အခန်း (၃၉၅)
Vol. 27 Ch. 395
လုံကျိရန် သည် လုံကျိစုန့်အား အနိုင်ယူခဲ့သည်။ ထိုအရာသည် လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်မျာအား ဆွံအသွားစေသည်။
ဟုတ်ပေသည်။
လုံကျိရှန်းကဲ့သို့အားကောင်းလှသော တိုက်ရိုက်မျိုးဆက်သည် ထိုကဲသို့သော တိုက်ခိုက်ချက်လောက်အား ဂရုထားမည် မဟုတ်ချေ။ ထို့အပြင် သူသည် စင်ပေါ်တက်၍ တိုက်ခိုက်မည် ဆိုပါက အဆင့် နှစ် သို့မဟုတ်အဆင့်သုံး သိုင်းဆရာ တစ်ယောက်အား ချက်ချင်း အနိုင်ယူနိုင်စွမ်းရှိသည်။
သို့ပေမဲ့ ငြင်း၍မရသည်မှာ အိမ်မှ ထွက်ပြေးသွားခဲ့သည်မှာ တစ်နှစ်နီးပါးသာ ရှိသေးသည် ဆိုသော်လည်း လုံကျိရန် သည် အခြေအနေတစ်ခုထိ တိုးတက်လာခဲ့သည် ဆိုခြင်းပင်။
လုံပိုထျန်း၏ အမူအရာသည် ခံစားချက် ကင်းမဲ့နေသည်။ သူ၏ နှလုံးသားတစ်ခုလုံးတွင် ပျော်ရွှင်မှုနှင့် ဆို့တက်လျက်ရှိ၏။
လွန်ခဲ့သော တစ်နှစ်လောက်က သူ၏ သားသည် အဆင့်ခုနှစ်၊အဆင့်ရှစ် မရီဒန်ဖွင့်ခြင်း ကျင့်ကြံသူများ၏ ရိုက်နှက်မှုကိုပင် အလူးအလဲ ခံခဲ့ရသူဖြစ်သည်။
သို့ပေမဲ့ အချိန်တိုအတွင်းမှာပဲ သိုင်းဆရာ အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ကိုပင် တစ်ချက်တည်း ရိုက်၍ အနိုင်ယူနေနိုင်ပြီ ဖြစ်သည်။ တိုးတက်လာမှုနှုန်းသည် အလွန်ကြီးမားသည်ဟု ဆိုရမည်။
သို့သော်ငြား ဤမျှလောက်နှင့် အဆုံးသတ်မည် မဟုတ်ချေ။ အကြီးအကဲလုံ၏ ပျော်ရွှင်မှု မှာ ထပ်တိုးရလာနိုင် သေးသည်။
ဆက်လက်တိုက်ခိုက်ချိန်မှာတော့ လုံကျိရန်သည် သူ၏ ပြိုင်ဘက်များ ဖြစ်သော အဆင့်သုံး၊ အဆင့်လေး သိုင်းဆရာ များအား တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့ပြန်၏။
လုံကျိရန်သည် သံမဏိအရိုးဂိုဏ်းတွင် ကျင့်ကြံပြီးသည့်နောက် အလွန်တရာ အားကောင်းလာခဲ့သည်။
ထို့အပြင် ၎င်း၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်သည်ကလည်း ထပ်မံ၍ တိုးတက်သွားခဲ့၏။ ထို့ကြောင့် သူ မည်မျှ အားကောင်းလာသည်ကို သူကိုယ်သူပင် သေချာမသိနိုင်သေးပေ။
ဘုတ် ..။
လေးပွဲမြောက်မှာတော့ အဆင့်ငါး သိုင်းဆရာ တပည့်တစ်ယောက်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်ဆီသို့ လွင့်စင်သွားခဲ့သည်။
လုံမိသားစု ၏ တိုက်ရိုက်မျိုးဆက်များသည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်နေကြ၏။
သူတို့၏ ဝမ်းကွဲများသည် အားနည်းသောကြောင့် ရိုက်နှက်ခံခဲ့ရသည်ဆိုသော်လည်း ၎င်းတို့၏ စိတ်ဝိညာဉ်အမြစ်မှာ အားနည်းလှသည် မဟုတ်ချေ။ သူတို့ဆိုလျှင်တောင်မှ ဤမျှလောက် မြန်မြန်ဖြင့် အနိုင်မယူနိုင်ပေ။
ဟင်း …။
စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသော လုံကျိရန်သည် ဦးခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “တစ်ယောက်မှ ယှဉ်ပြီး မတိုက်ခိုက်နိုင်ကြပါလား။”
ကျွင်းချောင်ရှောင်းသည် အားရပါးရ ပြုံးလိုက်မိသည်။
သူ၏ တပည့်သည် စင်ပေါ်တက်၍ ဝါကြွားလျက်ရှိနေသည်။ ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် သူ မျက်နှာပန်း လှနေသည်ဟု ဆိုရမည်။
လုံမိသားစု တိုက်ရိုက်မျိုးဆက်များ၏ မျက်နှာအမူအရာများသည် ပျက်ရွင်းသွားကြသည်။
သူတို့အရင်တုန်းက အနိုင်ကျင့်ခဲ့သောသူသည် အံ့အားသင့်ဖို့ကောင်းလောက်အောင် ပိုမို အားကောင်းလာသည်။ ထိုအရာကို သူတို့ လက်သင့်မခံချင်ပေ။
လုံပိုထျန်းသည် ပွဲကိုကြည့်ရင်း အလွန်တရာ နှစ်ထောင်းအားရဖြစ်မိနေ၏။
သူ၏ သားသည် လေးပွဲ တိုက်ခိုက်ပြီးဖြစ်ကာ ယှဉ်ပြိုင်ခဲ့သူများသည် အဆင့်နှစ်မှ အဆင့်လေး သိုင်းဆရာများ ဖြစ်ကြသည်။ သို့ပေမဲ့ အားလုံးအား လွယ်လွယ်ကူကူဖြင့် အနိုင်ယူခဲ့သည်။ ဆိုလိုသည်မှာ ထိုသူများထက် ပိုမို အားကောင်းနေခြင်းပင် ဖြစ်တော့သည်။
လုံပိုထျန်းသည် ကျွင်းချောင်ရှောင်းအား ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။
တစ်နှစ်ဆိုသည့်အချိန်လေးအတွင်း သူ၏ သားသည် မယုံနိုင်စရာ အားကောင်းလာခဲ့သည်။ ထိုဂိုဏ်းချုပ်၏ စွမ်းဆောင်ရည်ကြောင့်ပင် ဖြစ်ရမည်။
လုံမိသားစု၏ အကြီးအကဲများသည် စတင်၍ စဉ်းစားလာမိကြသည်။
မိသားစု၏ သာမာန်အရည်အချင်းသာ ရှိသော လုံကျိရန်သည် သံမဏိအရိုးဂိုဏ်း လက်ထဲတွင် ဤမျှအားကောင်းလာခဲ့သည် ဆိုသော် တခြားသော ထူးချွန်သည့် တပည့်များသာ သင်ကြားရပါက ကောင်းကင်သို့ပင် တက်လှမ်းသွားနိုင်ပေလိမ့်မည်။
ကောင်းကင်ပေါ်တက်၊ မတက်တော့ မသေချာပေ။ လုံကျိရန် အားအနိုင်ကျင့်ခဲ့သော လုံမိသားစု တိုက်ရိုက်မျိုးဆက်များအား တပည့်အဖြစ် ခေါ်ယူရန်တော့ ကျွင်းချောင်ရှောင်း လုံးဝ စိတ်မဝင်စားချေ။
……
အားအကောင်းဆုံးအဖွဲ့၏ တိုက်ခိုက်ပွဲများသည် ဆက်လက်ဖြစ်တည်နေသည်။ သို့ပေမဲ့ အခြေအနေမှာတော့ ပြောင်းလဲနေ၏။
အစတုန်းက လုံကျိရန်တစ်ယောက် ဆိုးဆိုးရွားရွား ရိုက်နှက်ခံရမည်ဟု အားလုံးက ထင်မှတ်ခဲ့ကြသည်။ ယခု လုံကျိရန်နှင့် ထိပ်တိုက်မတွေ့ရန် အားလုံးက ဆုတောင်းနေကြပြီ ဖြစ်သည်။
ကောင်းကင်မှ သတ်မှတ်ပေးထားသော အရာသည် ရှောင်ရှား၍ မရချေ။
ဆယ့်ခြောက်ပွဲမြောက်မှာတော့ လုံကျိရှန်းသည် လုံကျိရန် နှင့် ထိပ်တိုက်တွေ့ပြီဖြစ်တော့သည်။ လုံကျိရှန်းမှာတော့ သူ၏ ဝမ်းကွဲများနှင့် မတူစွာဘဲ လုံကျိရန် နှင့် ထိပ်တိုက်ရင်ဆိုင်ရရန် စောင့်မျှော်နေခဲ့သူ ဖြစ်၏။
လီချင်းယန် ပြောလိုက်သည် “ဒီလူက သိုင်းဆရာ အဆင့်ရှစ် တစ်ယောက်ပဲ။ ဂျူနီယာ ညီလေးအတွက် မလွယ်ဘူး။”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီရင်း လက်ပိုက်ကာ စင်မြင့်ပေါ်ရှိ လုံကျိရန်အား ကြည့်လိုက်သည်။ ပြီးနောက် အသံပို့လွှတ်လိုက်၏ “ကျိရန် …. ဒီတိုက်ပွဲမှာ မင်းဘာလဲဆိုတာ သက်သေပြလိုက်”
လုံကျိရန်သည် စင်မြင့်ပေါ်သို့ တက်ရင်း ပြန်ပြောလိုက်၏ “ဂိုဏ်းချုပ် … ဒီတပည့်က အားကုန်ထုတ်သုံးပြီး သက်သေပြပါမယ်။ ဒီစင်မြင့် က တပည့်အတွက်ပဲ ဖြစ်ရမယ်။”
သူသည် ကျောကို မတ်မတ်ရပ်လိုက်သည်။ သံမဏိအရိုးဂိုဏ်းသားတစ်ယောက်လို သံမဏိလို မာကျောသော စိတ်ဓာတ်စွမ်းရည်များ အသက်ဝင်လာသည်။
မိစ္ဆာဂိုဏ်းများနှင့် တိုက်ခိုက်စဉ်က လုံကျိရန်သည် ဝင်ရောက်မတိုက်ခိုက်နိုင်ခဲ့ချေ။ အဘယ့်ကြောင့် ဆိုသော် သူ၏ အားအင်အဆင့်သည် လီချင်းယန်၊ ရှောင်ကျီ ၊ တခြားသော သူများနှင့် ယှဉ်လျှင် အလွန်ကွာခြားနေသောကြောင့်ပင်။
သို့ပေမဲ့ သူ၏ စီနီယာအစ်ကိုများ အနိုင်ယူနေသည်ကို မြင်ချိန်မှာတော့ စင်ပေါ်တက်၍ တိုက်ခိုက်ချင်စိတ် တို့အား မနည်းထိန်းထားခဲ့ရ၏။
လက်ရှိ မိသားစုသိုင်းပြိုင်ပွဲသည် သူ့တစ်ယောက်တည်းကို ကိုယ်စားပြုသည် ဆိုသော်လည်း ဂိုဏ်းချပ် နှင့် ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက်လည်း အရေးပါလို့နေသည် ။
တိုက်ပွဲထဲမှာတော့ …
မည်မျှပင်ခက်ခဲပါစေ သူ ရှုံး၍ မဖြစ်ချေ။
ဟူး …။
ချက်ချင်းဆိုသလိုပဲ လုံကျိရန်၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ အားကောင်းလှသည့် အော်ရာများထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်လျက်ရှိ၏။
“ဂိုဏ်းချုပ် .. စီနီယာအစ်ကို … စီနီယာအစ်မ တို့ ….”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အသံပို့လွှတ်လိုက်သည် “ဒီနေ့မှာ ကျွန်တော် လုံကျိရန် အားလုံးကို အနိုင်ယူပြမယ်”
ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။
သူ၏ တပည့် သိုင်းဆရာအဆင့် ကျင့်ကြံသူလေးများအား အနိုင်ကျင့်ပြီးနောက်တွင် အဘယ့်ကြောင့် ``အမျှ သွေးတွေ ဆူပွက်သွားရသနည်း
စင်မြင့်ပေါ် လမ်းလျှောက်၍ တက်လာသော လုံကျိရှန်းသည် မျက်မှောင်ကုတ်ကာ တွေးလိုက်သည် “အခုမှ နည်းနည်းလေး အားကောင်းလာပြီးတော့ ဘာအချိုး ချိုးနေတာလဲ”
“စမယ်” လုံမိသားစု အကြီးအကဲ က အော်ဟစ်လိုက်သည်။
ရွှီး ….။
လံုံကျိရှန်းသည် နဂါးရေကူး ခြေလှမ်းကွက်ကို အသုံးပြု၍ စဦးတိုက်ခိုက်လိုက်၏။
အဆင့်ရှစ် သိုင်းဆရာတစ်ယောက် ဖြစ်သည်မို့ သူ၏ အားအင်အဆင့်သည် လုံကျိရန်ထက် သာလွန်သည်။ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ခန္ဓာကိုယ်ပုံရိပ်ယောင်များသည် အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။
ရွှီး ..။
လုံကျိရှန်း လှုပ်ရှားလိုက်သည်ဆိုသည်နှင့် လုံကျိရန်သည် တိမ်ခြေလှမ်းအား ထုတ်သုံလိုက်တော့သည်။ အမြန်နှုန်းအရ ဆိုလျှင် သူက သာလို့ပင် မြန်ဆန်နေသေး၏။
လုံမိသားစု၏ ခြေလှမ်းကွက်သည် အဆင့်မြင့် အလယ်အလတ် နည်းစနစ် မျိုးဖြစ်သည်။
ထိုအရာသည် အဆင့်မြင့်မားလှ၏။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း၏ တိမ်ခြေလှမ်းနှင့် ယှဉ်လျှင်ပင် အရမ်းအားနည်းသွားပြန်သည်။
လုံကျိရန်သည် ရှေ့သို့ လှမ်းတက်ပြီးသည့်နောက် ဝိညာဉ်စွမ်းအင်များ အပြည့်ပါဝင်နေသော လက်သီးချက်ဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တော့၏။
အဆင့်မြင့် သာမာန်အဆင့် ပေါက်ကွဲလက်သီး။
“မြန်လိုက်တာ”
လုံကျိရှန်း ကြိတ်ကာ တုန်လှုပ်သွားမိသည်။ သို့ပေမဲ့ သူသည် တစ်ချက်ကလေးမှ မနှောင့်နှေးချေ။ သူ၏ လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။ လေထဲတွင် နဂါးအော်သံများ ထွက်ပေါ်လာသည်။
နဂါးအော်သံ လက်သီး။
ဘုန်း …။
ဘုန်း…..။
တစ်ပြိုက်နက်တည်းဆိုသလိုပဲ ကျယ်လောင်လှသော အသံကြီးနှစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်သွားသည်။ စိတ်ဝိညာဉ်လှိုင်းများသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးဆီသို့ ပြန့်နှံ့သွားတော့၏။
တိုက်ပွဲ တည်နေရာထဲမှာတော့ …
လုံကျိရန်၏ ညာလက်သီးသည် လုံကျိရှန်း၏ ရင်ဘတ်ပေါ် ရောက်ရှိနေသည်။
လုံကျိရှန်း၏ လက်သီးကလည်း လုံကျိရန်၏ ရင်ဘတ်ပေါ်တွင် ရှိနေ၏။
နှစ်ယောက်စလုံးသည် တူညီစွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
လုံကျိရှန်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရပြီး ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာ၏။
လုံကျိရန်သည်လည်း နောက်သို့ ဆုတ်သွားရသည်။ သို့သော်လည်း ခြေတစ်လှမ်းသာ ဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက ခိုတွဲလာ၏ “ဒုတိယ ဝမ်းကွဲ … မတွေ့တာ တစ်နှစ်လောက်ကြာပြီ။ အားအင် က ဒီတိုင်းပါပဲလား”
အားအင်အဆင့်မှာ ခြားနားချက်များ ရှိနေသည် ဆိုသော်လည်း သူသည် အထက်စီးမှ တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ပေါက်ကွဲလက်သီး ….။
ရွှီး ..။
ထိုင်ခုံပေါ်တွင် ထိုင်နေသော လုံပိုထျန်းသည် ထိတ်လန့်တကြားဖြင့် မတ်တပ်ထရပ်လိုက်မိ၏။
စောနက တိုက်ခိုက်ချက်များကို ပြန်ကြည့်လျှင် သူသား၏ အားအင်အဆင့်သည် ဂျင်ရှစ်သောင်း နီးပါး ရှိပြီး လုံကျိရှန်းလို အဆင့်ရှစ် သိုင်းဆရာ တစ်ယောက်၏ အားအင်နှင့် ဘာမှကွာခြားမနေပေ။
ဖြစ်နိုင်သည်မှာ …..
သူ၏ လက်များသည် တုန်ရင်နေသည်။ သူသည် မနေနိုင်ဘဲ ပြောလိုက်မိသည် “ငါ့သားက သိုင်းဆရာ အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ရော ဟုတ်ရဲ့လား”
“လုံခေါင်းဆောင်”
ဘေးတွင်ထိုင်နေသာ ကျွင်းချောင်ရှောင်းသည် အသာပြောလိုက်၏ “အဲလောက်ကြီး စိတ်မလောနဲ့။ ကျေးဇူးပြုပြီး အေးဆေးသာ ထိုင်ကြည့်လိုက်ပါ”
“…….”
လုံပိုထျန်း အဘယ်သို့ ထိုင်နေနိုင်မည်နည်း။ သူ နေရာတွင် မတ်မတ်ရပ်၍ ကြည့်နေမိ၏။
လုံမိသားစု၏ အကြီးအကဲများသည်လည်း အံ့အားသင့်နေကြသည်။ လုံကျိရန်၏ အားအင်အဆင့်ကို မြင်ရချိန်မှာတော့ သူတို့တွေသည် လက်ခံနိုင်ရန်ပင် ခက်ခဲ၍နေသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
သွေးအန်လျက်ရှိသော လုံကျိရှန်သည် မယုံနိုင်မှုတွေ အပြည့်ဖြင့် ခေါင်းမော့ကြည့်လိုက်၏။
တစ်ဖက်လူ၏ ထွက်ပေါ်နေသော အော်ရာများအား သုံးသပ်ကြည့်မည် ဆိုလျှင် အဆင့်ငါး သိုင်းဆရာတစ်ယောက်သာ ဖြစ်သည်။ အဘယ့်ကြောင့် သူ့ထက် ပိုမို၍ အားကောင်းနေရသနည်း။
ရွှီး …။
လုံကျိရန်သည် ရှေ့သို့ လှမ်းတက်လာပြီး သူ၏ ညာလက်သီးကို လက်ဝါးအဖြစ် ပြောင်းလဲကာ တိုက်ခိုက်တော့သည် “တောင်ဖြိုလက်ဝါး …”
ဟူး …။
ဘုန်း …..။
လက်ဝါးရိုက်ချက်သည် လုံကျိရှန်း၏ ဘယ်ပခုံးပေါ်သို့ ကျဆင်းသွားတော့သည်။ အလွန်တရာ ပြင်းထန်လွန်းသော စွမ်းအင်လှိုင်းများသည် ရေလှိုင်းများကဲ့သို့ အရှိန်အဟုန် ကောင်းကောင်းဖြင့် တိုးဝင်လာတော့သည်။
ဝေါ့ ..။
လုံကျိရှန်းသည် နောက်တစ်ကြိမ် သွေးအန်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လွင့်စင်သွားပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်ဆီသို့ ပြုတ်ကျသွားတော့၏။
“ဒါက ….”
လုံမိသားစု၏ တိက်ရိုက်မျိုးဆက်များသည် ဆွံ့အသွားသည်။
တိုက်ခိုက်ချက် နှစ်ချက်ဖြင့် လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များထဲတွင် အားအကောင်းထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်သော လုံကျိရှန်းသည် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။
လုံကျိရန်သည် သူ၏ ဒဏ်ရာရထားသော ဒုတိယ ဝမ်းကွဲအစ်ကိုဆီသို့ အသာလျှောက်လှမ်းသွားသည်။ ပြီးနောက် ငုံ့ကြည့်ကာ ပြောလိုက်၏ “အကန့်အသတ်ဆိုတာကို သိလား။”