← Chapters

အခန်း (၃၈၃)

Vol. 26 Ch. 383

အခန်း (၃၈၃)

Vol. 26 Ch. 383

အကြီးအကဲပိုင်သည် ဆိုးဆိုးရွားရွား အခြေအနေနှင့် အတူ ဟွာယန်မြို့မှ မိစ္ဆာဂိုဏ်းသားများကို ခေါ်ဆောင်၍ ပြန်ပြေးသွားခဲ့သည်။ ပဋိပက္ခမှာ ထိုသို့ပင် အဆုံးသတ်သွားခဲ့သည်။ အကြီးအကဲဝေ ကဲ့သို့သော သိုင်းအုပ်စိုးသူ တစ်ယောက် ရှိနေသေးကြောင်း အားလုံးသိရှိသောကြောင့် မည်သူမှ ပြဿနာထပ်၍ မရှာရဲတော့ချေ။

ချင်းယန်နိုင်ငံမှ သိုင်းပညာရှင်များအားလုံးသည် တွေဝေ ငေးငိုင်နေမိကြသည်။

သံမဏိအရိုးဂိုဏ်းသည် ဆယ်ပွဲလုံး အနိုင်ယူခဲ့ပြီး အားလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့၏။

အလွန်အရေးကြီးသော အခိုက်အတန့်မျိုးတွင် သိုင်းအုပ်စိုးသူ တစ်ယောက် ပေါ်လာမည် ဟု မည်သူ ထင်မှတ်မိမည်နည်း။ ၎င်းသည် အော်ရာတစ်ခုတည်းနှင့်ပင် သိုင်းဘုရင် ထိပ်ဆုံး ကျင့်ကြံသူ တစ်ယောက်အား ဘောင်းဘီထဲ သေးထွက်ကြောက်လုမတတ် လန့်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။

အားလုံးပြီးစီးပြီးနောက် သံမဏိအရိုးဂိုဏ်းသည် အန္တရာယ်တွင်းထဲမှ လွတ်မြောက်ခဲ့ပြီ ဖြစ်ပြီး များပြားလှသော ကျင့်ကြံသူများသည်လည်း အလျှိုလျှို ထွက်ခွာသွားတော့၏။

လမ်းတစ်လျှောက်မှာတော့ ထိုသူတို့သည် သူတို့မြင်တွေ့ခဲ့သမျှတွေကို စားမြုံပြန်လျက်ရှိသည်။ သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် အစွမ်းပြခဲ့ကြသော သံမဏိအရိုးဂိုဏ်းသားများ၏ စွမ်းဆောင်ရည်သည် သူတို့အား လက်ဖျားခါစေသည်။

ယနေ့ကိစ္စကို သူတို့တွေ မေ့သွားလိမ်မည်မဟုတ်ချေ။ အလွန် ကြီးကျယ်ခမ်းနားသော နေ့တစ်နေ့ပင် ဖြစ်တော့၏။

ချင်ဟောင်ရန် နှင့် မဟာမိတ်ဂိုဏ်းခေါင်းဆောင်များသည် အမြီးကုတ်ကာ ဖြင့် ပြေးလေတော့သည်။ သူတို့သည် ရယ်မောချင်လျှင်တောင်မှ ရယ်မောခွင့်မရှိတော့ပေ။

ကျွင်းချောင်ရှောင်းသာ အငြိုးထား၍ သူတို့ဆီသို့ သိုင်းဘုရင် နှင့် သိုင်းအုပ်စိုးသူ နှစ်ယောက်အား လွှတ်လိုက်လျှင် အဘယ်သို့ ရင်ဆိုင်မည်နည်း။

သို့ပေမဲ့ သူတို့အတွေးလွန်နေခြင်းသာ ဖြစ်သည်။

ကျွင်းချောင်ရှောင်း သည်သာ တကယ်တမ်း အငြိုးထားမည် ဆိုလျှင် ဤမျှလွယ်လွယ်ကူကူ လွှတ်ပေးမည် မဟုတ်ချေ။ အမှိုက်ပုံအား အမှိုုက်ပုံလို ထားလိုက်ခြင်းသာ ဖြစ်၏။ အမှိုက်ပုံအား သူ ဂရုစိုက်နေမည် မဟုတ်ချေ။

သူသည် သူ၏ ဂိုဏ်းပိုမို အားကောင်းလာစေရန် သာ အာရုံစိုက်ထာသည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့သားများသည် ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲ ထည့်ထားရလောက်သည့် အဆင့်တွင် ရှိနေသူများ မဟုတ်ကြချေ။

တစ်ဖက်လူများသည် သူ့အား ရယ်မောလှောင်ပြောင်ချင်၍ ရောက်လာကြသည်။ သို့ပေမဲ့ သူသည် ထိုသူများအား အလွန်မြင့်မားပြီး ကြီးကျယ်ခမ်းနားလှသော တောင်ကြီးတစ်ခု မှ ပုရွက်ဆိတ်လေးများအား ငုံ့ကြည့်သလို ကြည့်နေပြလိုက်သည်။

ထားပါတော့။ မည်သို့ပင် ဆိုစေကာမူ ကျွင်းချောင်ရှောင်း စိတ်ထဲတွင် မှတ်ထားသည့်အရာတစ်ခုတော့ ရှိနေ၏။

ဟွာယန် နိုင်ငံမှ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းသည် မိစ္ဆာဂိုဏ်းနှစ်ဆယ်ကို စုဝေး၍ သူတို့၏ သံမဏိအရိုးဂိုဏ်း အား လာရောက် ဖျက်ဆီးခဲ့သည်။ ဤကိစ္စကို သူ နှလုံးထဲ၌ မှတ်ထားရပေလိမ့်မည်။

အနာဂတ်တွင် သူ့၌ လုံလောက်သော အားအင်များရှိလာသည့် တစ်နေ့ရောက်လျှင် ဟွာယန်နိုင်ငံဆီသို့ ချီတက်၍ အကြွေးတောင်းရန် ကြံရွယ်ထားသည်။

သံမဏိအရိုးဂိုဏ်း .. အဓိက ဟောခန်းထဲမှာတော့ ..

မြို့တော်ဝန်ရှဲ့ ၊ အိုက်ရှန်းရီ နှင့် ကျန်သောသူများသည် အတွင်းသို့ ဖိတ်ခေါ်ခြင်းကို ခံလိုက်ရ၏။

ကျွင်းချောင်ရှောင်းသည် စားပွဲ၏ထိပ်တွင် ထိုင်၍ လက်ဖက်ရည်ခွက်ကိုမြှောက်ကာ ပြောလိုက်သည် “ဒီတစ်ကြိမ် သံမဏိအရိုးဂိုဏ်း အန္တရာယ်ကျရောက်ချိန်မှာ အားလုံးက လာပြီး ကူညီကြတယ်။ ဒီကျွင်းက ကြင်နာမှုကို ကျိန်းသေပေါက် မှတ်ထားပါမယ်။”

မြို့တော်ဝန်အောင်း က ပြောလိုက်သည် “ဂိုးဏ်းချုပ်ကျွင်းက ချင်းယန်နိုင်ငံက လူတွေ အတွက် လက်စားချေပေးခဲ့တာပဲ။ ကျုပ်တို့က ဘေးကနေ လာအားပေးရုံလောက်ပါပဲ။”

အရိုးသားဆုံးပြောရလျှင် သူတို့သည် ဘာမှလုပ်ခဲ့သူများ မဟုတ်ကြချေ။ တစ်ချိန်လုံးဘေးမှ ရပ်ကြည့်ခြင်းကိုသာ ပြုလုပ်ခဲ့ကြသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း အတွက်မူ မိစ္ဆာဂိုဏ်းသားများအား မကြောက်လန့်ဘဲ လာရောက် ထောက်ပံ့ပေးရဲသည် ဆိုခြင်းမှာ ကြင်နာမှုပင် ဖြစ်တော့၏။

ထို့ကြောင့် ရှင်းလင်းစွာ ပြောလိုက်သည် “အိုက်ခေါင်းဆောင် … ကျေးဇူးပြုပြီး မြို့တော်ဝန် တစ်ယောက်ချ်းစီကို ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးတွေ ပေးလိုက်ပါ။ ကျုပ်က ကျေးဇူးတင်လွန်းလို့”

“ကောင်းပါပြီ”

အိုက်ရှန်းရီ သည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး ပုလင်းနှစ်လုံးကို ထုတ်ယူ၍ မြို့တော်ဝန် ခုနှစ်ယောက် နှင့် မြို့ရှိ မိသားစုခေါင်းဆောင် အယောက်နှစ်ဆယ်ကျော်တို့အား ခွဲဝေပေးလိုက်သည်။

“ဒါက ….”

မြို့တော်ဝန်အောင်း နှင့် တခြားသောသူများသည် ဆွံ့အသွားကြသည်။

အိုက်မိသားစု လစဉ်လတိုင်းတွင် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး ငါးလုံးကိုသာ လေလံတင်ခဲ့သည်။ ထို့ကြောင့် ပိုက်ဆံရှိလျှင်ပင် ဝယ်ယူရန် ခက်ခဲလှ၏။

ယခုတစ်ခါတည်း ပုလင်းလိုက်ထုတ်ကာ အားလုံးကို ဝေခြမ်းပေနေသည်။ မယုံနိုင်စရာပင်။

ထို့အပြင် ဂိုဏ်းချုပ်ကျွင်း၏ စကားတစ်ခွန်းတည်းနှင့် ထုတ်ပေးနေခြင်း ဖြစ်သည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်ပြင်ဆင်ပြီးသွားပြီ။ ဒီမှာနေပြီး စားသောက်သွားကြပါအုံး”

“ဂိုဏ်းချုပ်ကျွင်း …”

မြို့တော်ဝန်အောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “မြို့မှာ လုပ်စရာလေးတွေ ရှိသေးတာမို့ အရင်ဆုံး သွားလိုက်ပါအုံးမယ်”

တခြားသော မြို့တော်ဝန် နှင့် ခေါင်းဆောင်များသည် မတ်တပ်ရပ်ကာ နှုတ်ဆက်ထွက်ခွာသွားတော့သည်။

ကျွင်းချောင်ရှောင်းသည် ခဏနေရန် အတင်း ဖိအားမပေးချေ။ သူကိုယ်တိုင် ထွက်၍ တံခါးဝသို့ လိုက်ပို့ခဲ့သည် “အနာဂတ်မှာ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ချင်းယန်နိုင်ငံရဲ့ ဒီလူတွေကို အားကိုးရတော့မှာပဲ”

“…….” အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။

သံမဏိအရိုးဂိုဏ်းတွင် သိုင်းဘုရင် နှင့် သိုင်းအုပ်စိုးသူပင် ရှိနေသည်။ တကယ်တမ်း အားကိုးရမည် ဆိုလျှင် သူတို့ကသာ အားကိုးရမှာ ဖြစ်၏။

နှုတ်ဆက်ပြီးသည့်နောက် မြို့တော်ဝန်အောင်း တို့သည် ပြန်လည် ထွက်ခွာသွားတော့သည်။

မြို့တော်ဝန်ရှဲ့မှာတော့ လိုက်မပြန်ချေ။ တံခါးဝ၌ ရပ်ပြီး ခေါင်းကို ခါယမ်းလိုက်မိ၏ “ဘဝမှာ အရသာ အရှိဆုံး အရာကို စားရဖို့ လက်လွတ်သွားကြတဲ့သူတွေပဲ”

“အမှန်ပဲ”

အိုက်ရှန်းရီ လည်း သဘောတူ ထောက်ခံလိုက်မိ၏။

သူတို့နှစ်ယောက် မပြန်ရခြင်းအကြောင်းရင်းမှာ လျှိုဝမ်ရှစ်၏ ဟင်းလက်ရာကို မြည်းစမ်းရန်သာ ဖြစ်တော့သည်။

……….

“ဂိုဏ်းချူပ်ကျွင်း ….”

စားသောက်ခန်းထဲသို့ ရောက်ပြီးနောက် မြို့တော်ဝန်ရှဲ့သည် ခွက်ကို မြှောက်ကိုင်ကာ ပြောလိုက်သည် “ဒီနေ့မှာသံမဏိအရိုးဂိုဏ်းက ကျုပ်ကို မျက်စိပွင့် နားပွင့် ဖြစ်စေခဲ့တယ်။”

“ပထမဆုံးဆယ်ပွဲလုံးကို အနိုင်တိုက်ခဲ့တယ်။ ပြီးတော့ သိုင်းဘုရင် နဲ့ သိုင်းအုပ်စိုးသူ တစ်ယောက် ရှိကြောင်းလည်း ပြသနိုင်ခဲ့တယ်။ ဒီသတင်းက သံမဏိအရိုးဂိုဏ်းကို ပိုပြီး ဂုဏ်တက်စေမှာပဲ” အိုက်ရှန်းရီ ပြောလိုက်သည်။

သူတို့သည် ကျွင်းချောင်ရှောင်းနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိသည်မို့ ယခုလို အောင်မြင်မှုကို မြင်ချိန်တွင် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မိကြ၏။

“ဟင်း ….”

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည် “ကျုပ်က သိုသိုသိပ်သိပ် နဲ့ ဂိုဏ်းတိုးတက်လာစေဖို့ကိုပဲ အာရုံစိုက်ချင်ခဲ့တာ။ အခုတော့ မရပါလား။”

“……..” မြို့တော်ဝန်ရှဲ့ နှင့် အိုက်ရှန်းရီ တို့၏ နှုတ်ခမ်းထောင့်များသည် တုန်ခါသွားသည်။

ဟွာယန်နိုင်ငံသို့သွားပြီး မိစ္ဆာဂိုဏ်းလေးဂိုဏ်းအား ဖျက်ဆီးခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့ပြီးသည်ကိုတောင်မှ သိုသိုသိပ်သိပ် နေချင်သည်ဟု ဆိုနေပြန်၏။ သောက်ကျိုးနည်းလှချေသည်တကား။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “လာ …. သောက်လိုက်ကြစို့”

သုံးယောက်သား အားရပါးရ သောက်ကြတော့သည်။

မြို့တော်ဝန်ရှဲ့သည် ခွက်ကိုမြှောက်ကာ ဆို၏ “ဂိုဏ်းချုပ်ကျွင်း … ကျန်းယန် နိုင်ငံ က လာပြီး ကျူးကျော်ရင် ကျေးဇူးပြုပြီး ကူညီပါ”

ထိုစကားကို ပြောချင်၍ သူ ဤနေရာတွင် သောက်စားနေခြင်း ဖြစ်တော့သည်။

အရှေ့တောင်ရန်ကျူး ရှိ စစ်ပွဲသည် ချင်းယန်နိုင်ငံသို့ အချိန်မရွေး ရောက်ရှိလာနိုင်သည်။ မြို့တော်ဝန် ရှဲ့သည် ပြင်ဆင်မှုများကို ပြုလုပ်ထားသည် ဆိုသော်လည်း အိပ်ကောင်းချင်း မအိပ်နိုင်၊ စားကောင်းခြင်း မစားနိုင် ဖြစ်လို့နေ၏။

ယခု သံမဏိအရိုးဂိုဏ်းတွင် သိုင်းဘုရင် အပြင် သိုင်းအုပ်စိုးသူပါ ရှိနေသည် ဆိုတော့ ကျန်းယန်နိုင်ငံကသာ ကျူးကျော်လာလျှင် ခုခံနိုင်ပြီ ဖြစ်သည်။

“ချင်းယန်နိုင်ငံက ကျုပ်ရဲ့ အိမ်ပဲလေ။ အနိုင်လာကျင့်သူတိုင်းကို လွှတ်ပေးမှာ မဟုတ်ဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

သူသည် ချင်းယန်နိုင်ငံအပေါ်တွင် ချစ်မြတ်နိုးစိတ် မရှိဘူးဆိုလျှင်တောင်မှ အသိုက်ပျက်လျှင် ဥ ကျန်ခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ချင်းယန်နိုင်ငံသာ ကျူးကျော်ခံရလျှင် သံမဏိအရိုးဂိုဏ်းလည်း လွတ်ကင်းမည် မဟုတ်ချေ။

အိုက်ရှန်ရီ ပြောလိုက်သည် “ဒါဆို ဟူရန်မြို့ ဒုက္ခရောက်ရင် ဂိုဏ်းချုပ်ကျွင်း လာကူညီရမယ်နော်”

“ပြဿနာမရှိဘူး” ကျွင်းချောင်ရှောင်း တည့်တည့်ပဲ ပြောလိုက်သည်။

ဟူရန်မြို့ မပြောနှင့် ယနေ့ သူအား လာရောက်အားပေးသော မည်သည့်မြို့တော်ဝန်၏ မြို့မဆို တစ်ခုခု ဖြစ်လျှင် သူ ကူညီမှာ သေချာ၏။

စိတ်လိုလက်ရ သောက်ပြီးသည့်နောက် မြို့တော်ဝန်ရှဲ့ နှင့် အိုက်ရှန်းရီ တို့သည် ပျော်ရွှင်စွာဖြင့် ပြန်သွားကြသည်။

ဂိုဏ်းချုပ်ကျွင်းသည် သူ၏ ကိုယ်ထဲရှိ အရက်များအား ပြန်ထုတ်ကာ ဆေးဥယျာဉ်သို့ သွားလိုက်၏။

“အကြီးအကဲဝေ ….

ဆေးဥယျာဉ်ထဲရှိ ဆေးခန်းမဆောင်လေးထဲ ရောက်တော့ သူ လက်သီးဆုပ်ကာ ပြောလိုက်သည် “တကယ့်ကို ကျွမ်းကျင်သူပဲ”

“အဟွတ် .. အဟွတ် …”

ကျောက်ထိုင်ခုံပေါ်တွင် ထိုင်နေသော စီနီယာဝေသည် ချောင်းနှစ်ချက် ဆိုးလိုက်ပြီး အလွန်မျက်နှာထားရ ခက်သော အမူအရာ ဖြင့် ပြောလိုက်သည် “ဒီအဘိုးကြီးက သင်္ချီုင်းကုန်းကို ခြေတစ်ဖက် လှမ်းနေပြီ။ ဘယ်လိုလုပ် ကျွမ်းကျင်သူလို့ သတ်မှတ်နိုင်မှာလဲ”

ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။

အကြီးအကဲဝေ၏ လက်ရှိ ပုံစံသည် ကျင့်ကြံြုခင်းအဆင့်ကို ထုတ်ဖော်မပြသခင်ကထက် ပို၍ အိုစာ သွားသည်ကို သူ သတိပြုမိလိုက်၏။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေသည် နာကျင်နေသော အရိပ်အယောင်များရှိသည့် မျက်ဝန်းတစ်စုံ ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည် “ကျုပ်ဆီမှာ သိုင်းအုပ်စိုးသူ ကျင့်ကြံခြင်းအဆင့် ရှိတယ် ဆိုပေမဲ့ သိုင်းအုပ်စိုးသူ တစ်ယောက်ရဲ့ အားအင်မျိုးမရှိဘူး။ ကျုပ် ရဲ့ အော်ရာတွေနဲ့ပဲ လူတွေကို ခြောက်လန့်လို့ရတယ်”

ကျွင်းချောင်ရှောင်း “………”

အကြီးအကဲဝေ ပြောလိုက်သည် “လောကကြီးမှာ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ရောဂါတွေရှိတယ်။ အဲအထဲမှာ ကျုပ်ရဲ့ ရောဂ်လည်း ပါတယ်”

“ဘယ်လို ရောဂါမျိုးလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

အကြီးအကဲဝေသည် ခေါင်းခါယမ်းကာ ပြောလိုက်သည် “မသိဘူး။ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးက သမားတော်ပေါင်းများစွာနဲ့ ကုပြီးပြီ။ ဒါပေမဲ့ ကုမရဘူးဆိုတဲ့ အဖြေပဲ ရခဲ့တယ်”

“……..” ကျွင်းချောင်ရှောင်း။

အကြီးအကဲဝေ၏ မျက်နှာသည် ဖြူရော်နေသည်။ စောနက ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်ခြင်းကြောင့် ရောဂါပြန်ထလာခြင်း ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ခိုင်မာစွာ ပြောလိုက်၏ “လောကကြီးမှာ ကုလို့မရတဲ့ ရောဂါဆိုတာ မရှိဘူး။ မကုတတ်တဲ့ သမားတော်ပဲ ရှိတယ်။ ကျုပ် နည်းလမ်းရှာမယ်။”

အကြီးအကဲဝေသည် ပြုံးကာ အဓိပ္ပာယ်ပါပါ ပြောလိုက်၏ “ဒါပေမဲ့ ဂိုဏ်းချုပ် …. သိုင်းအုပ်စိုးသူ တစ်ယောက် ရှိနေရင်လည်း အားကိုးလို့ မဖြစ်ဘူးလေ။ အနာဂတ်မှာ ကိုယ့်အားကိုယ်ကိုးမှ ဖြစ်မယ်။”

All Chapters