← Chapters

အခန်း (၃၈၆)

Vol. 26 Ch. 386

အခန်း (၃၈၆)

Vol. 26 Ch. 386

ဂိုဏ်းစုဆောင်းမှတ် ၄၇၆၀ တိတိ ရှိနေသော ဂိုဏ်းချုပ်ကျွင်းသည် နှောင့်နှေးခြင်းတစက် မရှိဘဲ အလယ်အလတ် အဆင့် စတိုးအား ဖွင့်လိုက်သည်။ သူသည် အလွန်အမင်း ချမ်းသာသူ တစ်ယောက်ကဲ့သို့ ခံစားမိနေသည်။

နောက်ဆုံးအကြိမ် အလယ်အလတ်အဆင့်စတိုး အား refresh လုပ်ပြီးသည့်နောက် သူသည် ဆန်းကြယ်ဂိတ်တံခါး ၃၂ ဆိုသော အစီအရင် ဖန်တီးခြင်း အတတ်ပညာ စာအုပ်အား ရရှိခဲ့သည်။ ထို့ကြောင့် တခြားပစ္စည်းများကိုပင် သေချာမကြည့်ခဲ့ရပေ။ အပျော်လွန်ကာ ပြန်ထွက်မိခဲ့၏။

ဤတစ်ကြိမ်တွင်တော့ သူသည် သေချာကြည့်လိုက်သည်။ သူ ကြိုက်နှစ်သက်သော အရာတစ်ခုခု ပေါ်လာပြီ ဆိုလျှင် တစ်ခါတည်း ဝယ်ယူလိုက်ရန် စဉ်းစားမိသည်။

ပြောနေစရာပင် မလိုချေ။

ပထမတစ်ကြိမ် အလယ်အလတ် အဆင့် စတိုးအား refresh လုပ်ခဲ့စဉ် က ကောင်းမွန်သည့် ပစ္စည်းများအား ရရှိခဲ့သည်။ သူသည် တတိယ တန်းရှိ အရာဝတ္တုတစ်ခုဆီသို့ အကြည့်ရောက်သွားသည် “တာဝန်ထုတ်ဖော်စက်”

ဤအရာသည် စနစ် ပြောဆိုခဲ့ဖူးသော အရာ မဟုတ်လား။

ကျွင်းချောင်းရှောင်းသည် ပစ္စည်းအား နှိပ်ကာ အသေးစိတ် အချက်အလက်များအား ကြည့်ရှုလိုက်၏။

တပည့်များအတွက် နေ့စဉ်နေ့တိုင်း ဂိုဏ်းတာဝန်များ ထုတ်ဖော်ပေးမည်ဖြစ်ပြီး ဂိုဏ်းစုဆောင်းမှတ်များ ရရှိစေမည်။ သို့ပေမဲ့ ဂိုဏ်းတာဝန် ဘုတ်ပြား နှင့် ပစ္စည်းလဲလှယ်စက် ရှိရန် လိုအပ်သည်။ တပည့်များ ဂိုဏ်းတာဝန် ပြည့်စုံပါက လက်ခံသူသည် မည်သည့် ဆုလာဘ်ကိုမှ ရရှိလိမ့်မည် မဟုတ်ချေ။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀။

ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏ “တော်သေးတယ်။ ငါ့ဆီမှ တခြားပစ္စည်းနှစ်ခု ရှိပြီးသား ဖြစ်နေလို့။ ဒါပေမဲ့ တပည့်တွေ တာဝန်ပြီးမြောက်တာတောင် ငါက ဘာလို့ ဘာတစ်ခုမှ မရတာလဲ။”

စနစ်မှပြောလိုက်သည် “ဂိုဏ်းက ဂိုဏ်းသားတွေများလာပြီ။ ဒီတော့ ဒီအရာကို ဝယ်ဖို့ ကြယ်ငါးပွင့် အဆင့် ထောက်ခံပါတယ်။”

“ဝယ်မယ်”

ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း ဝယ်ယူလိုက်သည်။

“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ကို အသုံးပြု၍ တာဝန်ထုတ်ဖော်စက်အား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၃၇၆၀ / ၅၀၀၀”

ပစ္စည်းကို ဝယ်ယူပြီးနောက် ကျွင်းချောင်ရှောင်း ဆက်လက် ကြည့်ရှုလိုက်သည်။ နောက်ဆုံးမှာတော့ ကောင်းကင်နီဓားကွက် ဟူသော သိုင်းနည်းစနစ် တစ်ခုကို တွေ့ရှိလိုက်သည်။

“နာမည်ကို ကြည့်လိုက်တာနဲ့ အရမ်းအားကောင်းမယ့်ပုံပဲ”

သူသည် မိတ်ဆက်ကို သေချာဖတ်ကြည့်လိုက်၏။

ပစ္စည်း - ကောင်းကင်နီဓားကွက်။

မိတ်ဆက် - သီးခြားဂြိုဟ်တစ်ခုဆီမှ ကောင်းကင်နီအင်ပါယာ၏ ဓားကွက်တစ်ခုဖြစ်ပြီး အလွန်အားကောင်းလွန်းသည်။ သတ်ဖြတ်ခြင်း အားအင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။

အစွမ်း - စွမ်းအင်စုစည်းမှုကြာမြင့်လေ အားကောင်းလေ ဖြစ်သည်။ ဝှက်ဖဲ တိုက်ကွက်တစ်ခုအဖြစ် အသုံးပြုနိုင်ပြီး မီးဓာတ်သဘာဝ ကျင့်ကြံသူ ဆိလျှင် ပိုမို၍ နားလည်လွယ်နေလိမ့်မည်။

အားနည်းချက်- ဤတိုက်ကွက်သည် အလွန်အားကောင်းလွန်းသောကြောင့် အမျိုးသား ကျင့်ကြံသူများနှင့်သာ ကိုက်ညီသည်။ အမျိုးသမီးများ အသုံးပြုရန် မသင့်တော်ပေ။ မိန်းမလျာများလည်း ကျင့်ကြံ၍ မရနိုင်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀။

အဆင့် - နတ်ဘုရား အလယ်အလတ်အဆင့်။

ချီးတဲ့မှ …။

ကျွင်းချောင်ရှောင်းသည် ထခုန်လုမတတ် ဖြစ်သွားသည်။ သူ စိတ်လှုပ်တရှားဖြင့် ပြောလိုက်၏ “နောက်ထပ် နတ်ဘုရားအဆင့် သိုင်းနည်းစနစ် တစ်ခုပဲ”

အကောင်းဆုံးအချက်မှာ နတ်ဘုရားအလယ်အလတ် အဆင့် လက်နက်တစ်ခု ဖြစ်သည့်အပြင် မီးဓာတ်အမျိုးအစား ကျင့်ကြံသူနှင့် ကိုက်ညီခြင်းပင် ဖြစ်သည်။ သူ့အတွက် သီးသန့် ဖန်တီးထားသော နည်းစနစ် တစ်ခုလိုပင်။

“သာမာန်ပဲ”

စနစ်က တည်ငြိမ်စွာ ပြောလိုက်သည် “အလယ်အလတ် နတ်ဘုရား သိုင်းနည်းစနစ်တွေကို အလယ်အလတ် စတိုးထဲမှာ တွေ့တယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်ဘူး။”

“ဒါက နည်းနည်း ဈေးကြီးတယ်။”

ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ဆိုသည်မှာ အလွန်များပြားသော နည်းစနစ် တစ်ခု ဖြစ်သည်။

စနစ်က ပြောလိုက်သည် “လက်ခံသူ … ဒါကို ဈေးကြီးတယ် ထင်ရင် မဝယ်နဲ့လေ။ မြန်မြန် refresh လုပ်လိုက်တော့”

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွား၏ “အရူးပဲ မဝယ်မှာ။ အရူူးပဲ refresh လုပ်မယ်”

“ဒင် … လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ ကို အသုံးပြုပြီး ကောင်းကင်နီဓားကွက် အား လဲလှယ်ခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ် ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင် ….. ဂိုဏ်းစုဆောင်းမှတ် ၁၇၆၀ / ၅၀၀၀”

မူလအားဖြင့် ဂိုဏ်းစုဆောင်းမှတ် ၄၇၆၀ ထိ ရှိပြီးဖြစ်သော ကျွင်းချောင်ရှောင်းသည် ပစ္စည်းနှစ်မျိုးကို ဝယ်ယူပြီးနောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ် ၁၇၆၀ သာ ကျန်ရှိတော့သည်။ အလယ်အလတ် အဆင့် စတိုးထဲရှိ ပစ္စည်းများသည် အလွန်တရာ ဈေးကြီးလွန်းလှ၏။

“ဒင် … လက်ခံသူ ဝယ်ယူခဲ့သော တိုက်ခိုက်ရေးနည်းစနစ်သည် ဂိုဏ်း၏ သိုင်းနည်းစနစ် အဖြစ် ကိုက်ညီသွားသည်။”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ သိုင်းနည်းစနစ် ထဲတွင် ကောင်းကင်နီဓားကွက် ပေါ်လာကြောင်း မြင်လိုက်ရ၏။

ဆိုလိုသည်မှာ ဤနည်းစနစ်အား ဂိုဏ်းမှ မည်သည့်ယောကျာ်းမဆို သင်ယူနိုင်ခွင့်ရှိသွားပြီ ဖြစ်သည်။

“မိတ္တုကူးမယ်”

ဂိုဏ်းချုပ်ကျွင်းသည် နောက်ထပ် ဂိုဏ်းစုဆောင်းမှတ် ၅၀ ကို အသုံးပြုပြီး ကောင်းကင်နီဓားကွက် အား မိတ္တု ငါးထောင် ကူးလိုက်၏။

ဤနည်းစနစ်သည်မှာ အပြင်ဘက်သို့ ပြန့်သွားပါက အကုန်လုံးပျော်လွန်း၍ ထိုင်ငိုနေလောက်ပေသည်။

ဝယ်ယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလယ်အလတ် စတိုးမှ ပြန်ထွက်လိုက်သည်။ ဤနေရာ၌ ဆက်နေမည်ဆိုလျှင် တခြားပစ္စည်းများအား ကြည့်ရင်း ဝယ်ယူမိနေပေလောက်မည်။

သူသည် စဦးစတိုးအား ဖွင့်ကာ ဝင်လိုက်၏။

သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ၁၇၁၀ ကျန်ရှိသေးသည်။ ထို့ကြောင့် မလုပ်ရမနေနိုင်သည့် အကျင့်ကြောင့် refresh ဝင်လုပ်ရန် စဉ်းစားလိုက်တော့သည်။

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၁၇၀၀ / ၅၀၀၀”

စဦးအဆင့် စတိုး၏ မြင်ကွင်းသည် ပြောင်းလဲသွားသည်။ ပစ္စည်းသစ်များ ပေါ်လာ၏။

သူသည် ပစ္စည်းများအား ကြည့်ရှုရင်း တစ်နေရာဆီ အရောက်မှာတော့ အကြည့်မှာ တန့်သွားသည်။

နတ်ဘုရားအဆင့် အဆင့်မြင့်တင်ခြင်း AWM စနှိုက်ပါ။

“ချီးတဲ့မှ ….”

ကျွင်းချောင်ရှောင်း ထအော်လိုက်သည် “နောက်ထပ် စနှိုက်ပါ တစ်ခု တွေ့ပြီပဲ”

စနစ်သည် မနေနိုင်ဘဲ ထဆဲလိုက်လိုက်မိ၏ “ကံ .. ခွေးကံ .. ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်းသည် သေနတ်များအကြောင်း သေချာမသိပေ။ အဓိက အရေးကြီးသည်မှာ မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော လက်နက် တစ်ခုမဟုတ်ဘဲ နတ်ဘုရားအဆင့် အဆင့်မြင့်တင်ထားသော လက်နက် ဖြစ်နေခြင်းပင်။

သူသည် စဦးစတိုးအား အကြိမ်ပေါင်းများစွာ refresh လုပ်ခဲ့သည်။ သို့ပေမဲ့ နတ်ဘုရားအဆင့် အဆင့်မြင့်တင်ထားသော လက်နက် ဆို၍ နဂါးစိမ်းလခြမ်းဓားမော့ကိုသာ တွေ့သေး၏။

အသေးစိတ်ကို ဝင်ဖတ်ကြည့်လိုက်မိသည်။

ပစ္စည်း - AWM စနှိုက်ပါ။

ဖော်ညွှန်းချက် - စစ်တပ်သုံး စနှိုက်ပါ။

အစွမ်း - မြန်ဆန်သော ပစ်နှုန်း ၊ အဝေးပစ် ၊ ဖောက်ထွင်းအားကောင်း။

အားနည်းချက် - ကျည်ငါးချက်သာပါ။ ပြန်ကန်အား ကောင်းလွန်း။

အထူးစွမ်းရည် - အထူးစွမ်းရည်ကို အသက်သွင်းလျှင် ကျည်ငါးခုမှ စုပေါင်း၍ အထူးကျည်အဖြစ် ပြောင်းလဲသွားနိုင်သည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် - ၅၀၀။

“ထင်ထားတဲ့အတိုင်းပဲကိုး …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “နတ်ဘုရားအဆင့် နဂါးစိမ်း လခြမ်းဓားမော့ လိုပဲ ဒီလက်နက်မှာ အထူးစွမ်းရည် ရှိနေတာပဲ”

အထူးအစွမ်းရှိနေသည် ဆိုမှတော့ သူတို့အနေဖြင့်ဝယ်ကို ဝယ်ရမည်။

“ဒင် .. လက်ခံသူုသည် ဂိုဏ်းစုဆောင်းမှတ် ငါးရာကို အသုံးပြု၍ AWM စနှိုက်ပါ ကို လဲလှယ်ခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ် ဆီ သို့ ပို့ဆောင်လိုက်ပါပြီ”

“ဒင် … ဂိုဏ်းစုဆောင်းမှတ် ၁၁၀၀ / ၅၀၀၀”

အချိန်တိုအတွင်းမှာပဲ ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းစုဆောင်းမှတ် ၃၆၆၀ ကို အသုံးပြုခဲ့သည်။ အလွန်ချမ်းသာသည့် လူတစ်ယောက်အဖြစ်မှသည် ချက်ချင်းဆင်းရဲမွဲတေ သွားသူ တစ်ယောက်လို သူ ခံစားမိလိုက်၏။

သို့ပေမဲ့ …

နတ်ဘုရားအဆင့် စနှိုက်ပါအား ရရှိလိုက်ခြင်းသည် သူ့အား အလွန်အမင်း ပျော်ရွှင်စေသည်။

ကျွင်းချောင်ရှောင်းသည် လက်ကို ဝေ့ယမ်း၍ ကြီးမားလှသော စနှိုုက်ပါ အား ထုတ်ယူလိုက်၏။

သေနတ်၏ ကိုယ်ထည်သည် ကြီးမားလွန်းပြီး စစ်ရောင်ဆေးခြယ်ထားသည်။

“ဒါက အရင် စနှိုက်ပါ ၈၈ ထက် ပိုပြီး အားကောင်းနိုင်တယ်”

…….

“ဂိုဏ်းချုပ် ….”

နောက်တစ်ရက်မှာတော့ ရှောင်ကျီသည် AWM စနှိုက်ပါ ကို အသာပွတ်သပ်လျက်ရှိသည် “ဒီစနှိုက်ပါ ကအရင် စနှိုက်ပါ နဲ့ ခြားနားတယ်။”

“ဘာတွေ ခြားနားလဲ မင်းစမ်းကြည့်လေ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“ကောင်းပြီ”

ရှောင်ကျီသည် မတ်တပ်ရပ်၍ သေနတ်အား မြှောက်လိုက်၏။

ဤသေနတ်သည် သလင်းအမြူတေ ဆီမှ ကျည်ဆံဖြင့် ပစ်ခတ်ရခြင်းပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်း သတိပေးလိုက်သည် “သေနတ်ရဲ့ အားအင်က တော်တော်ပြင်းတယ်။ မင်း မှောက်ပစ် ပါလား။ ပခုံးကာလည်း တပ်လိုက်အုံး”

ရှောင်ကျီ သွားဖြီးရယ်ကာ ပြောလိုက်သည် “တပည့်ရဲ့ ခန္ဓာကိုယ်က မာတယ်လေ ။ င်္ဒီလောက်က အေးဆေးပါ”

ကျင့်ကြံခြင်း အဆင့် နှင့် ခန္ဓာကိုယ်အားအင် တိုးတက်လာခြင်းကြောင့် သူသည် စနှိုက်ပါ ၈၈ ကို အသုံးပြုချိန်တွင် ပင် ပခုံးကာအား ဝတ်စရာမလိုတော့ချေ။

ဘန်း …။

သေနတ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချီးတဲ့မှ …။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ခါသွားသည် “ဒါက အမြှောက်ပစ်လိုက်သလိုပဲ”

သူ လှည့်ကြည့်လိုက်ချိန်မှာတော့ မြေပေါ်ကျဆင်းနေသော စနှိုက်ပါအား မြင်လိုက်ရသည်။ ရှောင်ကျီကိုတော့ ရှာမတွေ့တော့ချေ။

သူ သေချာ ပတ်၍ ရှာဖွေလိုက်ချိန်မှာတော့ မူလ နေရာနှင့် မီတာနှစ်ဆယ်၊ သုံးဆယ် အကွာတွင် ရှိနေသော သစ်ပင် တစ်ခုပေါ်တွင် ခြေချိတ်ကာ ဇောက်ထိုးကြီးဖြစ်နေသော ရှောင်ကျီအား မြင်လိုက်ရသည်။ ရှောင်ကျီသည် ပါးစပ်ထဲမှ အမြုပ်တွေ ပင် ထွက်နေပြီး ဖိနပ်လည်း မရှိတော့ပေ။

“ဂိုဏ်းချုပ် .. ဒါက အားကောင်းလွန်းတယ်”

ကျွင်းချောင်ရှောင်း ရှောင်ကျီအား လျစ်လျူရှုပြီး တီးတိုးပြောလိုက်သည် “ဒီသေနတ်က တောာ်တော်အားကောင်းတာပဲ”

All Chapters