဆင့် (၁၀) ဗီအိုင်ပီအတွက် အထူးအခွင့်အရေးတစ်ခုရှိသည်။ ထိုသူများက တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်ထဲကို ဝင်သွားပြီဆိုသည်နှင့် စနစ်က အချက်ပေးသံထွက်လာသည်။ ထိုဗီအိုင်ပီပုဂ္ဂိုလ်က တင်ဆက်သူအပေါ် မုန့်ဖိုး သို့ ဆုကြေး မည်မျှ ချီးမြှင့်မလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေကြ သည်။

ရှင်းယွီမှာ ပရိတ်သက်အချို့သာရှိသည်။ သူမ၏ ပရိတ်သက် သည် တစ်ခါမှ လူနှစ်သောင်းမကျော်ဘူးပေ။ သို့သော် ဖန့်ကြွယ်ယွီရောက်ရှိနေမှုကြောင့် ပရိတ်သက် အရေအတွက် သည် ရုတ်တရက်ဆိုသလို လူပေါင်းတစ်သိန်းကျော်သွားသည်။

“ဒါဆို ဒီသူဌေးလေးက ဒီလိုပုံစံမိန်းကလေးမျိုးကို ကြိုက်တာ ပေါ့”

“သူ့ရုပ်ကိုတောင် မပြနိုင်တာ။ အန်တီချောင်း များဖြစ်နေ မလား”

“ငါ့ရဲ့ အတွေ့အကြုံအရဆို ဒီကောင်မလေးက သေချာပေါက် အလှလေးဖြစ်ရမယ်။ သူ့ရဲ့မျက်နှာကို မပြထားတာတောင်မှ သူ့လက်ကလေးတွေ ခြေထောက်လေးတွေကိုကြည့်လိုက်ရင် သေချာပေါက် အချောအလှလေးဆိုတာ ပြောနိုင်တယ်”

“ဒီတင်ဆက်သူက သီချင်းကောင်းကောင်းဆိုနိုင်တယ်။ ဒီလူကြိုက်တာနဲ့ ငါက ချက်ချင်းပဲ ဖောလိုး ( follow) လုပ်လိုက်တယ်”

“သူဌေးလေးက ချီးမြှင့်မယ့် ဆုတွေကိုစောင့်နေတယ်”

“စောင့်နေပါတယ်”

ရှင်းယွီ၏ နာမည်အရင်းက ကောရှင်းယွီဖြစ်သည်။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဤမျှလောက် လူအများကြီး ကြည့်ရှုလိမ့်မည်ဟု မတွေးထားပေ။ သူမ၏ မိသားစုကလည်း လူကုံထံအသိုင်းအဝိုင်းပဲဖြစ်ခဲ့၏။ ထို့ကြောင့် ပိုက်ဆံ အများကြီးကုန်ကျခံပြီးလေ့ကျင့်သင်ကြားရသော စန္ဒရားတီးခတ်ခြင်းကို သူမက တတ်မြောက်နေခြင်းဖြစ်သည်။

နောက်ပိုင်းမှာတော့ သူမ၏ မိသားစုသည် စီးပွါးရေးမပြေလည် မှုများစွာနှင့်ကြုံတွေ့ခဲ့ရပြီးနောက် အကြွေးတင်ခဲ့ရသည်။ ယခုအခါမှာ သူမတက္ကသိုလ်တက်နေစဉ်အတောအတွင်း နေထိုင်စားသောက်စရိတ်နှင့် ကျူရှင်စရိတ်များကို တိုက်ရိုက် ထုတ်လွှင့်ခြင်းမှတစ်ဆင့် ရှာဖွေနေရသည်။

တိုက်ရိုက်ထုတ်လွှင့်မှုလောကသည် ထင်သလောက် မလွယ် ကူဘူးဆိုတာ သူမသိသည်။ သို့သော် သူမက မျက်နှာကိုမပြဘဲ တိုက်ရိုက်ထုတ်လွှင့်သဖြင့် သူမ၏ တင်ဆက်မှုများကို လူအများစုက စိတ်ဝင်စားမှုမရှိပေ။ ထို့ကြောင့် သူမ၏ ဝင်ငွေ မှာလည်း အများကြီးမရှိနေပေ။

တစ်လစာတိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသောဝင်ငွေသည် အသုံးစရိတ်ကာမိရုံမျှသာဖြစ်ပြီး ကျူရှင်စရိတ်အတွက် အနည်းငယ်သာကျန်သည်။

သူမက တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု၏ ကိစ္စရပ်ပြသနာများ အပေါ် အာရုံသိပ်မထားပေ။ သူမက နေ့စဉ်လိုလို စန္ဒရားတီးပြီး သီချင်းဆိုတာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေကြဖြစ်သည်။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မည်သည့်အကြောင်းကြောင့် လူပေါင်းများစွာရှိနေရသလဲဆိုတာ သူမစဉ်းစားတတ်ပေ။

“လင်းရှင်းကျန့်က တင်ဆက်သူရှင်းယွီကို ပန်ဒါအကောင် ကိုးရာ့ကိုးဆယ်ဆုချပါတယ်”

ထိုကဲ့သို့ဆုချီးမြှင့်ခံရခြင်းအပေါ် စန္ဒရားရှေ့မှာထိုင်နေသော ရှင်းယွီက အံ့ဩတကြီးဖြစ်ပြီး စကားတောင်မပြောနိုင်ပေ။

ပန်ဒါကောင် ကိုးရာ့ကိုးဆယ်ဆုချီးမြှင့်ခြင်းသည် ယွမ်ငါးသိန်း နှင့်ညီမျှသည်။ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်က ရရှိသော ဆုကြေး၏၅၀% ကိုသာပြန်ရသဖြင့် သူမက ယွမ်နှစ်သိန်းခွဲသာရတော့မည်။ ထိုပမာဏသည် ငါးနှစ် ဆက်တိုက် တင်ဆက်မှုပြုလုပ်လျှင်တောင်မှ မရနိုင်ပေ။

ထိုပမာဏဖြင့်ဆို သူမ၏ ကျန်ရှိနေသော ကောလိပ်နှစ်နှစ် အတွက် အသုံးစရိတ်နှင့် ကျူရှင်စရိတ်ဖူလုံသွားတော့သည်။ သို့သော် သူမက မိသားစု၏ ငွေရေးကြေးရေးပြသနာများကို နိုင်သလောက် ဖြေရှင်းပေချင်သည်။ သူမကို ကံကြမ္မာက မျက်နှာသာပေးသည်ဟု ခံစားနေရသည်။

“ဒီနာမည်ကို ဘာကြောင့်ရင်းနှီးနေရတာလဲ” ကောရှင်းယွီသည် လင်းရှင်းကျန့်ဟူသော အသုံးပြုသူနာမည် ကို ရင်းရင်းနှီးနှီးသိနေသည်။

သူမမှာ ပရိတ်သက်ငါးသောင်းရှိသော်လည်း နေ့စဉ်လိုလို ပရိတ်သက်ငါးထောင်က ပုံမှန်ကြည့်နေကြဖြစ်သည်။

နေ့စဉ်နေ့တိုင်းအားပေးသူများကို သူမ မှတ်မိနေသည်။ ထို့ကြောင့် လင်းရှင်းကျန့်က သူမ၏ တင်ဆက်မှုကို နေ့စဉ်မပြတ်အားပေးသော ပရိတ်သက်တစ်ဦးဖြစ်ရမည်။

“ဆုချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး” ကောရှင်းယွီက ကျေးဇူးတင်ကြောင်းကို ထပ်တလဲလဲ ပြောနေမိသည်။

“ဟာ..သူဌေးက ထပ်ပြီး ပေးလိုက်ပြန်ပြီကွာ”

“သူဌေးရေ၊ ကျွန်တော့်မှာလည်း စားဖို့ပိုက်ဆံမရှိတာမို့ မုန့်ဖိုးလေးပေးပါဦး”

“ဒီတင်ဆက်သူက နာမည်ကြီးတော့မယ်ဆိုတာ ရဲရဲကြီး ပြောရဲတယ်”

“ငါလည်း စန္ဒရားတီးတတ်ချင်တယ်။ သီချင်းလည်းဆိုချင် တယ်”

ကောရှင်းယွီသည် စိတ်လှုပ်ရှားမှုတောင် မပျောက်သေးခင်မှာ သူမ၏ ဖန်သားပြင်ထက်မှာမြင်နေရသော မှတ်ချက်တစ်ခု ကြောင့် ပိုမိုပြီး ရင်ခုန်လာတော့သည်။

“မင်းမှာ ဘာကိစ္စတွေရှိနေတယ်ဆိုတာ ငါမသိပေမဲ့ မင်းရဲ့ တင်ဆက်မှုကို ငါကြည့်တာကြာပါပြီ။ မင်းက အရမ်းပျော် တတ်တဲ့ လူတစ်ဦးတော့မဟုတ်ဘူး။ ငါပေးတဲ့ ဆုကြေးက မင်းအတွက် အကူအညီရမယ်လို့ ထင်ပါတယ်။ မင်းရဲ့ သီချင်း ဆိုတဲ့ အရည်အချင်းနဲ့ စန္ဒရားတီးခတ်နိုင်စွမ်းက ဒီ့ထက်ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်”

“သူဌေးက မုန့်ဖိုးပေးတာတင် ရက်ရောတာမဟုတ်။ သူ့ရဲ့ စကားပြောစွမ်းရည်ကလည်း ထိပ်တန်းပါပဲလား။ အမှတ်ပြည့် ပေးလိုက်ပြီကွာ”

“ငါသာသူ့နေရာမှာဆို ချက်ချင်းကြိုက်လိုက်ပြီ”

“အချစ်ရနံ့လေးတွေရနေပြီဟေ့။ စိတ်ကူးယဉ်တာပဲလားတော့ မသိ”

“ငါလည်း ရတယ်။ သိပ်မကြာခင်မှာ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ်လာတော့မယ်”

“အမ်၊ ကျေးဇူးတင်ပါတယ်ရှင့်” မည်သူမှ သူမကို မမြင်ရ သော်လည်း သူမ၏ မျက်ရည်စကိုသုတ်ပြီး စိတ်ခံစားချက်များ ကို ထိန်းကာ မေးသည်။

“သူဌေး နားထောင်ချင်တဲ့ သီချင်းရှိလားရှင့်”

“River Flows in You ဆိုတဲ့သီချင်းကိုနားထောင်ချင်တယ် အဆင်ပြေမလား”

ထိုသီချင်းသည် ဖန့်ကြွယ်ယွီအကြိုက်ဆုံး စန္ဒရားတေး တစ်ပုဒ်ဖြစ်သည်။ သူမ၏ တင်ဆက်မှုမှာ ဖန့်ကြွယ်ယွီ အကြိမ် ပေါင်းများစွာ ထိုသီချင်းကိုနားထောင်ဖူးသည်။

သူမ၏ တီးခတ်မှု နှင့်ကျွမ်းကျင်ပိုင်နိုင်မှုသည် လုံးဝပြီးပြည့်စုံ သော အနေအထားဖြစ်သည်။

“ရတာပေါ့ရှင်” ရှင်းယွီ၏ လက်ချောင်းသွယ်လေးများက စန္ဒရားကိုစတင်တီးခတ်လိုက်သည်။ ထို တေးဂီတ ကို သူမက အကြိမ်ပေါင်းများစွာ တီးခတ်ဖူးသဖြင့် အသာအယာတီးခတ် ပြသနိုင်သည်။

စန္ဒရားသံ လွင့်ပျံလာသောအခါ အားလုံးငြိမ်သက်ကုန်ကြ သည်။

ထိုတေးဂီတ ပြီးဆုံးသောအခါ ဖန့်ကြွယ်ယွီက ပန်ဒါအကောင် ကိုးဆယ့်ကိုးကောင်ကို မဆိုင်းမတွ ဆုချီးမြှင့်လိုက်သည်။

“သူဌေး ကျုပ်တို့ကိုလည်း မုန့်ဖိုးပေးဦးလေ”

“သူဌေးလုက ဘာတွေလုပ်ပြီး ချမ်းသာလဲဆိုတာ ပြောနိုင်တဲ့ လူရှိလား။ သူက ကုမ္ပဏီပိုင်ရှင်လား”

“သူက ချမ်းသာလွန်းအားကြီးပါတယ်။ ဆရာပတ်ကိုလည်း ယွမ်သန်းပေါင်းများစွာဆုချီးမြှင့်ထားတဲ့အပြင် ဒီမှာလည်း နောက်ထပ်ထပ်ပေးပြန်ပြီ။ သူဌေးလုက ဒီနေ့မှာများ အမြင့်ဆုံးဆုချီးမြှင့်တဲ့သူများ ဖြစ်ချင်နေတာလား”

“ဟူး..ခုဆို ယွမ်နှစ်သန်း ထပ်သုံးတဲ့သဘောပေါ့။ ယွမ်ဆယ်သန်းသုံးတယ်ဆိုတာ အရမ်းကို စိတ်ပင်ပန်းစရာပဲ”

ဖန့်ကြွယ်ယွီက ငါးသန်းဖြည့်ပေးပြီးနောက် စနစ်ကသူ့ကို ပန်ဒါတစ်သောင်းပေးပြီးပြီ။ ပြီးတော့ သူက ပန်ဒါနှစ်ထောင်စာ ယွမ်နှစ်သန်းသုံးခဲ့ပြီ။ ယွမ်ဆယ်သန်းမစ်ရှင်က တကယ့်ကို ရှည်လျားလိုက်တာ!

“ရှင်းယွီရေ.. ငါတခြားနေရာတွေကို သွားကြည့်ပြီးတော့ မင်းသီချင်းဆိုတာကို ပြန်ပြီးနားထောင်မယ်” ဖန့်ကြွယ်ယွီက ကောမန့်တစ်ခုကိုချန်ခဲ့သည်။

“ကောင်းပါပြီ။ ဒီည ဆယ်နာရီထိရှိနေပါ့မယ်”

ရှင်းယွီ၏ တင်ဆက်မှုမှ ထွက်လာခဲ့ပြီးနောက် ဖန့်ကြွယ်ယွီက တခြားသော တင်ဆက်မှုများကို လိုက်လံကြည့်ရှုပြီး စိတ်ဝင်စားလျှင် ဝင်စားသလို ပန်ဒါကိုးဆယ့်ကိုးကောင်ကို အနည်းဆုံး ဆုကြေးပေးသည်။

“ဟမ်၊ ဒီဂိမ်းက တကယ့်ကို စိတ်ဝင်စားစရာပဲ”

“တောအုပ်ကြားက သမင်ငယ်လေးက တင်ဆက်သူ ကျမ်းနမ်ကို ပန်ဒါကိုးဆယ့်ကိုးကောင်ချီးမြှင့်ပါတယ်”

“ပလတ်စတစ်ဆာဂျရီလုပ်ထားတာများနေပေမဲ့ သီချင်းဆိုတာကတော့ မဆိုးပါဘူး”

“တောအုပ်ကြားက သမင်ငယ်လေးက သိုးငယ်လေးကို ပန်ဒါကိုးဆယ့်ကိုးကောင် ချီးမြှင့်ပါတယ်”

“သေစမ်း။ ဘယ်လိုမိစ္စာမျိုးလဲ။ ဒီလူက ဆုချီးမြှင့်တာ ရက်ရောလိုက်တာ။ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါ တယ်”

“ဟေ့ .. မိုက်လှချည်လားကွာ။ ဟက်ခံရတာများလား။ ဆုချီးမြှင့်တာမရပ်တော့ဘူး”

ဖန့်ကြွယ်ယွီသည် နေ့လည်ခင်းတစ်ခုလုံးမှာ တိုက်ရိုက် ထုတ်လွှင့်မှုများကို လိုက်လံကြည့်ရှုပြီးနောက် ယွမ်ဆယ်သန်း သုံးရမည့် မစ်ရှင်ကို အောင်မြင်ခဲ့ပြီးဖြစ်သည်။

“တောအုပ်ကြားက သမင်ငယ်လေး” ဟူသော နာမည်သည် သူဌေးလု ဖြစ်ပြီး သုံးနာရီအတွင်း ပိုက်ဆံဆယ်သန်းကို သုံးခဲ့ပြီးဖြစ်သည်။ သူက နာမည်ကြီးလိုစိတ်ဖြင့် ဆုကြေး ပေးတာမဟုတ်ဘဲ သူ၏ စိတ်ကြိုက်ဖြစ်သော တင်ဆက်မှု များကိုသာ ဆုကြေးငွေချီးမြှင့်ခဲ့သော်လည်း ကြည့်ရှုသူ အပေါင်းက “ပိုက်ဆံထားစရာမရှိအောင် ချမ်းသာသူ” ဟု သူ့အား ပြောစမှတ်ပြုကြသည်။

All Chapters