အခန်း (၃၈၉)
Vol. 27 Ch. 389
ချင်းယန်မြို့မှ လုံရန် မြို့သို့ လာရာ လမ်းခရီးသည် သာမန်အရှိန်နှုန်းအရဆိုလျှင် ခုနှစ် ရက်မှ ရှစ် ရက်လောက်အထိ ကြာမြင့်မှာဖြစ်၏။
ကျွင်းချောင်ရှောင်းနှင့် တခြားသူများသည် လေဓာတ်အမျိုးအစား သားရဲများကို စီးနင်းလာခဲ့သည် ဖြစ်သောကြောင့် တစ်ရက်အတွင်း ရောက်ရှိအောင် သွားနိုင်စွမ်းရှိကြသည်။ သို့ပေမဲ့ သူတို့သည် လုံမိသားစု သိုင်းပြိုင်ပွဲ ကျင်းပရန် အချိန် ငါးရက်တောင် လိုအပ်နေသေးသည်ဖြစ်သောကြောင့် စိတ်အေးသက်သာစွာဖြင့် အေးအေးဆေးဆေး ခရီး ထွက်လာလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် အလျင်မလိုချေ။ လှပသည့် မြင်ကွင်းတည်နေရာများသို့ ရောက်ရှိသည့်အချိန်တိုင်း စတိုးဆီမှ ဝယ်ယူထားသော မှော်ပညာဖြင့် အဆင့်မြင့်ထားသည့် ကင်မရာအား ထုတ်ယူ၍ သူ၏တပည့်များကို နောက်ခံထားကာ ဓာတ်ပုံများ ရိုက်ယူလေ့ရှိသည်။
ဟူး … ဟူး…။
ဝါးတောထဲမှာတော့ မီးတောက်များသည် အရှိန်ငြီးငြီးနှင့် တောက်လောင်လျက်ရှိသည်။ လျှိုဝမ်ရှစ်သည် သူမကင်ထားသောအကင်များအား အသာ လှမ်းပေးကာ ပြုံး၍ ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ ကျွန်မရဲ့ အကင်စွမ်းရည်က တိုးတက်လာပြီမဟုတ်လား”
သူမ၏ချစ်စဖွယ်ကောင်းသော မျက်နှာသေးသေးလေးတွင် စကားလုံးများ ထင်ပေါ်လျက်ရှိသည်။ “ချီးကျုးပါ၊ ချီးကျုးပါ” ထိုသို့သောစကားများဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အကင်အား တစ်ကိုက်ကိုက်ပြီး ချီးကျုးလိုက်၏။ “မဆိုးပါဘူး၊ တပည့်က ဆရာကို ကျော်တက်သွားတဲ့ပုံပဲ”
လျှိုဝမ်ရှစ်၏ အပြုံးများသည် ပို၍ တောက်ပသွားသည်။
“မုန့်ယဉ် … ဒီကိုလာ”
သူမသည် အကင်ချောင်းများလှမ်းပေးလိုက်၏။
ရှောင်မုန့်ယဉ် သည် အကင်ကို လှမ်းယူပြီးသည့်နောက်မှာတော့ အားရပါးရ စားသုံးကာ ရယ်လိုက်မိသည်။ “အစ်မတုတု … ဒီအကင်က အရမ်းကို အရသာရှိတာပဲ”
ဤမိန်းကလေးသည် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ အချိန်တစ်ခုအထိ ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သူမ၏ အသက်အရွယ်ကြောင့် ကျင့်ကြံခြင်းနည်းစနစ်များ ကျင့်ကြံ၍ မရနိုင်သေးချေ။
ထို့ကြောင့် လျှိုဝမ်ရှစ်၏နောက်သို့လိုက်၍ အရိပ်ပမာ မခွဲဘဲ အတူတကွ အမြဲရှိနေလျက်ရှိသည်။
လီချင်းယန်သည် စမ်းရေကို သွားရောက်ခပ်ကာ ယူဆောင်လာ၏။ “ဒီရေက အရမ်းချိုတယ်၊ ဂျူနီယာညီမလေး သောက်ကြည့်ချင်လား”
“ကျေးဇူးပါ စီနီယာအစ်ကို”
မုန့်ယဉ် သည် ရေအားလှမ်းယူ၍ ပါးစပ်အပြည့် မော့သောက်လိုက်တော့သည်။ သူမ၏ သေးငယ်လှသော မျက်နှာလေးတွင် ချစ်စဖွယ်အပြုံးလေးတစ်ခုပေါ်လာသည်။ ဤမိန်းကလေးသည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ပြီးကတည်းက ကံကောင်းခြင်းကို ပိုင်ဆိုင်နေသည်ဟု ဆိုရပေမည်။
စီနီယာအစ်ကိုနှင့် စီနီယာအစ်မများသည် ဖြစ်နိုင်သမျှ သူမကို ဂရုစိုက်ကြ၏။ မုန့်ယဉ် သည် အဘိုးလု အား ဆုံးရှုံးခဲ့ရ၏။ သို့ပေမဲ့ ဂိုဏ်းတစ်ခုလုံး၏ ချစ်ခြင်းမေတ္တာကို ပြန်လည် ရရှိခဲ့သည်။ ထိုအရာမှာ ကောင်းကင်မှ ပေးအပ်သော ကောင်းချီးဟုပင် ဆိုရပေမည်။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် ဝိုင်တစ်ခွက်ကို သောက်၍ စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။ “နေ့တိုင်းကျင့်ကြံနေရတာ ပျင်းစရာ အရမ်းကောင်းတာပဲ၊ ဒီလိုမျိုးလေး တစ်ခါတစ်လေ ခရီးထွက်လာရတာ မဆိုးဘူးဘဲ…”
လုံကျိရန်သည် သူ၏ စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်၏။ “ထင်ထားတဲ့အတိုင်းပဲ၊ ငါ့ကိုလိုက်ပြီးအားပေးတာက ဒုတိယ၊ တကယ့် ရည်ရွယ်ချက်က သူတို့ဘာသူတို့ ဆော့ကစားဖို့”
ရီရှင်းချန်သည် အကင်အား ဝါးရင်း မပျော်မရွှင်နှင့် တွေးလိုက်မိလိုက်သည်။ “ဒီကောင် သူ့ဘာသူ ကလန်ကို ပြန်ပြီးတော့ သိုင်းသွားပြိုင်တာ၊ ငါတို့ကို ဘာဖြစ်လို့ ခေါ်လာရတာလဲ၊ ဒါက အချိန်ဖြုန်းတာနဲ့အတူတူပဲ”
လက်ရှိအခြေအနေမှာတော့ သူသည် သူ၏ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက် ရှိသည်။ ဂိုဏ်းနှင့် ပတ်သက်သော တခြားကိစ္စများ (သို့မဟုတ်) မိစ္ဆာဂိုဏ်းများ၏ ကျူးကျော်မှု … ထိုကဲ့သို့သော ကိစ္စရပ်များမှလွဲ၍ သူသည် အခြားအရာများကို ဂရုမစိုက်ချေ။
ထိုက်ရွမ်ကျမ်းနှင့် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် နှစ်ခု၏ ကောင်းမွန်သည့်ထောက်ပံ့မှုများကိုရ၍ ရီချင်းရှန်၏ ကျင့်ကြံမှုနှုန်းမှာ အလွန်တရာမြန်ဆန်နေ၏။ သူ့အနေနှင့် အချိန်မရွေး သိုင်းဆရာအဆင့် ၁ သို့ ရောက်ရှိ သွားနိုင်သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် သိုင်းဆရာ အဆင့်ခြောက်တွင် ပိတ်မိနေကြ၏။ သူတို့အားလုံးသည် အဆင့်ကျော်ဖြတ်နိုင်ရန် အချိန်လိုအပ်နေသေးသည်။
သို့ပေမဲ့ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်း မှာတော့ အလွန်တရာ တိုးတက်လျက်ရှိသည်။ ထိုသို့ဆိုလျှင်တောင်မှ ရီရှင်းချန်သည် မလုံလောက်သေးဟု ခံစားမိနေ၏။
ထို့ပြင် သူ၏ ရည်ရွယ်ချက်သည် ပြန်လည်မွေးဖွားလာပြီးနောက် ဧကရီအရှင်မအား ပုလ္လင်ထက်မှ ဆွဲချရန်ပင် ဖြစ်တော့သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအရ ထိုသို့သော ရည်ရွယ်ချက်ကို သွားလုပ်မည်ဆိုလျှင် တစ်ဖက်လူသည် မျက်လုံးဖြင့် ကြည့်လိုက်ရုံဖြင့် သူ ပြာဖြစ်သွားပေလိမ့်မည်။
လုံရန် မြို့ဆီသို့သွားရာ အဓိက လမ်းမထဲမှာတော့ ဟာရီကိန်းဝံပုလွေ ဆယ်ကောင်ကျော်တို့သည် အားရပါးရ ပြေးလွှားလျက်ရှိ၏။ သူတို့ဖြတ်သန်းသွားသည့်အချိန်တွင် အနောက်တွင် အပြာရောင်လေလှိုင်းလုံးများ ကျန်ရစ်ခဲ့သည်။
ချီးတဲ့မှ
“ခုန ငါ့ကိုဖြတ်ကျော်သွားတာ လေပွေဝံပုလွေမို့လား”
“လေပွေဝံပုလွေက အဲလောက်မြန်အောင် မပြေးနိုင်ဘူး၊ ဒါဆိုရင် ဟာရီကိန်း ဝံပုလွေများလား”
ကောင်းကင်ဘုံ
“ဒါဆိုရင် ခုနကဖြတ်သွားတာ သံမဏိအရိုးဂိုဏ်းတပည့် တစ်ယောက်ယောက်ပေါ့”
အဓိက လမ်းမပေါ်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် ရုတ်တရက်ထအော်လိုက်ကြ၏။ သံမဏိအရိုးဂိုဏ်းတွင် များပြားလှသော ဟာရီကိန်းဝံပုလွေများရှိသည်ကို အားလုံးသိရှိပြီးသော ကိစ္စဖြစ်၏။
ဟွာယန်နိုင်ငံဆီသို့ သွားရောက်၍ မိစ္ဆာဂိုဏ်းလေးဂိုဏ်းအား ဖျက်ဆီးခဲ့သည့် အချိန်တုန်းက ဤဟာရီကိန်း ဝံပုလွေ များသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
“လမ်းပေါ်မှာ ဟာရီကိန်းဝံပုလွေ စီးပြီးတော့သွားရတာ ဘယ်လောက်ကောင်းမွန်လိုက်တဲ့ ခံစားချက်လဲ၊ ဒါတင် မကသေးဘူး၊ သံမဏိအရိုးဂိုဏ်းက အဆင့်ခုနှစ် ဂိုဏ်းတစ်ခုလို့ ဆိုပေမယ့် သိုင်းဘုရင်နဲ့ သိုင်းအုပ်စိုးသူ တစ်ယောက်စီတောင် ရှိကြတယ်၊ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းက သိုင်းဘုရင်ထိပ်ဆုံးတစ်ယောက်တောင်မှ ကြောက်ပြီးတော့ ထွက်ပြေးသွားရတယ်”
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းများသည် အတူတကွ ပူးပေါင်း၍ သံမဏိအရိုးဂိုဏ်းအား တိုက်ခိုက်ရန် သွားခဲ့သည် ဆိုသည့်သတင်းကို သူတို့အားလုံး သိရှိပြီးဖြစ်သည်။ ထိုအကြောင်းအရာသည် လက်ရှိတွင် အပူတပြင်းဆွေးနွေးရမည့် ကိစ္စတစ်ခုပင် ဖြစ်လို့နေ၏။
သံမဏိအရိုးဂိုဏ်းသည် ဆယ်ပွဲစလုံးကို တိုက်ခိုက်အနိုင်ယူခဲ့၏။ ထို့ပြင် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ခြောက်လှန့်နိုင်အောင် သိုင်းအုပ်စိုးသူတစ်ယောက်သည် ပေါ်လာခဲ့သေးသည်။
ထိုသတင်းသည် များပြားလှသော ကျင့်ကြံသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများအားလုံးကို ထိတ်လန့် တုန်လှုပ်မိစေသည်။ တချို့သောသူများဆိုလျှင် ကောလဟလဖြစ်မည်ဟုပင် သံသယဝင်နေကြ၏။ ...
နတ်စမ်းချောင်းဂိုဏ်းနှင့်တိုက်ပွဲ၊ အဆင့်ခြောက် မိစ္ဆာဂိုဏ်းလေးဂိုဏ်းအား ဖျက်ဆီးမှု၊ သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား ကြောက်လန့်၍ ထွက်ပြေးအောင် ပြုလုပ်နိုင်ခဲ့သည်။ ထိုသို့သောအရာများကို ပေါင်းစပ်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သတင်းသည် ပိုမို၍ ကျော်ကြား လာခဲ့တော့သည်။
တိတိကျကျပြောရမည်ဆိုလျှင် သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သတင်းသည် အရှေ့တောင်ရန်ကျူးကြီး တစ်ခုလုံးကို ပျံ့နှံ့နေပြီဖြစ်သည်။ ပိုမို၍ ထိတ်လန့်တုန်လှုပ်စရာကောင်းသည်မှာ ထိုဂိုဏ်းသည် အဆင့် ၇ ဂိုဏ်းတစ်ခုမျှသာ ရှိနေသေး၏။
ဟား ဟား ဟား ဟား
အရှေ့တောင်ရန်ကျုး၏ ဂိုဏ်းအသိအမှတ်ပြုဟောခန်း ဌာနချုပ်ဆီမှ အကြီးအကဲကျိုးသည် သတင်းကို ရရှိပြီး သည့်နောက်မှာတော့ စိတ်ပါလက်ပါဖြင့် ထရယ်လိုက်မိသည်။
“ဂိုဏ်းချုပ်ကျွင်း၊ ဒီအတောအတွင်း ခင်ဗျားလုပ်ခဲ့တာတွေ အားလုံးက တကယ့်ကို ဟိုးဟိုးကျော်နေတာပဲ”
သူ၏ ဤဂိုဏ်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ဖူးပြီး အလွန်ကောင်းမွန်သော အလားအလာရှိသည်ဟု မှတ်ချက်ပေးခဲ့သူဖြစ်သည်။
ဟောခန်းသခင်ရီသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ပထမဆုံး သူက နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်တယ်၊ ပြီးတော့ နတ်ဆိုးမိစ္ဆာဂိုဏ်းကိုလည်း ပြဿနာ ရှာခဲ့သေးတယ်၊ အခု သတ်ဖြတ်ခြင်းနတ်ဘုရားဂိုဏ်းနဲ့ ပြဿနာဖြစ်နေတယ်၊ ကြည့်ရတာ ဒီကောင်လေးက ပြဿနာကောင် နဲ့တူတယ်”
ဤစကားကို ကျွင်းချောင်ရှောင်း ကြားမည်ဆိုလျှင် ကျိန်းသေပေါက်ထ၍ အော်ဟစ် ငြင်းဆန်ပေလိမ့်မည်။ နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ခဲ့သည် ဆိုသည်မှာ နတ်စမ်းချောင်းဂိုဏ်းသားများသည် သူ့အား အရင်ဆုံး ဒုက္ခ ပေးခဲ့သောကြောင့်ဖြစ်၏။
နတ်ဆိုးမိစ္ဆာဂိုဏ်းအား ရန်ပြုခဲ့ခြင်းဆိုသည်မှာ တစ်ဖက်သူများသည် သူ၏ ဓားမော့ကို လာရောက် လုယက်ခြင်းကြောင့်ဖြစ်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှာတော့ ဘာမှလည်း မသက်ဆိုင်ချေ။ ဖျက်ဆီးခံလိုက်ရသော ဂိုဏ်းများအတွက် ကြောင်တောင်တောင်နှင့် ထ၍ ရပ်တည်ကာ သူ့အား လာရောက် တိုက်ခိုက်လိုက်သော ဂိုဏ်းတစ်ခုသာ ဖြစ်၏။
“တစ်ချိန်လုံး ကျုပ်က ကိုယ့်ဘာသာကိုယ် ခုခံကာကွယ်ရတာ၊ ဘယ်လိုဖြစ်လို့ ပြဿနာရှာတဲ့လူ ဖြစ်သွားရတာလဲ”
တကယ်တမ်း ပြဿနာရှာသည့် အကြောင်းအရာကို ပြောမည်ဆိုလျှင် ဟွာယန်နိုင်ငံဆီသို့သွား၍ မိစ္ဆာဂိုဏ်း လေးဂိုဏ်းအား ဖျက်စီးခဲ့သည့် အကြောင်းအရာကိုပင် လက်ညှိုးထိုးရပေမည်။
သို့ပေမဲ့ အခြားသူများသည် သူ၏ တပည့်များအား ကြိုက်သလို အနိုင်ကျင့်နိုင်သည်ဟု လွှတ်ထားပါက သူ၏ ဂိုဏ်းတစ်ခုလုံး ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် မည်သို့သော အချိန်အခါတွင်မဆို သူ၏ တပည့်များအား အနိုင်မကျင့်ရန်၊ ရန်မလုပ်ရန် ဤကဲ့သို့သော ဥပမာကောင်းကို ပြသထားရမည်ဖြစ်သည်။
မိမိအား နောက်ကွယ်မှ ကြံစည်နေသူ၊ အနိုင်ကျင့်သူ၊ လှောင်ပြောင်နေသူကို တွေ့လျှင် ဘာလုပ်မလဲဟု တခြားသော တစ်စုံတစ်ယောက်ကို မေးမြန်းမည်ဆိုလျှင် သည်းခံမည်၊ ရှောင်ရှားမည်၊ မသိချင်ယောင်ဆောင် နေမည်ဆိုသော အဖြေကို ရရှိပေလိမ့်မည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား သွားရောက်မေးမြန်းမည်ဆိုပါက ပြန်ဆဲမည်၊ တံတွေးနှင့် ထွေးမည်၊ ရိုက်မည်၊ နှက်မည်၊ ကန်မည်၊ နှိပ်စက်မည် …. ထိုသို့ပြန်လည်ဖြေဆိုပေလိမ့်မည်။
ထို့ကြောင့် လူတို့၏ အကျင့်သည် တစ်ဦးနှင့်တစ်ဦး ပြုမူ ဆောင်ရွက်ပုံခြင်း အလွန်တရာ ကွာခြားလှပေသည်။
“မယုံနိုင်စရာပဲ၊ မယုံနိုင်စရာပဲ”
လုံရန်မြို့ လုံမိသားစု၏ အဓိကဟောခန်းထဲမှာတော့ လုံမိသားစု၏ လက်ရှိ ခေါင်းဆောင်ဖြစ်သော လုံပိုထျန်းသည် စားပွဲ၏ ထိပ်ဆုံးနေရာတွင်ထိုင်၍ ရေရွတ်လျက်ရှိသည်။
သံမဏိအရိုးဂိုဏ်းတွင် သိုင်းအုပ်စိုးသူတစ်ယောက် တည်ရှိပြီး သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၏ ကျွမ်းကျင်သူကိုပင် ကြောက်လန့်၍ ထွက်ပြေးအောင် ပြုလုပ်နိုင်သည်ဆိုသော သတင်းကို သူရရှိခဲ့ပြီးဖြစ်၏။
သူသည် သံမဏိအရိုးဂိုဏ်းအနေဖြင့် ဟောင်ချီဂိုဏ်းအား စိန်ခေါ်ခဲ့သည့် အချိန်ကတည်းက သတင်းစကားများကို ရရှိနှင့်ပြီးဖြစ်သည်။ သို့ပေမဲ့ သိပ်ပြီး စိတ်မဝင်စားခဲ့ချေ။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် နတ်စမ်းချောင်း ဂိုဏ်းကိုပင် အနိုင်ယူခဲ့သည်။ ထို့အပြင် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ သိုင်းဘုရင်တစ်ယောက်ကို အနိုင်ယူခဲ့သည့်အပြင် သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကြောက်လန့်၍ ထွက်ပြေးအောင် ပြုလုပ်ခဲ့သည်။
ဤအရာမှာ လျစ်လျှူရှု၍ မရနိုင်သော စွမ်းပကား ဖြစ်လာတော့၏။
“ခေါင်းဆောင်”
လုံမိသားစု၏ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ပါရမီသိပ်မပါတဲ့ လူငယ်တော်တော်များများတောင် သံမဏိအရိုးဂိုဏ်းကို ဝင်ပြီးနောက်မှ အလွန်အမင်းတိုးတက် သွားတယ်ဆိုတဲ့သတင်းကို ကြားခဲ့တယ်”
“ချင်းယန်မြို့ရဲ့ နံပါတ်တစ် ပါရမီရှင် လီချင်းယန်က သံမဏိအရိုးဂိုဏ်းကို စတင်ဝင်တုန်းက မရီဒန်ဖွင့်ခြင်း အဆင့် ၁၀ ပဲရှိတယ်၊ အခု သူက သိုင်းဆရာ အဆင့်ခြောက် ကို ရောက်နေပြီ၊ သူ့ရဲ့ တိုးတက်မှုက အရမ်းမြန်တယ်လို့ ပြောရမယ်” အခြားအကြီးအကဲတစ်ယောက်က ပြောလိုက်၏။
တစ်စုံတစ်ယောက်သည် ချီးကျူးလိုက်ပြန်သည်။ “ဒီဂိုဏ်းချုပ်ကျွင်းက တကယ့်ကို မရိုးရှင်းဘူးပဲ”
“ခေါင်းဆောင်”
ပထမဦးဆုံးစ၍ပြောဆိုလိုက်သော အကြီးအကဲက ထပ်ပြော၏။ “ကျုပ်တို့ မိသားစုဆီက သာမန်ပါရမီပဲရှိတဲ့ တပည့်အနည်းငယ်ကို ရွေးချယ်ပြီး သံမဏိအရိုးဂိုဏ်း ဆီကို စေလွှတ်လိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ၊ ဒါဆိုရင် သူတို့အားလုံးတိုးတက်သွားလိမ့်မယ်၊ ဘယ်လိုလဲ”
“ကျုပ်တို့ လုံမိသားစုအားလုံးရဲ့ တိုက်ရိုက်မျိုးဆက်တွေ အားလုံးက ထူးချွန်ကြတယ်၊ ဒါကြောင့် သာမန် ပါရမီပဲရှိတဲ့လူဆိုရင် ရှာဖွေဖို့ အလွန်ခက်လိမ့်မယ်” တစ်စုံတစ်ယောက်သည် မာန်ပါပါဖြင့် ပြောလိုက်သည်။
“တကယ်လို့ ကျိရန်သာ ထွက်ပြေးမသွားခဲ့ဘူးဆိုရင် သူ့ကို သံမဏိအရိုးဂိုဏ်းမှာ သွားပြီးတော့ ကျင့်ကြံခိုင်း ပါတယ်”
ထိုစကားကို ပြောဆိုလိုက်ပြီးသည့်နောက်မှာတော့ အကြီးအကဲများအားလုံးသည် သူတို့၏ ဦးခေါင်းများကို ခါယမ်း လိုက်မိ၏။
သူတို့၏ လုံမိသားစု တိုက်ရိုက်မျိုးဆက်များတို့သည် ထိပ်တန်းအဆင့် ပါရမီရှင်များ မဟုတ်ဟု ဆိုသော်လည်း ဂိုဏ်းကြီးများနှင့် အချို့သော ဂိုဏ်းများဆီသို့ စေလွှတ်၍ တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရယူနိုင်စွမ်းရှိသော သူများဖြစ်၏။
သို့ပေမဲ့ လုံကျိရန်မှာတော့ ခြွင်းချက်ဖြစ်သည်။ ဤကောင်လေးသည် မိသားစု၏ သိုင်းနည်းစနစ်များကို ကျင့်ကြံနိုင်စွမ်း မရှိပေ။
ဗြန်း
လုံပိုထျန်းသည် ထိုင်ခုံလက်ရန်းအားရိုက်နှက်၍ ဒေါသတကြီးပြောလိုက်သည် “ဒီအမှိုက်ကို မိသားစု စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ တာဝန်ပေးထားတယ်၊ ဒါပေမဲ့ သူက မလုပ်ချင်ဘဲ ထွက်ပြေးသွားတယ်၊ သူ့ကိုရှာတွေ့တာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”
အကြီးအကဲများအားလုံးသည် ငြိမ်သက်သွား၏။
ခေါင်းဆောင်သည် ပါးစပ်ကသာ ပြောနေခြင်းဖြစ်ကြောင်း သူတို့ ကောင်းကောင်းနားလည်၏။ တကယ်တမ်း သူမွေးထားသော သားအရင်းအား အပြစ်ပေးမည်ဆိုလျှင် အချက် အနည်းငယ်လောက် ရိုက်နှက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ တခြား ကြီးမားသည့်အပြစ်ပေးမှုများ ဖြစ်လာနိုင်မည် မထင်ပေ။
“ခေါင်းဆောင်”
ထိုအချိန်မှာပဲ အစောင့်တစ်ယောက်သည် အလောတကြီးနှင့် ဝင်ရောက်လာကာ ပြောလိုက်သည်။ “သခင်လေးကျိရန် ပြန်လာပြီ”