အခန်း (၃၈၇)
Vol. 26 Ch. 387
ရှောင်ကျီသည် အဆင့်ခြောက် သိုင်းဆရာ တစ်ယောက်ဖြစ်သည်။ AWM စနှိုက်ပါ အား ကိုင်၍ ပစ်ခတ်ချိန်မှတော့ အနောက်ဘက် မီတာ နှစ်ဆယ်လောက်ထိ လွင့်စင်သွားသည်။ ပြန်ကန်အားမှာ အလွန်ပင် အားကောင်းလှသည်။
ထိုအရာမှာ ဂိုဏ်းချုုပ်ကျွင်း၏ အပြစ်ဟုလည်း ဆိုနိုင်သည်။ စနှိုက်ပါ၏ အားအင်ကို စမ်းသပ်သည့်နေရာတွင် သူသည် အဆင့်နိမ့် သလင်းအမြူတေကို အသုံးမပြုခဲ့ဘဲ အဆင့်မြင့် သလင်းအမြူတေ ကို အသုံးပြုခဲ့၏။
သနားစရာ ရှောင်ကျီမှာတော့ ပြန်ကန်အားကြောင့် ကြွက်သားတွေ တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။ သေနတ်ကို ကိုင်ဆောင်ထားသည် ပုံစံအတိုင်း ခေါင်းကြီး စောင်းငန်း စောင်းငန်းဖြင့် ဂိုဏ်းဆီသို့ ပြန်လာရတော့သည်။
လမ်းတစ်လျောက်မှာတော့ စီနီယာ၊ ဂျုုနီယာများကသူ့အား နှုတ်ဆက်လိုက်ကြ၏။
“ဂျုနီယာ ညီလေးရှောင် .. ဘာဖြစ်လာတာလဲ”
“ကျင့်ကြံခြင်းနည်းစနစ် အသစ်တစ်ခုကို ကျင့်ကြံနေတာလား”
“ကျွန်တော့်ကိုလည်း ပေးစမ်းအုံး..”
ဘန်း ……..။
နောက်ထပ် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးသည်လည်း တုန်ခါသွား၏။
“ဘာတွေဖြစ်ကုန်တာလဲ”
“တောင် …. တောင်ပြိုတာလား”
“သွားကြည့်ရအောင်”
တပည့်များသည် အနောက်ဘက် တောင်ရှိရာသို့ ပြေးသွားကြတော့သည်။ ရောက်ရောက်ချင်းမှာပဲ သူတို့အားလုံး ဆွံ့အသွားကြသည်။
အနောက်ဘက်ရှိ တောင်ငယ်လေးတစ်ခုသည် အလယ်မှ ပိုင်းပြတ်နေသည်ကို မြင်လိုက်ရ၏။
“စှီနီယာအစ်ကို … ဘာဖြစ်တာလဲ” လီဖေး တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
စုရှောင်မို၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ခါသွားသည် “ငါ့ကို မေးတာလား။ ငါ ဘယ်လိုလုပ် သိမှာလဲ”
“ကြည့် ..”
တစ်ယောက် ထအော်လိုက်သည် “ဂိုဏ်းချုပ် သစ်ပင်ပေါ်မှာ”
ဂိုဏ်းချုပ် သစ်ပင်ပေါ်မှာ ဟုတ်လား။
အားလုံး လှမ်းကြည့်လိုက်ချိန်မှာတော့ သစ်ပင်ပေါ်တွင် တွဲလောင်းကြီးချိတ်နေသည့် သူတို့၏ ဂိုဏ်းချုပ်ကို မြင်လိုက်ကြရသည်။ ဂိုဏ်းချုပ်၏ မျက်လုံးများသည် ချာချာလည်လျက် ရှိပြီး ပါးစပ်ထဲမှ အမြုပ်တွေပင် ထွက်လို့နေ၏။
“မကောင်းတော့ဘူး”
“ဂိုဏ်းချုပ် ဒဏ်ရာ ရသွားပြီ။”
“မြန်မြန် ဆေးဆောင်ကို သယ်သွားကြ”
သံမဏိအရိုးဂိုဏ်း တစ်ခုလုံး ရှုပ်ယှက်ခပ်ကုန်ကြသည်။
……..
မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာတော့ ဂိုဏ်းချုုပ်ကျွင်းသည် ရှေ့ဆုံးမှ ရပ်လျက် ကနေသည်။ သူ၏ ဦးခေါင်းတစ်ခုလုံးသည် သေနတ်ချိန်စဉ် က ပုံအတိုင်း စောင်းစောင်းကြီး ဖြစ်လျက်ရှိ၏။
ရှောင်ကျီ စမ်းသပ်ပစ်ခတ်ပြီးသည့်နောက် သူသည်လည်း ပစ်ခတ်ခဲ့သည်။ သို့ပေမဲ့ အထူးစွမ်းရည်ကို အသက်သွင်းပြီး ကျည်ဆံငါးခုအား ပေါင်းစပ်ကာ ကျည်ဆံတစ်ခု အဖြစ် ပြောင်းလဲခဲ့သည်။ အဆုံသတ်မှာတော့ ဤကဲ့သို့ ဖြစ်သွားခြင်းပင်။
တော်တော် အခြေအနေဆိုးသည် ဆိုသော်လည်း သူ အလွန်ပျော်ရွှင်မိသည်။
သေနတ်၏ အထူးစွမ်းအင်ကို အသက်သွင်းလိုက်ချိန်မှာတော့ အားအင်သည် အမြှောက်နှင့် ပစ်လိုက်သကဲ့သို့ ပြင်းထန်လွန်းနေ၏။
“သိုင်းဘုရင် တစ်ယောက် ဒါကို ခုခံနိုင်ပါ့မလား”
စနစ် “…….”
ကျင့်ကြံခြင်းလောကတွင် လက်နက်ပစ္စည်းများအား တောင့်တမနေဘဲ ကိုယ်ပိုင်အားအင်ကိုသာ တိုးတက်အောင် ပြုလုပ်သင့်ကြောင့် အမြဲပြောဆိုမိသည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ တောင်တစ်ခုလုံးကိုပင် ထက်ပိုင်းဖြစ်စေနိုင်သည့် သေနတ်အား လက်ခံသူသည် မဲပေါက်လာခဲ့သည်။ ချီးတဲ့မှ .. မည်သို့သော ကံမျိုးနည်း။
စနစ်မှ ပြောလိုက်သည် “ဘာတွေ စဉ်းစားနေတာလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သေနတ်ကို ယူသွားပြီး မိစ္ဆာဂိုဏ်းတွေကို ပစ်ခတ် ဖျက်ဆီးလိုက်ရင် ကောင်းမလား”
စနစ် “………”
……..
သေနတ်၏အားအင်ကိုစမ်းသပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကျေနပ်မိနေသည်။ သူသည် ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းတွေဆီ သွားချင်စိတ်ကိုပင် မနည်းထိန်းထားရသည်။
မနက်ခင်းလေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တာဝန်ခွဲဝေဆောင်ဆီသို့ လှမ်းလာလိုက်သည်။
နောက်ဆုံးတာဝန် ပြီးဆုံးပြီးကတည်းက ဤနေရာသို့ မည်သူမှ မလာတော့ချေ။ ခြောက်ကပ်လျက် ရှိ၏။
သူသည် တာဝန်ထုတ်ဖော်စက် အား ထုတ်ယူလိုက်သည်။
အသွင်အပြင်သည် စက်ဆိုသော်လည်း ရီမုဒ် ကွန်ထရိုးတစ်ခုနှင့်ပင် ဆင်တူနေသည်။ အပေါ်တွင်တော့ ခလုတ် နှစ်ခုသာ ပါ၏။ အဖွင့် နှင့် အပိတ် ဖြစ်၏။
“ဒါက ရိုးရှင်းလွန်းတယ်” ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။
သူသည် အဖွင့် ခလုတ်အား နှိပ်လိုက်၏။
ဝှစ် …။
ဂိုဏ်း၏ တာဝန်ဘုတ်ပြားသည် လင်းထိန်သွားသည်။ တာဝန်မျိုးစုံသည် ပေါ်လာသည်။ ကြယ်တစ်ပွင့် .. ကြယ်နှစ်ပွင့် .. ကြယ်သုံးပွင့် .. စသဖြင့် ..။
ထိုနည်းဖြင့် တာဝန်ဘုတ်ပြားပေါ်တွင် နေ့စဉ် တာဝန်များ ပေါ်နေတော့မည့် ဖြစ်သည်။
တပည့်များသည် တာဝန်များအားပြုလုပ်ပြီး အတွေ့အကြုံရရှိရုံတင်မကဘဲ ဂိုဏ်းစုဆောင်းမှတ်များကိုလည်း ရရှိပေလိမ့်မည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်။
ကံဆိုးစွာဖြင့် ပစ္စည်းလဲလှယ်စက်တွင် အရည်အသွေးနိမ့် ပစ္စည်းများသာ ရှိနေခြင်း ဖြစ်သည်။ တပည့်များ လဲလှယ်နိုင်သော တန်ဖိုးကြီးပစ္စုည်းသည် ချီစုစည်းခြင်းဆေးလုံးပင် ဖြစ်တော့၏။
စနစ်မှ ပြောလိုက်သည် “တပည့်တွေအတွက် ပစ္စည်းတွေကို နတ်ဘုရားအဆင့် လက်နက်တွေ လိုချင်တာလား”
“အဲလိုတော့ မဟုတ်ပါဘူး”
စနစ်မှ ပြောလိုက်သည် “အကောင်းတွေကြီးပဲ ပါနေမယ်ဆိုရင် တပည့်တွေလည်း လက်ခံသူလို စနစ်နဲ့ လူ ဖြစ်နေမှာပေါ့။ ပြီးတော့ အခုပစ္စည်းတွေက ဂိုဏ်းကြီးတွေရဲ့ တပည့်တွေအပေါ် ထောက်ပံ့ပေးထားနိုင်မှုထက် ပိုပြီး မြင့်မားတယ်။ လက်ခံသူရဲ့ ဂိုဏ်းအဆင့် နဲ့ အဆောက်အအုံတွေ အဆင့်မြင့်လာမယ် ဆိုရင် ဒီပစ္စည်းလဲလှယ်နိုင်မှု ကလည်း ပိုမို တိုးတက်လာလိမ့်မယ်”
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်အား ခေါ်၍ တာဝန်ဘုတ်ပြား ပွင့်နေသည်ကို ပြသလိုက်သည်။ တပည့်များအား တာဝန်များ စတင်ထမ်းဆောင်နိုင်ပြီ ဖြစ်ကြောင်း မှာကြားလိုက်သည်။
ခဏလောက်ကြာတော့ တပည့်များသည် အလုံးအရင်းဖြင့် ရောက်ရှိလာပြီး တာဝန်များအား ကြည့်ရှုတော့၏။
သံမဏိအရိုးဂိုဏ်းတွင် စိတ်ဝိညာဉ်အစီအရင် နှင့် ဆေးလုံးများ ထောက်ပံ့ပေးထားသည် ဆိုသော်လည်း ပိုမိုအားကောင်းချင်လျှင် ချီစုစည်းခြင်းဆေးလုံးများ နှင့် လဲလှယ်ရန် လိုအပ်သည်။
….
တာဝန်ဘုတ်ပြား၊ ပစ္စည်းလဲလှယ်စက် နှင့် တာဝန် ထုတ်ဖော်စက် သုံးခုလုံးသည် အတွဲညီညီဖြင့် အလုပ်လုပ်လျက် ရှိ၏။
ဆိုးရွားသည်မှာ တပည့်များ တာဝန်ပြီးမြောက်ချိန်တွင် သူ တစ်ခုမှ မရခြင်းဖြစ်သည်။ မဟုတ်ပါက သူု့တွင် ဂိုဏ်းစုဆောင်းမှတ်များ ရေလို ပေါများနေပေလိမ့်မည်။
“ကိုယ့်အားကိုယ်ကိုးမှ ဖြစ်မယ်”
အဓိက ဟောခန်းတွင် ထိုင်ပြီးနောက် သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “အထူးအဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် ရှိနေသေးတယ်။ ဘယ်သူ့ကို ပေးရမလဲ”
လီချင်းယန်နှင့် အခြားသူများအားလုံးသည် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် အတွင်းစည်းတပည့် ဒုတိယအသုတ်အတွက် စဉ်းစားရပေမည်။
“လုံကျိရန် ရဲ့ တိုးတက်မှုက မဆိုးဘူး။ သူ့ကို ကောင်းကောင်း ထောက်ပံ့ရမယ်” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိသည်။
“ချင်းယန်”
သူ ပြောလိုက်သည် “မင်း ဘယ်လိုထင်လဲ”
“ဂိုဏ်းချုပ် …”
လီချင်းယန် ပြောလိုက်သည် “ဂျုနီယာညီလေးလုံ ရဲ့ အရည်အချင်းက သံသယ ရှိစရာမလိုဘူး။ သူက ကျင့်ကြံခြင်းအပေါ်မှာလည်း ဇွဲကောင်းတယ်။ ဒါပေမဲ့ လက်တလောမှ စိတ်သိပ်မပါသလိုပဲ။ တစ်ခုခု ဖြစ်နေတာ ထင်တယ်”
သူသည် သူ၏ ဂျုနီယာညီလေးများအားအစဉ်သဖြင့် လေ့လာအကဲခတ်နေခြင်းဖြစ်ပြီး စိတ်လည်း ပူပင်တတ်၏။
“သူ့ကို ခေါ်လိုက်”
မကြာမီမှာပဲ လုံကျိရန်သည် ရောက်ရှိလာသည် “ဂိုဏ်းချုပ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်း ခုတလော ကျင့်ကြံတဲ့နေရာမှာ စိတ်မပါသလိုပဲဆို။ ဘယ်လို ကိစ္စတွေ ရှိနေလို့လဲ”
“မဟုတ် .. မဟုတ်ပါဘူး” လုံကျိရန် ပြောလိုက်သည်။
ဤလေသံနှင့် ဤအမူအရာသည် တစ်စုံတစ်ခု ဖြစ်ပွားနေသည့် လက္ခဏာပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် မေ့စေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “မင်းဆီမှ တစ်စုံတစ်ခု ဖြစ်နေတာ ဆိုရင် ရဲရဲပြောပါ။ ဂိုဏ်းချုပ်က မင်းရဲ့ ပြဿနာကို ကူညီပြီး ဖြေရှင်းပေးမယ်”
“ကျွန်တော် …”
လုံကျိရန်သည် ခဏလောက် တိတ်ဆိတ်သွားသည်။ ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အားမွေးကာ ပြောလိုက်သည် “ဂိုဏ်းချုပ် … ကျွန်တော် အိမ်ကို ခဏပြန်လို့ရမလား”
“ဘာလို့ အိမ်ပြန်ချင်ရတာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လုံကျိရန် ပြောလိုက်၏ “ငါးရက်ကြာရင် ကျွန်တော်တို့ မိသားစု သိုင်းပြိုင်ပွဲ ရှိတယ်။ တပည့်က ဝင်ပြိုင်ချင်မိတယ်”
ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောလိုက်သည် “ပြိုင်ပွဲဆိုတာ မိသားစုကြီးတွေမှာ ရှိတာပဲ။ မင်းဟာက မရိုးရှင်းဘူးနဲ့တူတယ်”
လုံကျိရန် ပြောလိုက်သည် “ဂိုဏ်းချုပ်… ဒီလိုတွေ ဖြစ်လာမှတော့ တပည့် မဖုံးကွယ်တော့ပါဘူး။ကျွန်တော်က လုံမိသားစုရဲ့ တိုက်ရိုက်သွေးမျိုးဆက်ပါ”
ဖွီး …။
ကျွင်းချောင်ရှောင်း ပါးစပ်ထဲမှ လက်ဖက်ရည်တွေ ပြန်ထွက်လာသည်။
“လုံရန်မြို့ ရဲ့ လုံမိသားစု ဟုတ်လား”
ဘေးတစ်ဖက်တွင် ရှိနေသော လီချင်းယန်သည်လည်း ဆွံ့အသွားမိသည်။ သူ ထိတ်လန့်စွာဖြင့် ပြောလိုက်၏ “အဆင့်လေး၊ အဆင့်ငါး ဂိုဏ်းတွေနဲ့တောင် ယှဉ်လို့ရတဲ့ မိသားစုကြီးမဟုတ်လား။”