← Chapters

အခန်း (၃၉၇)

Vol. 27 Ch. 397

အခန်း (၃၉၇)

Vol. 27 Ch. 397

အားအကောင်းဆုံး အဖွဲ့တွင် ပထမ ရယူခဲ့ပြီး လုံမိသားစု၏ တိုက်ရိုက်တပည့်များအား တစ်ယောက်ပြီး တစ်ယောက် ထပ်မံ ရိုက်နှက်ခဲ့သေးသည်။

အလွန်တရာ ပျော်ရွှင်မိစေသည်။ သို့ပေမဲ့ စိတ်မကျေနပ်သေးပေ။

သူနှင့် တန်းတူညီစွာ ပြန်လည်တိုက်ခိုက်နိုင်သူ မရှိသောကြောင့်ပင်။ ထို့ကြောင့် အားမရဟု ဆိုရမည်။

ယခင်တုန်းက သူ၏ ဝမ်းကွဲအစ်ကိုကြီးနှင့် ရင်ဆိုင်လျှင် အလွန်တရာ မြင့်မားလှသော တောင်ကြီးတစ်ခုကို မော့ကြည့်ရသော ပုရွက်ဆိတ်လေး တစ်ကောင်လို သူ ခံစားခဲ့ရသည်။

ယခုချိန်မှာတော့ သူသည် ကလန်တွင်း၌ မည်သူ့ကိုမှ ကြောက်လန့်စရာမလိုတော့ချေ။ ထို့ကြောင့် အားရဝမ်းသာ ဖြင့် စိန်ခေါ်လိုက်ခြင်း ဖြစ်၏။

ဤအသံ ၊ ဤအမူအရာ .. အလွန်တရာ မောက်မာလွန်းလှသည်။

လုံမိသားစု တိုက်ရိုက်တပည့်များ၏ အကြည့်အောက်တွင် အားအကောင်းဆုံးသော ဝမ်းကွဲအစ်ကိုအား စိန်ခေါ်ရခြင်းသည် သူတို့အား အလွန်တရာ စိတ်လှုပ်ရှားရစေ၏။

သူ့သား၏ ဟန်ပန်ကို မြင်ရချိန်မှာတော့ လုံပိုထျန်းသည် အမှန်ပင် ဂုဏ်ယူမိနေသည်။

ရွှီး …။

လုံကျိရွှမ် သည် နဂါးရေကူး ခြေလှမ်းကွက်ကို အသုံးပြု၍ တိုက်ခိုက်ရေး စင်မြင့်ဆီသို့ ရောက်ရှိလာသည်။ မြန်ဆန်လွန်းသောကြောင့် ခန္ဓာကိုယ်၏ ပုံရိပ်ယောင်များပင်လျှင် ထင်ကျန်ခဲ့ရ၏။ “အိမ်က ထွက်ပြေးပြီးတဲ့နောက်မှာ ကျင့်ကြံခြင်းအဆင့်တင် မဟုတ်ဘဲ လူကလည်း ပိုပြီး မောက်မာလာတာကိုး”

“သိပ်မှန်တာပေါ့” လုံကျိရန် ပြောလိုက်သည်။

အားနည်းချိန် မည်သူမှ ဝင်၍ မကူခဲ့ဘဲနှင့် ယခုအချိန်မှ ဘာကိစ္စ မမောက်မာဖို့ လာရောက် ပြောဆိုနေရသနည်း။

ဒီလိုအချိန်မှ မမောက်မာလျှင် မည်သည့်အချိန်သွား၍ မောက်မာနေရမည်နည်း။

“စီနီယာအစ်ကိုလုံ .. အကောင်းဆုံး တိုက်ခိုက်ပါ”

လျှိုဝမ်ရှစ်သည် သူမ၏ စီနီယာအစ်ကို တစ်ယောက် အားအကောင်းဆုံးသော သူနှင့် တိုက်ခိုက်ရင်ဆိုင်ရတော့မည်ကို သိရှိချိန်မှာတော့ သူမ၏ လက်ကို ယမ်းခါပြီး အော်ဟစ်လိုက်သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် သူတို့၏ ဂျုနီယာ အား အားပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူတို့အတွက် အဆင့်ရှစ် သိုင်းဆရာ ဆိုသည်မှာ အလွန်အားကောင်းသော ရန်သူဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော သိုင်းဆရာဖြစ်သည်မို့ပင်။ ထို့ကြောင့် သူတို့တောင် သေချာအာရုံစိုက်ကာ တိုက်ခိုက်မှ ရမည်။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံမှာထိုင်လျက်ရှိပြီး သူ၏ မျက်နှာသည် ပြုံးနေတော့၏။

ဂိုဏ်းချုပ်၏ အကြည့်နှင့် စီနီယာများ၏ အားပေးမှုကို ရတော့ လုံကျိရန်၏ မျက်လုံးထဲတွင် တိုက်ခိုက်လို စိတ်များနှင့် ပြည့်နှက်သွားသည်။

“ငါတို့ စကြမလား”

“လာခဲ့ …”

“ဟူး …”

လုံကျိရွှမ်သည် နဂါးရေကူး ခြေလှမ်းကွက်ကို အသုံးပြု၍ လုံကျိရန်၏ ရှေ့၌ ပေါ်လာသည်။ သူ၏ လက်သီးများသည် အလွန်တရာ မြန်ဆန်လွန်းလှသည်။ လက်သီးချက်ဆီမှ နဂါးအော်သံတွေပင် ထွက်လျက်ရှိသည်။

လုံမိသားစု၏ အားအကောင်းဆုံး တပည့်ဆိုသည့်အတိုင်းပင် အားအင် အဆင့်နှင့် လက်သီးချက်မှာ လုံကျိရှန်း ထက် အဆမတန် ပိုမို အားကောင်းနေ၏။

ဘုန်း …။

ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာပြီး တည်နေရာအနှံ့ဆီသို့ လှိုင်းအဟုန်များ ပြန့်လွင့်သွားသည်။

လုံကျိရန်သည် ခြေလှမ်းခြောက်လှမ်း၊ ခုနှစ်လှမ်း ခန့်နောက်သို့ ဆုတ်ခွားသွားရသည်။ သူ၏ မျက်နှာနှင့် အကြည့်များမှာတော့ ပိုမို၍ လေးနက်သွား၏။

လုံကျိရွှမ်သည် အလွန်မြန်ဆန်၏။ သူ မရှောင်နိုင်သလို ဖမ်းဆီးရန်လည်း ခက်ခဲလှသည်။ ထို့ှကြောင့် ခန္ဓာကိုယ်အားအင် ဖြင့် ခုခံရန်သာ တတ်နိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် သူသည် ခန္ဓာကိုယ် ပိုမိုအားကောင်းလာစေရန် အတွက် နည်းလမ်းပေါင်းများစွာဖြင့် ကြိုးစားလာခဲ့ရသည်။ ထို့ကြောင့် ခြေလှမ်းအနည်းငယ်သာ နောက်သို့ ယိုင်သွားရခြင်း ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ သူသည် ပိုးချည် ချပ်ဝတ်အား ဝတ်ဆင်ထားခြင်း ဖြစ်၏။

လုံမိသားစု၏ အကြီးအကဲများသည် ဆွံ့အသွားသည်။

သူတို့သည် သိုင်းစစ်သူကြီး အဆင့်သုံး၊ အဆင့်လေး ကျင့်ကြံသူများ ဖြစ်သည်မို့ လုံကျိရွှမ်၏ တိုက်ခိုက်မှု အားအင်ကို ကောင်းကောင်း နားလည်ကြသည်။

သို့ပေမဲ့ လုံကျိရန်သည် ထိုတိုက်ခိုက်ချက် အောက်တွင် ဘာမှမဖြစ်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းလေသည်လား။

ရွှီး …။

လုံကျိရွှမ်သည် ထပ်မံ၍ ပြေးတင်လာသည် နဂါးအော်သံနှင့် အတူ လက်သီးအရိပ်များသည် တည်နေရာတစ်ခုလုံး အား ဖုံးလွှမ်းသွားတော့သည်။

ဘန်း .. ဘန်း .. ဘန်း….။

လုံကျိရန်၏ အားအင်သည် သူ့ထက် အဆမတန် နိမ့်ပါးသည်။ ထို့ကြောင့် တိုက်ခိုက်ချက် တစ်ခု ၊ နှစ်ခုလောက်ကို ရှောင်ရှားနိုင်သည် ဆိုသော်ငြား ဆက်တိုက် ရှောင်ရှားနိုင်မည် မဟုတ်ချေ။

“မင်း မောက်မာနိုင်သေးလား” လုံကျိရွှမ် မေးလိုက်၏။

လုံကျိရန်သည် ခေါင်းကို ခါယမ်းလိုက်သည်။ နာကျင်မှုကိုသည်းခံရင်း ပြောလိုက်၏ “စိတ်လှုပ်ရှားစရာပဲ။ ကျေနပ်ဖို့ကောင်းပြီ”

လုံကျိရွှမ် မျက်မှောင်ကုတ်သွား၏။

သူ၏ တိုက်ချုက်ချက်များသည် အလွန်တရာ ပြင်းထန်လှသည်။ သို့ပေမဲ့ လုံကျိရန် သည် ဒဏ်ရာပင် မရခဲ့ချေ။

ရွှီး …။

လုံကျိရွှမ် သည် ဆက်လက်တိုက်ခိုက်လိုက်သည်။

ဒီတစ်ကြိမ် မှာတော့ သူသည် ပိုမိုအားကောင်းသော နဂါးလက်ဝါးအား ထုတ်ဖော်အသုံးပြုလိုက်၏။

အားကောင်းလှသော လက်ဝါးရိုက်ချက်သည် တည်နေရာတစ်ခုလုံးသို့ ပြန့်ှနှံ့သွားသည်။

ရွှီး … ရွှီး ..။

ဘန်း ..ဘန်း …။

လုံကျိရန်သည် ထပ်မံ၍ ရိုက်နှက်ခံလိုက်ရသည်။ တိုက်ပွဲစင်မြင့်၏ အစပ်နားသို့ ရောက်ချိန်မှာမှ သူ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းလိုက်နိုင်၏။

သူ အဘယ့်ကြောင့် မရှောင်သနည်း။

မရှောင်နိုင်၍ပင်ဖြစ်တော့သည်။

သူတော်စင် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော အဆင့်ရှစ် သိုင်းဆရာ နှင့် သူ့ကဲ့သို့ အဆင့်ငါး သိုင်းဆရာ ကြားတွင် အလွန်တရာ ကွာခြားနေ၏။

သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ခုခံရန်သာ ကျန်ရှိတော့သည်။

“ဝမ်းကွဲ အစ်ကိုကြီးက အံ့အားသင့်စရာပဲ”

“ကြည့် … ခုနတုန်းက မောက်မာနေတဲံအကောင် က အခု ပြန်တောင် မတိုက်ခိုက်နိုင်အောင် အရိုက်နှက်ခံနေရပြီ”

“ဝမ်းကွဲ အစ်ကိုကြီးလို ပါရမီရှင်ကို အဆင့်တစ် ဒါမှမဟုတ် အဆင့်နှစ်ဂိုဏ်းတွေရဲ့ တိုက်ရိုက်တပည့်တွေ လောက်ပဲ ယှဉ်နိုင်လိမ့်မယ်။ အခုလုံကျိရန် က တိုက်ကွက်လေး အနည်းငယ်လောက် တတ်မြောက်တာနဲ့ စိန်ခေါ်တယ်ဆိုတော့ နာချင်တာပဲ ဖြစ်ရမယ်”

လုံမိသားစုမှ တိုက်ရိုက်တပည့်များသည် ပျော်ရ့ွှင်သွားကြသည်။

လုံကျိရန်၏ စွမ်းဆောင်ရည်သည် သူတို့အား တုန်လှုပ်စေသည်။ ထိုအရာကို သူတို့ လက်မခံနိုင်ပေ။ ယခု အနိုင်ပြန်တိုက်နိုင်သူ ပေါ်လာချိန်မှာတော့ အားပေးမိသည်မှာ သဘာဝပင် ဖြစ်တော့၏။

လုံပိုထျန်း တီးတိုးရေရွတ်လိုက်၏ “ငါ့သား … မင်းက လုံကျိရွှမ် မဟုတ်ဘူး။ ဒီတော့ ခုခံနိုင်တာကိုက တော်တော် ဟုတ်နေပြီ။ ရှုံးသွားရင်လည်း မျက်နှာမငယ်ပါဘူး”

ရှုံးနိမ့်မှတော့ ဘယ်လိုလုပ် အောင်မြင်တော့မည်နည်း။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်သည် “လုံခေါင်းဆောင် .. အစောကြီး မသုံးသပ်ပါနဲ့အုံး”

အမ် ..။

လုံပိုထျန်း ကြောင်သွား၏ “ကျုပ် သား အနိုင်ရဖို့ အခွင့်အလမ်း ရှိတယ်လား။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပြောရခက်တယ်။ ဒါပေမဲ့ လုံကျိရန်ပေါ် ကျုပ်ရဲ့ နားလည်မှု အရဆိုရင် အနိုင်ရဖို့ ၉၉ ရာခိုင်နှုန်းပဲ”

လုံပိုထျန်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

၉၉ ရာခိုင်နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်း ကြား ခြားနားချက်သည် သိပ်မရှိပေ။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းက ဤမျှယုံကြည်နေသည်ဆိုတော့ လုံခေါင်းဆောင် မတွေးဘဲ မနေနိုင်တော့ပေ “တကယ့်ကို နိုင်ဖို့ အခွင့်အရေး ရှိတယ် ထင်တယ်”

အားအင်အဆင့်၊ သိုင်းစွမ်းရည်၊ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်တို့၏ ကွာခြားချက်ကြားတွင် သူ၏ သားမည်ကဲ့သို့ အနိုင်ရရှိမည် ဆိုသည်ကို သူ အဖြေမရှာနိုင်ပေ။

……..

တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ ..

လုံကျိရွှမ်သည် ဆက်လက်မတိုက်ခိုက်ဘဲ ခပ်တည်တည်ဖြင့် ပြောလိုက်သည် “မင်းရဲ့ ခန္ဓာကိုယ် အားအင်က မဆိုးဘူး”

လုံကျိရန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရောင်းကိုင်းလျက် ရှိနေ၏။ သူသည် ဂုဏ်ယူစွာ ပြုံးလိုက်မိသည် “သံမဏိအရိုးဂိုဏ်းထဲမှာ ဒီထက် ပိုပြီး အားကောင်းသူတွေ မနည်းဘူးရှိတယ်”

“ဟုတ်လား”

လုံကျိရွှမ်သည် လီချင်းယန်တို့အား လှမ်းကြည့်ကာ ပြောလိုက်၏ “မင်းကို အနိုင်ယူပြီးရင် သူတို့တွေနဲ့ တိုက်ခိုက်ချင်သေးတယ်”

“အားနာပါတယ်”

စုရှောင်မို ပြောလိုက်သည် “ဂျုူနီယာ ညီလေးကို မနိုင်တဲ့သူကို ငါတို့ မတိုက်ခိုက်ဘူး။”

“အမှန်ပဲ”

လီဖေး ပြောလိုက်၏ “ဂျုနီယာ ညီလေးကိုတောင် မနိုင်တဲ့သူက ငါတို့ကို စိန်ခေါ်ဖို့ အရည်အချင်းမပြည့်မီ ဘူး”

နှစ်ယောက်သားသည် မောက်မာစွာ ပြောဆိုနေပြီး လုံမိသားစု၏ တိုက်ရိုက်တပည့်များအား ဒေါသထွက်စေသည်။

လုံကျိရန်သည် ဤမျှရိုက်နှက်ခံနေရသည်ကို သံမဏိအရိုးဂိုဏ်းမှ လူများ မမြင်လေသလား။

“ကောင်းပြီ”

လုံကျိရွှမ်သည် အကြည့်ကို ရုတ်သိမ်းကာ ပြောလိုက်သည် “ဒါဆိ မင်းကို အနိုင်ယူပြီးမှ မင်းရဲ့ စီနီယာအစ်ကိုတွေကို စိန်ခေါ်မယ်”

ဝှစ် …။

ပြောပြီးပြီးချင်းမှာပဲ သူ၏ ခန္ဓာကိုယ်ဆီမှ စွမ်းအားမြင့် အော်ရာများ ပေါက်ကွဲထွက်လာသည်။

ထိုအော်ရာများသည် ကျွင်းချောင်ရှောင်းအား တိုက်ခိုက်ခဲ့သော ဒုတိယအကြီးအကဲ၏ အော်ရာများနှင့် ဆင်တူနေ၏။

“ဘုံကိုးပါး နဂါးအော်သံ”

“ဝမ်းကွဲအစ်ကိုကြီး တကယ် တိုက်ခိုက်ပြီပဲ”

“ဟားဟား.. ဟိုကောင်တော့ ကံဆိုးပြီ”

လုံမိသားစု၏ တိုက်ရိုက်တပည့်များသည် ရယ်မောလိုက်မိကြသည်။

ဘုံကိုးပါးမှ နဂါးအော်သံသည် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်ပြီး အလွန်လည်း အားကောင်းလှ၏။

ဤတိုက်ခိုက်ရေးနည်းစနစ်ကို နားလည်နိုင်သူသည် အကြီးအကဲ နှင့် ခေါင်းဆောင် တို့သာဖြစ်သည်။

လုံကျိရန်သည် အသက်နှစ်ဆယ်တည်းနှင့် ထိုနည်းစနစ်ကို ထုတ်ဖော်နေနိုင်ပြီ ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ” လုံကျိရန်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။

“ဒီလိုအချိန်မှာတောင် ငိုချင်သေးတယ်လား။”

“ဘုံကိုးပါးရဲ့ နဂါးအော်သံက အရမ်းကြမ်းတမ်းတာ မင်းသိရဲ့လား”

“ဝှစ် … ဝှစ် ….”

ထိုအချိန်မှာတော့ လုံကျိရွှမ်သည် လက်ကို ဝေ့ယမ်း၍ တိုက်ခိုက်လိုက်တော့သည်။

လက်ဝါးရိုက်ချက်များ၏ နောက်မှာတော့ နဂါးကြီးတစ်ကောင် ၏ ပုံရိပ်ယောင် ဖြစ်တည်လာ၏။ ထိုရိုက်ချက်သည် ဒုတိယအကြီးအကဲထက် ပိုမို အားနည်းသည် ဆိုသော်လည်း အရှိန်အဟုန်တော့ ပြင်းထန်နေသေး၏။

ဤမျှအားကောင်းလှသော တိုက်ခိုက်ချက်ကို ရင်ဆိုင်ရချိန်မှာတော့ လုံကျိရန်သည် တစ်ချက်ကလေးမှ မလှုပ်ရှားပေ။

ဖောက် …။

အဆောင်သည် ချိုးဖျက်ခံလိုက်ရသည်။ သူ၏ အားအင်သည် တိုးတက်သွားသည်။

လုံကျိရန်သည် ရှေ့သို့ လှမ်းတက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ ပြင်းထန်လွန်းသော အားလှိုင်းများ ထွက်ပေါ်လာသည်။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည် “စီနီယာအစ်ကိုတွေကို စိန်ခေါ်ဖို့ ခင်ဗျားဆီမှာ အရည်အချင်းမရှိသေးဘူး”

လေထုထဲတွင်တော့ ပြင်းထန်လွန်းသော လက်သီးတစ်လုံးသည် ဖြစ်ပေါ်လာသည်။

တည်နေရာတစ်ခုလုံးသည် ဖုန်အလိမ်းလိမ်းဖြင့် ဖြစ်တည်သွား၏။

All Chapters