← Chapters

အခန်း (၃၇၈)

Vol. 26 Ch. 378

အခန်း (၃၇၈)

Vol. 26 Ch. 378

သီးခြားတာဝန်ဆိုသည်မှာ မပေါ်လာသည်မှာ တော်တော်ကြာခဲ့ပြီဖြစ်၏။နောက်ဆုံးအချိန် ပေါ်လာခဲ့သည်မှာ ရီရှင်းချန်အားခေါ်၍ ဖင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲသို့သွားကာ ယှဉ်ပြိုင်စေခဲ့စဉ်ကဖြစ်၏။

သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၏ အကြီးအကဲကျန်သည် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ ခုန်တက် လိုက်ချိန်မှာတော့ သီးခြားတာဝန်သည် ပေါ်ထွက်လာပြီဖြစ်သည်။

သို့ပေမယ့် တာဝန်သည် ကြမ်းတမ်းလွန်းလှသည်။ ကျွင်းချောင်ရှောင်း စိတ်ဓါတ်ကျမိသည်။

"သိုင်းဘုရင်တစ်ယောက်ကို ၆၀ စက္ကန့်အတွင်း အနိုင်ယူဖို့ဆိုတာ ဖြစ်နိုင်မယ်ထင်လား"

"မဖြစ်နိုင်ဘူး" စနစ်မှပြောလိုက်၏။

ကျန့်ရာ သည် အဘယ့်ကြောင့် အကြီးအကဲကျန်အား အနိုင်ယူခဲ့သည်ဆိုသော် သိုင်းဘုရင်အဆင့်နှစ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။

ကျွင်းချောင်ရှောင်းမှာတော့ သူသည် အထူးအထူးသော အလားအလာကို ပိုင်ဆိုင်သည့် သိုင်းစစ်သူကြီး တစ်ယောက်ဖြစ်သည်ဆိုသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းသည် အများဆုံးအားဖြင့် ကျင်သုံးသိန်းခွဲသာရှိ၏။

သိုင်းဘုရင်အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်ဖြစ်သော အကြီးအကဲကျန်သည် ၁.၆သန်းသော အားအင်အဆင့်ကို အလွယ်တကူ ထုတ်ဖော် တိုက်ခိုက်နိုင်စွမ်းရှိ၏။

နှစ်ယောက်ကြား ကွာခြားချက်သည် ငါးဆ မကပင်ဖြစ်တော့သည်။ ပြန်လည်တိုက်ခိုက်နိုင်စရာ နည်းလမ်းဟူ၍ မရှိပေ။

မဖြစ်နိုသော တာဝန်ဟု သိလိုက်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် စိတ်ဓာတ်ကျသွားသည်။

"ဤတာဝန်က ဘာတန်ဖိုးရှိတော့မှာလဲ"

စနစ်မှပြောလိုက်၏။ “တာဝန်ဆိုတာ ပိုပြီး ခက်ခဲပြီး မဖြစ်နိုင်လေ ရနိုင်တဲ့ဆုလာဘ်တွေက ပိုကောင်းလေပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများ ချာချာလည်သွားသည်။

တာဝန်သည်ခက်ခဲမှန်းကို သူသိရှိပြီးဖြစ်၏။ ထိုသို့ဆိုလျှင် ဆုလာဘ်သည်လည်း အလွန်တရာ ကြီးမားပေတော့မည်။ သို့သော်ငြား အဓိကအချက်အားဖြင့် မည်ကဲ့သို့သွား၍ယှဉ်ပြိုင်ရမည်နည်း။

“အင်း”

ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။ “ငါအလယ်အလတ်အဆင့် အားအင်တိုးတက်ခြင်းအဆောင်ကို ချိုးဖျက်ဖို့ပဲ ရှိတော့တာပေါ့"

သေမင်းတောင်ကြားထဲ၌ အထူးတာဝန်နှစ်ခုကို ပြည်စုံအောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် အလယ်အလတ်အဆင့် အားအင်တိုးတက်ခြင်းအဆောင်တစ်ခုကို ရရှိခဲ့ပြီး ထိုအရာကို ယခုအချိန်အထိ အသုံးမပြုရသေးချေ။

စနစ်မှပြောလိုက်သည်။ “အလယ်အလတ်အဆင့် အားအင်တိုးတက်ခြင်းအဆောင်ဆိုတာ ကျင့်ကြံသူရဲ့ လက်ရှိအားအင်ကို ဆယ်ဆပဲ ပိုပြီးတိုးပေးနိုင်မယ်”

“ဆယ်ဆဟုတ်လား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးသည် ပိုပြီး တောက်ပလာသည်။ သူ၏ လက်ရှိအဆင့်အရဆိုလျှင် အဆောင်ကို အသုံးပြုလိုက်မည်ဆိုသည်နှင့် ဂျင် သုံးသန်းသောအားအင်ကို ပိုင်ဆိုင်တော့မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သိုင်းဘုရင်အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်အား လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်းရှိသည်။

"ဒါပေမဲ့"

စနစ်ကပြောလိုက်သည်။ “ခန္ဓာကိုယ်က အရမ်းကြီး အားမကောင်းဘူးဆိုရင် အချိန်ကာလပြည့်သွားတာနဲ့ ဘေးထွက်ဆိုးကျိုးကို အကြီးကြီး ခံစားရလိမ့်မယ်”

“အချိန်က ဘယ်လောက် အကန့်အသတ်ရှိလဲ”

“ခြောက်ဆယ်မိနစ်”

“ဒီသိုင်းဘုရင်ကို တစ်မိနစ်အတွင်း ရင်ဆိုင်ရမယ်ဆိုတော့ ဟွာယန်နိုင်ငံက မိစ္ဆာကျင့်ကြံသူအားလုံးကို ရှင်းပစ်ဖို့အတွက် ၅၉ မိနစ် အချိန်ရသေးတယ်၊ ဒါဆိုရင် ပြဿနာကို ဖြေရှင်းဖို့လုံလောက်ပြီ”

သေချာတွက်ချက်ပြီးနောက် ကျွင်းချောင်ရှောင်းက လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းရဲ့ ကျွမ်းကျင်သူကို ကျုပ် ယှဉ်ပြိုင်ရမှာပေါ့”

လက်ခံသူသာလျှင်တာဝန်အား ထမ်းဆောင်ရမည်ဟု စနစ်မှ မဖော်ပြထားသော်လည်း ဒီတစ်ကြိမ် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း၏ သိုင်းဘုရင်အဆင့်နှစ် ကို တိုက်ခိုက်ရန်တာဝန်အား သူအလုံးစုံ တာဝန်ယူသင့်သည်။

“ဂိုဏ်းချုပ်ကျွင်းက တိုက်ခိုက်ချင်တာလား၊ နတ်စမ်းချောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့တယ်ဆိုကတည်းက ဂိုဏ်းချုပ်ကျွင်းက အတော်လေးအားကောင်းနေပြီဆိုတာ သိသာတယ်၊ သူက အကြီးအကဲကျန့် ထက်တောင် ပိုပြီးတော့ အားကောင်းလို့လား”

အားလုံးသည် ထိုသို့ဆွေးနွေးနေကြသည်။ မြို့တော်ဝန် ရှဲ့ နှင့် အိုက်ရှန်းရီ တို့သည်လည်း သံမဏိအရိုးဂိုဏ်းတွင် သိုင်းဘုရင်အကြီးအကဲတစ်ယောက်ရှိသည်ဟု သိရှိပြီးနောက်တွင် အခြားသော ကျွမ်းကျင်သူတစ်ယောက်ယောက် ရှိနေဦးမည်ဟု ထင်မှတ်မိကြသည်။

သို့ပေမယ့် တတိယမြောက်တိုက်ခိုက်ပွဲတွင် ဂိုဏ်းချုပ်ကျွင်း ကိုယ်တိုင် ထွက်လာခဲ့သည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤကိစ္စသည် အနည်းငယ်တော့ ခက်ခဲလွန်းလှ၏။ သို့ပေမယ့် ပြဿနာကြီးတော့ မဟုတ်ပေ။ ဂိုဏ်းချုပ်ကျွင်း ၌ စိတ်ဝိညာဉ်လက်နက်တစ်ခုရှိနေသည် မဟုတ်လား။

အကြီးအကဲဂို က ေ“အနိုင်အရှုံးကို လက်သီးနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့”

“သေချာတာပေါ့” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

မြို့တော်ဝင်ရှဲ့နှင့် အိုက်ရှန်းရီတို့၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

ဂိုဏ်းချုပ်ကျွင်းတွင် လက်နက်စိတ်ဝိညာဉ်ရှိသော ဓားမော့တစ်ခုရှိခြင်းကြောင့် နိုင်ကိုနိုင်မည်ဟု သူတို့ထင်မှတ်မိ၏။ သို့ပေမယ့် တကယ်တမ်း တိုက်ခိုက်ချိန်တွင် လက်နက်အား မသုံးပဲ လက်ဗလာတိုက်ခိုက်ရန်ပင် လက်သင့်ခံနေလေသည်။

ဘယ်လိုပဲကြည့်ကြည့် ဂိုဏ်းချုပ်ကျွင်းအနေဖြင့် နိုင်စရာအကြောင်းအရင်း မရှိချေ။

လက်ရှိအချိန်မှာတော့ မဟာမိတ်ခေါင်းဆောင်ချင်နှင့် တခြားသောသူအားလုံးသည် သူ့အားကြည့်ပြီး ရယ်မိနေကြသည်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုတော့ရှိနေသည်။ သူတို့၏ ရင်ထဲတွင် အလုံးစုံသောပျော်ရွှင်မှုကို မခံစားရချေ။

သံမဏိအရိုးဂိုဏ်းတွင် သိုင်းဘုရင်တစ်ယောက်ရှိနေပြီး သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ အကြီးအကဲကို ပက်ပက်စက်စက်ရိုက်နှက်ခဲ့၏။ ဤအဖြစ်အပျက်သည် သူတို့အား ဆိုးဆိုးရွားရွား ထိခိုက်မိစေသည်။

သူတို့သည့် အပျော်လာကြည့်ကြခြင်းဖြစ်သည်။ သို့ပေမယ့် ပျော်စရာမကောင်းချေ။ ထို့ပြင် သံမဏိအရိုးဂိုဏ်းမှာ အလွန်တရာအားကောင်းလှ၏။ တကယ်တမ်း သံမဏိအရိုးဂိုဏ်းအား ဒေါသထွက်အောင် လုပ်မိပါက သူတို့၏ အကြီးအကဲကို ခေါ်လာကာ ဂိုဏ်းတစ်ခုလုံးကို စုတ်ပြတ်သတ်အောင် လုပ်သွားလျှင် သူတို့အနေဖြင့် ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။

လူတွေ၏ အထင်အမြင်သည် လက်ခံနိုင်သော အတိုင်းအတာအတွင်းတွင်သာ အထင်သေးမှုဆိုတာ ရှိကြ၏။ တစ်စုံတစ်ယောက်သည် သူတို့ လက်လှမ်းမီနိုင်သော အခြေအနေမျိုးရှိသော လူတစ်ယောက်ဆိုလျှင် အထင်သေးတတ်ြသေခြင်းရှင်ခြင်းစင်မြင့်ပေါ်မှာ ကျွင်ချောင်ရှောင်းနှင့် အကြီးအကဲဂို တို့သည် ဆယ်မီတာအကွာအဝေးတွင် ရပ်လျက်ရှိကြသည်။ သူတို့သည် တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်းဖြစ်၏။

“ သူက နည်းနည်းတော့အဆင်အခြင်မဲ့လွန်းတယ်”

လုချင်းချင်း မျက်မှောင်ကုတ်မိလိုက်၏။ ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းအခြေအနေသည် သိုင်းစစ်သူကြီးအဆင့်နှစ် ဖြစ်ကြောင်း သူသိ၏။ ထိုသို့ဆိုလျှင်တောင် ဂိုဏ်းချုပ်သည် အဆင့်နှစ်သိုင်းဘုရင်တစ်ယောက်အား စိန်ခေါ်ခဲ့၏။ ခက်ခဲမှုမှာ အလွန်တရာ မြင့်မားပေလိမ့်မည်။ မျှော်လင့်ချက်ဟူ၍ပင် မရှိချေ။

သို့ပေမယ့် ဂိုဏ်းချုပ်သည် တစ်ခါတစ်လေ အဆင်ခြင်မဲ့သည် ဆိုသော်လည်း သူယုံကြည်ချက်မရှိသော ကိစ္စရပ်မျိုးကို ဘယ်တော့မှပြုလုပ်မည်မဟုတ်ကြောင်း သူမ နားလည်နေမိသည်။ ထို့ကြောင့် ဂိုဏ်းချုပ်၏ အလွန်တရာကောင်းမွန်လှသော စွမ်းဆောင်ရည်ကို ကြည့်ရှုရန် တိတ်တဆိတ် မျှော်လင့်နေမိသည်။

သူတို့၏ စီနီယာအစ်မကြီးနှင့် မတူစွာဘဲ လီချင်းယန်နှင့် အခြားသူတို့မှာတော့ သူတို့၏ ဂိုဏ်းချုပ်အား အလုံးစုံ ယုံကြည်ကြ၏။ တစ်ချက်ကလေးမှပင် စိုးရိမ်သံသယ မရှိကြပေ။ ဂိုဏ်းချုပ်သည် သိုင်းဘုရင်တစ်ယောက်ကို စိန်ခေါ်ရဲသည်ဆိုမှတော့ ကျိန်းသေပေါက် ပြုလုပ်နိုင်သောကြောင့် စိန်ခေါ်ရဲခြင်းဖြစ်မည်။

“ဝါး …” သစ်ပင်ပေါ်တွင် ရှိနေသော နဂါးလေးသည် သန်းဝေလိုက်၏။ သူ၏ မျက်လုံးထဲတွင်ရှိသော ပျင်းရိနေဟန် အမူအရာများလည်း ပျောက်ကွယ်သွား၏။ "သိုင်းဘုရင် ဒုတိယအဆင့်၊ ဘာလို့သခင်က ငါ့ကို မတိုက်ခိုက်ခိုင်းရတာလဲ"

ကျွင်းချောင်ရှောင်းသည် တကယ်တမ်းအားဖြင့် သူ့အား တိုက်ခိုက်စေချင်၏။ သို့ပေမယ့် ကင်းလိပ်ချော သတ္တဝါ တစ်ကောင်သည် လူသားလိုလို၊ မွန်းစတားလိုလို ပုံစံမျိုးပြောင်းလဲပြီး သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်လာမည်ဆိုပါက ကလေးများ ကျိန်းသေပေါက်ကြောက်လန့်၍ အော်ဟစ်နေပေလိမ့်မည်။

"ဂိုဏ်းချုပ်ကျွင်း"

အကြီးအကဲဂို သည် ထူးမခြားနားသလို ပြောလိုက်သည်။ "စလို့ရပြီ"

"နေအုံး" ကျွင်းရှောင်ချောင်းပြောလိုက်၏။ ပြီးနောက်သူသည် အလယ်အလတ်အဆင့် အားအင်တိုးတက်ခြင်း အဆောင်အား ချိုးဖြတ်လိုက်သည်။

"ဟူး ဟူး ဟူး"

ချက်ချင်းဆိုသလို အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အားအင်များသည် သူ၏ ဒန်ထျန်ထဲမှ ထွက်ပေါ်လာသည်။ ပြီးနောက် ဒီရေလှိုင်းများကဲ့သို့ သူ့ခန္ဓာကိုယ်ရှိ မရီဒန်များဆီသို့ သွားရောက်စုဝေးကြသည်။

"အရမ်းကောင်းတယ်"

သူ၏ခန္ဓာကိုယ်တွင်းတွင်ရှိသော မရီဒန်များနှင့် ကြွက်သားတစ်ခုချင်းစီတိုင်းသည် အလွန်တရာ အားကောင်းလာသည်ဟု ကျွင်းချောင်ရှောင်း ခံစားမိလိုက်သည်။ သူ၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုသော ဆန္ဒများ ပြည့်နှက်လာသည်။

"ဟမ်"

အကြီးအကဲဂို သည် မျက်မှောင်ကုတ်မိသွားသည်။ ကျွမ်းချောင်ရှောင်း၏ စွမ်းအားများ မြင့်တက်လာသည်ကို မြင်တော့ သူ၏နှလုံးသားထဲတွင် မကောင်းသည့်ခံစားချက်များ ရရှိနေသည်။

မည်သည့်လက်နက်မှ မကိုင်ထားသော အဆင့်နှစ် သိုင်းစစ်သူကြီးအဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူအဘယ့်ကြောင့် ဤသို့ တွေးမိနေသနည်း။ သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်တရာ အားကောင်းနေ၍လား။ မဖြစ်နိုင်ပေ။ စိတ်ထင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သူတို့နှစ်ယောက်ကြား ကွာခြားချက်သည် အလွန်တရာကြီးမားလွန်းလှ၏။

အကြီးအကဲဂို သည် တွေးရင်း ပြုံးလိုက်မိ၏။

ကျွင်းရှောင်ချောင်းပြောလိုက်သည်။ "စလို့ရပါပြီ"

စမည်ဟု ပြောပြီးသည့်အချိန်မှာပဲ သူ၏စနစ်အတွင်းထဲမှာတော့ အချိန်သတ်မှတ်ချက်ကာလသည် ပေါ်လာခဲ့ပြီ ဖြစ်သည်။ တစ်မိနစ်မှသည် ၅၉ စက္ကန့်သို့ ချက်ချင်းပြောင်းလဲသွားသည်။

"ဝှစ်"

ဤအချိန်မှာပဲ အကြီးအကဲဂို သည် သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ ရှေ့သို့တိုးလာ၏။

"ဟူး ဟူး"

အလွန်တရာအားကောင်းလှသော မိစ္ဆာစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ပုံရိပ်ယောင် လူသားတစ်ယောက်၏ အသွင်သဏ္ဍာန်မျိုးဖြစ်တည်လာသည်။

"နတ်ဆိုးပုံရိပ်"

ကျင့်ကြံသူတစ်ယောက်က ထအော်လိုက်၏။ ထိုပုံရိပ်သည် အကောင်အထည်ပြည့်ဖြစ်ပေါ်လာပြီး ကြည့်ရှုနေကြသောသူများကို အလွန်အမင်း ထိတ်လန်စေသည့် ခြောက်ခြားဖွယ်ရာ မိစ္ဆာအော်ရာများကို ထုတ်ဖော်လျက်ရှိသည်။

"ဟူး"

ရုတ်တရက်ဆိုသလိုပဲ ထိုပုံရိပ်သည် လက်တစ်ဖက်ကို ဆန့်တန်း၍ ကျွင်းချောင်ရှောင်းအား အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်ချက်၏ အားအင်သည် ဂျင် နှစ်သန်းနီးပါးခန့်သို့ ချက်ချင်းတိုးတက်သွားသည်။

အကြီးအကဲကျန် ၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ အဆင့်နှစ်သိုင်းစစ်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရခြင်း ဖြစ်သော်လည်း အကြီးအကဲဂို သည် သူ၏ ဝှက်ဖဲကို အစကတည်းက အသုံးပြုတိုက်ခိုက်နေသည်။ ဤအရာသည် မလွန် လွန်းဘူးလား။

အကြီးအကဲဂို သည် မြန်မြန်ဆန်ဆန်ပဲ တိုက်ပွဲကို အဆုံးသတ်ချင်နေခြင်းဖြစ်၏။

သို့ပေမဲ့ နတ်ဆိုးပုံရိပ်၏ လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှေ့သို့တစ်လှမ်းတက်လိုက်၏။ သူ၏ ညာလက်သီးသည် လေထုထဲတွင် ပေါ်လာတော့သည်။

"ဖြောင်း ..ဖြောင်း ..ဖြောင်း .."

ထိုးနှက်လိုက်ချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် အက်ကွဲကြောင်းများပါ ဖြစ်တည်လာသည်။ တစ်စုံတစ်ယောက်၏ အားအင်သည် သတ်မှတ်ထားသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိပြီး သည့်နောက်တွင် လက်သီးဆီမှ လေခွင်းသံများ ထွက်ပေါ်လာတတ်၏။

ထိုအသံများကို ကြားမိသောအခါ ကြည့်ရှုသူအားလုံးသည် ကြက်သီး ထမိကြသည်။ သူတို့၏နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။

"မဖြစ်နိုင်ဘူး"

အကြီးအကဲဂို ၏မျက်နှာသည် အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ သူနှလုံးသားထဲတွင် အာရုံခံမိသော မကောင်းသည့်ခံစားချက်များအားလုံးသည် ကျွင်းရှောင်ချောင်း၏လက်သီးဆီမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားခဲ့ပြီဖြစ်၏။

All Chapters