အခန်း (၃၇၇)
Vol. 26 Ch. 377
သူသည် လွန်ခဲ့သည့် နှစ်လ သံမဏိအရိုးဂိုဏ်း၏ အကြီးအကဲ ဖြစ်လာစဉ်က အားအင်အဆင့်များထက် ယခု လက်ရှိ အားအင်သည် ပိုမို များပြားသည်။
သာမာန် သိုင်းဘုရင် ဒုတိယအဆင့်တစ်ယောက်၏ အားအင်အဆင့်များထက်ပိုမို၍ အားကောင်းလာခဲ့၏။
ပြောရမည်ဆိုလျှင် သူသည် အဆင့်မြင့် အလားအလာ နှင့် သိုင်းဘုရင်တစ်ယောက်ဖြစ်သည် ဆိုသော်လည်း ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများကို သောက်သုံးပြီး ကြွက်သားတည်ဆောက်ခြင်းအခန်း၊ စမ်းသပ်မှု မျှော်စင်တို့ကို ဝင်ရောက်ပြီးသည်နောက်မှာတော့ အထူးအဆင့် အလားအလာနှင့် သိုင်းဘုရင်တစ်ယောက်ဖြစ်ခဲ့၏။
အကြီးအကဲကျန်သည် အဆင့်မြင့် အလားအလာနှင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သလို သူ၏ မိစ္ဆာဂိုဏ်းကျင့်ကြံခြင်း နည်းစနစ်မှာ အလွန်တရာ အားကောင်းလှသည်။
ကံဆိုးစွာဖြင့် သိုင်းဘုရင်အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ကျန့်ရာနှင့် ရင်ဆိုင်ရချိန်မှာတော့ သူသည် အလွန်တရာအားနည်းသည်ဟုသော ခံစားချက်ကို ရရှိသွားသည်။
အဘယ့်ကြောင့်ဆိုသော် ကျန့်ရာ၏ လက်သီးချက် တစ်ခုသည် ဂျင်နှစ်သန်းခွဲရှိသော အားအင် ကိုထုတ်ဖော်နေနိုင်၏။
ထို့ကြောင့် ဒုတိယလက်သီးချက်ကို ထုတ်ဖော်လိုက်ချိန်မှာပဲ သူသည် စင်မြင့်၏ နောက်ဘက်သို့ လှန်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း နာကျင်သွားသည်။
ကျန့်ရာသည် သူ၏ အနား၌ ပေါ်လာပြီး လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။
ဘုန်း။
အလွန်တရာကျယ်လောင်လှသော အသံကြီးတစ်ခုထွက်ပေါ်လာချိန်မှာ တည်နေရာထဲတွင် ရှိနေကြသော ကျင့်ကြံသူများ၏ နှလုံးသားသည်ပင် တုန်ခါသွားရသည်။
မကြာသေးခင်က ငါသည်သာ အတော်ဆုံးဟူသော အမူအရာမျိုးဖြင့် ရှိနေသော အကြီးအကဲကျန် သည် ကျန့်ရာ၏ ဘယ်လက်သီး ညာလက်သီးများ၏ အောက်တွင်တော့ မည်သို့မှ ခုခံနိုင်စွမ်းမရှိတော့ချေ။
သိုင်းပညာရှင်များ၏ တိုက်ပွဲများကြားတွင် ဂျင်တစ်သောင်းလောက်ကွာခြားခြင်းကပင် တိုက်ပွဲ၏ ရလာဒ်ကို အဆုံးအဖြတ်ဖြစ်စေနိုင်သည်။
ယခု ဂျင်ပေါင်းများစွာသော အားအင်များ ကွာဟနေသောကြောင့် တိုက်ပွဲမှာ တစ်ဖက်သတ်ကြီး ဖြစ်နေတော့၏။
ဘုန်း …. ဘုန်း။
ကျန့်ရာသည် ဆက်လက်တိုက်ခိုက်လိုက်၏။
ကြည့်ရှုနေသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြသည်။
သိုင်းဘုရင်တစ်ယောက်သည် တစ်ခြားသော သိုင်းဘုရင်တစ်ယောက်အား ဤကဲ့သို့ အခြေအနေမျိုးဖြစ်အောင် ရိုက်နှက်နေသည်။ သံမဏိအရိုးဂိုဏ်း အကြီးအကဲ ၏ တိုက်ခိုက်ချက်များသည် မည်မျှအားကောင်းလေသနည်း။
ကျွင်းချောင်ရှောင်းသည်လည်း အံ့အားသင့်သွားမိ၏။
ဤသတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း၏ အကြီးအကဲသည် ရောက်လာသည်ဆိုသည်နှင့် ဆရာကြီးတစ်ယောက်ကဲ့သို့ ဟိတ်ဟန်မျိုးကို တောက်လျောက် ထုတ်ဖော်ခဲ့သူ ဖြစ်သည်။ ဤမျှ အားနည်းလိမ့်မည်ဟု သူ မထင်မိခဲ့ချေ။
တကယ်တမ်းမှာဝော့ာ အကြီးအကဲကျန့်သည် အားနည်းလှသည် မဟုတ်ချေ။
တစ်ခြားသော သိုင်းဘုရင်တစ်ယောက်နှင့် ယှဉ်ပြိုင်ရမည်ဆိုပါက သူသည် ယှဉ်ပြိုင်၍ တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ အထူးအဆင့်ဖြစ်သော ကျန့်ရာနှင့် ရင်ဆိုင်ရခြင်းကပင် သူ၏ ကံဆိုးမှုဖြစ်တော့သည်။
အဆင့်နှစ်သိုင်းဘုရင်တစ်ယောက်ဖြစ်သော အကြီးအကဲဂို သည်ပင် စင်မြင့်ပေါ်တွင်တက်ပြီး တိုက်ခိုက်ပါက ကျန့်ရာ၏ဆိုးဆိုးရွားရွား တိုက်ခိုက်ခြင်းကိုခံရမည်မှာ သေချာ၏။
“ဘာလို့ပြန်မတိုက်ခိုက်တာလဲ။”
“ဘုန်း…….”
“ဘန်း…….”
“ဘာလို့မရယ်တော့တာလဲ။”
“ဘုန်း”
ကျန့်ရာသည် စကားတစ်ခုပြောပြီးတိုင်း လက်သီးတစ်ချက်ထိုးနေတော့သည်။
အကြီးအကဲကျန်သည် ဦးခေါင်းတစ်ခုလုံးမူးနှောက်နှောက်ပင်ဖြစ်နေ၏။
ကျွင်းချောင်ရှောင်းသည် ဆက်လက်၍မကြည့်နိုင်တော့ချေ။ ထို့ကြောင့် အသံပို့လွတ်လိုက်တော့သည်။ “သူ့ကို ဒီတိုင်းပဲရိုက်ချလိုက်တော့။ အလွန်အကြူးတွေမလုပ်နဲ့တော့။”
သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းရဲ့ အကြီးအကဲသည်သာ သေဆုံးသွားလျှင် လက်ရှိပြဿနာကို ဖြေရှင်းနိုင်မည်ဆိုပါက သူကျိန်းသေပေါက် ကျန့်ရာအား သတ်ဖြတ်ခိုင်းပေလိမ့်မည်။ သို့ပေမဲ့ လက်လွန်သွားပါက ပိုမိုကြီးမားသော ပြဿနာမျိုးကို ထပ်မံ ရင်ဆိုင်ရဖို့ သေချာသည်။
အင်း … သူသည်အလွန်တရာအားနည်းလွန်းလှ၏။
သူ နှင့် သူ့တပည့်များ၏ ကျင့်ကြံခြင်းအဆင့်သည် လုံလောက်သည့်အားအင်အဆင့်တွင် ရှိသည် ဆိုပါက မည်သည့်အကျိုးဆက်ကိုမှ စိုးရွံ့နေစရာမလိုပေ။
ဂိုဏ်းချုပ်ဆီ မှ အမိန့်ကိုရရှိပြီးသည်နောက်မှာတော့ ကျန့်ရာသည် အကြီးအကဲကျန်အား ပိုးဆိုးပက်စက် ရိုက်နှက်မည်ဆိုသော အကြံအစည်ကို ပယ်ချလိုက်ပြီး ရပ်တန့်လိုက်တော့သည်။ ထိုအစား အကြီးအကဲကျန်၏ ဝမ်းဗိုက်ဆီသို့ လက်သီးတစ်လုံး ထိုးလွှတ်လိုက်၏။
အကြီးအကဲကျန်သည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှ အောက်သို့ ပြုတ်ကျသွားသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်မှုကိုခံစားနေရသည်ဆိုသော်လည်း အတွင်းဒဏ်ရာတော့ ဆိုးဆိုးဝါးဝါး မဖြစ်ပေါ်ချေ။ ထို့ကြောင့် ရက်အနည်းငယ်လောက်အနားယူပြီးလျှင် ပြန်လည်ကောင်းမွန်သွားမှာဖြစ်သည်။
“ဒင် ……. ဖုံးကွယ်ထားသည့် တာဝန်ဖြစ်သော အဆင့်ကွာခြားမှုကို သိရှိနားလည်ခြင်း ဆိုသော တာဝန်ကို ပြည့်စုံအောင်ပြုလုပ်နိုင်ပြီဖြစ်သည်။ ထိုကြောင့် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးရာကို ရရှိသည်။”
ဂိုဏ်းစုဆောင်းမှတ် ၂၇၇၀ / ၅၀၀၀။
အသိပေးချက်ကို ကြားမိပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချက်ခြင်းဆိုသလိုပဲပျော်သွားခဲ့၏။
ဤအတောအတွင်းတွင် စနစ်သည် သူ့အား မည်သည့်တာဝန်ကိုမှ မချပေးခဲ့ချေ။
သိုင်းဘုရင်နှစ်ယောက် သည် မိစ္ဆာကျင့်ကြံသူ တစ်သောင်းလောက် ကို ဦးဆောင်၍ သူ့ဆီသို့ ရောက်ရှိလာခဲ့သည်ဆိုသော်လည်း စနစ်သည် တာဝန် တစ်ခုကိုတောင် မချပေးခဲ့ချေ။
သို့ပေမဲ့ လက်ရှိ အချိန်တွင် ဖုံးကွယ်ထားသော တာဝန်ကို ပြည့်စုံစေခဲ့ပြီ ဖြစ်သည်။
သို့ပေမဲ့ အောင်မြင်သွားသည့် တာဝန်တွေကို စဉ်းစားကြည့်လိုက်ချိန်မှာတော့ သူအနည်းငယ်တော့ ဇဝေဇဝါဖြစ်မိ၏။
စနစ်ကရှင်းပြလိုက်သည်။ “ဒီလူက သိုင်းဘုရင်အဆင့်တစ် တစ်ယောက်ဖြစ်တယ်။ မိစ္ဆာကျင့်ကြံသူတွေ က ကိုယ့်ရဲ့ ကျင့်ကြံခြင်းထက် ပိုမိုအားကောင်းတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ကြတယ်။ ကျန့်ရာကတော့ သူ့ကို လုံးဝ အနိုင်ယူခဲ့တယ်။ ဒါကြောင့် ကောင်းကင်နဲ့ မြေကြီးကြား အဆင့်ကွာခြားချက်ကို နားလည်သွားတဲ့ သဘောပဲ“
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါလည်း အရင်တုန်း က ပြိုင်ဘက်အများကြီးကို ဒီလိုမျိုးတိုက်ခိုက် အနိုင်ယူခဲ့ဘူးပါတယ်။ ငါ့တုန်းကဘာလို့ ဖုံးကွယ်ထားတဲ့ တာဝန် ဆိုတာ မပေါ်တော့တာလဲ။”
စနစ်မှပြောလိုက်သည်။ “တချို့သော ဖုံးကွယ်ထားတဲ့တာဝန်တွေက လက်ခံသူနဲ့ မသက်ဆိုင်ဘူး။ ဂိုဏ်းအဖွဲ့ဝင်တွေ ပြည့်စုံအောင်လုပ်နေရင်ရပြီ။”
“မဟုတ်သေးပါဘူး “
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ချင်းယန်နဲ့တခြားသူတွေကလည်း သူတို့ရဲ့ပြိုင်ဘက်တွေကို ဒီလိုမျိုး အနိုင်ယူခဲ့ဖူးတာပဲ။ ဘာလို့ တာဝန်မပြည့်စုံတာလဲ...”
စနစ်သည်စိတ်ပျက်သွား၏။
တာဝန်ပြည့်စုံခဲ့ပြီး ဆုလာဘ် တွေလည်း ရရှိခဲ့သည်။ ထိုသို့ဆိုလျှင်ရပြီပေါ့။ အဘယ်ကြောင့်မေးခွန်းများ ဆက်တိုက်မေးမြန်းနေရသနည်း။
ဂိုဏ်းချုပ်ကျွင်းသည် သာမာန်အားဖြင့်မေးခွန်းများ အများအပြားမေးမြန်းတတ်သူတစ် ယောက်မဟုတ်ပေ။ သို့ပေမဲ့ သူသည် လက်ရှိတွင် ရှန်ကွမ်းရှင်းရောင် ၏အကျင့် ကူးစက်ခံနေရခြင်းပင် ဖြစ်တော့သည်။
နားမလည်ဘူးဆိုပါက အဆုံးထိ မေးရမည်။
စနစ်မှဆွံ့အသွားသည်။ “တစ်ချို့သော ဖုံးကွယ်ထားတဲ့ တာဝန်တွေက ဂိုဏ်းသားတွေ ပြုလုပ်မည်ဆိုရင် ရပြီ။ ဒီလောက် ဆို ရပြီလား။”
“ငါသိပြီ။” ကျွင်းချောင်ရှောင်းနားလည်သွားသည်။
ကျန့်ရာတစ်ယောက် အကြီးအကဲကျန်အား တိုက်ခိုက် အနိုင်ယူခဲ့သည်ကို မြင်လိုက်ချိန်မှာတော့ အပျော်ဆုံးသောသူများမှာ ချင်းယန်နိုင်ငံမှ ကျင့်ကြံသူများဖြစ်၏။
ဂိုဏ်းချုပ်ကျွင်းသည် အဘယ့်ကြောင့် သေခြင်းရှင်ခြင်းစင်မြင့်ကို တည်ဆောက်ခဲ့ကြောင်း သူတို့ နောက်ဆုံးတော့ နားလည်ခဲ့ပြီဖြစ်သည်။
ဂိုဏ်းချုပ်ကျွင်းသည် ဆယ်ပွဲတိုက်ခိုက်မည်ဖြစ်ပြီး တစ်ပွဲရှုံးလျှင် မိမိကိုယ်ကိုယ် သတ်သေမည်ဟု ပြောဆိုနေသည်မှာ အလွန်အကျွံမဟုတ်ပေ။၎င်းတွင် ဤမျှ အားကောင်းသော အကြီးအကဲရှိနေခြင်းကြောင့် ဖြစ်ရမည်။
ဟွာယန်နိုင်ငံရှိ မိစ္ဆာကျင့်ကြံသူ အားလုံး၏ ခန္ဓာကိုယ်များ သည်လည်း တုန်ရင်သွားကြ၏။
သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် သေခြင်းရှင်ခြင်း စင်မြင့်ကို တည်ဆောက်ပြီး စိန်ခေါ်မှု ပြုလုပ်သည်ကို မြင်တော့ သူတို့ ပျော်ရွှင်ခဲ့သည်။
မဟုတ်လျှင် သူတို့၏အသက်များသည် အနည်းနှင့် အများဆိုသလို သေဆုံးရမှာ သေချာ၏။
အဆိုးဆုံးသော အမူအရာဖြစ်နေသည်မှာ ချင်ဟောင်ရန် နှင့် တခြားသူများပင်ဖြစ်တော့သည်။
သံမဏိအရိုးဂိုဏ်း ပျက်ဆီးရလိမ်မည်ဟု သူတို့ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲ ကိုပင်အနိုင်ယူနိုင်သော သိုင်းဘုရင်တစ်ယောက် ရှိနေခဲ့၏။
သူတို့အနေဖြင့် ပိုမို၍ကြောက်လန့်လာသည်။ သံမဏိအရိုးဂိုဏ်း တပည့်များသည်အလွန်အားကောင်းသည်။ ထို့အပြင် သိုင်းဘုရင်အဆင့်အကြီးအကဲတစ်ယောက်လည်း ရှိနေသေးသည်။
စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသော ကျန့်ရာသည် တခြားသောသိုင်းဘုရင်တစ်ယောက်ကိုကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားရော တက်လာပြီး မတိုက်ခိုက်ချင်ဘူးလား”
အကြီးအကဲဂို ၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
သူသည် တိုက်ပွဲကို သေချာလေ့လာကြည့်ရှုထားခဲ့သည်။ ထို့ကြောင့် ဤသံမဏိအရိုးဂိုဏ်း၏ အကြီးအကဲသည် ဒုတိယအဆင့်သိုင်းဘုရင်တစ်ယောက် ဖြစ်သော်လည်း အထူးအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။
သူသာ စင်မြင့်ပေါ်သို့တက်၍တိုက်ခိုက်လျှင် ချက်ခြင်းရှုံးနိမ့်သွားမှာ သေချာသည်။
“ဂိုဏ်းချုပ်ကျွင်း…” အကြီးအကဲကျန်သည် နာကျင်နေသောသူ၏ရင်ဘတ်ကိုဖိကာ ပြောလိုက်၏။ “စင်ပေါ်မှာ လူတစ်ယောက်တည်းက တက်ပြီး အဆုံးထိ တိုက်ခိုက်လို့ မရဘူးမဟုတ်လား”
ကျန့်ရာ၏ တိုက်ခိုက်ခြင်းကိုခံရချိန်မှာတော့ သူသည်အလွန်တရာရှက်ရွံ့မိ၏။
သို့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ အရ အားကောင်းလှသော သိုင်းဘုရင် တစ်ယောက် ဖြစ်သည်မို့ သံမဏိအရိုးဂိုဏ်းအား ဖျက်စီးရမည့်တာဝန်ကို သူမဖြစ်မနေပြုလုပ်ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဆယ်ပွဲ ….. တစ်ပွဲကို လူတစ်ယောက်ပဲ....”
မြို့တော်ဝန်ရှဲ့ နှင့် အိုက်ရှန်းရီ တို့၏ မျက်လုံးများသည် ချာချာလည်သွား၏။
ဂိုဏ်းချုပ်ကျွင်း တိုက်ပွဲမစခင်တုန်းက တစ်ပွဲကိုလူတစ်ယောက်လို့ မပြောခဲ့ပါဘူး။ ပြီးတော့ အခု ကိုယ့်ဆီမှာလည်း အားကောင်းတဲ့ အကြီးအကဲ တစ်ယောက်ရှိနေပြီလေ။ ဘာလို့ကျန်တဲ့ရှစ်ပွဲကို ဆက်ပြီး မတိုက်ခိုက်ခိုင်းရတာလဲ။ ဒီတိုင်းဆိုရင် အားလုံးအဆင်ပြေနေပြီမဟုတ်လား။
ကျွင်းချောင်ရှောင်းသည် တိုက်ပွဲအားလုံးကို ကျန့်ရာအားတိုက်ခိုက်စေချင်၏။ သို့ပေမဲ့ ထိုသို့ဆိုလျှင် တခြားသောတပည့်များ၏ အခွင့်အရေး ကို ဖြုန်းတီးရာ ကျရောက်မည်မဟုတ်လား။
“လူတစ်ယောက်ကို တိုက်ပွဲတစ်ခုပဲတိုက်ခိုက်လို့ရတယ်။ ဒါဆိုရင် သံမဏိအရိုးဂိုဏ်းက ဘယ်လောက်ထိ အစွမ်းအစရှိလဲ ကျုပ်သိချင်မိတယ်။”
အကြီးအကဲဂို သည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ ခုန်တက်လာ၏။
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
စောနက သံမဏိအရိုးဂိုဏ်း၏ အကြီးအကဲ နာမည်တပ်၍စိန်ခေါ်ခဲ့စဉ် တုန်းက မကြားချင်ယောင်ဆောင် နေခဲ့သော အကြီးအကဲဂိုသည် တိုက်ပွဲတစ်ပွဲကို တစ်ယောက်ပဲတိုက်ခိုက်ရမည် ဟု သတ်မှတ်ပြီးချိန်မှာတော့ စင်မြင့် ပေါ်သို့ ခုန်တက်လာ၏။
သောက်ကျိုးနည်းလှချေသည်တကား။
“သီးခြားတာဝန် အသက်ဝင် ….” သီးခြားတာဝန်ဆိုသော အသံကို ကြားလိုက်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်ကိုဖွင့်ကြည့်လိုက်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲဂို အား တစ်မိနစ်အတွင်းအနိုင်ယူရန် ဆိုသည့် တာဝန် ဖြစ်နေသည်။
တာဝန်ကို လက်ခံရရှိပြီးနောက် ကျွင်းချောင်ရှောင်း၏မျက်လုံးများသည် ပြူးထွက်သွား၏။
“ဒီ တစ်မိနစ် ဆိုတာရဲ့အနောက်မှာ သုညနှစ်လုံးလောက်မပါဘူးလား”
စနစ်မှပြောလိုက်သည်။ “မပါဘူး တစ်မိနစ်ကွက်တိပဲ။””