← Chapters

မင်းအကြိုက်က မဟုတ်သေးပါဘူးကွာ။

Vol. 1 Ch. 14

မင်းအကြိုက်က မဟုတ်သေးပါဘူးကွာ။

Vol. 1 Ch. 14

ဖန့်ကြွယ်ယွီသည် ကျန်းယွမ်ကို အမှန်တကယ်ချစ်မြတ်နိုးခဲ့တာကို ချမ်ခိုင်အသိဆုံးဖြစ်သည်။ ဖန့်ကြွယ်ယွီက ကျောင်းတစ်ဖက်နှင့် အားလပ်ချိန်တွင် အချိန်ပိုင်းအလုပ်လုပ်ကာ ပိုက်ဆံရှာသည်။ သူရှာသမျှ ပိုက်ဆံကို ကျန်းယွမ်အတွက် သုံးပစ်သည်။

အပတ်တိုင်းလိုလို ကျန်းယွမ်အတွက် ရေမွှေး၊ နှုတ်ခမ်းနီ၊ ပွဲကြည့်လက်မှတ် စသဖြင့် အမှတ်လက်ဆောင်များ ပေးသည်။ သူမကို ကျောင်းသွားကျောင်းပြန်လိုက်ပို့ရန် လျှပ်စစ်ဆိုင်ကယ်တစ်စီးကိုတောင် ဝယ်ထားသည်။ ထိုပမာဏသည် သာမန်မိသားစုမှ ပေါက်ဖွားလာသော ကလေးတစ်ဦးအတွက် များသည်ဟုဆိုရမည်။

အဖြစ်အပျက်များက ရုတ်ချည်းပြောင်းလဲသွားမှုအပေါ် ချမ်ခိုင်က ဖန့်ကြွယ်ယွီထက် ပိုအံ့ဩရသည်။ သူတို့နီးကပ်လာသောအခါ ကျန်းယွမ် နှင့် ဖန့်ကြွယ်ယွီတို့ အကြည့်ချင်းဆုံကြသည်။

“သူက ဘာလို့ ဒီလောက်ပြောင်းလဲသွားရတာပါလိမ့်” သူမနှင့် နှစ်နှစ်တာလက်တွဲလာသူမို့ မည်သည့်အရာများပြောင်းလဲသွားလဲဆိုတာ သေချာသိသည်။ သူက အရပ်ပိုမြင့်လာသည့်အပြင် ပိုကြည့်ကောင်းလာသည်။

သူမ အပြစ်ရှိသလို ခံစားလာရသဖြင့် ကျန်းယွမ်သည် အကြည့်ကိုလွှဲလိုက်သော်လည်း ဖန့်ကြွယ်ယွီ၏ အကြည့်များက သူမဆီမှ မလွှဲနိုင်ပေ။

ဝမ့်ရွှမ်က ဖန့်ကြွယ်ယွီကို ကြည့်မနေပေ။ ကျန်းယွမ်၏ ယခုလက်ရှိရည်းစားဖြစ်တာမို့ သူမ၏ ရည်းစားဟောင်းအကြောင်းကိုသိသည်။ သူက ကျန်းယွမ်၏ ခါးကို ခပ်တင်းတင်းဖက်ကာ ဆိုင်ထဲသို့ ဝင်သွားသည်။

“သူငယ်ချင်းဖန့်။ မင်းသွားလို့ အဆင်ပြေလား” ချမ်ခိုင်က တွေဝေနေသည်။ ဝမ့်ရွှမ်က ချမ်းသာသည်ဆိုတာ ကြားဖူးကြသည်။ သူက ကျောင်းသားဖြစ်သော်လည်း ကျောင်းကိုနေ့တိုင်းကားဖြင့်လာနိုင်သော သူဌေးသားတစ်ဦးဖြစ်သည်။ ထိုကဲ့သို့ အဆင့်မြင့်စားသောက်ဆိုင်တွင် ဝမ့်ရွှမ်က သူတို့ကို နေရခက်စေလိမ့်မည်။

“သွားမယ်လေ။ ဘာလို့ မသွားရမှာလဲ။ ဘာတွေကြောက်နေရမှာလဲ။ ငါတို့က အမှားလုပ်ထားတဲ့လူတွေမှ မဟုတ်တာ” သူ၏အသံက တည်ငြိမ်သော်လည်း အမူအရာက အတိတ်အမှတ်တရများ၏ ရိုက်ခတ်မှုဒဏ်ကိုခံနေရစမြဲဖြစ်သည်။

“နေ့လည်စာစားဖို့ပဲဟာ။ သူတို့ဘာများလုပ်နိုင်မှာမို့လို့လဲ”

“ဘာတိုလိုစားသောက်ဆိုင်မှ ကြိုဆိုပါတယ်။ လူဘယ်နှယောက်ပါလဲခင်ဗျာ” ထိုစားသောက်ဆိုင်သည် နာမည်တစ်လုံးဖြင့် အချိန်အကြာကြီးရပ်တည်နိုင်ခဲ့သည်။

“ငါတို့ နှစ်ယောက်ထဲပါ” ဖန့်ကြွယ်ယွီက ထိုသို့ပြန်ဖြေရင်းအခန်းတစ်ခုလုံးကိုကြည့်သည်။ ကျောင်းသားများမရှိသော်လည်း ပုံမှန်နေ့တွေလို ခုံအလွတ်မရှိနေပေ။

“ဒီကနေ့က လာရောက်သုံးဆောင်တဲ့ဧည့်သည်များနေလို့ နည်နည်းလေးစောင့်ပေးလို့ ရမလားဗျာ” ဧည့်ကြိုဝန်ထမ်းက အားနာစွာဖြင့်ဆိုသည်။

“ရတယ် စောင့်မယ်လေ” ဖန့်ကြွယ်ယွီက အလျင်မလိုနေပေ။ “မင်းရော စာကြည့်ဖို့မြန်မြန်ပြန်သွားစရာမလိုဘူးမလား”

“စာလုပ်ဖို့အချိန်အများကြီးရပါသေးတယ်။ ဒီအချိန်လေးပျက်လိုက်ရုံနဲ့ ဘာမှမဖြစ်ပါဘူး” ချမ်ခိုင်သည် ကျန်းနန်တက္ကသိုလ်ကို ထိပ်တန်းကျောင်းသားတစ်ဦးအဖြစ်ဝင်ရောက်ခဲ့သည်။ သူ့အတွက် စာပြန်လေ့လာခြင်းသည် မခက်လှပေ။ ဘွဲ့လွန်သင်တန်းဝင်ခွင့်စာမေးပွဲကို အောင်မြင်နိုင်သည်ဟု သူ့မှာယုံကြည်ချက်အပြည့်ရှိသည်။

“တော်သေးတာပေါ့” ဖန့်ကြွယ်ယွီသည် ကျန်းယွမ်နှင့် ဝမ့်ရွှမ်တို့နှင့် ဘေးချင်းကပ်လျက်နေရာမှာ ထိုင်ပြီးစောင့်နေသည်။

“စကားမစပ်။ ငါ့ကောင် မင်းဘယ်ကိုပြောင်းလာတာလဲ။ ငါ မင်းဆီကို ရံဖန်ရံခါတော့ လာလည်ချင်တယ်” ချမ်ခိုင်က ထိုင်စောင့်နေတုန်း စကားစမြည်ပြောသည်။

“ကျန်းနန်အိမ်ယာပါ။ တကယ်လို့ ကျောင်းမှာစာလုပ်ရတာ ဆူညံတယ်ဆို ပိတ်ရက်တွေ ငါ့ဆီလာခဲ့ပေါ့။ ငါ့အိမ်မှာ အခန်းလွတ်အများကြီးရှိတယ်။ အခန်းတွေက ကျယ်လည်းကျယ်တယ်။ အသံလည်း လုံတယ်”

“ရပါတယ်ကွာ။စာကြည့်တိုက်မှာ စာလုပ်တာက ပိုကောင်းပါတယ်။ ငါ့အခန်းထဲမှာလည်း စာကြည့်လို့ရပါတယ်”။ ကျန်းနန်အိမ်ယာသည် အဆင့်မြင့်ဗီလာများရှိသည့် နေရာဆိုတာ ချမ်ခိုင်မသိနေပေ။

“စာကြည့်တိုက်မှာစာလုပ်တာမဟုတ်ရင် စာလုပ်ဖို့အစား အိပ်ချင်တယ်။ ဂိမ်းဆော့ချင်တဲ့စိတ်က ပိုများနေတာ။ ကိုယ့်ကိုကိုယ်မထိန်းနိုင်ဘူး”။

“လျှောက်ပြောနေတာတွေ မင်းမရှက်ဘူးလား” ဝမ့်ရွှမ်၏ အသံကထွက်ပေါ်လာသည်။ သူသည် သူ့ရည်းစား၏ ရည်းစားဟောင်းဖြစ်ဖူးသူ ဖန့်ကြွယ်ယွီကို ရိုင်းစိုင်းစွာတုံ့ပြန်သည်။

တခြားသူများကကျန်းနန်အိမ်ယာကို မသိသော်လည်း ဝမ့်ရွှမ်၏ မိသားစုက ထိုနေရာမှာနေထိုင်သဖြင့် ထိုနေရာရှိစျေးအပေါဆုံး စျေးအချိုသာဆုံး ဗီလာသည် ဒေါ်လာသန်း နှစ်ဆယ် နီးပါးရှိသည်။

ကျန်းယွမ်ဆီက ဖန့်ကြွယ်ယွီအကြောင်းကြားဖူးသည်။ သူက သာမန်မိသားစုမှ ဆင်းသက်လာသော လူတစ်ဦးဖြစ်ပြီး ကျန်းယွမ်အတွက် လက်ဆောင်ဝယ်ပေးရန် အချိန်ပိုင်းအလုပ်လုပ်ရသည်။ ထို မိသားစုက ကျန်းနန်အိမ်ယာမှာ ဘာကြောင့်များ အိမ်ဝယ်နိုင်မည်နည်း။

“ယွမ်ယွမ် မင်းအရင်ကောင်လေးက ဆင်းရဲတယ်ဆို။ ဒါတင်မကသေးသူစရိုက်ကလည်း ဆိုးသေးတယ်” ဝမ့်ရွှမ်သည် စောင့်ဆိုင်းနေသူများ၏ အာရုံစူးစိုက်မှုကို ခံလိုသဖြင့် တမင်တကာ အသံကျယ်ကြီးဖြင့်ပြောသည်။

သာမန်ဝတ်စားထားသော ဖန့်ကြွယ်ယွီက ကျန်းနန်အိမ်ယာမှာ အိမ်ဝယ်ရန် မည်ကဲ့သို့ တတ်နိုင်မည်နည်း။

အားလုံး၏ အာရုံစူးစိုက်မှုကိုခံရသော်လည်း ဖန့်ကြွယ်ယွီက တုပ်တုပ်မှမလှုပ်ပေ။

သူ၏ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းမှုက သိသိသာသာပြောင်းလဲလာခဲ့သည်။

“သူက မဟုတ်တာကို အဟုတ်လုပ်ပြီး ဟန်ဆောင်နေကျလေ” ဟု ကျန်းယွမ်က ဆိုသည်။ တွဲနေစဉ်ကာလတစ်လျှောက်လုံး သူမအပေါ်အကောင်းဆုံးဖြည့်ဆည်းပေးခဲ့သမျှက ယခုလို အပြောခံရဖို့ အတွက်ဖြစ်နေခဲ့သည်။

“ဟေ့ကောင်။ မင်းစိတ်ကူးယဉ်နေတာတွေရပ်ပြီး ကိုယ့်နေရာကိုယ်နေပါ” ဝမ့်ရွှမ်က သူ့ကိုယ်သူ အောင်နိုင်သူဟု တွေးထင်နေ သည်။

“မင်းက ဘယ်သူများလဲ။ မင်းနဲ့ဘာဆိုင်လဲ” ဖန့်ကြွယ်ယွီက အေးအေးဆေးဆေး စားသောက်ပြီး ပြန်မည်ဟု တွေထားခဲ့သည်။ သို့သော် ကျန်းယွမ်၏ စကားလုံးများ နှင့် ဝမ့်ရွှမ်၏ စော်ကားမှုများကို သည်းမခံနိုင်တော့ပေ။

ကျပန်းအလုပ်တစ်ခုပေါ်ထွက်လာသည်။ ဒီစနစ်ရဲ့ ပိုင်ရှင်ဖြစ်တာမို့ ဘာလို့များ အဲ့လိုစော်ကားမော်ကားပြောဆိုတာကို ခံနေရတာလဲ။ ပြန်ပြောလေ။

လုပ်ရမည့်အလုပ်: ဒီ ခွေးသူတောင်းစားစုံတွဲကို ပါးစပ်ပိတ်သွားအောင် လုပ်ရမယ်။

ဆုကြေး: ပိုင်ဆိုင်မှုလုပ်ငန်းပြီးမြောက်ခြင်း အဆင့်၁ ကို ၂% တိုးလာမယ်။ ပိုင်ရှင်ရဲ့ ဘိုးဘွားတွေ မလိုအပ်တဲ့ အရာတစ်ခုကို အပိုဆုချီးမြှင့်မယ်။

ထိုအရာက ဘာလဲဆိုတာ သူမသိသော်ငြား အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးဆိုတာတော့ သေချာသည်။ လူတစ်ယောက်ချင်းစီမှာ ဂုဏ်သိက္ခာနှင့် မာနရှိသည်။ ထို ဂုဏ်သိက္ခာနှင့် မာနကို ထိပါးလာပါက မည်သူမှ ငြိမ်မခံနိုင်ပေ။

“ မင်းဘာစကားပြောတာလဲ” ဝမ့်ရွှမ်ကရော အမြဲလိုလို လူတိုင်းကို ရိုင်းဆိုင်းမောက်မာစွာဆက်ဆံနေကျလား။ သူ့အနေအထားကို သိတဲ့သူတွေကရော သူ့ကိုဘာမှ မလုပ်ရဲတာလား။ သာမန်မိသားစုကလာတဲ့ ကလေးက သူ့ကို ဒီလိုပြန်ပြောတာလား။

“ငါထပ်ပြောမယ်။ ဟေ့ကောင် မင်းကိုယ်မင်းဘာထင်နေလဲ”

“မင်းမိုက်ရိုင်းလှချည်လား” ဝမ့်ရွှမ်သည် ထိုင်ခုံမှရုတ်တရက်ထလာသည်။ သူက ဖန့်ကြွယ်ယွီထက် အရပ်မြင့်ပြီး

ခန္ဓာကိုယ် ပိုတောင့်သည်။ သူက ဖန့်ကြွယ်ယွီ၏ ကော်လာကို ဆွဲသည်။

သူမမျှော်လင့်ထားသော အရာဖြစ်လာသည်။ ကြွက်သားများဖြင့် တောင့်တင်းခိုင်မာသော လက်က သူ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲသည်။ ဝမ့်ရွှမ်သည် အားမနည်းသော်ငြား ဖန့်ကြွယ်ယွီ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုကို မတွန်းလှန်နိုင်ပေ။ ဝမ့်ရွှမ်က သူ၏ ဂုဏ်သိက္ခာအတွက် တောင့်ခံနေသည်။

“ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ။ လူအများကြီးရှိနေတာကို ဘာလို့ရန်ဖြစ်ချင်နေရတာလဲ” ချမ်ခိုင်က သူတို့နှစ်ဦးကို ဖျန်ဖြေရန်စကားဝိုင်းထဲ ဝင်လာသည်။

ဖန့်ကြွယ်ယွီလည်း ဤနေရာကိုလာပြီး ရန်ဖြစ်ဖို့သပ်သပ် လာခြင်းမဟုတ်။ ထို့ကြောင့် ဝမ့်ရွှမ်ကို ခုံပေါ်ပြန်တွန်းလိုက်ပြီး ဖရိုဖယဲဖြစ်နေသော ကော်လံကို ပြင်လိုက်သည်။

ဝမ့်ရွှမ်က သူ့ကို အလွန်ရွံရှာမုန်းတီးသောအကြည့်ဖြင့်ကြည့်ပြီး သူ၏ လက်ကောက်ဝတ်ကို ဒဏ်ရာမှ သက်သာလာစေရန် လုပ်နေသည်။ အရပ်မြင့်မြင့် ပိန်ညှောင်ညှောင်ဖြစ်နေသောသူက ထိုကဲ့သို့ အင်အားများ ဘယ်နေရာမှရခဲ့သနည်း။

“အဆင့်အတန်းမရှိတဲ့ကောင်တွေ၊ စားပွဲထိုးလာဦး။ မင်းက ဒီလူတွေကို ဝင်ခွင့်ပြုလိုက်တာလား” ဖန့်ကြွယ်ယွီနှင့် ချမ်ခိုင်က သူတို့စုံတွဲ စိတ်အနှောင့်အယှက်ဖြစ်ပါစေ ဆိုသောစိတ်ဖြင့် ဝင်လာခြင်းဖြစ်ရမည်။

ဆိုင်ထဲတွင် ရုတ်ရုတ်သည်းသည်း ဖြစ်မှုအပေါ် သတင်းရသွားသော မန်နေဂျာက လုံခြုံရေးအစောင့်နှစ်ဦးနှင့် ပြေးလာသည်။

“ ဒီဘာမဟုတ်တဲ့ လူ့အမှိုက်တွေက ဒူက္ခပေးနေတာ။ လုံခြုံရေး သူတို့ကို မောင်းထုတ်လိုက်စမ်းပါ” ဟု ဝမ့်ရွှမ်က အရှက်မရှိမျက်နှာပြောင်တိုက်ပြီးမေးသည်။

ဖန့်ကြွယ်ယွီက ရွံရှာမုန်းတီးသော အကြည့်ဖြင့် ဝမ့်ရွှမ်ကို ကြည့်သည်။ ထို့နောက် သူ့ဘေးနားက ကျန်းယွမ်ကို

“ကျန်းယွမ် ငါတစ်ခုပြောရဦးမယ်။ မင်းရဲ့ အကြိုက်ကလည်း ထူးဆန်းလိုက်တာ”

All Chapters