← Chapters

အခန်း (၃၇၉)

Vol. 26 Ch. 379

အခန်း (၃၇၉)

Vol. 26 Ch. 379

ကျွင်းချောင်ရှောင်း၏ လက်သီးချက် ကျဆင်းလာချိန်မှာတော့ အကြီးအကဲဂို ၏ သိစိတ်ပင်လယ်ထဲတွင် အလွန်တရာ အားကောင်းလှသော မကောင်းသည့် အငွေ့အသက်တွေ ခံစားမိနေသည်။

နှစ်မီတာ၊ သုံးမီတာလောက်မြင့်မားသော မှော်စွမ်းအင်လှိုင်းများထက်ပင် ဝင်ရောက်လာသည့် လက်သီးနှင့် နှိုင်းယှဉ်လျှင် သေးငယ်နေသေး၏။

ဝှစ် .. ဝှစ် …။

လေတိုးသံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နေရာအနှံ့တွေ ဖုန်တွေပင် ပေါ်လာသည်။

ပွဲကြည့်ပရိသတ်များသည် သက်မကိုပင် ချလိုက်မိသည်။ သူတို့၏ နှလုံးသားများသည် တုန်လှုပ်သွားမိ၏။

မည်ကဲ့သို့သော အားအင်ကို ပိုင်ဆိုင်သောကြောင့် ဤမျှအားကောင်းသော အရှိန်အဝါမျိုး ထွက်ပေါ်နေသနည်း။

ဤအရှိန်အဝါမျိုးသည် ဂျင်သန်းချီ ထက်ပင် ပိုမို အားကောင်းနေသည်။

ဆယ်ဆပိုမို အားကောင်းသော အားအင်တိုးတက်ခြင်းအဆောင်၏ ထောက်ပံ့မှုနှင့်အတူ ကျွင်းချေုာင်ရှောင်း၏ လက်သီးချက်သည် ပြင်းထန်လွန်းလှ၏။

အဆင့်နှစ် သိုင်းဘုရင် တစ်ယောက်ဖြစ်သော အကြီးအကဲဂို သည် ထိုလက်သီးချက်နှင့် ရင်ဆိုင်ရချိန်တွင် ဖိအားများအား ခံစားလိုက်ရသည်။

“ငါသေတော့မယ် .. သေတော့မယ်”

ထိုအရာသည် အကြီးအကဲဂို၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော အတွေးတစ်ခုသာ ဖြစ်သည်။

ဘုန်း ..။

မျက်စိတမှိတ်အတွင်းမှာပဲ ကျွင်းချောင်ရှောင်း၏ လက်သီးချက်သည် ကျဆင်းလာ၏။

ဖူး ..။

အကြီးအကဲဂိုသည် ချက်ချင်းပင် သွေးအန်ထွက်လာတော့သည်။

အကြီးအကဲဂို၏ တိုက်ခိုက်ချက် သည် ပြိုပျက်သွားရုံတင်သာမက တန်ပြန်ထိခိုက်မှုကိုပါ ကြီးကြီးမားမား ခံစားလိုက်ရ၏။ သူ၏ မရီဒန်လမ်းကြောင်းများပင်ထိခိုက်မိသွားခဲ့၏။

ထိုအရာသည် ဆိုးရွားလှသည်မဟုတ်သေးပေ။ ပိုမိုကြောက်မက်ဖွယ်ရာကောင်းလှသည်မှာ ကျွင်းချောင်ရှောင်း ၏ လက်သီးချက်သည် ထပ်မံ ကျဆင်းလာနေသေးသည်။

ထိုလက်သီးချက်သည် တည်နေရာတစ်ခုလုံးကိုပင် စုတ်ပြတ်သပ်သွားစေပြီး အကြီးအကဲဂို၏ ဝမ်းဗိုက်ဆီ ရောက်ရှိလာ၏။

အကြီးအကဲဂို၏ နောက်ကျောဘက်ရှိ အင်္ကျီပင်လျှင် ပွင့်ထွက်သွားခဲ့သည်။ လက်သီးချက်မှာ မည်မျှကြောက်စရာ ကောင်းသနည်း ဆိုသည်မှာ သိသာမြင်သာလွန်းသည်။

တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးအား လှုပ်ခါသွားစေပြီး ရှိရှိသမျှသော သူအားလုံးသည်ပင် တွန့်ခနဲ ဖြစ်သွားစေ၏။

သူတို့သည်သာ ထိုလက်သီးချက် နှင့် ထိပ်တိုက်တွေ့မည် ဆိုလျှင် တစ်ခါတည်း သေဆုံးသွားနိုင်သည်။

ဤအရာမှာ အဓိက မဟုတ်ပေ။

အဓိကမှာ အကြီးအကဲဂို ဘာဖြစ်သွားနည်း ဆိုသည်ပင်။

အားလုံးသည် သေခြင်းရှင်ခြင်း စင်မြင့်ဆီ လှမ်းကြည့်လိုက်သည်။ စင်မြင့်ပေါ်တွင်တော့ ကျွင်းချောင်ရှောင်း တစ်ယောက်သာ မတ်မတ်ရပ်လျက် ရှိပြီး အကြီးအကဲဂို အား မတွေ့ရှိရပေ။

ဘယ်ရောက်သွားသနည်း။

တစစီဖြစ်သွားလေသလား။

ဘုတ် …။

ထိုအချိန်မှာပဲ ကျယ်လောင်လှသော အသံတစ်ခုထွက်ပေါ်လာသည်ကို အားလုံးကြားလိုက်ရသည်။

အားလုံး ခေါင်းလှည့်ကြည့်လိုက်တော့ မီတာတစ်ရာ အဝေးတွင် ရှိနေသော မြက်ခင်းပေါ်တွင် အကြီးအကဲဂို သည် ပက်လက်ကလေး လဲလျက်ရှိနေသည်ကို မြင်လိုက်ကြရသည်။ အကြီးအကဲဂို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တွန့်တွန့်လူး လျက်ရှိ၏။

“………” အားလုံး။

………

ကျန့်ရာ သည်လည်း ဆွံ့အသွားသည်။

ဂိုဏ်းချပ်သည် သူတိုက်ခိုက်စဉ်က သက်သက်ညှာညှာ တိုက်ခိုက်ရန်သတိပေးခဲ့သည်။ သို့ပေမဲ့ သူအလှည့်ရောက် ချိန်မှာတော့ တစ်ဖက်လူအား စဉ့်တီတုံးပေါ်ရှိ ငါးပြေမ တစ်ကောင်ကဲ့သို့ ဖြစ်အောင် ပက်ပက်စက်စက် ထိုးနှက်ခဲ့၏။ ဘယ်မှာလဲ မျှတမှု။

ထိုသို့ဖြစ်နေသည် ဆိုလျှင်တောင်မှ တကယ်တမ်းတွင် ကျွင်းချောင်ရှောင်းသည် အားကို လျော့ထားခြင်း ဖြစ်သည်။ မဟုတ်ပါက အကြီးအကဲဂို၏ ဝမ်းဗိုက်တစ်ခုလုံးသည် ပွင့်ထွက်သွားမည် မှာသေချာသည်။

“ဒင် … သီးခြားတာဝန် ပြည့်စုံသည်။ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ရရှိသည်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၃၇၇၀ / ၅၀၀၀”

တကယ်ကြီး ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ တောင် ပေးနေလေသည်။

သို့ပေမဲ့ အားအင်တိုးတက်ခြင်းအဆောင်သည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ မက တန်နေပြီ မဟုတ်လား။

“ဒင် … အထူးတာဝန်ကို ပြည့်စုံစေသည့်အတွက် လက်ခံသူသည် အထူးအဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် x ၁ ၊ ဓားတာအို ပါရမီ ဆေးရည် x ၁ ကို ရရှိသည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပါပြီ”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။ သို့ပေမဲ့ ပျော်ရွှ့င်သွားမိ၏။

အထူးအဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်သည် ကောင်းမွန်လွန်းသည်။

ဓားတာအို ပါရမီ ဆေးရည် မှာ ပို၍ပင် သာလွန်နေသေး၏။

စနစ်မှ ပြောလိုက်သည် “အလယ်အလတ် အဆင့် အားအင်တိုးတက်ခြင်းအဆောင် က ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ တန်တယ် ဆိုရင် ဒီဆေးရည် နှစ်ပုလင်းက ပိုပြီး ထိုက်တန်တာပဲ။ ဘယ်လိုထင်လဲ။”

“တကယ် ထိုက်တန်တာပေါ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပက်ပက်စက်စက် ထိုက်တန်တယ်။”

လက်ရှိအခြေအနေတွင် လူတွေ အများကြီး ရှိနေ၍သာ မဟုတ်လျှင် ဓားတာအို ဆေးရည်အားတစ်ခါတည်း ထုတ်၍ သောက်မိပေလိမ့်မည်။

ဝှစ် …။

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည် “အနိုင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

“……..” အားလုံး၏ နှုတ်ခမ်းထောင်များသည် တုန်ရင်သွားသည်။

သိုင်းဘုရင် အဆင့်နှစ် တစ်ယောက်ကို ဤမျှဝေးကွာသည့် နေရာသို့ ရောက်ရှိအောင်ထိုးနှက်ပြီးသည့်နောက် ကံကောင်းသည်ဟု ဆိုနေပြန်သည်။ သံမဏိအရိုးဂိုဏ်းချုပ်သည် အမှန်ပင် အားကောင်းလွန်းလှ၏။

အကြီးအကဲကျန်၏ မျက်နှာသည် ပျက်ရွင်းသွားသည်။

သူ နှင့် အကြီးအကဲဂို တို့သည် တိုက်ပွဲအား မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်သောကြောင့် တစ်ခါတည်း ဝင်၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သို့ပေမဲ့ သူတို့သာ ရှုံးနိမ့်ခဲ့ရ၏။

“အကြီးအကဲကျန် …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “နောက်တစ်ယောက် လွှတ်လိုက်ပါအုံး”

သူတို့သည်သုံးပွဲသာတိုက်ခိုက်ရသေးပြီး ခုနှစ်ပွဲ တိတိ ကျန်ရှိနေသေးသည်။ ထို့ကြောင့် ကျန်ပွဲများအား မြန်မြန် ဖြတ်ချင်နေမိသည်။

“အားလုံးပဲ …”

အကြီးအကဲကျန် သည် လေးလေးနက်နက် မေးလိုက်သည် “ဘယ်သူ တိုက်ခိုက်မလဲ”

“…….”

မိစ္ဆာဂိုဏ်းမှ အကြီးအကဲများသည် ငြိမ်သက်သွားကြ၏။

သံမဏိအရိုးဂိုဏ်းသည် အဆင့်ခုနှစ် ဂိုဏ်းတစ်ခုသာ ဖြစ်သည် ဆိုသော်လည်း သူတို့၏ အကြီးအကဲ၊ တပည့်များ အားလုံးသည် အလွန်တရာ အားကောင်းလွန်းကြောင်း သူတို့ မြင်ခဲ့ပြီး ဖြစ်သည်။ထို့ကြောင့် သူတို့ တက်သွားလျှင်လည်း အရိုက်ခံရမှာ သေချာနေသည်။

သုံးပွဲတိုက်ခိုက်ပြီးနောက်မှာတော့ သံမဏိအရိုးဂိုဏ်း၏ အရှိန်အဝါသည် ပိုမို အားကောင်းလာ၏။

အခြားတစ်ဖက်မှ ကြည့်လျှင် မိစ္ဆာဂိုဏ်းသားများမှာတော့ အောက်စည်းဘက်မှ ရောက်ရှိနေကြသည်။

“အားလုံးပဲ ..”

မည်သူမှ ဘာမှမပြောသည်ကို မြင်တော့ အကြီးအကဲကျန် အေးစက်စက် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းကို ကြောက်နေကြတာလား။”

“ကျုပ် တိုက်မယ်”

အဆင့်ခြောက်မိစ္ဆာဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် မတ်တပ်ထရပ်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဝမ်ရှိုးရှန်းထက် မြင့်မားသည်။ သို့ပေမဲ့ တစ်ဆင့်သာ ဖြစ်၏။

“ချင်းယန်” ကျွင်းချောင်ရှောင်း ခေါ်လိုက်သည်။

“ကောင်းပါပြီ”

လီချင်ယန်သည် သေခြင်းရှင်ခြင်း စင်မြင့်ဆီသို့ လှမ်းတက်သွား၏။

“အစ်ကိုယန် နိုင်ရမယ်”

“သခင်လေး နိုင်ရမယ်”

စင်မြောက်အောက်မှာတော့ လီမိသားစု၏ တိုက်ရိုက်မျိုးဆက်များနှင့် အစေခံများသည် အော်ဟစ်ကာ အားပေးလျက် ရှိသည်။

လီမိသားစု ခေါင်းဆောင်သည် စိတ်ပူနေသည် ဆိုသော်လည်း လီချင်းယန် တစ်ယောက် စင်မြင့်ထက်တွင် မတ်မတ်ရပ်နေသည်ကို မြင်တော့ အလွန်တရာ ဂုဏ်ယူမိနေ၏။

“အားလုံးပဲ .. ကြည့်ကြ .. ဒါက ကျုပ်သားပဲ”

သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူ၏ သားသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း၏ အတွင်းတပည့်အား အနိုင်ယူခဲ့သည်။ ပြီးနောက် ဟောင်ချီဂိုဏ်း၏ တိုက်ရိုက်တပည့်၊ နောက်ဆုံး နတ်စမ်းချောင်းဂိုဏ်း၏ လက်ရွေးစင် တပည့်များအား အနိုင်ယူခဲ့သည်။

အဖေ တစ်ယောက်အနေနှင့် သူ အလွန်တရာ ဂုဏ်ယူမိ၏။

“စကြစို့” ကျွင်းချောင်ရှောင်း လှုံ့ဆော်လိုက်သည်။

ဝှစ် ….။

မိစ္ဆာဂိုဏ်းချုပ်သည် ပထမဆုံး စတင် တိုက်ခိုက်လာ၏။

လီချင်းယန်သည် အဆောင်ကို မြန်မြန်ချိုးချေပြီး တိမ်ခြေလှမ်းကို အသုံးပြုလိုက်သည်။

သူနှင့် ရှောင်ကျီသည် သိုင်းဆရာ အဆင့်ခြောက် ကျင့်ကြံသူချင်း တူညီသော်လည်း သူသည် အရာအားလုံးကို ဟန်ချက်ညီညီ တိုးတက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ပိုမို အားကောင်း၏။

ဘုန်း ….။

ဘုန်း ….။

နှစ်ယောက်သားသည် တိုက်ကွက် တစ်ဒါဇင်ကျော် တိုက်ခိုက်ခဲ့သည်။ အခြေအနေကို ကြည့်ရသည်မှာ ဘက်မျှလျက် ရှိနေသည်။

သို့ပေမဲ့ ဤသံမဏိအရိုးဂိုဏ်းတပည့်၏ တိုက်ခိုက်မှုသည် အရင်တပည့်ထက် ပိုမို၍ တည်ငြိမ်ကြောင်း ကျွမ်းကျင်သူများက သိရှိကြ၏။

တိုက်ခိုက်မှုတွင် ဟာကွက်များ လုံးဝမပေါ်ခဲ့ချေ။

ထို့အပြင် လီချင်းယန်၏ ခန္ဓာကိုယ်အားအင်သည် အားမနည်းလှချေ။ ထို့ကြောင့် တိုက်ခိုက်ရာတွင် ထူးချွန်သည့်အရာ မရှိသလို အားနည်းမှုလည်းမရှိချေ ထို့ကြောင့် တည်တည်ငြိမ်ငြိမ် နှင့် တိုက်ခိုက်နေနိုင်ခြင်း ဖြစ်သည်။

ဖောင်း … ဖောင်း …။

မိစ္ဆာဂိုဏ်းချုပ်သည် အပေါ်စီးမှ ထပ်မံ၍ တိုက်ခိုက်ပြန်သည်။ သူသည် သူ၏ ပြောင်မြောက်လှသော လက်သီးနည်းစနစ်အား အသုံးပြုပြီး တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သို့ပေမဲ့ လီချင်းယန် အား မနာကျင်စေရုံမက လီချင်းယန်၏ တောင်ဖြိုလက်ဝါး ချက်ကိုပါ အကြိမ်ပေါင်းများစွာ ခံလိုက်ရသည်။

“………” အားလုံးသော သူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။

ရှောင်ကျီဟု ခေါ်သော တပည့်သည် အရိုက်နှက်ခံသည့်နေရာတွင် အားကောင်းသည်။ သို့ပေမဲ့ အဘယ့်ကြောင့် ဒုတိယအကြိမ် တက်လာပြီး တိုက်ခိုက်သော တပည့်မှာလည်း အရိုက်အနှက်ခံသည့် နေရာတွင် အားကောင်းနေရသနည်း။

All Chapters