← Chapters

အခန်း (၃၉၀)

Vol. 27 Ch. 390

အခန်း (၃၉၀)

Vol. 27 Ch. 390

လုံကျိရန် ၏ အဖေသည် လုံပိုထျန်းဖြစ်သည်။ အစေခံများ၏ မျက်လုံးများထဲတွင်တော့ သူသည် သခင်လေး တစ်ယောက် ဖြစ်ပြီး မထီမဲ့မြင်မလုပ်ရဲချေ။

ထိုကဲ့သို့ ကျင့်ကြံမှုကို မပြုလုပ်နိုင်သော အမှိုက်မျိုးကို တွေ့ရလျှင် ဝတ္တုတွေထဲမှ ဦးနှောက်မဲ့ အစေခံများဆိုလျှင် မက်မက်ရိုင်းရိုင်း ဆက်ဆံပေလိမ့်မည်။

သို့ပေမဲ့ လက်ရှိ လုံမိသားစု၏ အစောင့်မှာတော့ သတင်းလာပို့ချိန်တွင် သခင်လေး ကျိရန်ဟုပင် ခေါ်ဆိုခဲ့သည်။ သူ၏ လေသံသည်လည်း လေးလေးစားစားဖြင့် ဖြစ်နေသည်။

“ဘာ …”

လုံပိုထျန်းသည် မတ်တပ်ရပ်ကာ ပြောလိုက်၏ “ဒီအမှိုက်လေး ပြန်လာပြီလား”

အဖေတစ်ယောက်အနေဖြင့် သူသည် သူ၏သားအား အလွန်တရာ ချစ်မြတ်နိုးသည်။

သို့ပေမဲ့ လက်ရှိတွင် များပြားလှသော အကြီးအကဲ များသည် လေးတွင် ရှိနေသောကြောင့် ဒေါသထွက်ချင်ဟန် ဆောင်လိုက်သည် “ကောင်းတယ်။ ဖမ်းခဲ့စမ်း။ သူ့ကို ခေါ်ခဲ့စမ်း။ မိသားစု စည်းကမ်းအတိုင်း ရိုက်ရအောင်”

“………..”

အကြီးအကဲအားလုံး၏ နှဖူးပေါ်တွင် အမဲရောင်အကြောင်းတွေ ပေါ်လာ၏။

လုံမိသားစု၏ စည်းကမ်းသည် စည်းကမ်းချိုးဖောက်သူအား ဖင်ချွတ်ရိုက်သည်ဆိုသော အကြောင်းသာ အပြင်ဘက်သို့ ပြန်နှံ့သွားမည် ဆိုလျှင် တလောကလုံးက ရယ်ပွဲဖွဲ့ပေလိမ့်မည်။

“ခေါင်းဆောင်”

အစောင့်က ပြောလိုက်သည် “သခင်လေးကျိ က လူအနည်းငယ်ကို ခေါ်လာသေးတယ်။ သူတို့ အတွင်းခြံဝန်း ထဲ ဝင်လာပြီ”

“လူတွေ ခေါ်လာတယ် ဟုတ်လား။”

လုပိုထျန်းသည် ကြောင်သွား၏။ ပြီးနောက် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လိုက်သည်။

လုံမိသားစု၏ အကြီးအကဲများကလည်း အနောက်မှ လိုက်လာပြီး အလိုမကျသလို တွေးလိုက်မိ၏ “လုံမိသားစု ခြံဝန်းထဲ ဘယ်သူမဆို ဝင်ခွင့်ပေးနေတာလား။ ဒီအမှိုက်လေးကတော့ ”

လုံမိသားစုသည် လုံရန်မြို့၏ အဓိက မိသားစုကြီး သုံးခုထဲမှ တစ်ခု ဖြစ်သည်။ အားအင်အဆင့်အရ ဆိုလျှင် နတ်စမ်းချောင်းဂိုဏ်း ၊ တောင်ပြာဂိုဏ်းတို့နှင့်ပင် နှိုင်းယှဉ်၍ ရသော ဂိုဏ်းတစ်ခုဖြစ်၏။ သူတို့ကပင် ပို၍ အားကောင်းနေနိုင်သေး၏။

သာမာန်လူများဆိုလျှင် ထိုသို့သော မိသားစု၏ အိမ်ဝန်းအတွင်းသို့ ဝင်ခွင့်ရရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

အသေးစား နှင့် အလယ်အလတ်စား မိသားစုများမှ ခေါင်းဆောင်များ လာတွေ့မည် ဆိုလျှင်ပင် ခြံဝန်းရှေ့၌ မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေရတတ်သည်

ဝင်ခွင့်ရပြီဟု သတင်းပို့မှသာ သက်ပြင်းချ၍ ဝင်နိုင်ကြ၏

လုံကျိရန်သည် ခွင့်ပြုချက်မရှိဘဲ အပြင်လူများအား ခေါ်ဆောင်လာသည်။

ကံကောင်းစွာနှင့် သူ၏ အဖေသည် မိသားစု ခေါင်းဆောင်ဖြစ်သည်မို့ သူ့အား ကာကွယ်ပေးနိုင်၏။ မဟုတ်ပါက မိသားစု စည်းကမ်းအရ အပြစ်ပေးခံရနိုင်၏။

………

အတွင်းခြံဝန်းထဲမှာတော့ ….

ကျွင်းချောင်ရှောင်းသည် တပည့်များအား ဦးဆောင်၍ သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် မတ်တပ်ရပ်နေသည်။

“လုံမိသားစု က တကယ့်ကို ခမ်းနားတာပဲ”

စုရှောင်မိုသည်လည်း အနောက်ဘက်တွင် ရပ်ကာ မျက်လုံးပြုနေသည်။ အလွန်တရာ ခမ်းနားလှသော အဆောက်အအုံ များသည် သူ့အား အမြင်ကျယ်စေသည်။

ထျန်းချီနှင့် လီဖေးတို့မှာမူ တောသား မြို့ရောက်သလို ဖြစ်နေကြ၏။

လုချင်းချင်း နှင့် ရီရှင်းချန်တို့မှာမူ လောကကြီးအား တွေ့မြင်ဖူးကြသော သူများဖြစ်သည်မို့ တစ်ယောက်မှာ ထုံးစံအတိုင်း အေးစက်စက် ဖြင့် ရှိနေပြီး တစ်ယောက်မှာတော့ မောက်မာလျက်ပင်။

လီချင်းယန်သည် အဆောက်အအုံ တည်ဆောက်ပုံတို့ကို သေချာစူးစိုက်ကြည့်ရှု မှတ်သားလျက် ရှိသည်။ ဤအဆောက်အအုံ ပုံစံများအား မှီငြမ်းပြီး နောက်တစ်ကြိမ် ဂိုဏ်းပြုပြင်တည်ဆောက်မှုတွင် ထည့်သွင်း အသုံးပြုသွားရန် သူ ကြံရွယ်လျက်ရှိသည်။

“ကိုယ့်လူတို့ …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျောဆန့်ပြီး ခပ်မတ်မတ် နေကြ။ ဒီဂိုဏ်းချုပ်ကို သိက္ခာမချကြနဲ့ တောသားတို့”

“ကောင်းပါပြီ”

စုရှောင်မို နှင့် တခြားသူများသည် အရာအားလုံးကို မြင်ဖူးပြီးသား သူများကဲ့သို့ ခေါင်းမော့ ရင်ကော့ကာ လက်နှစ်ဖက် နောက်ပစ်၍ ဟိတ်ဟန် ထုတ်လိုက်ကြ၏။

“ဂိုဏ်းချုပ်”

လုံကျိရန် ပြောလိုက်သည် “သွားပြီး သတင်းပို့လိုက်အုံးမယ်”

ဂိုဏ်းချုပ် ဟုတ်လား။

အနောက်မှ လိုက်လာကြသော အစောင့်များသည် ကြောင်သွားကြ၏။

အသက်ဆယ့်ရှစ်နှစ် ၊ ဆယ့်ကိုးနှစ်လောက်သာ ရှိဦးမည့် လူငယ်သည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်နေလေသည်။

ထို့အပြင် သခင်လေးသည် အိမ်မှ ထွက်ခွာသွားပြီးသည့်နောက် ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်သွားပုံပေါ်၏။

“အဟွတ် … အဟွတ် …”

ထိုအချိန်မှာတော့ လုံခေါင်းဆောင်သည် အကြီးအကဲများနှင့် အတူ လျှောက်ထွက်လာသည်။

သူ၏ သားကို မြင်လိုက်ချိန်မှာတော့ ချက်ချင်းပဲ ဆူပူလိုက်၏ “ခွေးလေး . မင်းတစ်ချိန်လုံး ဘယ်ရောက်နေတာလဲ”

“………” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။

ဘုတ်။

လုံကျိရန်သည် လုံပိုထျန်းအား မြင်ချိန်မှာတော့ ခြေထောက်တစ်ခုလုံး ပျော့ခွေသွားပြီး မြေပေါ် ဒူးထောက်ချလိုက်၏။

သူသည် ငယ်ရွယ်စဉ်ကတည်းက ဤအဖေ၏ အပြစ်ပေး ရိုက်နှက်မှုကို ခံခဲ့ရသူ ဖြစ်သည်။ အရွယ်ရောက်လာသည်အထိ ဖင်လှန်၍ အရိုက်ခံခဲ့ရတုန်းပင်။

ထို့ကြောင့် သူ၏ စိတ်ထဲတွင်ရှိသော အဖေကြောက်စိတ်သည် အမြစ်တွယ်လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏ “ကျိရန် .. ငါပြောဖူးတယ်လေ။ ယောကျာ်းတစ်ယောက်က ဘယ်တော့မှာ တခြားသူတွေရဲ့ ရှေှု့မှာ ဒူးမထောက်ရဘူး။ မင်းကို မွေးပေးတဲ့ မိဘတွေရဲ့ ရှေ့က လွဲရင် …”

သူသည် သူ၏ တပည့်အား စိတ်ဓာတ်ပိုမို မာကျောပြီး ယောကျာ်းတစ်ယောက်၏ ဂုဏ်သိက္ခာကို အလေးအနက် ထားသူဖြစ်စေချင်မိသည်။

သူ၏ အမြင်အရ တစ်ဖက်လူသည် မိသားစု ခေါင်းဆောင် ဖြစ်နေသည် ဆိုလျှင်တောင်မှ ဒူးမထောက်သင့်ပေ။

“ဂိုဏ်းချုပ် …”

လုံကျိရန်သည် အသံတိုးတိုးဖြင့် ပြောလိုက်သည် “သူက … ကျွန်တော့်အဖေပါ။”

“အဖေ ဆိုရင်လည်း ဒူးထောက်တယ် ဆိုတာ မကောင်း …”

ဟမ် .. အဖေဟုတ်လား။

ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ဘေးတစ်ဖက်ရှိ အဆောက်အအုံများအား လှမ်းကြည့်ရင်း ပြောလိုက်၏ “ဒါဆိုလည်း ဒူးဆက်ထောက်လေ”

ပြောင်းလဲမှုမှာ မြန်ဆန်လွန်းလှသည်။

“ကျိရန် …”

လုံပိုထျန်းသည် ကျွင်းချောင်ရှောင်းအား ကြည့်ကာ မှုန်ကုတ်ကုတ်ဖြင့် မေးလိုက်သည် “မင်း အိမ်က ထွက်ပြေးသွားပြီး ဘယ်လိုလုပ် လူတွေခေါ်ပြီး ပြန်ရောက်လာတာလဲ။ လုံမိသားစုကို ဘာထင်နေတာလဲ”

“အဖေ …”

လုံကျိရန်သည် လေးလေးနက်နက် ပြောလိုက်သည် “သူက …”

သူ ပြောခါနီးမှာပဲ လုံမိသားစု အကြီးအကဲတစ်ယောက်သည် အေးစက်စက်ဖြင့် အော်လိုက်သည် “ဘယ်လိုလူ မလို့ ခြံဝန်းထဲ ခြေချရဲရတာလဲ။ မြန်မြန် လိမ့်စမ်း”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။

မိသားစုကြီးတွေက အဲလိုပဲ အင်အားကောင်းပြီး အလကားနေ နှင်ထုတ်တတ်ကြတာလား။

“တောင်းပန်ပါတယ်”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည် “ကျုပ်က လမ်းပဲ လျှောက်တတ်တယ်။ ဘယ်လို လိမ့်ရမလဲ မသိဘူး။ ကိုယ်တိုင် တစ်ခါလောက် သရုပ်ပြပေးပါလား။”

ခွီး …။

လျှိုဝမ်ရှစ်သည် သူမ ၏ ပါးစပ်ကို လက်ဖြင့် အသာ အုပ်ကာပြီး ရယ်လိုက်မိ၏။

ဂိုဏ်းချုပ်၏ စကားသည် အမှန်ပင် ရယ်စရာကောင်းလှသည်။

လုံမိသားစု၏ အကြီးအကဲသည် ကျွင်းချောင်ရှောင်းအား စူးစိုက်ကြည့်ပြီး ပြောလိုက်သည် “ကောင်လေး .. မင်း ဒီအဘိုးကြီးကို ရန်စနေတာလား”

“မဟုတ်ဘူး .. မဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို မြှောက်၍ လက်ခလယ် နှစ်ချောင်းကို ထောင်ပြလိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံးတွင် အထင်မြင်သေးမှုများနှင့် ထင်ပေါ်လျက်ရှိသည် “ဒါကိုမှ ရန်စတယ် ခေါ်တယ်”

အမှန်ပင်။ လက်ခလယ်ထောင်ပြခြင်း ဆိုသည်မှာ ရန်ုစခြင်းဖြစ်၏။

အဓိက ကမ္ဘာတွင် လက်ခလယ်ထောင်ပြပါက ထ၍ပင် ရိုက်နှက်နေပေလိမ့်မည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် လက်ခလယ်ထောင်ပြခြင်း၏ အကျိုးအပြစ်ကို မသိရှိဆိုသော်လည်း ကျွင်းချောင်ရှောင်း၏ အမူအရာ နှင့် အပြောအဆိုများသည် သူ့အား အရှက်ခွဲနေခြင်း ဖြစ်ကြောင်း သိရှိနိုင်သည်။

သူ၏ အိမ်ထိလာပြီး သူ့အား ရန်စရဲနေ၏။

သည်းမခံနိုင်စရာပင်။

“ဟူး …။”

လုံမိသားစု၏ အကြီးအကဲသည် အင်္ကျိလက်ကို ယမ်းခါလိုက်သည်။ သိုင်းစစ်သူကြီး အဆင့်ခြောက် ကျင့်ကြံခြင်းအဆင့်၏ အော်ရာများသည် ထွက်ပေါ်လာ၏။

ရှောင်ကျီသည် သူ၏ ဂိုဏ်းချုပ်ရှေ့သို့ တက်ကာ ရပ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ သံမဏိ ဒိုင်းကာဖြင့် ဆက်သွယ်ထားလိုက်သည်။ အချိန်မရွေး ထုတ်သုံးနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သံမဏိအရိုးဂိုဏ်း၏ တင့်ကားဟု ကျွင်းချောင်ရှောင်း နာမည်ပေးထားသော ရှောင်ကျီသည် အချိန်မရွေး ဂိုဏ်းချုပ်ရှေ့တွင် ရပ်တန့်၍ ကာကွယ်ပေးတတ်၏။

လီချင်းယန်၊ လီဖေး နှင့် ထျန်းချီ တို့သည်လည်း ရှေ့သို့ တိုးလာသည်။

လုချင်းချင်း၏ ရေခဲလို အေးစက်ပြီး ကျောက်စိမ်းလို လှပသည့် လက်လေးတစ်ဖက်သည်လည်း သူ၏ ဓားပေါ်သို့ ရောက်ရှိသွား၏။

အခြားတစ်ဖက်မှ ကြည့်မည် ဆိုလျှင် ရီရှင်းချန်သည် တစ်ချက်ကလေးမှ မလှုပ်ချေ။ သူသည် ကျင့်ကြံခြင်းအဆင့် အား ထုတ်ဖော်လိုက်သော လုံမိသားစုအကြီးအကဲ အားကြည့်ပြီး ရွံရှာသလို ပြောလိုက်သည် “ငပေါ”

လုံကျိရန် တစ်ကိုယ်လုံး တုန်ခနဲ ဖြစ်သွား၏။

သူ အလောတကြီး ဝင်ပြောလိုက်သည် “အဖေ .. ဒါက …”

“ကျိရန် ..”

ကျွင်းချောင်ရှောင်း ဖြတ်ပြောလိုက်၏ “ဒါက ဧည့်သည်တွေကို ကြိုဆိုတဲ့ လုံမိသားစု ရဲ့ အထူး နည်းလမ်းလာညး။ ဒီကို ရောက်လာမှ အတွေ့အကြုံ ရတော့တယ်”

ပြောပြီးသည့်နောက် သူ၏ လက်ကို ယမ်းခါကာပြောလိုက်သည် “ထွက်သွားကြမယ်”

ရှောင်ကျီ၊ လီချင်းယန် နှင့် တခြားသူများသည် လှည့်ကာ ထွက်လိုက်ကြ၏။

“မောက်မာလိုက်တာ။ မင်း ငါတို့ လုံမိသားစုကို စော်ကားရဲတယ်ပေါ့။ ဝက်ဝံ နှလုံးကို စားပြီး ကျားသစ် သည်းခြေ စားထားလို့ ဒီလောက် သတ္တိကောင်းနေတာလား။” လုံမိသားစု အကြီးအကဲသည် အေးစက်စက် အော်လိုက်သည်။ သူ၏ အော်ရာများသည် ပိုမို၍ အားကောင်းလာသည်။

လုံကျိရန် ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ခါသွား၏။

ကျုပ်ရဲ့ ဒုတိယအကြီးအကဲ … ဂိုဏ်းချုပ်က သိုင်းဘုရင် ဒုတိယအဆင့် တစ်ယောက်ကိုတောင် အနိုင်ယူထားတာ။ ကိုယ့်ကိုယ်ကိုယ် သိုင်းဘုရင်ထက် အားကောင်းတယ်ထင်လို့ ဒီလို မောက်မာပြနေတာလား။

“လုံရှောင် ..ခဏလောက် ...”

ဒုတိယအကြီးအကဲသည် သူ၏ လက်ကို ဝေ့ယမ်းပြီး လုံမိသားစု ၏ သိုင်းနည်းစနစ်ကို ထုတ်ဖော်ရန် ပြင်လိုက်ချိန်မှာပဲ လုံပိုထျန်းသည် တားဆီးလိုက်သည်။ “သူက ဂိုဏ်းချုပ်လို့ ပြောနေတယ်လေ။ ဘာဂိုဏ်းချုပ်လဲ မေးမြန်းရမယ်။”

လုံမိသားစု၏ အကြီးအကဲများသည် နှာခေါင်းရှုံ့လိုက်ကြသည်။

ဤလူငယ်လေးသည် အသက်ဆယ့်ရှစ်မှ ဆယ့်ကိုးနီးပါးသာ ရှိသူဖြစ်သည်။ မည်သို့သော ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သနည်း။

သံမဏိအရိုးဂိုဏ်းချုပ်သည် ငယ်ရွယ်၍ ကျော်ကြားလှသည်။ လူငယ်များသည် ထိုဂိုဏ်းချုပ်အား အထင်ကြီးလွန်းသောကြောင့် လိုက်လံ၍ ဂိုဏ်းတည်ထောင်ခြင်း ဖြစ်နိုင်၏။

လုံပိုထျန်း ပြောလိုက်၏ “ဘယ်ဂိုဏ်းချုပ်ပါလဲ”

သူသည် သူ၏ သားကို နားလည်သည်။ အကြောင်းအရာ မရှိဘဲ သူစိမ်းများအား အိမ်တော်ထဲ ခေါ်လာမည် မဟုတ်ချေ။

ဤလူငယ်လေးများသည် မရိုးရှင်းလှချေ။ အိမ်တော်တွင် အလုပ်ကောင်း တစ်ခုခု ပေး၍ ထိန်းသိမ်းထားလျှင်လည်း ဆိုးရွားမည် မဟုတ်ချေ။

“သံမဏိအရိုးဂိုဏ်းပါ”

ကျွင်းချောင်ရှောင်း၏ အသံသည် တည်ငြိမ်လွန်းလှသည်။

သို့ပေမဲ့ လုံပိုထျန်း နှင့် လုံမိသားစု အကြီးအကဲများသည် ထိုအရာကို ကြားတော့ အားလုံး ဆွံ့အသွားကြ၏။

All Chapters