← Chapters

ရှိုပန်၏ စန္ဒရား နှင့် ပါဂဲ့နီနီ၏ တယော

Vol. 1 Ch. 11

ရှိုပန်၏ စန္ဒရား နှင့် ပါဂဲ့နီနီ၏ တယော

Vol. 1 Ch. 11

“ကျွမ်းရီ..ငါဒီ့ထက်ပိုပြီး နားမထောင်နိုင်တော့ဘူး”

ဤဗီလာ၏ တန်ဖိုးတစ်ခုထဲနဲ့တင် ၂.၈ ဘီလီယံ တန်ကြေး ရှိသည်။ ထိုတန်ဖိုးတစ်ခုထဲနှင့်ပင် သူ့ကို အံ့အားသင့်စေမိ သည်။ သို့သော် နံရံပေါ်ရှိ ပန်းချီကားချပ်များ၏ တန်ကြေးနှင့် ပင် ဒေါ်လာလေးဘီလီယံ တန်သည်။ ထိုတန်ဖိုးတစ်ခုတည်း နှင့်ပင် ဗီလာဆယ်လုံးလောက် ဝယ်လို့ရနေသည်။

“ဒါတွေက ဧည့်ခန်းမထဲမှာ ချိတ်ဆွဲထားတဲ့ သာမန်ပန်းချီကား တွေပါ” တကယ်တော့ ဖန့်ဟွိုက်က ထိုပိုင်ဆိုင်မှုများကို ဖန့်ကြွယ်ယွီနာမည်ဖြင့် လွှဲပြောင်းပေးအပ်တုန်းက ကျွမ်းရီက ထိုအကြောင်းအရာများကို သိထားပြီးဖြစ်သည်။

ဖန့်ကြွယ်ယွီက ဤဗီလာကိုရွေးချယ်မည်ဆိုတာ သူမကြိုတင် ခန့်မှန်းထားမိသဖြင့် ပစ္စည်းများကို လွန်ခဲ့သော တလခန့်က နေရာချထားပြီးဖြစ်သည်။

အမှန်တိုင်းပြောရလျှင် ဤပစ္စည်းများကို သူမစတင်တွေ့ရှိ တုန်းကလည်း အလွန်ထိတ်လန့်မိခဲ့သည်။ သူမက ပစ္စည်းများ ကို ပိုမိုပြီး လွှဲပြောင်းရယူလေလေ တဖြည်းဖြည်းနဲ့ ကျင့်သား ရလေလေဖြစ်သည်။

ဖန့်ကြွယ်ယွီက ဧည့်ခန်းမထဲကိုဝင်လာသည်။ ထိုအခန်းသည် ကျယ်ပြန့်ပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ အမွှေးကို ကောဇောအဖြစ်ခင်းထားသည်။ ကော်ဖီစားပွဲများ၊ သားရေ အစစ်ဖြင့်ချုပ်ထားသော ဆိုဖာများက အဖိုးတန်ရုံသာမက ခမ်းနားလှသော စန္ဒရားတစ်လုံးက ဘေးနားမှာရှိနေသည်။

သူသည် ကလေးဘဝတည်းက စန္ဒရားနှင့် တယောတီးခတ် ခြင်းကို လေ့လာသင်ယူခဲ့သည်။ အစက သူ၏ မိဘများက အတင်းအကြပ်သင်ခိုင်းသောကြောင့်ဖြစ်သည်။

နောက်ပိုင်းမှာတော့ သူသည် တဖြည်းဖြည်းချင်း စိတ်ဝင်စား လာခဲ့သည်။ ဘယ်နေရာပဲရောက်ရောက် စန္ဒရားမြင်သည်နှင့် တီးခတ်နေကြဖြစ်သည်။

ဖန့်ကြွယ်ယွီက စန္ဒရားဆီကိုလျှောက်လှမ်းလာသည်။ ထိုစန္ဒရားသည် ရွှေအိုရောင်ရှိပြီး အချိန်အကြာကြီးသိမ်းဆည်း ထားခဲ့သည့် အမှတ်အသားများက စန္ဒရားပေါ်တွင် အတိုင်းသားပေါ်နေသည်။

စန္ဒရားပေါ်မှာရေးသားထားသော စာကိုကြည့်ပြီး ပလေယဲလ် တံဆိပ် ပြစ်သစ်ကုမ္ပဏီထုတ် စန္ဒရားဆိုတာ သိလိုက်ရသည်။

“ဒင်း!”

သူ၏ အတွေ့အကြုံအရ ထွက်ပေါ်လာသောအသံကို နားထောင်ကြည့်ရုံဖြင့် ထိုစန္ဒရားသည် ဆယ်စုနှစ်ပေါင်း များစွာကြာမြင့်နေသော ရှေးဟောင်းပစ္စည်းတစ်မျိုးဆိုတာ သိလိုက်ရသည်။

စန္ဒရား၏ ဘေးနားမှာ တရုတ်စာဖြင့်ရေးသားထားသော စာကြောင်းတစ်ကြောင်းရှိနေသည်။ ထိုလက်ရေးကိုကြည့်ပြီး ဖန့်ကြွယ်ယွီဖတ်လိုက်မိသည်။

“ငါ့ရဲ့ ဂီတပညာရှင် သူငယ်ချင်း- Friedrich Francois Chopin”

“ဒါက ရှိုပန် ( Chopin) ရဲ့ စန္ဒရားလို့ ပြောမှာတော့ မဟုတ်ပါဘူး။ ဟုတ်တယ်မလား အမရီ”

ဖန့်ကြွယ်ယွီသည် တစုံတရာဖျက်စီးမိမည်ကို စိုးရိမ်သဖြင့် စန္ဒရားခလုတ်ပေါ်မှ သူ၏လက်ချောင်းများကို ရုပ်သိမ်း လိုက်သည်။

“ဟုတ်ပါတယ် ဒီစန္ဒရားက နှစ်ပေါင်း ၁၈၀ ကြာမြင့်ပြီဖြစ်တဲ့ ပလေယဲလ်တံဆိပ် စန္ဒရားပါ။ ဒါက ရှိုပန်ရဲ့အကြိုက်ဆုံး ဆိုလည်း ဟုတ်တယ်။ ဒါက သခင်လေးဘိုးဘေးတွေရဲ့ မိတ်ဆွေအပေါင်းအသင်းတွေပေးခဲ့တဲ့ လက်ဆောင်တွေထဲက တစ်ခုပေါ့”

“ဒါဆို ရှိုပန်ရဲ့ သူငယ်ချင်းကရော ငါ့ရဲ့ဘိုးဘေးပဲလား”

“သခင်လေးဘယ်လိုထင်လဲ”

“အိုး၊ ခဏ ဒါလေးလည်းရှိသေးတယ်”

ပြောရင်းဆိုရင်းနှင့် အနီးအနားရှိဗီရိုထဲမှ အညိုဖျော့ဖျော့ တယောတလက် ထည့်သိမ်းထားသော သေတ္တာတစ်လုံးကို ထုတ်လာသည်။

“ဒီတယောကရော ဘယ်သူ့ပစ္စည်းလဲဆိုပြီး သခင်လေးမေးမှာ ကြိုသိနေလို့ ထုတ်ထားတာ”

“ဒီတယောကတော့ ဂွါနဲရီ ( Guarneri) က ၁၇၃၄ခုနှစ်မှာ ထုတ်ခဲ့တဲ့ “ II Cannone” ဆိုတဲ့တယောပေါ့။ နောက်ပိုင်း မှာတော့ သူ့ကို “ the Cannon”လို့ပဲ သိကြတာ”

“ဒါကရော ပါဂဲ့နီနီ( Paganini) သုံးခဲ့တဲ့ပစ္စည်းပဲလား” သူကကြိုတင်တွေးထားသော်ငြား ဖန့်ကြွယ်ယွီ ထိတ်လန့်နေ မိသည်။

အကျော်ကြားဆုံး တယောပညာရှင် ပါဂဲ့နီနီကို မည်သူမှ မယှဉ်နိုင်ပေ။ တယောပညာရှင်များအဖို့ သူ၏တယောကို တီးခွင့်ရခြင်းသည် ဘဝတစ်သက်တာအတွက် ဂုဏ်ယူစရာ အဖြစ်ကျန်ရှိခဲ့မည့် အရာဖြစ်သည်။

ရှိုပန်၏ စန္ဒရားကဲ့သို့ပင် ပါဂဲ့နီနီ၏ တယောသည်လည်း သူ့ပစ္စည်းများထဲမှ တစ်ခုဖြစ်လာမည်ဟု မတွေးထားဖူးပေ။

“ဒီတယောကတော့ ကျွန်တော့်ဘိုးဘေးတွေကိုလက်ဆောင် ပေးခဲ့တာမဟုတ်ဘူးမလား”

ထိုတယောသည် ပါဂဲ့နီနီ၏ ဖျော်ပြေပွဲကိုတက်ရောက်ခဲ့သော လူချမ်းသာကုန်သည်တစ်ဦး၏ တယောဖြစ်သည်ဆိုတာ သူသေချာမှတ်မိနေသည်။

“မဟုတ်ပါဘူး။ မစ္စတာ ဖန့်ဟွိုက်က လွန်ခဲ့တဲ့ ၁၇ နှစ်ခန့်က ဒီတယောကိုပြန်ဝယ်ထားတာပါ”

“လွန်ခဲ့တဲ့ ၁၇နှစ်”

အဲ့အချိန်က ငါတယောစသင်နေတဲ့အချိန်ပါလား!

အဖေက သူတတ်နိုင်သမျှဖြည့်ဆည်းဖို့ ကြိုးပမ်းခဲ့တာပဲ။

ထိုအကြောင်းကိုပြန်စဉ်းစားမိပြီး ဖန့်ကြွယ်ယွီသည် ဝမ်းနည်းဝမ်းသာဖြစ်လာသည်။

“ဟုတ်ပါတယ်။နာမည်ကြီး တယောနှစ်လက်လည်း ရှိသေး တယ်။ ခရေစလာ (Kreisler) နဲ့ ဟိုင်းဖေ့စ် (Heifetz) တို့ အသုံးပြုခဲ့တဲ့တယောနှစ်လက်ပေါ့။ သူတို့ကိုသေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ တယောနှစ်လက်ကို လိုအပ်တာတွေပြင်နိုင်ဖို့ မူလဖန်တီးသူတွေရဲ့ မျိုးဆက်တွေ ကိုလည်း တွေ့ထားတယ်။ သေချာစိစစ်ပြီး စိတ်ချရတဲ့ အရည်အသွေးရပြီဆိုမှ သုံးတာပိုကောင်းတယ်”

ဖန့်ကြွယ်ယွီသည် ပါဂဲ့နီနီ၏ တယောကိုထုတ်ပြီး ပါဂဲ့နီနီ၏ လက်ရာတေးသွားတစ်ပုဒ်ကို တီးခတ်သည်။ နှစ်ပေါင်းနှစ်ရာ သက်တမ်းရှိပြီဆိုသော်ငြား တယောသံထွက်လာသည်နှင့် သူ၏ စိတ်ဝိဥာဉ်တစ်ခုလုံး စီးမျောသွားတော့သည်။

သူ၏ အရည်အချင်းနှင့် ထိုနာမည်ကြီးပုဂ္ဂိုလ်များကို လုံးဝမယှဉ်နိုင်ပေ။ သို့သော် ဖန့်ကြွယ်ယွီသည် တယောကို ပိုင်နိုင်စွာတီးခတ်နေပုံက သူမ၏ ရှေ့မှာ ပါဂဲ့နီနီကိုယ်တိုင် ဖျော်ဖြေနေသလို ခံစားနေရသည်။

တယောသံအဆုံးသတ်တွင် ဖန့်ကြွယ်ယွီ၏ လက်များက တုန်ယီနေသည်။ တယောက တန်ဖိုးကြီးလှသဖြင့် တီးခတ် ပြီးပြီးချင်း တယောကို အိတ်ထဲသေချာပြန်ထည့်သည်။ တယောကို မတော်တဆထိခိုက်စေပါက ရှေးဟောင်း ယဉ်ကျေးမှု လက်ရာတစ်ခုပျက်စီးဆုံးရှုံးသကဲ့ပင် ဖြစ်သည်။

“စာကြည့်ခန်းထဲကိုရော ကြည့်ချင်သေးလား။ အဲ့မှာလည်း ပစ္စည်းတွေ အများကြီးပဲ” ကျွမ်းရီက ပြုံးပြသည်။

“နာမည်ကြီး ရှေးဟောင်းလက်ရာများစွာနဲ့ ရှားပါးစာအုပ် တွေများစွာလည်းရှိတယ်”

“နောက်မှကိုယ့်ဘာသာကိုယ်တစ်ယောက်ထဲကြည့်တော့မယ်။ မဟုတ်ရင် ပစ္စည်းတန်ဖိုးတွေကြားပြီး မူးလဲမိလိမ့်မယ်”

“ဒါနဲ့ အမရီ ကိုးနာရီထိုးတော့မယ်။ ဒီည ဘယ်မှာအိပ်မယ် စိတ်ကူးထားလဲ”

“အိုး စိတ်မပူပါနဲ့။ ဒီနားပတ်လည်က ဝယ်ထားတဲ့ဗီလာ အလုံး နှစ်ဆယ်ရှိပါတယ်။ ဒီညကတော့ အဲ့ထဲက တစ်နေရာမှာ နေမှာပါ။ တစ်ခုခုလိုအပ်တာရှိရင် အချိန်မရွေးပြောပါ”

ဖန့်ကြွယ်ယွီက တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့်

“အဲ့ ဗီလာတွေကရော ကျွန်တော့်ပိုင်တာပဲလား”ဟုမေးသည်။

“ဟုတ်ပါတယ်။ စျေးအသင့်အတင့်ရှိတဲ ဗီလာအလုံးနှစ်ဆယ် ပေါ့။ အများစုကတော့ လူနေနေကြပါပြီ။ လွတ်နေတဲ့ သုံးလုံးတော့ရှိသေးတယ်။ တစ်ခုခုလိုအပ်တာရှိရင် ပြောပါ”

“ဗီလာအများစုက လူတွေ ဝင်နေကြပြီးဆိုတော့ ငှါးလိုက်တာလား”

“မဟုတ်ပါဘူး။ သခင်လေးလိုအပ်တာခိုင်းလို့ရအောင် အဖွဲ့တွေငှါးပြီး အဲ့ ဗီလာတွေမှာထားတာပါ။ အဖွဲ့ထဲမှာဆို သန့်ရှင်းရေး၊ ထမင်းချက်၊ ကားသမား၊ ဆရာဝန်တွေပါတယ်။ အားလုံးပေါင်းဆို လူ ၂၀၀ လောက်ရှိမယ်”

“ဟွတ်ဟွတ်ဟွတ်” ဖန့်ကြွယ်ယွီတစ်ယောက် အံ့အားသင့်ရ ပြန်သည်။

“စကားမစပ် တစ်ခုခုစားချင်တာရှိရင် စားဖိုမှူးကိုအကုန် ချက်ခိုင်းလို့ရပါတယ်။ သူတို့နံပါတ်တွေက ဗီလာလမ်းညွှန်မှာ အကုန်ပါပါတယ်။ သူတို့က ဟင်းပွဲမျိုးစုံပြင်နိုင်ပါတယ်။ အနောက်တိုင်းစာလား။ ဂျပန်အစားအစာလား အကုန်ရတယ်။ စားချင်တာရှိရင် သူတို့ကိုပြောလိုက်ရုံပါပဲ။ သခင်လေးအတွက် အတော်ဆုံးစာဖိုမှူးတွေကို ရွေးခန့်ထားတာပါ။”

“ဟုတ်ပါပြီဗျာ” သူက ကျွမ်းရီနှင့် စကားဆက်ပြောလျှင် ယုံဖို့ခဲယဉ်းသည့်အကြောင်းအရာများ ဆက်ကြားရမည်ဟု ခံစားနေမိသည်။

“အာ့ဆို ကျွန်မသွားပြီ။ စောစောနားပါ သခင်လေး။ မနက်စာကို တစ်ယောက်ယောက်က လာစီစဉ်ပေးပါလိမ့်မယ်။ ကျွန်မလည်း ဒီနေ့ကစပြီး ဒီနေရာမှာ ရေရှည်နေတော့မှာမို့ တစ်ခုခုလိုအပ်ခဲ့လျှင် ကျွန်မဆီတိုက်ရိုက်ဆက်သွယ်ပါ” ဟု ဆိုရင်း ကျွမ်းရီက ထွက်သွားသည်။

“ဖြူး”

ဖန့်ကြွယ်ယွီက ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်လှဲချသည်။ သူ့ဘဝတစ်လျှောက်လုံးမှာ ယနေ့လောက် တခါမှအံ့ဩတကြီး မဖြစ်ဖူးပေ။”ဖျောင်း” အဖြစ်အပျက်များကို မယုံနိုင်သဖြင့် ပါးပေါ်တွင် လက်ဝါးရာထင်သည်အထိ သူ့ပါးကို ချမိသည်။

“အား”

“ဒါအိပ်မက်မဟုတ်ဘူးဆိုတာ သေချာသွားပြီ”

All Chapters