စောင့်ရှောက်သူ
Vol. 1 Ch. 7
“ကြွယ်ယွီ.. ဒီမစ်ရှင်အောင်မြင်ပြီဆိုတော့ ဆုတစ်ဆု ချီးမြှင့် သင့်တာပေါ့၊ ဟုတ်တယ်မလား”
ဖန့်ကြွယ်ယွီသည် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သည့်လိုင်းကို ပိတ်လိုက်ပြီး သူရရှိမည့်ဆုကို တောင့်တနေသည်။
“မစ်ရှင်အဆင့်အောင်မြင်ပြီ။ အဆင့်တစ် ခွင့်ပြုချက်ပေးတဲ့ အဆင့်ကို နှစ်ရာခိုင်နှုန်းအောင်မြင်ပြီ။ စုစုပေါင်းအောင်မြင်မှု ၂%။ အပိုဆုချီးမြှင့်မှု- ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှု နှစ်ဆ တိုးတက်လာပြီ”
သူ့ခန္ဓာကိုယ်ထဲကို လျှပ်စီးကြောင်းစီးဆင်းသွားသလို ခံစား နေရ သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းက ထူးဆန်း လှသောစွမ်းအင်ကြောင့် ပေါက်ကွဲမတတ်ခံစားနေရသည်။ သူ၏ ကြွက်သားများက ပိုမိုကြံ့ခိုင်သန်စွမ်းလာပြီး သူ၏ အရိုးများက ပိုမိုသန်မာလာသည်။
ထို့ပြင် သူ၏ စိတ်လည်း ပိုမိုကြည်လင်လာသကဲ့သို့ ခံစားနေရသည်။
“မိုက်လိုက်တာ” သူ၏ စိတ်ဝိဥာဉ်ကိုပါ သန့်စင်ပေးနိုင်သည့် ခံစားချက်ကို သဘောကျကာ အားပါးတရ အော်မိသည်။
ထိုအဆင့်အစမှ အဆုံးထိ ငါးမိနစ်သာကြာမြင့်သည်။ သူက တခြားခန္ဓာကိုယ်တစ်ခုထဲကို ဝင်လိုက်ရသလိုမျိုး ဖန့်ကြွယ်ယွီ ခံစားနေရသည်။
“လက်ခံသူ၊ မင်းရဲ့ ကြွက်သားကြံ့ခိုင်မှု၊ အရိုးသိပ်သည်းမှု၊ ဦးနှောက်မှတ်ဥာဏ်စွမ်းရည် နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်း လုပ်ဆောင်ချက်တွေက ယခင်အနေအထားထက် နှစ်ဆပိုပြီး တိုးတက်တာပါ”
“အမှန်ပဲ” ခန္ဓာကိုယ်ချင်းတူသော်ငြား ကွဲပြားမှုကိုတော့ ဖန့်ကြွယ်ယွီခံစားမိသည်။
“ခုနက ခံစားမိတဲ့ ပူနွေးနွေးအရာက ဘာများလဲ”
“အဲ့တာက မင်းရဲ့ ဘိုးဘေးတွေက ထုတ်လွှတ်ပေးတဲ့ စွမ်းအင် အပိုတွေပါ။ စနစ်က အဲ့စွမ်းအင်ကိုစုပ်ယူထားတာ။ ဒါကြောင့်မို့ မင်းရဲ့ ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ဖို့ သုံးနိုင် တယ်” ရှောင်းယီက ရှင်းပြသည်။
“ဒီစွမ်းအင်တွေထပ်ပြီးရှိသေးလား”
“ရှိတာပေါ့။ မျိုးဆက်ပေါင်း ၉၉ခုဆီက စုဆောင်းလာခဲ့တဲ့ စွမ်းအင်တွေရှိတာပေါ့။ အဲ့စွမ်းအင်တွေနဲ့ဆို မင်းကို သာမန်လူ အဖြစ်ကနေ အနန္တတန်ခိုးရှင် စူပါလူသားအဖြစ် ပြောင်းလဲ ပေးနိုင်တယ်”
ဖန့်ကြွယ်ယွီ ဘာတွေးနေလဲဆိုတာ ရှောင်းယီသိသည်။
“ဒါပေမဲ့ အဲ့အစွမ်းတွေကို မလိုအပ်ဘဲ အများကြီးမသုံးဖို့ မင်းအဖေမှာခဲ့တာ။ မလိုအပ်ပဲသုံးရင် အနာဂတ်ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေမှာ ဆိုးကျိုးဖြစ်နိုင်တယ်”
“ငါ့အဖေက ဒါကိုလည်း တွေးမိခဲ့တာပဲ” ဖန့်ကြွယ်ယွီ ခုမှပဲနားလည်တော့သည်။
ယခုလိုမျိုး လျင်မြန်စွာတိုးတက်မှုမှာ ကောင်းကျိုးက ရေတိုအနေအထားမှာရှိသည်။ စစ်မှန်သောခွန်အားသည် အများကြီးကျင့်ကြံဖို့ လိုအပ်သည်။
“နေပါဦး ဘာအနံ့ကြီးလဲ” ရုတ်တရက်ဆိုသလို ဆိုးဝါးလှသော အနံ့အသက်က နှာခေါင်းဝထဲတိုးဝင်လာသည်။
“ဒါက မင်းကိုယ်ထဲက အညစ်အကြေးတွေပါ။ မင်းကို အဆင့်မြှင့်တင်ပေးတဲ့အခါမှာ အညစ်အကြေးတွေကိုပါ တစ်ခါထဲ သန့်စင်ပစ်တာ။ ကြည့်ရတာ မင်းအခု ရေချိုးဖို့ လိုအပ်နေပြီ”
“ဟာ။ မင်း အစောကတည်းက ပြောရမှာပေါ့” ဖန့်ကြွယ်ယွီသည် အဝတ်အစားများကို ကမန်းကတန်းချွတ်ရင်း ရေချိုးခန်းထဲကို ပြေးသွားတော့သည်။
အညစ်အကြေးက များပြားသဖြင့် ဖန့်ကြွယ်ယွီက အချိန်အကြာကြီးယူက ပြောင်စင်အောင်တိုက်ချွတ်နေရသည်။ ရေချိုးခန်းကြမ်းပြင်တစ်ခုလုံးလည်း ရွံစရာကောင်းသော အနက်ရောင် အရည်များဖြင့်ပြည့်နေသည်။ ထိုဆိုးဝါးလှသော အနံပျောက်စေရန် ထပ်ခါထပ်ခါ ရေချိုးနေမိသည်။
သူက ရေချိုးခန်းမှန်ပေါ်ရှိ ရေငွေ့များကို သုတ်လိုက်ပြီး မှန်ထဲပြန်ကြည့်မိသောအခါ သူ့ကိုယ်သူ ထူးဆန်းသည်ဟု ခံစားမိသည်။
ယခင်တုန်းက ဖန့်ကြွယ်ယူ၏ ပုံစံသည် သာမန်ရုပ်ရည်ဖြစ်ပြီး အရပ်ကလည်း မနိမ့်မမြင့်ဖြစ်ကာ ပိန်သွယ်သွယ်အနေအထား ဖြစ်သည်။
ယခုအခါ သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်သောအခါ သူ့ဖခင် ဖန့်ဟွိုက်နှင့် အနည်းငယ်တူလာသယောင် ခံစားမိသည်။ သူ၏ အရပ်ကလည်း ငါးစင်တီမီတာခန့်ရှည်လာသဖြင့် ၁.၈ မီတာကျော်ရှိသည်။ သူ၏ ပိန်လှီလှီ ခန္ဓာကိုယ်မှာလည်း ကြွက်သားများဖြင့် ပြည့်လာသည်။
“ဘုရားရေ။ ငါ အိမ်မက်မက်နေတာများလား” ဖန့်ကြွယ်ယွီက သူ့ကိုယ်သူ သေချာကြည့်နေမိသည်။ သူ၏ မျက်နှာက တချို့အစိတ်အပိုင်းများကြောင့်သာ မဟုတ်ပါက သူ့ကိုယ်သူ မမှတ်မိပေ။
“လက်ခံသူကို အင်အားမြှင့်တင်ပေးတုန်းက မျိုးရိုးဗီဇပိုင်းဆိုင်ရာကိုလည်း အဆင့်မြှင့်ပေးခဲ့ပါတယ်”
“ဒါကြောင့်မို့ လက်ခံသူပုံစံက လူသားအားလုံးက စံသတ်မှတ်ထားတဲ့ ရုပ်ရည်သွင်ပြင်မျိုးဖြစ်နေခဲ့တာပါ”
“ငါ့မိဘတွေရော ဒီအဆင့်တွေ ဖြတ်ကျော်ခဲ့တာလား” သူ့မိဘတွေက ဘာကြောင့်အရွယ်တင်ရလဲဟူသော အချက်ကိုခုမှ နားလည်သဘောပေါက်တော့သည်။
“မင်းမိဘတွေက တရားဝင်စွမ်းရည်မြှင့်တင်ခြင်း အဆင့်ကိုဖြတ်ကျော်ခဲ့တာမို့ သူတို့က ပိုပြီး ပြည့်စုံပါတယ်။ သူတို့က အမြဲအရွယ်တင်နေမှာ။ မင်းလည်း သူတို့လိုပဲ ဖြစ်မှာ”
“ကောင်းပြီ။ မင်းက ဖန့်မိသားစုရဲ့ မျိုးဆက်တိုင်းကို မှီခဲ့တာမို့ ငါ့အမေကရောဘယ်လိုလဲ။ စွမ်းရည်မြှင့်တင်ခြင်းအဆင့်ကို တခြားသူတွေကို သင်ပေးလို့ရလား”
“ရတာပေါ့။ ဒါပေမဲ့ လိုအပ်ချက်တစ်ချို့၊ ပြင်ဆင်ရမှာ တချို့တလေတော့ရှိတယ်။ ဒါတွေကို နောက်ပိုင်းကျ မင်းသိလာမှာပါ” ရှောင်းယီက ဖြေသည်။
“ဒါနဲ့ စကားမစပ် မင်းအတွက် အိမ်တော်ထိန်း ခေါ်ထား တယ်။ သူကအပြင်မှာ စောင့်နေတယ်။ မင်း သူနဲ့ တွေ့ချင် လား”
“အိမ်တော်ထိန်း ဟုတ်လား။ ငါတို့မှာ အိမ်တော်ထိန်း ရှိနေပြန်ရတာလား” ဖန့်ကြွယ်ယွီက အံ့အားသင့်ရပြန်သည်။
“ပြောရမယ်ဆို ၉၈ယောက်မြောက်လက်ခံသူ။ တစ်နည်းဆို ရမယ်ဆို မင်းရဲ့အဘိုးက လူတစ်ဦးကို ကူညီဖူးတယ်။ သူတို့ ရည်ရွယ်ချက်က ဖန့်မိသားစုအိမ်တော်ရဲ့ ဝေယျာဝစ္စ တွေကို စီမံပေးဖို့ပါ”
“သူရောက်နေပြီလား”
“ရောက်နေပြီ။ အပေါက်ဝမှာရပ်စောင့်နေတယ်”
“ဒါဆို ငါသူ့ကိုသွားတွေ့သင့်တာပေါ့” ဧည့်သည်က တံခါးဝမှာ ရပ်စောင့်နေရခြင်းသည် မယဉ်ကျေးသောအပြုအမူဖြစ်တာမို့ ဖန့်ကြွယ်ယွီက တံခါးဆီသို့ ခပ်သွက်သွက်လျှောက်သွားသည်။
တံခါးပွင့်သွားပြီးနောက် လူနှစ်ဦးက အပြင်မှာရပ် စောင့်နေ သည်ကို တွေ့လိုက်ရသည်။ တစ်ဦးက အသက်ခြောက်ဆယ် အရွယ်အဘိုးအိုတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ သူနှင့် သက်တူရွယ်တူဖြစ်သည်။
ထိုအဘိုးအိုက ထန်ဝတ်စုံဝတ်ဆင်ထားသည်။ သူ့အသက်အရွယ်နှင့် ဩဇာတိက္ကမကြီးမားသော ပုံစံဖြစ်နေသည်။
ကောင်မလေးက ၁၆၈ စင်တီမီတာအရပ်မြင့်သည်။ သူမ၏ သွယ်လျပြီး ရှည်လျားသော ခြေတံရှည်ကြီးများက ဖန့်ကြွယ်ယွီ ၏ အာရုံကိုဖမ်းစားနေသည်။
ထိုအဘိုးအိုက ဖန့်ကြွယ်ယွီကိုမြင်သောအခါ စိတ်လှုပ်ရှားနေ သည်။
“ထူးဆန်းလိုက်တာ။ သားက သခင်လေး ဖန့် ဟုတ်တယ်မလား”
“ဘယ်လို..သခင်လေး.. သခင်လေးဖန့်” ဖန့်ကြွယ်ယွီက ထိုသို့အခေါ်ခံရခြင်းအပေါ် စိတ်မသက်မသာဖြစ်နေရသည်။ ယနေ့ခေတ်မှာမည်သူမှ ထိုကဲ့သို့ နာမည်မသုံးကြတော့ပေ။
“အဘိုး..ဘယ်သူလဲခင်ဗျာ”
“အိုး ရိုင်းသွားရင်ခွင့်လွှတ်ပါ သခင်လေးဖန့်။ ကျုပ်နာမည်က ကျွမ်းဟန်ကျုံး လို့ခေါ်ပါတယ်။ ဒါက ကျုပ်မြေးမလေး ကျွမ်းရီ ပါ။ မင်းရဲ့ အိမ်လုပ်ငန်းကိစ္စအဝဝကို ကျုပ်တို့ ကျွမ်းမိသားစုက စီမံခန့်ခွဲပေးတာပါ။ ဖန့်မိသားစုဆီက အမွေရတယ်ဆိုတာ သတင်းကြားထားလို့ ဒီအကြောင်းကိုရှင်းပြဖို့ ရောက်လာ တာပါ”
“ဟုတ်ကဲ့ သိပါပြီ ။ အထဲကိုကြွပါခင်ဗျာ။ ဒီလိုမျိုးမတ်တပ်ရပ်နေရတာ ပင်ပန်းမှာပဲ” ဖန့်ကြွယ်ယွီက အိမ်ထဲကိုကြိုဆိုလိုက်သည်။
“သခင်လေးက ရင်းနှီးဖို့ မခဲယဉ်းတဲ့ပုံပဲ” ကျွမ်းရီဆိုသော ကောင်မလေးက ဖန့်ကြွယ်ယွီနှင့်ဆက်ဆံရေး အဆင်မပြေ မှာကိုစိုးရိမ်နေသည်။
“ဆရာ ထိုင်ပါဦးဗျာ။ မနေ့ကမှ ကျွန်တော့်မိဘတွေ ရဲ့ပိုင်ဆိုင် မှုအများကြီးရှိတယ်ဆိုတာ သိလိုက်ရတာ။ တစ်ခုချင်းစီကို သေချာလေးရှင်းပြပေးဖို့လိုတယ်”
“သခင်လေးဖန့် အဆင်ပြေတယ်ဆို ကျုပ်ကို အဘိုးကြီး ကျွမ်း၊ ဦးလေးကျွမ်းလို့ ခေါ်လို့ရပါတယ်”
သူတို့စကားပြောမှသာ ကျွမ်းဟန်ကျုံ က ငယ်စဉ်ကတည်းက သူ၏အဘိုးဖြစ်သူ ဖန်စု ထံမှ အကူအညီများရဖူး ခဲ့သည့် အကြောင်းများကို သိရတော့သည်။ ထိုအချိန်မှစပြီး ဖန်စုက လုပ်ငန်းများကိုသူ့အား စိတ်ချလက်ချ မျက်နှာလွှဲထားသည်။
“ငါလည်း အသက်တွေကြီးလာပြီ။ တစ်ခါတလေကျတော့ မေ့ကုန်ရော။ သခင်လေးက လုပ်ငန်းတွေကို အုပ်ချုပ်ဖို့ဆို ဘေးနားမှာအကူတစ်ယောက် လိုလာလိမ့်မယ်။ ဒါကြောင့်မို့ ကျုပ်မြေးမလေး ကျွမ်းရီကို ဒီကိုခေါ်လာခဲ့တာ”
“ဘာကြီး။ အကူ ဟုတ်လား။ ကျွန်တော်က ခုမှ တက္ကသိုလ် ကျောင်းသားပဲရှိသေးတာ။ ကုမ္ပဏီပိုင်ရှင်မှမဟုတ်တာ။ ကျွန်တော်က ဘာလို့ အကူတစ်ယောက်လိုမှာလဲ”
ထိုမိန်းကလေးက သူ့နောက် တကောက်ကောက်လိုက် နေမည့်အဖြစ် ကို တွေးမိပြီး ဖန့်ကြွယ်ယွီက စိတ်မသက်မသာ ဖြစ်လာသည်။
“ဟား ဟား” ကျွမ်းဟန်ကျုံးက ရယ်လိုက်သည်။
“သခင်လေးဖန့်က ခုလောလောဆယ် အလုပ်မရှိသေးဘူးဆိုပေမဲ့ ငွေကြေးလွှဲပေးတာကိုတော့ တစ်ယောက်ထဲ ဖြေရှင်းနိုင်ဖို့ဆိုတာ အဆင်ပြေပါ့လား”
“ကျွမ်းရီကို အသက်ငယ်တယ်ဆိုပြီး အထင်မသေးပါနဲ့ဗျာ။ အောက်စဖို့ ( Oxford) တက္ကသိုလ်ကနေ စီးပွါးရေးခန့်ခွဲမှုဘာသာကို မဟာဘွဲ့ရပြီးပါပြီ။ နောက်ပိုင်းမှာ သူ့ကိုစိတ်ချလက်ချအပ်လို့ရပါတယ်”
“ကောင်းတာပေါ့” ဖန့်ကြွယ်ယွီက ခေါင်းညိမ့်ပြသည်။ သူ၏ ကြွယ်ဝချမ်းသာမှုနှင့် ပတ်သက်ပြီး ဘာမှ သေချာမသိပေ။ ပိုက်ဆံကုန်လျှင် ဘယ်လိုပိုက်ဆံထုတ်ရမလဲဆိုတာ သူမသိနေပေ။ ကျန်ရှိနေသေးသာ ယွမ်သန်းကိုးဆယ်ဆိုတာ များတယ်ထင်ရသော်ငြား ခဏလေးနှင့် ကုန်ဆုံးနိုင်သည်။
“ကောင်းပြီလေ”
ဖန့်ကြွယ်ယွီက ကျွမ်းရီကို လက်ကမ်းပေးသည်။
“ခုချိန်ကစပြီး ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မင်းကိုပဲအားကိုး ရတော့မယ်”