← Chapters

အခန်း (၄၀၁)

Vol. 27 Ch. 401

အခန်း (၄၀၁)

Vol. 27 Ch. 401

“ခန်းမသခင်”

လီအာ သည် သူ၏ရှေ့တွင်ရှိသော စင်မြင့်အား လက်ညှိုးထိုးကာပြောလိုက်၏။ “ဒါက သေခြင်းရှင်ခြင်းစင်မြင့်ပဲ”

ဟွာယန်နိုင်ငံမှ မိစ္ဆာဂိုဏ်းများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ပြီးသည့်နောက်တွင် ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များ အား သေခြင်းရှင်ခြင်းစင်မြင့်အား ပြန်၍ မဖျက်ဆီးရန် မှာထားခဲ့၏။ ကျွင်းချောင်ရှောင်း၏ သတင်းစကားကို ကြားသိပြီးသည့်နောက်တွင် ချင်းယန်နိုင်ငံသို့ လာရောက်လည်ပတ်၍ ကြည့်ရှုကြသော ကျင့်ကြံသူများ အများ အပြားရှိကြ၏။

သူတို့သည့် သစ်သားပြားပေါ်ရှိ အလွန်တရာစူးရှလှသော စကားလုံးများကို မြင်လိုက်ရချိန်မှာတော့ မျက်လုံး များတွင် ချီးကျူးလိုမှုများနှင့်ပင် ပြည့်နှက်သွားလေ၏။

သူတို့တွင် အမိကမ္ဘာမြေကဲ့သို့ ကင်မရာနှင့် မိုဘိုင်းဖုန်းများ မရှိခြင်းကြောင့်သာ ဒီအတိုင်းသာ ကြည့်ခဲ့ရခြင်းဖြစ်သည်။ မဟုတ်ပါက ထိုအရှေ့သို့သွားရောက်၍ ဓာတ်ပုံတွေ ရိုက်မိပေလိမ့်မည်။

မြောင်ဟွာခန်းမသည်လည်း သံမဏိအရိုးဂိုဏ်းအကြောင်းကို ကြားဖူးခဲ့၏။ သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်အား ကြောက်လန့်၍ ထွက်ပြေးသွားအောင် ပြုလုပ်နိုင်ခဲ့သည့် သိုင်းအုပ်စိုးသူတစ်ယောက် ရှိနေလေ၏။

“လီအာ၊ ဒီစင်မြင့်ပေါ်မှာ ရေးထားတဲ့စာလုံးတွေက ဂိုဏ်းချုပ်ကျွင်းရေးထားတာလို့ ကြားခဲ့တယ်၊ သူ့လက်ရေး လှရဲ့လား”

ရှစ်ကျန်းရွမ်သည် စိတ်ဝင်တစားမေးမြန်းလိုက်၏။

လီအာပြောလိုက်သည်။ “သာမန်ပါပဲ”

သူမသည် သူမစိတ်ထဲမှ ထင်မြင်ချက်နှင့် ဘက်ကန်ကာ ပြောဆိုလိုက်ခြင်းဖြစ်၏။ ဂိုဏ်းချုပ်ကျွင်း၏ လက်ရေး သည် အလွန်တရာ လှပလွန်းအားကြီး၏။

အဘယ်ကြောင့် ဤကဲ့သို့ပြောလိုက်ရခြင်းဖြစ်သနည်းဟုဆိုသော် ခန်းမသခင် လီသည် လက်ရေးလှ ရေးသားခြင်းကို အလွန်တရာနှစ်သက်လှ၏။ ထိုလူ၏ လက်ရေးသည် လှပလွန်းသည်ဆိုသည့်အကြောင်းသာ သိရှိသွားပါက ခန်းမသခင်၏ စိတ်ဝင်စားမှုသည် ပိုမို၍ တိုးတက်သွားပေလိမ့်မည်။

“ဆိုးလိုက်တာ”

ရှစ်ကျန်းရွမ်သည် အားမလိုအားမရဖြင့်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း၏ လက်ရေးကို ငါမကြည့်နိုင်ဘူး”

လီယာနှင့်တပည့်များအားလုံးသည် စိုးရွံ့သွားကြ၏။

“ခန်းမသခင် အဲလောက်ကြီး အတွေးမလွန်နေပါနဲ့”

“ခန်းမသခင် ဝမ်းနည်းနေတဲ့ မျက်နှာအမူအရာက ကြည့်လို့မကောင်းဘူး”

“သံမဏိအရိုးဂိုဏ်းကိုသွားရင် ရယ်နေမှ ဖြစ်မှာနော်”

ဤစကားသည် အမှန်တကယ် အကျိုးသက်ရောက်မှုရှိ၏။ မူလအားဖြင့် စိတ်ဓာတ်ကျနေသော ရှစ်ကျန်းရွမ်သည် ရုတ်တရက်ဆိုသလိုပဲ တောက်ပစွာပြုံးလိုက်၏။ ထို့နောက် သူမသည် မေးလိုက်သည်။ “ငါအခု ကြည့်လို့ကောင်းပြီလား”

“...” လီအာ နှင့်တပည့်များအားလုံးသည် ဆွံ့အသွားတော့သည်။

….....

ရှစ်ကျန်းရွမ်သည် သူ၏တပည့်များ၏ အကူအညီဖြင့် လှေကားထစ်များပေါ်သို့ တက်လျှောက်လာတော့သည်။

သတင်းကို ရရှိပြီးဖြစ်သော ကျွင်းချောင်ရှောင်းသည် အလွန်တရာ သန့်ရှင်းပြီး ကြည့်ကောင်းလှသော ဂိုဏ်းဝတ်စုံ ကို ဝတ်ဆင်၍ တပည့်များကို ခေါ်ဆောင်ကာ သွားရောက်ကြိုဆိုတော့သည်။

မိန်းမလှလေးများသည် လာရောက်လည်ပတ်ကြ၏။ လူကြီးလူကောင်း ပီသစွာဖြင့် သူ့အနေနှင့် သွား၍ ကြိုဆိုရ ပေလိမ်မည်။

“သူတို့ရောက်လာပြီ၊ သူတို့ရောက်လာပြီ”

“ဟိုး အားလုံးက မိန်းကလေးတပည့်တွေကြီးပဲ၊ ကြည့်လို့မဆိုးဘူး၊ ငါတို့ဂျူနီယာညီမလေးတွေနဲ့ နှိုင်းယှဉ်ကြည့် လိုက်မယ်ဆိုရင် …..”

စုရှောင်မိုသည် သူ၏စကားကို ဆုံးအောင်မပြောလိုက်ရချေ။ ပါးစပ်ကို အမြန်အဆန် ပိတ်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော လင်းယွမ်ရွှယ် နှင့် တခြားသော အမျိုးသမီးတပည့်များအားလုံးတို့သည် သူ့အား အေးစက်စက်နှင့်ကြည့်ရှုနေကြသောကြောင့်ဖြစ်သည်။

ဤလောကတွင် အမျိုးသမီးတစ်ယောက်၏ အကြည့်သည် အရာအားလုံးကို သတ်ဖြတ်နိုင်သော စွမ်းရည်ရှိ၏။ မည်သည့်လောက ကမ္ဘာသို့ပင်ရောက်ရောက် ဤအရာမှာ အမှန်တရားပင်ဖြစ်၏။

“ခန်းမသခင်”

လီအာပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက လာပြီးကြိုနေတယ်”

ရှစ်ကျန်းရွမ်သည် စိုးရိမ်စွာဖြင့်ပြောလိုက်သည်။ “လီအာ၊ ငါ့နှလုံးခုန်သံတွေ ရုတ်တရက် မြန်လာသလိုပဲ”

ခန်းမသခင်၏ နီရဲနေသော မျက်နှာကို ကြည့်ရှုပြီးသည့်နောက်တွင် လီအာသည် စိတ်ဓာတ်တကျဖြင့် တွေးလိုက်သည်။ သွားပြီ၊ သွားပြီ ခန်းမသခင်ကတော့ လုံးဝကို ပြုစားခံလိုက်ရပြီ။

မကြာမီမှာပဲ သူတို့သည် လှေကားထစ်များကို တက်ရောက်၍ တောင်၏ ဂိတ်တံခါးရှေ့သို့ ရောက်ရှိခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်၍ လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့ပေမဲ့ လီအာသည် ခန်းမသခင်ရှေ့တည့်တည့်သို့ လျှောက်လာပြီး အေးစက်စက်မျက်နှာဖြင့် ပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း ခပ်ဝေးဝေးကနေပါ”

“ဝေးကွာခြင်းဆိုတာ ကောင်းတာမဟုတ်ဘူး၊ ဒါပေမဲ့ ငါနားလည်ပါတယ်”

ကျွင်းချောင်ရှောင်းသည် အနောက်သို့ ခြေနှစ်လမ်းဆုတ်လိုက်၏။ ထို့နောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ကြိုဆိုပါတယ် မြောင်ဟွာခန်းမသခင်၊ ကျုပ်တို့ဂိုဏ်းကို ရင်းရင်းနှီးနှီးနဲ့ လာရောက်လည်ပတ်တဲ့အတွက်ကို ကြိုဆိုပါတယ်”

“နွေးထွေးစွာကြိုဆိုပါတယ်”

စုရှောင်မိုနှင့် တခြားသူအားလုံးတို့သည် သံပြိုင်အော်ဟစ်လိုက်ကြ၏။

ရှစ်ကျန်းရွမ်သည် ပြုံးကာ ပြောလိုက်၏။ “ကျွန်မက ဂိုဏ်းချုပ်ကျွင်းတို့ကို လာပြီးတော့ အလုပ်ရှုပ်သလိုတောင် ဖြစ်နေပြီ”

“မဖြစ်ပါဘူး”

ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်ကို အသာလှည့်ကာ သူ၏ လက်တစ်ဖက်ကို မြှောက်ကာပြောလိုက်၏။ “ခန်းမသခင်ရှစ်၊ ကျေးဇူးပြုပြီး အထဲကိုဝင်ပါ”

ဖြောင်း … ဖြောင်း … ဖြောင်း ….။

ရှစ်ကျွမ်းရွမ်တို့ သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ချိန်မှာတော့ စုရှောင်မိုနှင့် တပည့်များအားလုံးသည် လက်ခုပ်တီး၍ နွေးထွေးစွာ ကြိုဆိုလိုက်ကြတော့သည်။

….....

သံမဏိအရိုးတောင်ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ခပ်ရေးရေး ရှိနေသည်ဆိုသော်လည်း ထူးခြား ဆန်းသြို့ပေမဲ့ မြောင်ဟွာခန်းမမှ တပည့်များ ဝင်ရောက်ချိန်မှာတော့ အလွန်တရာကြီးမား၍ ခံ့ညားလွန်းလှသော သိုင်းလေ့ကျင့်ရေးကွင်းပြင်ကြီးနှင့် အဆောက်အဦများ၊ အဓိကဟောခန်းကြီးကို မြင်လိုက်ချိန်မှာတော့ အံ့အားသင့်မိသွားကြသည်။

အဆင့်ခုနှစ် ဂိုဏ်းတစ်ခုသည် သာမန်အဆောက်အဦများသာရှိမည်ဟု သူမတို့ ထင်မိခဲ့ကြသည်။ သို့ပေမဲ့ တကယ် မျက်ဝါးထင်ထင် မြင်လိုက်ချိန်မှာတော့ မျက်လုံးပြူး၊ မျက်ဆံပြူးပင် ဖြစ်မိသွားကြ၏။

သို့ပေမဲ့ မိစ္ဆာဂိုဏ်းသား နှစ်ဆယ်ကို ခြောက်လှန့်အောင်လုပ်နိုင်ပြီး သိုင်းအုပ်စိုးသူတစ်ယောက်ရှိနေသော ဂိုဏ်းတစ်ခုအနေဖြင့် ဤမျှ ခမ်းနားထည်ဝါနေသည်မှာ အံ့အားသင့်စရာတော့မဟုတ်ပေ။

“လီအာ”

ရှစ်ကျန်းရွမ် တီးတိုးပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဘယ်လိုတုန်း”

“အဆင်ပြေပါတယ်” လီအာပြောလိုက်သည်။

အတိုချုပ်ပြောရမည်ဆိုလျှင် ခန်းမသခင်ရှစ် ဂိုဏ်းချုပ်ကျွင်းအပေါ် ထပ်မံ၍ စိတ်ခံစား ချက်များ မတိုးပွားလာစေရန် မည်သည့်ကောင်းသောစကားမှ မပြောဆိုရန် ဆုံးဖြတ်ထား၏။

ကျွင်းချောင်ရှောင်းသည် သူ၏ဘဝပေးကံကြောင့် တစ်ကိုယ်တည်းဖြစ်နေရုံမကဘဲ လီအာဟုခေါ်သည့် အမျိုးသမီး တပည့်ကြောင့် တစ်ကိုယ်တည်းဖြစ်နေခြင်းဟု ဆိုရမည်။

“ခန်းမသခင်ရှစ်တို့ စားသောက်ဖို့အတွက် အကောင်းဆုံးအရသာရှိတဲ့ အစားအသောက်တွေ ပြင်ဆင်ထားတယ်” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

ဧည့်သည်များ ရာက်ရှိလာခြင်းတွင် သူ့အနေဖြင့် နွေးနွေးထွေးထွေးကြိုဆို၍ အစားအသောက်များနှင့် တည်ခင်းရမည်မှာ သဘာဝပင်ဖြစ်တော့သည်။

စားသောက်ခန်းတစ်ခုလုံးသည် ဆူညံ ပွက်လောရိုက်နေကြ၏။

လီအာ နှင့် မြောင်ဟွာခန်းမမှ တပည့်များအားလုံးသည် အနည်းငယ် သံသယဝင်နေ ကြ၏။ စားသောက်ခန်းတွင် ပြင်ဆင်ထားသည်ကို ကြည့်ရှုရသည်မှာ သံမဏိအရိုးဂိုဏ်းတွင် မင်္ဂလာဆောင်တစ်ခု ပြုလုပ် သွားပြီး ပြန်လည်၍ မသိမ်းဆည်းရသေးပုံနှင့်ပင် ဆင်တူနေသည်။

“ကောင်းကင်ဘုံ”

အစားအစာကို ပါးစပ်ထဲထည့်၍ ဝါးလိုက်မိသောတပည့်တစ်ယောက်သည် သူမ၏ စီနီယာအစ်မကြီး၏ အင်္ကျီစကို လှမ်းကိုင်ကာ တီးတိုးပြောလိုက်၏။ “စီနီယာအစ်မ၊ မြန်မြန်စားကြည့် အရမ်းအရသာရှိတယ်”

“...”

လီအာသည် မျက်မှောင်ကုတ်မိသွားသည်။

ထိုတပည့်သည် အဆင့်လေး ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်သည်။ အဘယ့်ကြောင့် သံမဏိအရိုးဂိုဏ်း၏ အစားအသောက်ကို စားမိချိန်တွင် မျက်ပြူးဆန်ပြာဖြစ်နေရသနည်း။ ဘယ်လောက်အရသာရှိရှိ ဗိုက်ထဲရောက်သွားရင် ပြီးသွားတာပဲ မဟုတ်လား။

လီအာသည် သူမ၏တူအား မြှောက်ကိုင်၍ အစားအစားများကို ညှပ်ယူ၍ ပါးစပ်ထဲသို့ထည့်ကာ ဝါးစားလိုက်၏။ ထိုအချိန်မှာတော့ အချိန်တွေအကုန်လုံး နှေးကွေးသွားသလို ခံစားလိုက်ရ၏။ တဖြည်းဖြည်း ဝါးရင်း ဝါးရင်းနှင့် သူမသည် ကမ်းခြေတစ်ခုဆီသို့ ရောက်ရှိနေပြီး နွေးထွေးသည့် နေရောင်ခြည်နှင့် လေပြင်းများသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်ကျဆင်းနေသလို အလွန့်အလွန်ကောင်းမွန်နေသည့် ခံစားချက်ကို ရရှိလိုက်၏။

“အရမ်း အရသာရှိတယ်၊ ပြီးတော့ အရမ်းမွှေးလွန်းတယ်”

လီအာတင်မဟုတ် မြောင်ဟွာခန်းမဆောင်တွင်ရှိသော တပည့်များအားလုံးသည် ထိုသို့ခံစားနေရ၏။ သူတို့သည့် အစားအစာကို စားသုံးနေခြင်းမဟုတ်ပေ၊ ကောင်းကင်ဘုံ၏ ရတနာတစ်ခုကို စားသုံးနေရသလို့ ခံစားမိနေရ၏။

တချို့ဆိုလျှင် ထ၍ အော်မိလေ၏။

“ခန်းမသခင်ရှစ်”

သူမ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျွင်းချောင်ရှောင်းကမေးလိုက်၏။ “မစားဘူးလား”

“ဒါက”

ရှစ်ကျွမ်းရွမ်သည် သူမ၏အဝတ်အစားများကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “ကျွန်မ … ကျွန်မ မဆာသေးလို့”

သူမ မဆာသေး၍ မဟုတ်ပေ။ သူမ အနေဖြင့် အစားအစာ စားသည့်အချိန်တွင် မလှမပဖြစ်သွားပြီး ကျွင်းချောင်ရှောင်း အနေဖြင့် ရယ်မောနေမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

ဂိုဏ်းချုပ်ကျွင်းသည် တူတစ်စုံကို ကောက်ယူ၍ ဟင်းအနည်းငယ်ထည့်ကာ သူမရှေ့သို့ ပေးလိုက်သည်။

“သံမဏိအရိုးဂိုဏ်းက သေးငယ်လွန်းတယ်ဆိုပေမဲ့ အစားအသောက်နဲ့ပတ်သက်ပြီးတော့ အဆင့်မနိမ့်ပါဘူး၊ ခန်းမသခင်ရှစ် စားကြည့်ပေးပါအုံး”

“အင်း၊ ကောင်းပြီ”

ရှစ်ကျန်းရွမ်သည် တူကိုကောက်ယူ၍ ပန်းကန်ထဲရှိအစားအစာများကို လှမ်းစမ်းလိုက်တော့သည်။ ထိုအရာကို မြင်တော့ ကျွင်းချောင်ရှောင်းသည် သူမအား သနားမိသွား၏။

ဤအမျိုးသမီးသည် ငယ်ရွယ်စဉ်ကတည်းက အလင်းဆိုသည့်အရာကို မမြင်ဘူးသေးပေ။ အမှောင်ထဲမှာသာ ဒွန်တွဲနေထိုင်ခဲ့သည်ဖြစ်သောကြောင့် အလွန်တရာ သနားဖွယ်ရာကောင်း၏။ အလယ်အလတ်အဆင့် ပြန်လည်ကုသခြင်းဆေးလုံးသည်သာ မျက်လုံးရောဂါကို ကုသပေးနိုင်မည်ဆိုပါက သူ့အနေဖြင့် တစ်ခါတည်း ပေးအပ်လိုက်မှာဖြစ်သည်။

“ဝိုး”

ထိုအချိန်မှာတော့ ရှစ်ကျန်းရွမ်သည် အံ့အားတသင့်ဖြင့်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း သံမဏိအရိုးဂိုဏ်းရဲ့ဟင်းက အရမ်း အရသာရှိတာပဲ”

“အရသာရှိရင် များများစား” ကျွင်းချောင်ရှောင်းပြုံးလိုက်၏။

“အင်း အင်း”

ရှစ်ကျန်းရွမ်သည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကလေးတစ်ယောက်လို တူကိုကိုင်၍ အစားအသောက်များကို စားနေတော့သည်။ “ဟင်းတွေကြီးပဲမစားနဲ့လေ၊ ဟင်းရည်လေးလည်းသောက်အုံး”

ကျွင်းချောင်ရှောင်းသည် ဇွန်းတစ်ခုကိုယူ၍ ဟင်းရည်များထည့်ကာ အသာကမ်းပေးလိုက်သည်။

သို့ပေမဲ့ လီအာ သည် ခွက်အား ဆွဲယူသွားပြီး ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း … ကျွန်မပဲ လုပ်ပါမယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် အသာထိုင်ပြီး ပြုံးကာပြောလိုက်၏။

“ခန်းမသခင်ရှစ် …. မြောင်ဟွာခန်းမနဲ့ သံမဏိအရိုးဂိုဏ်းက ဘယ်လောက်ထိဝေးလဲ”

“လီခြောက်ထောင်လောက်ဝေးတယ်”

“အရမ်းဝေးတယ်၊ ကျွန်တော်သွားမယ်ဆိုရင် အရမ်းဝေးတာပေါ့”

ရှစ်ကျန်းရွမ်သည် ခေါင်းမော့ပြီး သူမ၏ မမြင်ရသော မျက်လုံးများနှင့် ကျွင်းချောင်ရှောင်းအား ကြည့်လိုက်သည်။ “မြောင်ဟွာခန်းမဆီ သွားချင်တာလား”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။ သွားမယ်ဆိုတာက စကားဆက်အနေနဲ့ ပြောလိုက်တာလေ။

သူသည်ခေါင်းကို အသာကုတ်၍ ပြောလိုက်၏။

“အချိန်ရမယ်ဆိုရင် မြောင်ဟွာခန်းမကို လာလည်ရမှာပေါ့”

ရှစ်ကျန်းရွမ်သည် မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်း ဘယ်ချိန်အားလဲ”

“ဒါက”

မြောင်ဟွာခန်းမသို့ တကယ်ကြီး လာလည်မည်ဟု သူမထင်နေသည်လား

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာပြောလိုက်၏။ “နှစ်လ မဟုတ်ရင် သုံးလလောက်ကြာရင်ပေါ့၊ ဒါမှမဟုတ်ရင် နှစ်နှစ်ကနေ သုံးနှစ်ကြာလည်း ဖြစ်လောက်တယ်”

ရှစ်ကျန်းရွမ် ပြုံးလိုက်သည်။ “ကတိနော် အချိန်ကျရင် သေချာပေါက် လာလည်ရမယ်”

ခန်းမသခင်၏ တောက်ပသည့်အပြုံးကို မြင်ရချိန်မှာတော့ လီအာသည် ဆွံ့အသွားမိသည်။

ဒါက တကယ့်ကို မျှော်လင့်ချက်မရှိတော့ဘူးပဲ၊ မျှော်လင့်ချက် မရှိတော့ဘူး

All Chapters