← Chapters

အခန်း (၄၀၂)

Vol. 27 Ch. 402

အခန်း (၄၀၂)

Vol. 27 Ch. 402

စားသောက်ပြီးသည့်နောက်မှာတော့ ရှစ်ကျန်းရွမ်သည် သံမဏိအရိုးဂိုဏ်းထဲသို့ လိုက်လံ ကြည့်ရှုခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ရှေ့မှ ဦးဆောင်၍ သူမ အားခြံဝန်းအနှံ့လိုက်ကာ ပြသသည်။ သူတို့သည် ဆေးဥယျာဉ်ဆီသို့ သွားလိုက်ကြ၏။

ရှစ်ကျန်းရွမ်သည် မမြင်နိုင်ပေ။ သို့ပေမဲ့ လီအာ နှင့် တခြားသော တပည့်များကတော့ မြင်ကြသည်။ သူတို့သည် ရောက်ရာနေရာတိုင်းအား သေချာ သတိထား၍ကြည့်ရှုနေကြရသည်။

သူတို့သည် အလွန်တရာ စပ်စုကြ၏။ သံမဏိအရိုးဂိုဏ်းတပည့်များ ဤမျှအားကောင်းအောင် မည်ကဲ့သို့ ကျင့်ကြံကြသနည်း ဆိုသည်ကို အလွန်အမင်း သိချင်နေကြ၏။

ဆိုးရွားသည်မှာ ကျွင်းချောင်ရှောင်း အနေဖြင့် သူတို့ မြင်စေချင်သည်ကိုသာ ပြသခြင်းဖြစ်ပြီ မမြင်စေချင်သည်များကို ဖွက်ထားကြခြင်း ဖြစ်သည်။ (ပြည်သူ့မေတ္တာရှင်များအဖွဲ့ကိုတောင် သတိရသွားတယ်။)

“ခန်းမသခင် …”

လီအာ တီးတိုးပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက သာမာန်ပါပဲ။ ဘာမှ ထူးခြားတာမျိုးမရှိဘူး”

“တပည့်တွေကရော …” ရှစ်ကျန်းရွှမ် မေးလိုက်သည်။

“ဒါက ….”

လီအာ ခဏလောက် ငြိမ်သက်သွားသည်။ ပြီးနောက် ပြောလိုက်၏ “သူတို့ရဲ့ အဆင့်က နိမ့်ကျတယ်ဆိုပေမဲ့ အော်ရာတွေက အရမ်းအားကောင်းတယ်။ ဒါကို ပါရမီလို့ သတ်မှတ်လို့မရဘူး”

ဤခရီးစဉ်တွင် သူမသည် သံမဏိအရိုးဂိုဏ်းသားများနှင့် ဆုံတွေ့ခဲ့သည်။ အားလုံးသည် သိုင်းတပည့်အဆင့်များ ဖြစ်ကြသည် ဆိုသော်လည်း အလယ်အလတ် စွမ်းရည်များကို ပိုင်ဆိုင်ထားကြ၏။

သာမာန်ဂိုဏ်းတစ်ခုတွင် ထိုမျှများပြားသော ပါရမီရှင်များ ရှိနေဖို့ ဆိုသည်မှာမလွယ်ကူချေ။

“ဆေးဥယျာဉ်ကရော …” ရှစ်ကျန်းရွှမ် မေးလိုက်သည်။

ဂိုဏ်းတစ်ခု ပိုမိုအားကောင်းလာစေချင်သည် ဆိုလျှင် သူတို့အနေဖြင့် ဆေးလုံးများအား ထောက်ပံ့ပေးရမည်။ ထို့ကြောင့် ဆေးလုံးများ၏ အသက်သွေးကြောဖြစ်သည့် ဆေးဥယျာဉ်သည်ကလည်း အဓိက အချက်ပင် ဖြစ်တော့၏။

မြောင်ဟွာခန်းမဆောင်တွင် ဆေးဥယျာဉ်တစ်ခု ရှိရုံတင်မကဘဲ ဆေးပင်များအား စောင့်ရှောက်ပျိုးထောင်ပေးသူ များမှာလည်း အဆင့်မြင့် ဆေးဝါးကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဆေးဥယျာဉ်၏ အရွယ်အစားသည် မသေးငယ်သလို ဆေးပင်ထုတ်လုပ်မှုသည် ဂိုဏ်းတစ်ခုလုံးအား ထောက်ပံ့ပေးနိုင်လောက်သည့် ပမာဏပင်ဖြစ်နေသည်။

လီအာ ပြောလိုက်သည် “ဆေးဥယျာဉ် က ဆယ်ဧကလောက် ရှိတယ်။ စိုက်ပျိုးထားတဲ့ ဆေးပင်တွေကလည်း သာမာန်ပဲ”

ရှစ်ကျန်းရွှမ် က ပြောလိုက်၏ “ဆေးဥယျာဉ်ကို ရောက်တုန်းက စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်လွန်းတာကို သတိပြုမိတယ်။ အဆင့်မြင့် ဆေးပင်တွေ စိုက်ပျိုးထားတာ မဟုတ်ရင် ဒီလောက်ထိ စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်နေမှာ မဟုတ်ဘူး။”

ဂိုဏ်းချုပ် ပီသစွာပင် သုံးသပ်ချက်မှာ အလွန်ပင် အဓိပ္ပာယ်ရှိလှသည်။

လီအာ ပြောလိုက်၏ “တကယ့်ကို သာမာန်ပဲ။ အားလုံးက အဆင့်နိမ့် ဆေးပင်တွေပဲ”

သူမသည် မဟုတ်မမှန် ဆိုနေခြင်းမဟုတ်ပေ။ ဆေးဥယျာဉ်ထဲတွင် ရှိနေသော ဆေးပင်များသည် အဆင့်လေး ဂိုဏ်းတပည့် တစ်ယောက်၏ မျက်လုံးထဲမှာတော့ ကျိန်းသေပေါက် အဆင့်မြင့်မဟုတ်ချေ။

သို့ပေမဲ့ လီအာ မသိသည်မှာ ထိုအပင်များအား သန့်စင် စိုက်ပျိုးသူသည် နက်နဲလွန်းလှသော ထိပ်တန်းကျွမ်းကျင်သူကြီး တစ်ယောက် ဖြစ်နေခြင်းပင်။

သူစိုက်ပျိုးသော ဆေးပင်များသည် ဈေးတွင် ရောင်းချသော ဆေးပင်များနှင့်ပင် ကွာခြားလှသည်။ စိတ်ဝိညာဉ်စွမ်းအင် ပါဝင်မှုကလည်း ဆယ်ဆ ပိုမို၍ အားကောင်းသည်။

မြောင်ဟွာခန်းမမှ ဆေးဝါးကျွမ်းကျင်သူများသာ ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များအား လာရောက် ကြည့်ရှုပါက မိမိကိုယ်ကိုယ်ပင် ရှက်ရွံစိတ်များ ဖြစ်တည်သွားလိမ့်မည်။

“ခန်းမသခင်ရှစ် …”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီး ပြုံးလိုက်သည် “နားနေဖို့ အခန်းစီစဉ်ပြီးပြီ။ ဒီလောက် ခရီးအဝေးကြီးကနေ လာကြတာ နားကြပါအုံး”

“ကောင်းပြီ”

………

ရှစ်ကျန်းရွှမ်သည် သူမ ၏ တပည့်များနှင့် အတူ သံမဏိအရိုးဂိုဏ်းတွင် ခဏ နေထိုင် အနားယူကြတော့သည်။

နောက်တစ်ရက် မနက်ခင်း ….။

မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဆောင်းဘောက်ဆီမှ နတ်ဘုရားဂီတသံ ထွက်ပေါ်နေသည်။ အိပ်ရာမှ နိုးထလာပြီး မျက်နှာသစ်နေကြသော မြောင်ဟွာခန်းမဆောင်မှ တပည့်များသည် အတွင်းခြံဝန်း အပေါက်ဝ ဆီသို့ ပြေးလာပြီး ကြည့်လိုက်ကြ၏။

လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ …

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့်အတူ ပျော်ရွှင်စွာ ကခုန်လျက်ရှိသည်။

လီအာသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏ “ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီး ဘယ်လိုကြောင့် ဒီလိုမျိုး အဓိပ္ပာယ်မရှိ ရှက်စရာ အပြုအမူကို လုပ်နေရတာလဲ။ တခြားသူတွေ အထင်သေးမှာကို မကြောက်ဘူးလား မသိဘူး”

ရှက်စရာ အပြုအမူ ဟုတ်လား။

ရှစ်ကျန်းရွှမ် မေးလိုက်သည် “လီအာ .. ဂိုဏ်းချုပ်ကျွင်း ဘာလုပ်နေတာလဲ”

လီအာသည် ခဏလောက် စဉ်းစားပြီး စိတ်အလိုမကျသလို ပြောလိုက်သည် “တပည့်တွေ ကနေတယ် ခန်းမသခင်”

“အမ် …”

ရှစ်ကျန်းရွှမ် အံ့အားသင့်သွားသည် “ကချင်တာလား”

လီအာ ပြောလိုက်သည် “ခန်းမသခင် … ဒီလူက ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အဆင့်အတန်းကို ဂရုမစိုက်ဘဲ လုပ်ချင်ရာတွေ လုပ်နေတာ။ ပြန်ကြရအောင် ခန်းမသခင်”

“သူက တပည့်တွေနဲ့အတူ ကခုန်နေတာလား။ ဂိုဏ်းချုပ်ကျွင်းက ချစ်စရာပဲ” ရှစ်ကျန်းရွှမ် ပြောလိုက်သည်။

ခန်းမသခင် … ဘာဆေးတွေ စားမိလို့ ဒီလောက် အထင်တွေ စွတ်ကြီးနေရတာလဲ။

……….

“ဘောလုံးပေး .. ထိုးပေးလိုက်တော့”

“လျီထျန်းရှန် .. မင်း ဘောလုံးပေးပါဆို မိုးပေါ် ထောင်ကန်နေပြီ”

“ကန်တော့”

“ချီးတဲ့မှ .. ဘာလို့ ဂျုနီယာညီလေးယန် ရဲ့ မျက်နှာကို ကန်ရတာလဲ။”

မနက်ခင်း လေ့ကျင့်ခန်းပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် တပည့်များအား ဦးဆောင်၍ ဘောလုံး ဆော့ကစားနေသည်။ နှစ်ဖက်လုံးသည် အပြင်းအထန် ကြိုးစား ကန်နေကြသည်မို့ အလွန်ကို ကြည့်ကောင်းလှ၏။

မြောင်ဟွာ ခန်းမမှ တပည့်များသည် ထူးဆန်းသော ကစားနည်းအား တစ်ခါမှ မမြင်ဖူးကြချေ။

သူမတို့သည် အလွန်လှပသော နတ်မိမယ်များလိုပင် ဖြစ်သည်။

ထိုသို့သော နတ်မိမယ်လေးများ ကွင်းစည်းဘေးမှ ကြည့်ရှုနေသည်ကို သိတော့ သံမဏိအရိုးဂိုဏ်းမှ သကောင့်သားများမှာ အားရပါးရ ကြိုးစား၍ အလှပြ ကန်ကြတော့သည်။ မန်ယူနိုက်တက် ဘယ်တောင်ပံမှ ကမ္ဘာအကောင်းဆုံးဆု မျှော်မှန်းထားသော ၃၆၀ ဒီဂရီ ထောက်ချွန်ကဲ့သို့ ထူးခြားစွာ အလှပြနေကြသည်။

“ခန်းမသခင်ရှစ် … သံမဏိအရိုးဂိုဏ်းမှာ ဘယ်နှစ်ရက်လောက် နေဖို့ စဉ်းစားထားလဲ။”

ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းရှေ့ လှေကားရင်း လက်ရန်းတွင် မှီကာ ဘောလုံးပွဲအား ကြည့်ရှုနေသည်။

လေပြည်ညှင်းများသည် သူ၏ ဆံနွယ်များအား တိုက်ခတ်နေသည်။ ဆံနွယ်များ လေနှင့်အတူ လွင့်နေချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်း၏ ချောမောမှုသည် အဆတစ်ရာလောက် ထိုးတက်သွား၏။

ကံဆိုးစွာဖြင့် ဘေးနားတွင် ရှိနေသော ရှစ်ကျန်းရ့ွှမ်သည် သူ့ကို မမြင်နိုင်ချေ။

သူမသည် လေနှင့်အတူ လွင့်နေသော သူမ၏ ဆံနွယ်များအား အသာသပ်တင်ကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း က အရမ်း အားကောင်းတယ်။ ကျွန်မသာ ဂိုဏ်းကိစ္စတွေနဲ့ အလုပ်များနေတာ မဟုတ်ရင် ဒီမြှ တစ်နှစ်လောက်နေတယ်။”

ကျွင်းချောင်ရှောင်းသည် အသာခေါင်းလှည့်ကာ ပြောလိုက်သည် “ဂိုဏ်းကိစ္စတွေကို ကိုယ်ကိုယ်တိုင် လုပ်စရာ မလိုပါဘူး။ တပည့်တွေကို ခိုင်းလို့ရတယ်လေ”

အဘယ့်ကြောင့် ဤသို့ပြောရသနည်းဟု မမေးနှင့်။

သူကိုယ်တိုင် ထိုကဲ့သို့ တပည့်များအား ခိုင်းစေသောကြောင့် ဖြစ်သည်။

ရှစ်ကျန်းရွှမ်သည် ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ မတူဘူး။ လုပ်စရာတွေကလည်း များတယ်လေ။ မဟုတ်ရင် အကုန်ရှုပ်ကုန်လိမ့်မယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အရမ်းကြီးလည်း မကြိုးစားပါနဲ့။ ကိုယ်ကိုယ်တိုင်လည်း အနားယူအုံးမှပေါ့”

ဤစကားများသည် ချိုသာပြီး ကြင်နာမှုများလည်း အပြည့်ပါဝင်သည်။ ရှစ်ကျန်းရွှမ် ရှက်သွားမိ၏။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဘာလို့ မျက်လုံးပေါ်ကို ဆံပင်နဲ့ အုပ်ထားရတာလဲ”

“ဒီမေးခွန်းကို မဖြေလို့ရလား” ရှစ်ကျန်းရွှမ် ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။

“သေချာတာပေါ့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မေးကြည့်ရုံလေးပါ”

ရုတ်တရက် ဆိုသလိုပဲ သူ၏ လက်သည် လေထဲသို့ မြှောက်တက်သွာပြီး ရှစ်ကျန်းရွှမ် ဆီသို့ အရှိန်ဖြင့် ပြေးလာသော ဘောလုံးအား လှမ်းဖမ်းလိုက်၏။

ပြီးနောက် ဘောလုံးအား အသာလွှဲယမ်းပြီး ပစ်လွှတ်လိုက်သည်။

လီဖေးသည် ပခုံးတွန့်ကာ ပြောလိုက်သည် “ငါတော့သွားပြီ”

ဘန်း …

ဘောလုံးသည် မျက်နှာသို့ တည့်တည့် ထိမှန်သွားတော့၏။

…….

ရှစ်ကျန်းရွှမ်သည် ဤနေရာသို့ ရောက်ရှိလာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သံမဏိအရိုးဂိုဏ်းတပည့်များ အဘယ့်ကြောင့် အားကောင်းနေရသနည်း ကို သိချင်သောကြောင့် ဖြစ်သည်။

အဆုံးသတ်မှာတော့ သူမသည် ဤဘောလုံး၏ အသုံးဝင်ပုံ အား စဉ်းစား၍ မရဖြစ်နေ၏။

“ကြည့်ရတာ”

အခန်းထဲသို့ ရောက်ရှိချိန်မှာတော့ ရှစ်ကျန်းရွှမ်သည် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း က ငါတို့ကို အများကြီး သိစေချင်ပုံမပေါ်ဘူး။ ဒါကြောင့် သိုဝှက်ထားတာ ဖြစ်ရမယ်။”

“ကျွန်မပြောသားပဲ”

လီအာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက ထူးခြားတယ်။”

“ဒါပေမဲ့ ….”

ရှစ်ကျန်းရွှမ် ပြောလိုက်သည် “ဒါက အလကား ခရီးစဉ်တော့ မဟုတ်ဘူး။ အနည်းဆုံး ဂိုဏ်းချုပ်ကျွင်းဆီက မြောင်ဟွာခန်းမဆောင်ကို လာလည်မယ်ဆိုတဲ့ ကတိစကား ရခဲ့တယ်။”

ကျွင်းချောင်ရှောင်းသာ ထိုအကြောင်းကို သိလျှင် မျက်ရည်စက်လက်ဖြင့် ဖြစ်လိမ့်မည်။

…..

ရှစ်ကျန်းရွှမ်သည် သံမဏိအရိုးဂိုဏ်းတွင် သုံးရက်တိတိ နေထိုင်ခဲ့သည်။ ပြီးနောက် မြောင်ဟွာခန်းမ ဆီသို့ ပြန်သွားတော့၏။

မသွားခင်မှာတော့ သူမ သည် တစ်စုံတစ်ခုကို မေးမြန်းလိုက်မိသည် “ဂိုဏ်းချုပ်ကျွင်း … နောက်လထဲ ကျင်းပမယ့် သိုင်းတာအို ဆွေးနွေးပွဲကို ပါမှာလား”

“သိုင်းတာအို ဆွေးနွေးပဲလား”

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။ “ကြားတောင်မကြာဖူးဘူး။ ဒါပေမဲ့ ပါမှာ မဟုတ်တာ သေချာတယ်”

ရှစ်ကျန်းရွှမ် က ပြောလိုက်သည် “ဂိုဏ်းတွေရဲ့ အကြီးအကဲတွေ၊ ဂိုဏ်းချုပ်တွေ ရောက်လာပြီး တာအိုအမြင်အပေါ် ဆွေးနွေးဖလှယ်ကြတာလေ။ ဟွာတောင်တန်းမှာ ကျင်းပမှာ။ သံမဏိအရိုးဂိုဏ်းရဲ့ လက်ရှိ ထင်ပေါ် ကျော်ကြားမှုနဲ့ ဆိုရင် ပါဝင်လို့ရတယ်”

ကျွင်းချောင်ရှောင်း ကြောင်သွား၏ “ဟွာတောင်တန်းဟုတ်လား။”

စနစ်မှ ပြောလိုက်သည် “နာမည်တူတာပါ။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျွန်တော် အလုပ်များနေတော့ လာဖြစ်မယ် မထင်ဘူး။”

“ဒင် … သီးခြားတာဝန် အသက်ဝင် ….. ဟွာတောင်တန်း၏ သိုင်းတာအိုဆွေးနွေးပွဲတွင် ပါဝင်ပြီး ဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့် ဆွေးနွေးရန်”

“ခန်းမသခင်ရှစ် … ဟွာတောင်တန်းက ဘယ်နားမှာလဲ”

……….

မူရင်း စာရေးသူ -

[အပိုင်းလေးရာ ကျော်လာပြီးနောက်မှာ မင်းသမီး ဘယ်သူလဲ ဆိုပြီး လာလာပြီး မန့်ထားကြတယ်။ စာရေးသူ တစ်ယောက် အနေနဲ့ အခုထိ ဘယ်သူ မင်းသမီးလဲ ဆိုတာကို မစဉ်းစားဖြစ်သေးပါဘူး။ ဒီတော့ နာမည်စာရင်း ပေးထားမယ်။ စာဖတ်သူများက ကြိုက်ရာ လူကိုသာ ရွေးပေးကြပါ။

၁) လီချင်းယန်

၂) ရှောင်ကျီ

၃) ရှီရှင်းချန်

နာမည်စာရင်း မပါဝင်ပေမဲ့ မိမိ ကြိုက်နှစ်သက်သူများအား မဲပေးချင်သူများလည်း ကြိုက်နှစ်သက်ရာ နာမည်ကို စာရင်းပေးလို့ရပါတယ်။ အကောင်းဆုံး ရွေးချယ်ထားနိုင်သူကို ပင်ကိုယ်စွမ်းရည် ဂေးအဖြစ် ပြောင်းလဲခြင်း ဆေးတစ်ပုလင်းပေးပါမယ်။]

ဤကား မူရင်းစာရေးသူ၏ အမှာစာ ဖြစ်သည်။

All Chapters