← Chapters

အခန်း (၃၈၀)

Vol. 26 Ch. 380

အခန်း (၃၈၀)

Vol. 26 Ch. 380

လီချင်းယန်သည် ခုခံခြင်း နှင့် တိုက်ခိုက်ခြင်း နှစ်ခုစလုံးတွင် ဘက်မျှလှသူဖြစ်သည်။ သူသည် အားအင်တိုးတက်ခြင်း အဆောင်အားလည်း အသက်သွင်းထားသေးသည်။ သာမာန် အဆင့်လေး သိုင်းစစ်သူကြီး တစ်ယောက်သည် သူ့အား မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။

ထိုသူသည် ကာကွယ်ခုခံခြင်းတွင် အားကောင်းသည် ဆိုလျှင်တောင် ကြွက်သားတည်ဆောက်ခြင်း အခန်၊ စမ်းသပ်မှုမျှော်စင်တို့တွင် မိမိ ခန္ဓာကိုယ်ကို အားကောင်းအောင် ကြိုးစားခဲ့သူ မဟုတ်သောကြောင့် လီချင်းယန် နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ဘန်း ..။

ဘန်း ..။

လီချင်းယန်သည် တိမ်ခြေလှမ်းကို အသုံးပြုပြီး မိစ္ဆာဂိုဏ်းချုပ်၏ အနောက်ဘက်သို့ သွားလိုက်သည်။ ပြီးနောက် ဘယ်ညာလက်သီးများအား ဆန့်ထုတ်ကာ တိုက်ခိုက်လိုက်တော့သည်။

“တိုက်ပွဲကို မြန်မြန် အဆုံးသတ်” ကျွင်းချောင်ရှောင်း အသံပို့လွှတ်လိုက်သည်။

“ကောင်းပါပြီ”

အမိန့်ရပြီးသည့်နောက် လီချင်းယန် သည် အခွင့်အရေးကို အရယူပြီး တရစပ် တိုက်ခိုက်တော့၏။

ဘန်း …ဘန်း ..ဘန်း ..။

တောင်ဖြိုလက်ဝါး နှင့် ပေါက်ကွဲ လက်သီး နည်းစနစ်များအား တပြိုင်နက်တည်း ထုတ်ဖော်ပြီးနောက်တွင် မိစ္ဆာဂိုဏ်းချုပ်သည် စင်မြင့်ပေါ်မှ အောက်သို့ ပြုတ်ကျသွားတော့သည်။

“………” အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။

သံမဏိအရိုးဂိုဏ်း တပည့်များသည် အလွန်ပင် ကြမ်းတမ်းလှသည်။ အဆင့်လေး သိုင်းစစ်သူကြီး တစ်ယောက် အား ကြောင်က ကြွက်ကို ဆော့မြူသလို ကစားသွားခဲ့သည်။

“ဂိုဏ်းချုပ် …”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အသံတစ်သံကို ကြားလိုက်ရသည် “ကျွန်တော် ပြန်လာပြီ”

မည်သူ ပြန်လာသနည်း။

ရီရှင်းချန် ပင် ဖြစ်တော့သည်။

ရီရှင်းချန်သည် တောထဲဝင်၍ သားရဲများနှင့် တိုက်ခိုက်ရင်း လေ့ကျင့်နေသူ ဖြစ်သည်။ သို့ပေမဲ့ အနီးစပ်ဆုံး တည်နေရာတွင် ရှိနေသော မိုးဆွေဟောခန်းမှ အဖွဲ့သားများ၏ သတင်းပေးပို့မှုအရ မိစ္ဆာဂိုဏ်း နှစ်ဆယ်တို့သည် စုပေါင်း၍ သံမဏိအရိုးဂိုဏ်းဆီ လာရောက် တိုက်ခိုက်သည် ဆိုသောသတင်းအား သူသိရှိခဲ့ရသည်။ ထို့ကြောင့် အလောတကြီးနှင့် ဂိုဏ်းဆီ ပြန်လာခဲ့ခြင်း ဖြစ်၏။

ဟုတ်ပေသည်။

ညအင်ပါယာသည် သံမဏိအရိုးဂိုဏ်းနှင့် ပတ်သက်၍ စိတ်ထဲတွင် လေးလေးနက်နက် ရှိနေသောကြောင့် ပြန်လာခြင်းမဟုတ်ပေ။ သူ လွတ်လွတ်လပ်လပ် ဖြင့် ပူပန်ကြောင့်ကြကင်းစွာ လေ့ကျင့်နိုင်သော တည်နေရာတစ်ခု ပျက်ဆီးသွားမည်ကို စိုးရိမ်သောကြောင့် ပြန်လာခြင်း ဖြစ်သည်။

တကယ်တမ်းမှာတော့ ရီရှင်းချန်၏ အမူအကျင့်အရ သံမဏိအရိုးဂိုဏ်းနှင့် ပတ်သက်သည့် ခံစားချက်များ ရှိနေသော်လည်း ဝန်မခံခြင်း ဖြစ်သည်။ သူသည် ဂိုဏ်းသား မောင်နှမများနှင့် ထိတွေ့ဆက်ဆံရင်း နှလုံးသားထဲတွင် သံမဏိအရိုးဂိုဏ်းဆိုသော နေရာလေးတစ်ခု ရှိနှင့်နေခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ အလွန်သေးငယ်သောကြောင့် ရှိသည်ဟု မထင်မှတ်မိခြင်း ဖြစ်၏။

“မင်း အချိန်ကိုက် ရောက်လာတာပဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါပြီး မင်းအလှည့်ပဲ”

ပြောပြီးသည့်နောက် ထပ်မံကာ အော်လိုက်သည် “ငါးပွဲမြောက်အတွက် တစ်ယောက် တက်လာပေးပါ”

အကြီးအကဲကျန်၏ မျက်လုံးများသည် သုန်မှုန်လျက်ရှိ၏ “ဘယ်သူ တိုက်ခိုက်အုံးမလဲ”

သူ မြင်ခဲ့ရသည်။ ဤသံမဏိအရိုးဂိုဏ်း တပည့်များသည် အလွန်အားကောင်းလှသည်။ ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းမှ ဆယ်ပွဲတိတိ တိုက်ခိုက်စေခြင်း ဖြစ်လိမ့်မည်။

သို့ပေမဲ့ ဆယ်ပွဲလုံး တစ်ပွဲမှ မရှုံးနိုင်ဆိုသည်ကိုတော့ သူ မယုံကြည်ပေ။

“ဒီအဘိုးကြီးလုပ်မယ်”

ခါးကုန်းအဘိုးကြီးတစ်ယောက်သည် ရှေ့သို့ လှမ်းထွက်လာ၏။

သူသည် လက်ရှိ တည်ရှိနေသော သိုင်းစစ်သူကြီး ဆယ့်နှစ်ယောက်ထဲတွင် အားအကောင်းဆုံး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းသည် အမြင့်ဆုံးလည်း ဖြစ်သည်။ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

စနစ်မှ ပြောလိုက်သည် “အလယ်အလတ် စွမ်းရည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်။ အားအင် - ဂျင် နှစ်သိန်းခြောက်သောင်း။”

“ရှင်းချန်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သွားတော့”

“ဘုတ်…”

ယခုမှ ပြန်ရောက်လာသော ရီရှင်းချန်သည် သူ၏ အပေါင်းအသင်းများကြားမှ ထွက်လာပြီး ရှေ့သို့ လျှောက်လာသည်။ သူ၏ ရှေ့၌ရှိသော အဘိုးအိုအား အထင်အမြင်သေးသလို ကြည့်လိုက်၏။

ထိုသူသည် အသက်နှစ်ရာနီးပါး ခန့် ရှိပြီ ဖြစ်သော်လည်း သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့သာ ရောက်သေးသည်။ ပါရမီမှာ သာမာန်ပဲ ဖြစ်လိမ့်မည်။ ဤပုံအတိုင်းဆိုလျှင် သေသာသွားမည် သိုင်းဘုရင် အဆင့်သို့ တက်ရောက်သွားနိုင်မည့်လူမျိုး မဟုတ်ပေ။

သာမာန်စိတ်ဝိညာဉ်အမြစ်ဖြင့် သိုင်းစစ်သူကြီးအဆင့်သို့ တက်လှမ်းနိုင်သည် ဆိုသည်မှာ အလွန်အလုပ်ကြိုးစား၍ ဖြစ်မည်။ သို့ပေမဲ့ အကန့်အသတ် ဆိုသည်မှာ ရှိနေသေးသည်။ ထိုသို့သော သူများသည် သိုင်းဘုရင်တစ်ယောက် ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။

ကောင်းကင်ဘုံ၏ရတနာ တစ်ခုခု ကို ရရှိမှာသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။

သို့သော်ငြား ထိုသို့သော ကောင်းကင်ဘုံ ရတနာမျိုးမှာ အလွန်ရှားပါးလွန်းသည်။

ထို့ကြောင့် သိုင်းဘုရင် အဆင့်သို့ ရောက်ရှိလာသူများသည် သာမာန်လူများ မဟုတ်ကြောင်း သိရှိနိုင်၏။

သေခြင်းရှင်ခြင်း စင်မြင့်၏ အလယ်တွင် ရပ်လျက်ရှိသော ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်သည် “အမှိုက်”

“……..” အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် လူတစ်ယောက်ကိုပင် အမှိုက်ဟု ခေါ်ဆိုနေလေသည်။ ဤတပည့်သည် ရှေ့မှ တပည့်များထက် ပိုမို၍ မောက်မာကာ သွေးနားထင်ရောက်နေပုံပေါ်သည်။

ခါးကုန်းအဘိုးအို၏ မျက်လုံးများသည် အေးစက်သွားသည် “ဒီနေ့မှာ ဒီအဘိုးကြီးက သံမဏိအရိုးဂိုဏ်းသားတွေကို အားလုံးရှေ့မှ သတ်သေအောင် လုပ်ပြမယ်”

“အဘိုးကြီး”

ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်သည် “အိမ်မက် မက်မနေနဲ့”

သူ ထိုသို့ပြောလိုက်သည် ဆိုသော်လည်း အားအင်တိုးတက်ခြင်းအဆောင်ကိုတော့ ချိုးဖျက်ခဲ့သည်။

ဝှစ် … ဝှစ် ..။

အလွန်အားကောင်းလှသော စွမ်းအင်များသည် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်ကို သတိပြုမိတော့ သူကိုယ်တိုင် အံံ့အားသင့်မိသွားသည် “ဒါက အဆောင်လေးတစ်ခုပဲ။ ဘာလို့ ဒီလောက် အားကောင်းရတာလဲ။ ကြောက်စရာပဲ”

ဤအဆောင်သည် နှစ်ဆသာ အားအင်တိုးတက်ခြင်းဖြစ်သည်။ ငါးဆ ပိုမိုအားကောင်းသော အဆောင်ကိုသာ အသုံးပြုရပါက ညအင်ပါယာ တစ်ယောက် အလွန်ပင် ထိတ်လန့်သွားပေလိမ့်မည်။

အရိုးသားဆုံး ပြောရမည် ဆိုလျှင် …

ရီရှင်းချန်ည် ဆေးလုံးပေါင်းများစွာကို စားသုံးခဲ့ဖူးသည်။ ထို့ကြောင့် သူသည် နားလည်နိုင်စွမ်း ရှိပြီး ဖြစ်၏။

သို့ပေမဲ့ အဝါရောင်စာရွက်လို အရာလေးကို ချိုးလိုက်သည်နှင့် အားအင်နှစ်ဆ တိုးတက်သွားသည် ဆိုခြင်းမှာ သူ၏ နားလည်နိုင်မှုထက် ပိုမို မြင့်မားနေသည်။

အထက်နယ်မြေမှ အဆောင်တစ်ခု ဖြစ်ပုံပေါ်သည်။ ထိုအရာသည် တာအိုနည်းစနစ် နှင့် ဖန်တီးထားသော အရာပင် ဖြစ်ရမည်။

“စမယ်” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ဝှစ် ….။

အားအင် ပိုတိုးလာသော ရီရှင်းချန်သည် ပထမဆုံး တိုက်ကွက်ကို ထုတ်ဖော်ဖို့ မစောင့်နိုင်တော့ပေ။

ဝှစ် … ဝှစ် ..။

သူသည် ပေါက်ကွဲလက်သီး နည်းစနစ်ကိုအသုံးပြုလိုက်တော့ လေပြင်းတွေပင် ဖြစ်တည်လာသည်။ တိုက်ခိုက်မှု၏ အားအင်သည် ပေါင်နှစ်သိန်ခွဲအထိ ရောက်ရှိသွားသည်။

သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အဘိုးအိုသည် ထိုအချင်းအရာကို မြင်တော့ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ထိပ်တိုက် ရင်မဆိုင်ဘဲ ရှောင်ရှားရန်သာ ဆုံးဖြတ်လိုက်ရ၏။

ဤနေရာတွင် လီချင်းယန် နှင့် ရှောင်ကျီတို့ ဆိုလျှင် သူ လွတ်အောင် ရှောင်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ သူ ယခု ယှဉ်ပြိုင်နေရသူမှာ သိုင်းအင်ပါယာတစ်ယောက် ပြန်လည်မွေးဖွားလာသော ရီရှင်းချန် ဖြစ်လို့နေသည်။

ရှောင်မည်လား။ မဖြစ်နိုင်တော့ပေ။

ဘန်း …။

ရီရှင်းချန်၏ လက်သီးချက်သည် အဘိုးအို၏ မျက်နှာတည့်တည့်အား ထိမှန်သွားတော့သည်။ ခေါင်းတစ်ခုလုံး လန်ထွက်သွားသည်သာမက ရှေ့သွားနှစ်ချောင်းပင် ပြုတ်ထွက်လာ၏။

ဟူး …။

အားလုံးသည် သက်မချလိုက်မိကြသည်။

ထိုကဲ့သို့သော လက်သီးချက်မျိုးကို သူတို့သာ ခံလိုက်ရပါက ရှေ့သွားတွေ အကုန်လုံး ထွက်သွားနိုင်၏။

ဘုတ် .. ဘုတ် ..ဘုတ် ..။

သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် အဘိုးအိုသည် နောက်သို့ ဆုတ်သွားရသည်။ သူ၏ မျက်နှာဘယ်ခြမ်း တစ်ခုလုံးသည် နီရဲပြီး ရောင်ကိုင်းလာသည်။

ဝှစ် ..။

ရီရှင်းချန်သည် အခြားတစ်ဘက်တွင် ပေါ်လာပြီး တောင်ဖြိုလက်ဝါးကို အသုံးပြုကာ မျက်နှာတစ်ဖက်ခြမ်းအား ရိုက်နှက်ပြန်လိုက်သည်။

လှုပ်ရှားမှု နှစ်ခုနှင့် ပြီးဆုံးသွားခဲ့၏။

သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူ၏ မျက်နှာသည် ဝက်ခေါင်းကဲ့သို့ပင် ရောင်ကိုင်းလျက်ရှိသည်။

သို့ပေမဲ့ ဤအရာသည် အစသာ ရှိသေးသည်။ နောက်ဆက်တွဲ တိုက်ခိုက်မှုများမှာ ပိုမို၍ပင် ကြမ်းတမ်းသေးသည်။ နောက်ဆုံးမှာတော့ သူသည် ဆက်တိုက်ရိုက်နှက်ခြင်းကို ခံနေရတော့၏။

ကျွင်းချောင်ရှောင်းသည် ဆက်လက်မကြည့်နိုင်တော့သည်မို့ အသံပို့လွှတ်လိုက်သည် “သူ့ကို မသေစေနဲံ့။ မြန်မြန် တိုက်ပွဲကို အဆုံးသတ်တော့”

ဆက်လက်တိုက်ခိုက်ချင်နေသေးသော ရီရှင်းချန်သည် နှမျောတသ ဖြင့် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အဘိုးအိုအား စင်မြင့်ပေါ်မှ ကန်ချလိုက်တော့သည်။

“အဆောင်က အားကောင်းလိုက်တာ” သူ အလွန်ကျေနပ်မိနေသည်။ ဖြစ်နိုင်မည် ဆိုလျှင် နောက်တစ်ပွဲပင် ထပ်မံ၍ တိုက်ခိုက်ချင်နေသေး၏။

……..

ရှောင်ကျီသည် အဆင်ခြင်မဲ့ ကြမ်းတမ်းသည်။ လီချင်းယန်သည် တည်ငြိမ်သည်။

ရီရှင်းချန်မှာတော့ အလွန်တရာ ဆိုးသွမ်းသည်ဟု သတ်မှတ်နိုင်၏။

တပည့်သုံးယောက် ထွက်လာပြီး သုံးပွဲ အနိုင်ယူခဲ့သည်။ ထိုအချင်းအရာကို ကြည့်လျှင် သံမဏိအရိုးဂိုဏ်းတွင် နဂါးများ၊ ကျားများ ပုန်းအောင်းနေခြင်း ဖြစ်ကြောင်း သိသာမြင်သာ လှသည်။ အားလုံးသည် အထင်မသေးဝံ့ ကြတော့ချေ။

“ဆက်တိုက်မယ်” အကြီးအကဲကျန် သည် တီးတိုးပြောလိုက်သည်။

ထို့ကြောင့် နောက်ထပ် မိစ္ဆာဂိုဏ်းချုပ် တစ်ယောက်သည် တိုက်ခိုက်ရန် ထွက်လာ၏။

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ အားအင်အဆင့်ကို အတည်ပြုပြီးမှ မည်သည့် တပည့်အား တိုက်ခိုက်ခိုင်းမည်ဟု ဆုံးဖြတ်သည်။

ခြောက်ပွဲမြောက်မှာတော့ စုရှောင်မို အား တိုက်ခိုက်ခိုင်းခဲ့ပြီး သိုင်းစစ်သူကြီး အဆင့်ရှစ် ကျင့်ကြံသူအား စင်မြင့်ပေါ်မှ ကန်ချနိုင်ခဲ့၏။

ခုနှစ်ပွဲမြောက်မှာတော့ ဓားကျင့်ကြံသူ ကျိုးဟုန် ၏ အလှည့်ကျရောက်ပြီး ၎င်းသည် သိုင်းစစ်သူကြီး အဆင့်ခုနှစ် တစ်ယောက်အား လွယ်လွယ်ကူကူ အနိုင်ရရှိခဲ့သည်။

ကိုးပွဲမြောက်တွင်တော့ ထျန်းချီသည် သိုင်းစစ်သူကြီး အဆင့်ငါး တစ်ယောက် နှင့်ရင်ဆိုင်ခဲ့ရသောကြောင့် ပိုမို လွယ်ကူခဲ့၏။

မိနစ်နှစ်ဆယ်အတွင်း တပည့်လေးယောက်သည် တိုက်ခိုက်အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ အားလုံးသည် အားမနည်းလှချေ။

“မယုံနိုင်စရာပဲ”

“ဒီသံမဏိအရိုးဂိုဏ်း တပည့်တွေက အရမ်းအားကောင်းတယ်”

“သိုင်းဆရာတွေက သိုင်းစစ်သူကြီးတွေကို ကစားပွဲတစ်ခုလို တိုက်ခိုက်ဆော့ကစားသွားတယ်။ ဒီလူတွေ လူရော ဟုတ်ရဲ့လား”

များပြားလှသော ကျင့်ကြံသူများသည် ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။

သို့ပေမဲ့ ချင်းယန်နိုင်ငံ၏ ကျင့်ကြံသူများသည် ပိုမို၍ စိတ်ပူပန်နေကြ၏။

ဆယ်ပွဲတွင် ကိုးပွဲ နိုင်ပြီးပြီ ဖြစ်သော်လည်း တစ်ပွဲ ရှုံးပါက အားလုံးသေနိုင်သေးသည်။ ထို့အပြင် မိစ္ဆာဂိုဏ်းများ ဘက်မှ နောက်ဆုံး ထွက်လာသူမှာ သိုင်းစစ်သူကြီး တတိယအဆင့်ဖြစ်ပြီး ဝမ်ရှိုးရှန်း နှင့် ယှဉ်နိုင်သူ ဖြစ်နေသည်။

ကျွင်းချောင်ရှောင်းသည် နောက်ဆုံးတပည့်ကို စေလွှတ်လိုက်သည်။

မည်သူနည်း။

လုချင်းချင်းပင် ဖြစ်တော့သည်။

“နောက်ဆုံးပွဲမှာ မိန်းမ တစ်ယောက်ကို တိုက်ခိုက်ခိုင်းမယ် ဟုတ်လား။”

“ဒါက မဟုတ်သေးပါဘူး”

“ရှုံးသွားရင် တစ်ဂိုဏ်းလုံး သတ်သေရမှာနော်”

လုချင်းချင်း တစ်ယောက် သေခြင်းရှင်ခြင်း စင်မြင့်ပေါ် တက်လာသည်ကို မြင်တော့ ချင်းယန်နိုင်ငံ၏ ကျင့်ကြံသူများအားလုံးသည် စိတ်ဓာတ်ကျသွားကြသည်။

သို့ပေမဲ့ မြို့တော်ဝန်ရှဲ့ ၊ အိုက်ရှန်းရီ နှင့် တခြားသော သူများမှာမူ တည်ငြိမ်နေသေး၏။

သူတို့သည် လုချင်းချင်း တိုက်ခိုက်သည်ကို မြင်ဖူးကြသူများ ဖြစ်ပြီး သူမသည် ရေခဲဓာတ်စင်ကို ကျင့်ကြံသူ ဖြစ်ကြောင်း သိရှိကြသည်။ သူမ၏ အားအင်သည် လီချင်းယန် ၊ ရီရှင်းချန် တို့အောက် မရောက်ပေ။

ထို့ကြောင့် မြို့တော်ဝန် ရှဲ့ နှင့် အိုက်ရှန်းရီ တို့သည် ပြုံးနေကြတော့သည်။

All Chapters