← Chapters

ရန်သူချင်း မျက်နှာချင်းဆိုင်တွေ့ခြင်း

Vol. 1 Ch. 13

ရန်သူချင်း မျက်နှာချင်းဆိုင်တွေ့ခြင်း

Vol. 1 Ch. 13

“ဟာ။ မနက်တောင်ရောက်သွားပေါ့” ဖန့်ကြွယ်ယွီက အိပ်နေရာမှ နိုးလာပြီး အချိန်ကိုကြည့်သောအခါ မနက်ဆယ်နာရီရှိနေပြီဖြစ်သည်။

သူက ခဏတာတွေးလိုက်ပြီးနောက် “ဒီနေ့နေ့လည်စာ ငါဘာစားရင်ကောင်းမလဲ”ဟု တွေးသည်။

မနေ့ညက ညဉ့်နက်သန်းခေါင် စားဖူးသည့် ခေါက်ဆွဲပြုတ်ပုံစံကိုကြည့်ပြီး စားဖိုမှူးများ၏ ပုံစံကို ခန့်မှန်းမိသည်။ သူက ဘာပဲစားချင်ချင် ထိုစားဖိုမှူးများက ထူးကဲကောင်းမွန်အောင် ဖန်တီးပြင်ဆင်ကြတော့မည်။

“ဦးလေး ဝူ၊ ဒီနေ့နေ့လည်စာ အဆင်ပြေသလိုပဲ စားလိုက်တော့မယ်။ ခင်ဗျားတို့ အလျင်စလိုပြင်ပေးဖို့ မလိုတော့ဘူး။”

ဦးလေးဝူသည် စားဖိုမှူးခေါင်းဆောင်ဖြစ်သည်။

“ကျွန်တော်တစ်ခုခုစားချင်တယ်ဆို ကြိုပြောပါ့မယ်”

“ကောင်းပါပြီ။ ဘာပဲစားချင်ချင် ကျွန်တော့်ကိုပြောပါ”

“အိုး။ သွားပါပြီ။ အိပ်ပျော်နေတာနဲ့ အရေးကြီးတာလုပ်ဖို့ မေ့နေပြီ” သူက မနေ့တုန်းက ဝီချက် ( WeChat)မှာ ရှင်းယွီကို ထည့်ထားခဲ့သည်။ ရှင်းယွီက သူ၏ သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှုကို လက်ခံလားဆိုတာ မသိရသေးပေ။

သူက ဖုန်းကို အလျင်စလိုထုတ်သည်။ သူ၏ သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှုကိုရှင်းယွီက လက်ခံသော်ငြား ရှင်းယွီက မည်သည့် စာတစ်စောင်မှ သူ့ကိုမပို့ထားပေ။

“တောင်းပန်ပါတယ်။ မနေ့ညကမှ ငါ အိမ်ပြောင်းလာတာ။ အိမ်ပြောင်းတဲ့ကိစ္စတွေနဲ့ အလုပ်များနေတာနဲ့ပဲ မင်းသီချင်းဆိုတာကို နားထောင်ရင်း အိပ်ပျော်သွားတာ။ မင်းကို နှုတ်တောင်မဆက်လိုက်ရဘူး” ဖန့်ကြွယ်ယွီက စာတစ်စောင် အရင်ပို့သည်။

“ဟား။ ရပါတယ်ရှင် ရှင်တို့လို လူချမ်းသာတွေက အလုပ်များတယ်ဆိုတာ အားလုံးသိကြပါတယ်”

“ဒါနဲ့ သူဌေးလေးက ဘယ်ကိုအိမ်ပြောင်းတာလဲ”

“ကျွန်တော်က ကျန်းနန်မြို့ကိုပြောင်းလာခဲ့တာပါ။ ကျောင်းကလည်း ဒီနားမှာဆိုတော့ ကျန်းနန်မြို့ထဲမှာပဲ အခြေချလိုက်တာပါ”

“ကျောင်း!! ဟုတ်လား။ ဒါဆို ရှင်က ကျောင်းသားပဲရှိသေးတာပေါ့။ ကျွန်မက ရှင့်ကို သက်လတ်ပိုင်း အသက်လေးဆယ်ငါးဆယ်အရွယ် ယောကျာ်းလေးလို့ထင်နေတာ”

“ဟား။ ကျွန်တော့်အသက် အခုမှ ၂၀ပဲရှိပါသေးတယ်ဗျာ။ ကျွန်တော်က ခုနွေရာသီကျောင်းပိတ်ရက်ပြီးရင် ကျန်းနန်တက္ကသိုလ်မှာ စီနီယာတန်းတက်တော့မှာပါ”

“ဟယ် တိုက်ဆိုင်လိုက်တာ။ ကျွန်မကလည်း ကျန်းနန်မြို့ထဲက တက္ကသိုလ်မှာ တက်နေတာ။ ဒါပေမဲ့ ကျန်းနန်ဂီတကောလိပ်ပေါ့။ ရှင်နဲ့ ကျောင်းတော့မတူပါဘူး”

တကယ်တော့ ကျန်းနန်တက္ကသိုလ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ အဆင့်သုံးရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ သို့သော် ကျန်းနန်ဂီတကောလိပ်သည် အထူးဂီတအကယ်ဒမီ နှင့် မော့တူဂီတကောလိပ်နောက်မှနေပြီး ဒုတိယနေရာကလိုက်သည်။

“လူတွေက ရှင်ဘယ်သူများဖြစ်နေမလဲဆိုပြီး ခန့်မှန်းနေကြတာ။ တချို့ကျတော့လည်း ရှင်က ပိုက်ဆံချမ်းသာပြီး ပညာမတတ်တဲ့ အမွေဆက်ခံသူလို့လည်း ထင်ကြတယ်။ တချို့ကြတော့လည်း ကုမ္ပဏီပိုင်ရှင်အကြီးစားလို့ ထင်ကြတယ်။ ခုကျတော့ ရှင်ကကျောင်းသားဖြစ်နေတာကိုး”

“ဒါက လူတွေက စိတ်မှန်းနဲ့ ဝိုင်းပြီး ထင်ကြေးပေးနေကြတာပါ” ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။

ဘာလို့ ချမ်းသာသည့်အသိုင်းအဝိုင်း၏ ဒုတိယမြောက်မျိုးဆက်က ဘာလို့များ ပညာမတတ်သည့်လူ ဖြစ်ရမည်နည်း။ သူသည် စိတ်ဓာတ်ပိုင်း၊ ဥာဏ်ပညာပိုင်း၊ ရုပ်ရည်သွင်ပြင်နှင့် ကျန်းမာကြံ့ခိုင်မှု အစစအရာရာမှာ ထူးချွန်သူတစ်ဦးဖြစ်သည်။

“ဒါပေမဲ့ သူဌေးလေးရဲ့ မိသားစုတွေကတော့ စီးပွါးရေးလုပ်ငန်းလုပ်ကြတယ်မလား။” တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုများအပေါ် အနုပညာချစ်စိတ်နှင့် အားပေးနေသည့် သူ့ပုံစံကိုကြည့်ပြီး ကောရှင်းယွီက ကောက်ချက်ချသည်။

“အင်း ဆိုပါတော့။ စကားမစပ် ကျွန်တော့်ကို သူဌေးလေးလို့ ခေါ်တာရပ်ပါတော့။ ကျွန်တော့်နာမည် ဖန့်ကြွယ်ယွီ လို့ခေါ်ပါတယ်။ ခုကစပြီး ရှေ့လျှောက် နာမည်ကိုပဲ ခေါ်ပါဗျာ”

“ဒါဆိုရှင်လည်း ကျွန်မကိုရှင်းယွီလို့ မခေါ်ပါနဲ့တော့။ ကျွန်မနာမည် ကောရှင်းယွီပါ။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မမိသားစုက တကယ့်ကို ပိုက်ဆံလိုအပ်နေတာပါ။ လိုအပ်နေတဲ့ အချိန်မှာ အချိန်ကိုက်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။ ဖြစ်နိုင်မယ်ဆို နေ့လည်စာလိုက်ကျွေးချင်တာပါ။ ဒါပေမဲ့ လိုက်ကျွေးမယ့်ဆိုင်က အရမ်းမခမ်းနားလျှင်တော့ ခွင့်လွှတ်ပေးပါ”

“ဟား။ မဖြစ်ပါဘူးဗျာ။ ခင်ဗျားက စျေးကြီးတဲ့ဆိုင်ကိုရွေးလျှင်တောင်မှ ကျွန်တော်နေရခက်နေဦးမှာ” “မင်းကိုပြောရင်တော့ ယုံမလားတော့မသိ။ ကျွန်တော့်ကိုယ်ကျွန်တော် ချမ်းသာတယ်ဆိုတာ မနေ့တစ်နေ့ကမှ သိတာ”

ကောရှင်းယွီ၏ သူ၏ စကားကို မယုံသည့် အီမိုဂျီ ( emoji) ပို့သည်။

“လိုင်းပေါ်မှာ တွေ့နေရသလိုမျိုး ရှင့်မိဘတွေက ရှင်ကဘီလီယံနာဆိုတာ ရုတ်တရပ် ပြောသလိုမျိုးလား”

သူမပြောသလိုမျိုး တကယ့်လက်တွေ့ဘဝမှာ သူကြုံတွေ့ခဲ့ရသည်ကို ကောရှင်းယွီမသိနေပေ။ သူမိဘတွေက ဘီလီယံနာများ ဖြစ်ရုံသာမဘဲ စကြာဝဠာထဲကို ရုတ်တရက်ပျောက်ကွယ်သွားကြသည်။

သူတို့နှစ်ဦးလည်း စကားစမြည်ပြောကြပြီးနောက် ခဏအကြာတွင် နှုတ်ဆက်စကားဆိုကြသည်။

ယနေ့မှာ ဖန့်ကြွယ်ယွီပြုလုပ်ရမည့် အရေးကြီးကိစ္စတစ်ခုရှိသည်။ သူ့လက်ရှိအဝတ်အစားအားလုံးပေါင်းကြည့်သောအခါ ယွမ်တစ်ထောင်ပင်မပြည့်ပေ။ ထို့ကြောင့် သင့်တော်လိုက်ဖက်မည့် အဝတ်အစားများကိုဝယ်ရမည်ဟု ကျွမ်းရီက စာတစ်စောင်ပို့ထားသည်။

အစကတော့ သူသည် စျေးဝယ်စင်တာသွားပြီး လိုအပ်တာများကို ဝယ်ယူမည်ဟု တွေးထားဖူးသည်။ သို့သော် သူ့အတွက်သီးသန့်အဝတ်အစားများချုပ်လုပ်ပေးသော ကိုယ်ပိုင်စက်ရုံရှိသည်ဟု ကျွမ်းရီက ဆိုသည်။ သူ၏ကိုယ်တိုင်းကိုတိုင်းတာရန် နေ့လည်ဘက်ရောက်မည်ဟု ဆိုသည်။

“အရင်ဆုံးနေ့လည်စာသွားစားရမယ်” ဖန့်ကြွယ်ယွီက တီရှပ်နှင့် ဘောင်းဘီတိုဝတ်ပြီး ကားသော့ယူကာ အိမ်မှထွက်ခဲ့သည်။

ကျောင်းအနီးအနားမှာ စားသောက်ဆိုင်ကောင်းကောင်းရှိသည်။ တချို့ဆိုင်တွေက စျေးကြီးသဖြင့် ဟိုးယခင်တုန်းက သွားဖို့ တွန့်ဆုတ်နေခဲ့ရသည်။ သို့သော် ယခုတော့ ထိုကဲ့သို့ ဖြစ်စရာမလိုတော့ပေ။

အိမ်ယာဝင်းထဲမှာ မောင်းထွက်လာပြီး လမ်းမကြီးပေါ်ရောက်လာပြီး ခဏအကြာမှာ တက္ကသိုလ်ဂိတ်တံခါးရှေ့ ရောက်လာသည်။ နွေရာသီ ကျောင်းပိတ်သည့်ကာလဖြစ်သဖြင့် ကျောင်းသားအနည်းငယ်သာရှိသည်။

ကံကောင်းစွာဖြင့် သူ၏ ကားရပ်နားရန် ကားပါကင်နေရာကို ရှာတွေ့ခဲ့သည်။ သူက ကားပေါ်က ဆင်းဆင်းချင်း ရင်းနှီးနေသော အသံက သူ့ကို လှမ်းခေါ်သံကြားရသည်။

“သူငယ်ချင်းဖန့်” ဝဖိုင့်ဖိုင့်လူငယ်တစ်ဦးက သူ့ကို လှမ်းခေါ်သည်။ ထိုသူမှာ သူ၏ အခန်းဖော်ဖြစ်သူ ချမ်ခိုင်ဖြစ်သည်။

“ဟာကွာ။ တကယ့်ကိုမင်းပဲ။ အရပ်တွေတောင်ရှည်လာသလိုပဲ ငါ့ကောင်။ ပြီးတော့ တစ်ခုခုလည်း ထူးခြားသွားသလိုပဲ။ ပလတ်စတစ်ဆာဂျရီများလုပ်လိုက်လေရော့”

“ဟာ ပေါက်ကရတွေပါကွာ။ ငါက ကြီးထွားနေဆဲ ဆိုတာ မင်းမသိဘူးဟုတ်” သူ၏ ရုပ်ရည်သွင်ပြင်က အနည်းငယ်ပြောင်းလဲသွားသည်ဆိုတာ ဖန့်ကြွယ်ယွီသိသော်ငြား သူက စနောက်လိုက်သည်။

“ဟမ်။ မင်း ဘာလို့ အိမ်မပြန်တာလဲ”

“ငါ့အဖေ အမေက ဘွဲ့လွန်တက်စေချင်တာ။ ငါသာ အိမ်မှာနေမယ်ဆို စာလုပ်ဖြစ်မှာမဟုတ်လို့ စာကြည့်တိုက်မှာနေပြီး စာလုပ်တာ ပိုကောင်းလို့လေ”

“မင်းကရော ။ ငါက မင်းကို အိမ်ပြန်သွားတယ်ထင်နေတာ။ မင်းဘာလို့ပြန်လာတာလဲ”

“အာ။ ငါ ကျန်းနန်မြို့ထဲကို အိမ်ပြောင်းလာခဲ့တာ” ဖန့်ကြွယ်ယွီ ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။

“ဝိုး မင်းက လျှိုထားတာပဲ။ ကျန်းနန်မြို့က အိမ်စျေးတွေက လွန်ခဲ့တဲ့နှစ်တွေထဲက သုံးဆတက်သွားတာ။ မင်းမိသားစုက ဒါတောင် အိမ်ဝယ်နိုင်သေးတာ။ မိုက်တာကွာ” ချမ်ခိုင်က အားကျမှုအပြည့်နှင့် ပြောသည်။

ကျန်းနန်တက္ကသိုလ်ဘေးရှိ အိမ်ခြံမြေစျေးသည် ခြောက်သောင်းအထက်မှာ ပျမ်းမျှရှိတာမို့ သာမန်လူများအတွက် တစ်သက်လုံးရှာဖွေမှ ရမည့်ပိုက်ဆံပမာဏဖြစ်သည်။

“ဟား။ ဟား။ မင်းကိုပြောရဦးမယ်။ ဟိုးတစ်နေ့ကမှ ငါက ချမ်းသာတဲ့အသိုင်းအဝိုင်းကဆိုဆာ ပြောပြခဲ့တာ”

“ဟုတ်ပြီ။ ငါယုံတယ်။ စာလုပ်ရလို့ ပင်ပန်းနေတဲ့ငါ့ကို မင်းနေ့လည်စာကျွေးသင့်တယ်”

“Bartoloမှာ စားမယ်ဆိုရင်ရော”

“ဟာ တကယ်လား” ဘာတိုလို ( Bartolo) စပိန်ရိုးရာအစားအစာသည် လူတစ်ဦးစာအတွက် ၃၀၀ ကျော်ကုန်သည်။ ပိုမိုကောင်းမွန်သော ဟင်းပွဲအတွက်ဆို လူတစ်ဦးလျှင် ၅၀၀ ကုန်ကျမည်။ ထိုပမာဏသည် ကျောင်းသားများအဖို့များလွန်းသည်။

“ထားလိုက်ပါ။ ငါတို့ အခန်းဖော်ဖြစ်တာ သုံးနှစ်ရှိပြီမို့ မင်းကို ဆိုင်ကောင်းကောင်းမှာပဲ ကျွေးချင်တာ”

“ဟာ။ ဒီကောင့်မိသားစုက တကယ်ချမ်းသာတာလား” ချမ်ခိုင်က သူ့နောက်မှ လိုက်သည်။ ဖန့်ကြွယ်ယွီအကြောင်း ကောင်းမွန်စွာနားလည်တာမို့ သူက မချမ်းသာဘဲနှင့် ဟန်ဆောင်မည့်သူ မဟုတ်ပေ။ စတော့ရှယ်ယာကစားပြီး ချမ်းသာလာခဲ့တာလား။

သူတို့ နှစ်ဦးက စားသောက်ဆိုင်ဆီသို့ လျှောက်လာချိန် လူနှစ်ဦးက သူတို့ဆီ လမ်းလျှောက်လာသည်ကို တွေ့ရသည်။ တစ်ဦးမှာ သူ့ရည်းစားဟောင်း ကျန်းယွမ်ဖြစ်ပြီး သူမလက်ချင်းချိတ်ပြီး လမ်းလျှောက်လာသူမှာ သူမ၏ရည်းစားအသစ် ဝမ့်ရွှမ်ဖြစ်သည်။

“ဟားဟား” ချမ်ခိုင်က ရယ်သည်။

“ရန်သူချင်း မျက်နှာချင်းဆိုင်တွေ့ရတယ်လို့ကွာ”

All Chapters