အခန်း (၃၉၆)
Vol. 27 Ch. 396
လွန်ခဲ့သော တစ်နှစ်က လုံကျိရှန်းသည် မိသားစု၏ မည်သည့် သိုင်းနည်းစနစ်ကိုမှ အသုံးမပြုဘဲ လုံကျိရန်အား ကြောင်မှ ကြွက်အား ကစားသလို ကစားသွားခဲ့သည်။
ယခုအချိန်မှာတော့ သူသည် လုံကျိရှန်းအား တိုက်ခိုက်ချက် နှစ်ချက် အတွင်းမှာပဲ ရှုံးနိမ့်ခဲ့ရပြီ ဖြစ်သည်။
လီချင်းယန်နှင့် တခြားသူများအတွက် သူတို့၏ ဂျုနီယာ ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည် မှာ အဆန်းမဟုတ်ချေ။
သို့ပေမဲ့ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်များအတွက်မူ အလွန်တရာ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်နေလေသည်။
လုံပိုထျန်းသည် သူ၏ လက်တွေ တဆတ်ဆတ် တုန်သည်အထိ စိတ်လှုပ်ရှားနေမိ၏။ သူ၏ မျက်နှာပေါ်တွင် တည်ရှိနေသော ပျော်ရွှင်သည့် အမူအရာများသည် မည်မျှ ဖုံးကွယ်ထားသည် ဖြစ်စေ မရနိုင်ပေ။
ပြိုင်ပွဲယှဉ်ပြိုင်လက်စကြီးသာ မဟုတ်လျှင် သူ ကျွင်းချောင်ရှောင်း ဘက်သို့ လှည့်၍ ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုမိမည်မှာ သေချာ၏။
သူ၏ သားသည် လုံမိသားစုတွင် အသုံးမဝင်ချေ။ မိသားစုအတွင်းရှိ ဝမ်းကွဲများ၏ တိုက်ခိုက်အနိုင်ကျင့်ခြင်းကို တရားဝင်ခံခဲ့ရသည်။
အဖေတစ်ယောက် အနေနှင့် ထိုအရာများအား မြင်ချိန်မှာတော့ ဘာတစ်ခုမှ မလုပ်နိုင်လောက်အောင်ပင် သူ နာကျင်ခံစားမိ၏။
လုံမိသားစု တစ်ယောက်ချင်းစီတိုင်းသည် အားကောင်းလာစေရန် ကြိုးစားရသည်။
အားနည်းသူူသည်လား။
အနိုင်ကျင့်ခံရရန် ထိုက်တန်သည်။
ထိုကဲ့သို့သော မိသားစု အလေ့အထသည် ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့လွန်း၏။
သို့ပေမဲ့ ထိုကဲ့သို့ အနိုင်ကျင့်မခံချင်လျှင် ကိုယ်တိုင် အားကောင်းလာစေဖို့ ကြိုးစားရန်သာ ရှိတော့သည်။
ထို့ကြောင့် သူ့သား အားလုံး၏ အနိုင့်ကျင့်မှုကို မမြင်ချင်သည်မို့ ဒုတိယအကြီးအကဲ၏ အကြံပေးမှုကို လက်ခံကာ မိသားစု စီးပွားရေး လုပ်ငန်းများအား ဦးစီးရန် အမိန့်ပေးခဲ့ခြင်း ဖြစ်၏။
ဘဝတစ်ခုလုံး တိုးတက်စရာမရှိတော့လျှင်တောင်မှ တခြားသူများ၏ ရိုက်နှက်ခြင်းမှ ရှောင်လွှဲနိုင်မည် ဟု သူ တွေးတော ဆုံးဖြတ်ခဲ့သည်။
သို့ပေမဲ့ လုံကျိရန်သည် အိမ်မှ ထွက်ပြေးပြီး သံမဏိအရိုးဂိုဏ်းဆီသို့ ရောက်ရှိသွားမည်ဟု လုံပိုထျန် မထင်မိချေ။ ဂိုဏ်းချုပ်ကျွင်း နှင့် အတူ ယခု ပြန်ရောက်လာပြီး မိသားစု သိုင်းပြိုင်ပွဲကိုပင် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိနေ၏။
ထို့အပြင် မထင်မှတ်ထားသည်များမှာ ဖြစ်ပေါ်နေသည်။
ယနေ့မှာတော့ လုံကျိရန်သည် အားအကောင်းဟု ဆိုသော လုံကျိရှန်း အား တိုက်ခိုက် အနိုင်ယူပြခဲ့ပြီ ဖြစ်သည်။
အောင်မြင်မှုများအနှင့် အတူ မတ်မတ်ရပ်လျက်ရှိသော သူ့သား၏ နောက်ကျောအား ကြည့်ရှုရင်း လုံပိုထျန်းသည် မျက်ရည်များပင် ဝိုင်းလျက်ရှိ၏။
ထိုအချိန်မှာတော့ ကျွင်ချောင်ရှောင်းသည် အဝတ်စ တစ်ခုလှမ်းပေးပြီး ပြောလိုက်သည် “ခင်ဗျားသားက နာမည်တစ်လုံးကို ရေးထိုးနေတာ။ ဒီတော့ ပျော်ပျော်ရွင်ရွင်နဲ့ ငိုလိုက်သင့်တယ်။ ကျုပ်လည်း ဒါမျိုး တွေ့ကြုံဖူးသူ ဆိုတော့ နားလည်ပါတယ်”
လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများသည် ကြောင်အသွားမိသည်။
အတွေ့အကြုံ ရှိသူလား။
ဂိုဏ်းချုပ် မှာ ဘယ်တုန်းက ကလေးတစ်ယောက် ရှိသွားတာလဲ။
တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် လုံပိုထျန်းအား နှစ်သိမ့်ပေးနေခြင်းသာ ဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း …”
လုံခေါင်းဆောင်သည် အဝတ်စကို မယူပေ။ အဲအစား လေးလေးနက်နက် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းထဲကို ဝင်လိုက်မိတာ ကျုပ်သားအတွက် ကောင်းချီး တစ်ခုပဲ။”
သူူသည် အရင်ကလည်း ထိုသို့ပြောဖူးသည်။ လက်ရှိအချိန်မှာတော့ နှလုံးသားထဲက လိုလိုလားလား နှင့် ပြောဆိုခြင်း ဖြစ်ပေသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီလို ပါရမီအရမ်းပါတဲ့ တပည့်တစ်ယောက်ကို မွေးဖွားပေးတဲ့အတွက် ကျုပ်ကလည်း လုံခေါင်းဆောင်ကို ကျေးဇူးအရမ်းတင်တယ်။”
…….
ဘုန်း ….။
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီမှာတောာ့ လုံကျိရန်သည် လုံကျိရှန်းအား မြေပေါ်သို့ ကန်ချနိုင်ခဲ့သည်။ ပြီးနောက် အားလုံး၏ အကြည့်အောက်မှ ထွက်ခွားသွားသည်။
လုံမိသားစုဆီသို့ လာရာလမ်းမှာတော့ သူသည် သူ့အား အနိုင်ကျင့်ခဲ့သူများအား မည်ကဲ့သို့ ပြန်လည် ရိုက်နှုက်မည် ဆိုခြင်းအား သေချာတွေးတောထားပြီးဖြစ်သည်။ ယခုလက်တွေ့ ရိုက်နှက်ရချိန်မှာတော့ အလွန်တရာ ကောင်းမွန်သည့် ခံစားချက်ကို ရရှိနေ၏။
ပြိုင်ပွဲမှာ ဆက်လက်ကျင်းပလျက်ရှိသည်။
လုံကျိရန်သည် ဆက်လက်တိုက်ခိုက်ရင်း လုံမိသားစု တိုက်ရိုက်တပည့်များအား အနိုင်ယူနိုင်နေ၏။
သူ၏ ပြိုင်ဘက်သည် လုံကျိရှန်းလောက် အားမကောင်းသည်မို့ လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်စွမ်း ရှိနေသည်။
မကြာခင်မှာပဲ အားအကောင်းဆုံး ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိလာ၏။
တကယ်တမ်း ထိုသို့သော အဆင့် တိုက်ပွဲများသည် အပြန်အလှန် တိုက်ခိုက်ရင်း စိတ်လှုပ်ရှားမှု အပြည့်နှင့် ကြည့်ရှုရမည့် ပွဲစဉ်မျိုး ဖြစ်သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသား ဝင်ပြိုင်နေသည်မို့ ပုံမှန်းအတိုင်း မဖြစ်ခဲ့ပေ။
ဘန်း … ဘန်း ..။
နောက်ဆုံးတိုက်ပွဲ ယှဉ်ပြိုင်စဉ်မှာတော့ လုံကျိရန်သည် ပေါက်ကွဲလက်သီးကို အသုံးပြု၍ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်အား တိုက်ခိုက် အနိုင်ယူခဲ့သည်။
“………” လုံမိသားစု တိုက်ရိုက်မျိုးဆက်များ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ရင်လျက်ရှိနေ၏။
လုံကျိရန်သည် လုံကျိရှန်းအား တိုက်ခိုက်အနိုင်ယူခဲ့စဉ် ကတည်းက ဤပြိုင်ပွဲ၏ ဗိုလ်ဆွဲသူ ဖြစ်မည်မှန်း အားလုံးက ခန့်မှန်းမိပြီး ဖြစ်သည်။ သို့ပေမဲ့ အားလုံး အံ့အားသင့်နေသည်မှာ အစမှ အဆုံး ယှဉ်ပြိုင်သွားခဲ့သည် ဆိုသော်လည်း လုံကျိရန်သည် ချွေးပင် မထွက်ခဲ့ချေ။
“ဒင် … သီးခြားတာဝန် ပြည့်စုံသည်။ ဂိုဏ်းစုဆောင်းမှတ် ငါးရာအား ရရှိခဲ့သည်။”
“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ၁၆၀၀ / ၅၀၀၀”
ကျွင်းချောင်ရှောင်း ရယ်မောလိုက်သည်။
လုံကျိရန်သည် အိမ်သို့ ပြန်၍ သိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ချင်သည်ဟု ခွင့်တောင်းစဉ် က သူ၏ သီးခြားတာဝန်သည် အသက်ဝင်သွားခဲ့သည်။ ကျိရန် အနိုင်ရရန် ပြုလုပ်ပေးပြီး လိုက်ပါ အားပေးရန် ဖြစ်နေ၏။
………
ပြိုင်ပွဲပြီးသွားသည် ဆိုသော်လည်း တိုက်ခိုက်ပွဲမှာ မပြီးဆုံးသေးချေ ။
“လုံကျိဟယ် …”
လုံကျိရန် သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင် ဆီသို့ လျှောက်ဝင်သွားပြီး လုံမိသားစု ၏ တိုက်ရိုက်တပည့်များ ဆီ လက်ညိုးညွှန်လိုက်သည် “စင်ပေါ်မှာ တိုက်ခိုက်ကြစို့”
လုံမိသားစုတွင် သူ့အား တိုက်ရိုက်အနိုင်ကျင့်ခဲ့သော တပည့်များ အလွန်တရာ ပေါများခဲ့သည်။ ယခုလို အချိန်တွင် သူ မည်သို့မှ လက်လွတ်ပေးမည် မဟုတ်ချေ။
“……”
လုံကျိဟယ်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။
သူသည် လုံကျိရန် အား အနိုင်မယူနိုင်မှန်း သိသော်လည်း မိသားစု စည်းကမ်းအရ ငြင်းပယ်၍ မရသည်မို့ နာကျင်နေသော မျက်နှာဖြင့် လျှောက်လှမ်းလာသည်။
လုံမိသားစု၏ စည်းကမ်းတွင် စိန်ခေါ်လာပါ က အဆင့်ချင်း ကွာခြားနေလျှင်တောင်မှ တိုက်ခိုက်ရမည် ဖြစ်၏။
ဘန်း .. ဘန်း … ဘန်း…။
မကြာခင်မှာပဲ လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်သည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်ပင် တွန့်လိမ်လျက် ရှိသည်။
“လုံကျိမင်”
ဘန်း ..ဘန်း …ဘန်း..။
မကြာခင်မှာပဲ လုံကျိမင်သည်လည်း သွေးအန်၍ သိုင်းလေ့ကျင့်ရေးူ ကွင်းပြင် အပြင်ဘက်တွင် ထိုင်နေရပြီ ဖြစ်၏။
တစ်နာရီလောက် ကြာမြင့်ပြီးနောက် …
လုံမိသားစု၏ တိုက်ရိုက်မျိးဆက် တော်တော်များများသည် မြေပေါ် စီစီရီရီဖြင့် လဲနေကြပြီ ဖြစ်သည်။
အချိန်အတော်ကြာ အနိုင်ကျင့်ရခဲ့ရခြင်း၏ နစ်နာမှုများအား သူ အလုံးစုံ ပြန်လည် ကလဲ့စားချေနိုင်ခဲ့ပြီ ဖြစ်သည်မို့ လုံကျိရန်သည် အလွန်တရာ ပျော်ရွှင်နေသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် သူ့အတွက် ဖြစ်တည်လာခြင်းလိုမျိုး ခံစားမိနေ၏။
သို့ပေမဲ့ စိတ်တော့ မကျေနပ်သေးပေ။
“လုံကျိ ….”
သူ နောက်ထပ် တိုက်ရိုက်မျိုးဆက်တစ်ယောက်၏ နာမည်ကို ခေါ်ရန် ပြင်ဆင်နေချိန်မှာပဲ ရုတ်တရက် အသံ တစ်ခု ထွက်ပေါ်လာသည် “လုံလောက်ပြီ”
ထိုအသံသည် သိုင်းလေ့ကျင့်ရေးကွင်းပြင် ဆီမှ ပေါ်ထွက်လာခြင်းမဟုတ်ဘဲ အတွင်းခြံဝန်း ဆီမှ ဖြစ်သည်။
အားလုံးက ခေါင်းလှည့်ကြည့်လိုက်ချိန်မှာတော့ လုံမိသားစု၏ တိုက်ရိုက်မျိးဆက်များသည် တံခါးပေါက်ဆီမှ ထွက်ပေါ်လာသော လူငယ်တစ်ယောက်အား မြင်လိုက်ကြရ၏။ ၎င်း၏ မျက်နှာအမူအရာသည် အေးခဲလျက်ရှိ၏။
“အကြီးဆုံး ဝမ်းကွဲအစ်ကို” အားလုံးက ထအော်လိုက်မိသည်။
လုံပိုထျန်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ဒါက တံခါးပိတ်ကျင့်ကြံနေတဲ့သူ မဟုတ်လား။ ဘယ်လိုကြောင့် ထွက်လာရတာလဲ။”
ကျွင်းချောင်ရှောင်း သည် မော့ကြည့်ကာ ပြောလိုက်သည် “ဒီလူက အားကောင်းတယ်”
စနစ်မှ ပြောလိုက်၏ “သူတော်စင်အမြစ် ပိုင်ရှင် အဆင့်ရှစ် သိုင်းဆရာ”
“သူတော်စင် အဆင့် စိတ်ဝိညာဉ်အမြစ်လား”
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်မိသည် “နတ်စမ်းချောင်းဂိုဏ်းက ဂူချောင်ကျူး နဲ့တောင် ယှဉ်ပြိုင်လို့ ရတဲ့သူပေါ့”
လီချင်းယန်တို့ကလည်း လှမ်းကြည့်လိုက်ကြ၏။
သူတို့၏ ဂျုူနီယာညီလေး ပိုင်ဆိုင်သော ပွဲ မဟုတ်ပါက စင်ပေါ်ပြေးတက်၍ စိန်ခေါ်မိမှာ သေချာသည်။
လုံကျိရန်၏ အမူအရာများသည် ပိုမို၍ လေးနက်သွား၏။
သူ၏ အကြီးဆုံး ဝမ်းကွဲအစ်ကိုသည် လုံမိသားစု၏ တိုက်ရိုက်မျိုးဆက်ထဲတွင် အားအကောင်းဆုံးသူ ဖြစ်သည်။
သူသည် မည်သူ့ကိုမှ အနိုင်မကျင့်ဖူးသလို၊ မည်သူ့ကိုမှလည်း မျက်နှာသာ မပေးချ။
“ကောင်းပြီ”
လုံကျိရွှမ် သည် ပြောလိုက်သည် “မင်း ပျော်ချင်တယ် ဆိုရင် ဘာလို့ ငါ့ကိုစိန်မခေါ်တာလဲ”
လုံကျိရန် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည် “ဒါက စိတ်လှုပ်ရှားစရာပဲ”
“လုံကျိရွှမ်”
သူသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထိပ်တွင် မတ်မတ်ရပ်လိုက်သည်။ ပြီးနောက် အတွင်းခြံဝန်းထဲမှ လျှောက်ထွက်လာသော လုံကျိရွှမ်အား လက်ညိုးထိုးကာ ပြောလိုက်၏ “လာ တိုက်ခိုက်လေ။ စိန်ခေါ်တယ်”
လုံမိသားစု တိုက်ရိုက်မျိုးဆက် နှင့် အကြီးအကဲများအားလုံးသည် မျက်လုံးပြူး၊ မျက်ဆံပြူးဖြစ်သွားကြ၏။
ဤအကောင်သည် တကယ်ပဲ လုံကျိရွှမ် ကိုပင် စိန်ခေါ်ရဲနေသည်။
လုံပိုထျန်းသည်လည်း အံ့အားသင့်မိနေ၏။ သူသား၏ ဟန်ပန်ကို ကြည့်မိတော့ ဂုဏ်ယူမိလာ၏ “ဒါမှ ပိုထျန်းရဲ့ သားကွ”
အတိအကျ ပြောရမည် ဆိုလျှင် ပိုထျန်း၏ သား .. သံမဏိအရိုးဂိုဏ်းသားပင်ဖြစ်လိမ့်မည်။