ရှင့် ပုံစံ မဟုတ်ဘူး
Vol. 105 Ch. 1562
ကျီချင်းရန်ကို ချောင်ရန်အုပ်စုသို့ လိုက်ပို့ပေးပြီးနောက် လင်းရီသည် လင်းယွင်အုပ်စုသို့ ပြန်ထွက်လာခဲ့လိုက်၏။
ချောင်ရန်အုပ်စုက နှစ်ပတ်လည် တွေ့ဆုံပွဲ ကျင်းပရန် စီစဉ်နေသကဲ့သို့ လင်းယွင်အုပ်စုသည်လည်း အလားတူ ပြင်ဆင်နေသည်။ ဌာနအားလုံးက ယခု ကိစ္စဖြင့် အသီးသီး အလုပ်များနေကြ၏။
သို့သော် လင်းရီသည်ကား အားလပ်သည့် ဘော့စ်တစ်ယောက်ပင်။ ချီရှန်းကျောက်ထံ ကိစ္စများအား လွှဲထားပေးလိုက်သည်က သူ့ကို ကျီချင်းရန်ထက်ပိုပြီး အဆင်ပြေသွားစေသည်။
ကုမ္ပဏီသို့ ရောက်လာပြီးသည့်နောက် ချီရှန်းကျောက်သည် လင်းရီ၏ ရုံးခန်းထဲသို့ ရောက်ရှိလာသည်။
“ ဥက္ကဌလင်း .. ကျုပ်တို့ ဒီနှစ် နှစ်ပတ်လည် တွေ့ဆုံပွဲကို ချောင်ရန်အုပ်စုနဲ့ အတူကျင်းပဖို့ ဆွေးနွေးပြီးပါပြီ… ဥက္ကဌလင်း ဘာများ ထပ်ပြောချင်သေးလဲ မသိဘူး …”
“ ကုမ္ပဏီ နှစ်ခုဆိုပေမယ့် တစ်ခုတည်းလိုပဲ … ဒီလို စီစဉ်လိုက်တော့ လူတွေပိုများပြီး ပိုအသက်ဝင်တာပေါ့ ..” လင်းရီ ပြောလိုက်ပြီး “ ငါတို့ အနုပညာရှင် တစ်ချို့ကိုလည်း ဖိတ်သင့်တယ်… ကုန်ကျစရိတ်ကို စိတ်ပူမနေနဲ့ .. ဒီလောက်ထိ အောင်မြင်နေတဲ့ short video industry နဲ့ဆိုရင် ဒါက ငါတို့ ကုမ္ပဏီကို လူသိများအောင်လုပ်တဲ့ ပုံစံတစ်မျိုးပဲ …”
“ ဒါပေမယ့်နော် ဥက္ကဌလင်း … ယွမ်ယွမ်ကြည့်ရတာ ဆယ်လီတွေ ဖိတ်ကြားဖို့ သိပ်စိတ်မဝင်စားတဲ့ပုံပဲ .. ကျုပ်သိသလောက်ဆို သူ့ကြည့်ရတာ ဌာန အသီးသီးက ဝန်ထမ်းတွေကို တင်ဆက်မှု လုပ်ခိုင်းဖို့ စီစဉ်နေတဲ့ပုံပဲ ..”
“ လုပ်လိုက် … မင်း မသုံးရင် ဟိုက အကုန် သူ့အိတ်ကပ်ထဲ ထည့်သွားတော့မှာ .. မဟုတ်လည်း ဘာမှ မကျန်မယ့်တူတူတော့ သုံးလိုက် …”
“ မဟုတ်လောက်ပါဘူးနော်…” ချီရှန်းကျောက် ပြောလိုက်ပြီး “ ကုမ္ပဏီ အကောင့်က အဆင်ပြေနေတာကြီးကို ….”
“ သူ့ရဲ့ အရည်အချင်းတွေနဲ့ … ငါတို့က ဘာပြဿနာကို ရှာနိုင်မှာမို့လို့…”
ချီရှန်းကျောက်၏ မျက်လုံးတို့ ဘယ်ညာ ရွေ့လျားသွားခဲ့ရသည်။
“ အဲ့တာတော့ ဖြစ်နိုင်တယ်…”
“ ကောင်းပြီ… ဒီ အသေးအမွှားလေးတွေကိုတော့ မင်း စိတ်ကြိုက်သာ ကိုင်တွယ်လိုက် … ပြန်ပြီး တင်ပြဖို့ မလိုဘူး …” လင်းရီ ပြောလိုက်ပြီး “ သစ်တင်သွင်းလာမယ့် ကိစ္စရော အခြေအနေ ဘယ်လိုရှိလဲ…”
“ ရုရှားက တစ်သုတ်ကတော့ အခွန်ဌာနထဲ ရောက်နေပြီ.. ဟွာရန်အုပ်စုနဲ့ လက်လွှဲပြောင်းဖို့လည်း လုပ်ထားတယ်.. သိပ်မကြာခင် လွှဲပြောင်းပေးဖြစ်တော့မှာပါ …” ချီရှန်းကျောက် ပြောလိုက်ပြီး “ ဘရာဇီးက သစ်တွေကတော့ ခရီးကလည်း ရှည်တော့ အလုပ်အကျိုးသက်ရောက်မှုနှုန်းက အတော်လေး နှေးတယ်.. ကျုပ်တို့ ခဏလောက်တော့ ထပ်စောင့်ရဦးမယ့်ပုံပဲ ..”
“ ဒီကိစ္စကို သေချာစောင့်ကြည့်ထား... ဘာတစ်ခုမှ မလွဲချော်စေနဲ့ …”
“ နားလည်ပါပြီ ဥက္ကဌလင်း …”
ချီရှန်းကျောက်နှင့် စကားပြောပြီးနောက် လင်းရီသည် ကုမ္ပဏီ၏ အခြားဌာနများ အသီးသီးသို့ မသိမသာ စူးစမ်းလေ့လာကြည့်လိုက်သည်။
သူက ကုမ္ပဏီ၌ သိပ်မရှိဘူးဆိုသော်ငြားလည်း ကုမ္ပဏီ၏ သူဌေးတစ်ယောက်အနေနှင့် ယခုလို လေ့လာဆန်းစစ်မှုတော့ တစ်ခါတစ်ရံ ပြုသင့်လေသည်။
“ ရှင် ဘယ်သူလဲ ..”
လင်းရီ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဌာနကို ရောက်တော့ ဘယ်ကမှန်းမသိလိုက်ဘဲ အနောက်တွင် ပေါ်လာသည့် မိန်းကလေးတစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။
“ ဒီနား လှည့်ပတ်ကြည့်နေတာလေ…”
အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု လင်းရီ ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က သူ၏ ကုမ္ပဏီတွင် သူ့အား ယခုလို လေသံမျိုးဖြင့် လာပြောနေသည်။
“ ရှင် ဒီထဲ ဘယ်လို ဝင်လာခဲ့တာလဲ … ဘာလို့ တံခါးဝနားကနေ ချောင်းကြည့်နေတာ …”
အမျိုးသမီးက ငယ်ရွယ်ပြီး ၂၀၊ ၂၅ ဝန်းကျင်မျှသာ ရှိလိမ့်ဦးမည်။ သူမပုံစံကြည့်ရသည်က ဘွဲ့ရပြီးတာ သိပ်မကြာသေးသည့်ပုံပင်။
“ ငါက ချောင်းကြည့်နေတယ်.. ဟုတ်လား …” လင်းရီ ပြုံးမိသွားခဲ့သည်။
“ ရှင် ခုနက ခြေဖျားထောက်ပြီး အထဲကို ချောင်းနေတာ မဟုတ်ဘူးလား … အဲ့တာ ချောင်းကြည့်နေတာ မဟုတ်တော့ ဘာလဲ …” ကောင်မလေးက လက်ထဲတွင် စာရွက်စာတမ်းတို့ ကိုင်ထားပြီး လင်းရီကို ရန်လိုစွာ ပြောဆိုလိုက်၏။
“ ပြီးတော့ ကျွန်မကိုလာပြီး ပြုံးပြမနေနဲ့ … ရှင်က ကြည့်ကောင်းတိုင်း ကျွန်မက ဝယ်မယ်ထင်မနေနဲ့ … မြန်မြန် ထွက်သွားလိုက်တော့ .. မဟုတ်ရင် ကျွန်မ လုံခြုံရေး ခေါ်လိုက်တော့မယ်…”
“ အိုကေ အိုကေ … ငါ အခု သွားတော့မယ်…”
ဤမိန်းကလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု လင်းရီ ခံစားနေရ၏။ ထို့ကြောင့် သူမနှင့် ငြင်းခုံမနေတော့ချေ။ မည်သို့ပင်ဆိုစေ သူမက ကုမ္ပဏီ၏ အကျိုးစီးပွားကို ကာကွယ်နေသည်လေ။
“ နင် ဒီမှာ ဘာလုပ်နေတာလဲ…”
လင်းရီ ထွက်ခွာတော့မည့် အချိန်တွင်ပဲ ထျန်းရန် ရုံးခန်းထဲက ထွက်လို့လာသည်။
“ ဒါရိုက်တာထျန်…”
ထျန်းရန်ကို မြင်တော့ မိန်းကလေး၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့တော့သည်။
“ ဒီလူက အထဲမှာ ကုပ်ချောင်းကုပ်ချောင်း လုပ်နေလို့ပါ … သူက ကျွန်မတို့ ဌာနထဲလည်း ချောင်းကြည့်နေသေးတယ်… ကျွန်မ စိတ်ထဲ သံသယ ဖြစ်စရာ ကောင်းနေလို့ … ဒါကြောင့်မို့ လုံခြုံရေး ခေါ်ပြီး မောင်းထုတ်မလို့ လုပ်နေတာ …”
ထျန်းရန်၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။ အနှီ ဘွဲ့ရပြီးခါက မိန်းကလေးတို့က အားလုံးကောင်းသည်။ မကောင်းသည့်အရာတစ်ခုက အချင်းချင်း အတင်းမတုပ်ကြခြင်းပင်။
ထို့ကြောင့် ကုမ္ပဏီ၏ အတွင်းရေး အခြေအနေအား ဘာတစ်ခုမျှ နားလည် သဘောပေါက်ခြင်း မရှိကြချေ။
“ နင့်ရှေ့မှာ ရပ်နေတဲ့လူက ငါတို့ လင်းယွင်အုပ်စုရဲ့ ဥက္ကဌကို သူက ဘယ်လိုလုပ်ပြီး သံသယဖြစ်ဖို့ ကောင်းရမှာ …”
“ အာ ….”
စာရွက်စာတမ်းတို့ ကိုင်ထားသည့် မိန်းကလေး၏ အမူအရာမှာ အေးခဲသွားခဲ့တော့၏။ သူမ လင်းရီကို ငူငူငိုင်ငိုင်ကြီး ငေးကြည့်နေမိလေသည်။
“ ကျွန်မတို့ ကုမ္ပဏီရဲ့ သူဌေးက ဒါရိုက်တာချီ မဟုတ်ဘူးလား …”
“ နင့်ကို ဒီအကြောင်း ရှင်းပြဖို့ အချိန်မရှိသေးဘူး … ဝန်ထမ်းဟောင်းတွေကို မေးကြည့်လိုက်..”
“ အိုး အိုး … ဟုတ်ကဲ့ .. ကျွန်မနားလည်ပြီ ဥက္ကဌထျန်…”
မထွက်ခွာမီ မိန်းကလေးမှာ လင်းရီအား အရိုအသေ ပေးသွားခဲ့၏။
“ ဥက္ကဌလင်း .. ကျွန်မ တကယ်ကို တောင်းပန်ပါတယ်.. ရှင်က ဥက္ကဌလင်းမှန်း ကျွန်မ မသိခဲ့လို့ပါရှင့် …”
“ ရတယ်… လုပ်စရာရှိသာ သွားလုပ်ပါ …”
ထိုသို့ အသေးမွှား ကိစ္စလေးအား လင်းရီ စိတ်ရှိမနေချေ။ ကုမ္ပဏီထဲတွင် ယခုလို ဝန်ထမ်းမျိုး ရှိသည်ကလည်း ကောင်း၏။
အဆိုပါ မိန်းကလေး ထွက်ခွာသွားပြီးနောက် လင်းရီနှင့် ထျန်းရန်တို့သာလျှင် ကော်ရစ်ဒါ၌ ကျန်ရစ်ခဲ့လေသည်။
ထျန်းရန်၏ ယနေ့ ပုံစံက ယခင်ကနှင့် ကွဲပြားနေကြောင်းကို လင်းရီ သတိထားမိလိုက်သည်။ သူမ၏ မျက်လုံးအောက်တွင် အနက်ရောင် အကွင်းများ ဖြစ်နေရုံမက ဆံပင်ကလည်း အနည်းငယ် ရှုပ်ပွနေသည်။
“ ဘယ်လို ဖြစ်တာ … ဘာလို့ ဒီလောက်တောင် အခြေအနေ ဆိုးနေရတာ…”
“ နှစ်တစ်နှစ်ရဲ့ နောက်ဆုံး အချိန်မို့လေ.. ရုံးမှာ လုပ်စရာတွေက အများကြီးပဲ … မနေ့ကဆို မနက် ၂ နာရီထိကို အိပ်ရာထဲ မဝင်နိုင်သေးဘူး …”
ထျန်းရန် လင်းရီအား မျက်တောင် ပုတ်ခတ် ပုတ်ခတ် ပြု၍ ကြည့်လိုက်၏။
“ ဥက္ကဌလင်း … ကျွန်မသိချင်တာလေ…. ရှင် ကျွန်မတို့လို 996 အလုပ်သမားတွေကို လစာလေး မတိုးပေးချင်ဘူးလားလို့ ..”
( မနက်ကိုး၊ညကိုး၊ တစ်ပတ်ခြောက်ရက်)
“ နောင်ကျ ဟော်ယွမ်ယွမ်နဲ့ သိပ်မပေါင်းနဲ့ … လောင်ချီဆီကနေ များများ သင်ယူ…”
“ ဥက္ကဌချီကတော့ တကယ့် နတ်ဘုရားပဲ … နှစ်ရက်ဆက်တိုက် မအိပ်ထားရတာတောင် သုံးရက်မြောက်နေ့မှာ တက်တက်ကြွကြွနဲ့ အလုပ်ဝင်နေနိုင်တုန်းပဲ …” ထျန်းရန် ပြောလိုက်ပြီး “ ကျွန်မသာ သူ့လိုဆိုလို့ကတော့ နောက်တစ်နေ့ကျ ဟော်မုန်းစနစ် ပျက်စီးနေလောက်ပြီ…”
“ ဒါကြောင့်မို့ မြန်နိုင်သမျှ မြန်မြန် ကောင်လေးတစ်ယောက်လောက် ရှာတော့လို့ ပြောတာပေါ့ …”
“ ရှင့်ရဲ့ စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း …” ထျန်းရန် ပြုံးလိုက်ပြီး “ ဒါပေမယ့် ထပ်ပြီးမှ..… ရှင် အဆင်ပြေတယ်ဆိုရင် ကုမ္ပဏီကို မကြာမကြာ လာပေးဦး … ကုမ္ပဏီက လူတော်တော်များများက ရှင့်ကို ဒီကုမ္ပဏီရဲ့ သူဌေးဆိုတာကို မသိကြဘူး … ခုပဲကြည့် … သူများက သူခိုးနဲ့ လူမှားခံရပြီမလား …”
“ ကုမ္ပဏီရဲ့ သူဌေး တစ်ယောက်အနေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းထားရမှာပေါ့… ကိုယ့်မျက်နှာကို သာမန်လျှံကာ ပေးတွေ့လို့ မဖြစ်ဘူးလေ…”
“ ရှင့်လေသံကလည်း ရှေးခေတ်က ဆောင်ကြာမြိုင်အိမ်က ထိပ်တန်း နတ်သမီးလေးနဲ့ သွားတူနေသလိုပဲ …”
ထျန်းရန် တသိမ့်သိမ့်တုန်သည်အထိ ရယ်မောလိုက်ပြီး လင်းရီအား မျက်စိပသာဒ ပြုပေးနေတော့သည်။
“ ရယ်နေတာတော်တော့ … မင်းရဲ့ ရှေ့မီးနှစ်လုံးက ငါ့မျက်စိတောင် ကျိန်းတော့မယ်..”
ထျန်းရန်၏ ရယ်သံသည် ချက်ချင်း ရပ်တန့်သွားခဲ့၏။
“ ဒါဆိုဘာလို့ တခြားနေရာကို မကြည့်လဲ ..”
“ တခြားနေရာ ကြည့်ရမယ်ဆို မင်းရဲ့ တင်နဲ့ ပေါင်တံတွေပဲရှိတယ် … ပြောကြည့် … ဘယ်နေရာကို ငါကြည့်သင့်တယ်ထင်လဲ…”
“ ကုမ္ပဏီရဲ့ သူဌေးတစ်ယောက် ဖြစ်နေပါလျက်နဲ့ ဝန်ထမ်းတွေကို ပွင့်ပွင့်လင်းလင်းကြီး ကျီစယ်နေတယ်...… သတိလည်းထားဦး…. တခြားသူတွေ မမိစေနဲ့ …”
“ သာမန်ပဲ မဟုတ်လား … လူတိုင်း ထုတ်မပြောတဲ့ စည်းမျဉ်းတွေကို နားလည်ပြီးသားပါ…”
“ ဒါပေမယ့် ရှင်က ဘာမှလည်း မလုပ်ရဘဲနဲ့ သူများတွေရဲ့ အထင်လွဲတာ ခံရမယ်ဆိုရင် ကိုယ့်ဘက်က ရှုံးတယ် မထင်ဘူးလား ..”
လင်းရီ ထျန်းရန်အား အစုံအဆန် ကြည့်ရှုလိုက်၏။ “ မင်းပြောသလိုဆိုရင် ….... ငါတို့ ဒီ ထုတ်မပြောလည်း သိရမယ့် စည်းမျဉ်းကို အလျင်အမြန် အကောင်အထည်ဖော်ရမယ့် ပုံစံပါလား….”
“ ကျွန်မကို လာကဲ့ရယ်မနေနဲ့ …”
လင်းရီ ပြုံးလိုက်သည်။
“ ကောင်းပြီ… မင်း လုပ်စရာရှိသာ သွားလုပ်တော့ … ငါက ဒီတိုင်း လမ်းခဏလျှောက်နေတာ … မင်းရဲ့ အချိန်ကို မဖြုန်းတီးနဲ့ …”
“ ဘာကွာသွားလို့ … ခေါင်းဆောင်က ဒီရောက်လာမှတော့ သူ့ရဲ့ လက်အောက် ငယ်သား တစ်ယောက်အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လိုက်ပို့ရမှာပဲလေ… "
“ မဆိုးဘူးပဲ … လစာတိုးပေးချင်အောင် နည်းလမ်းလှည့်ကွက်တွေ သုံးတတ်နေပြီပေါ့ …”
ထျန်းရန် ရင်ဘက်အား ဆတ်ကနဲ ကော့လိုက်၏။ “ ဒီဟာက ရာထူးနဲ့ လစာတိုးပေးချင်စေမယ့် နည်းလမ်း မဟုတ်ဘူးလား…”
“ အဲ့တာက ဘာမှမလုပ်ဘဲ အနိုင်ရနိုင်မယ်ဆိုတဲ့ နည်းလမ်း …”
“ နည်းလမ်း …. အနိုင်ရမယ်….”
ထျန်းရန်မှာ ပို၍ပင် အထိန်းအကွပ်မဲ့စွာ ရယ်မောမိသွားခဲ့သည်။ သူမကြည့်ရသည်မှာ ကြိုးစားရခြင်းပင် မရှိသေးဘဲ အနိုင်ရသွားသည့်ပုံပင်။
နှစ်ယောက်သား ရယ်မောပြောဆိုရင်းဖြင့် လမ်းလျှောက်လာခဲ့သည်မှာ ကုမ္ပဏီ၏ ဟောခန်းမထဲသို့ ရောက်လာခဲ့၏။
ထျန်းရန်က လင်းရီကို လိုက်ပို့ပေးပြီး အလုပ်ပြန်သွားလုပ်ရန် ဟန်ပြင်သည်။ သို့သော် တံခါးဝသို့ ရောက်တော့ ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးတစ်ဦး လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက အသက် ၂၀ ကျော် အရွယ်အတွင်း၌သာ ရှိသေးသည်။ အနက်ရောင် စတော်ကင်နှင့် သနပ်ခါးရောင် ဂျက်ကတ်အထူကို ဝတ်ဆင်ထားပြီး ထျန်းရန်ထက် အများအပြား ပိုပိန်သည့် အပြင် ကြည့်လို့ကောင်းပြီး လှပသည့် မိန်းကလေးမျိုး ဖြစ်၏။ သူမ၏ ရှည်လျားသည့် ဆံနွယ်များကို နောက်တွင် ချည်နှောင်ထားပြီး သန့်ရှင်းသပ်ရပ် ကျော့ရှင်းသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
ထိုအမျိုးသမီး၏ နာမည်က စုန့်ကျားယွီ ဖြစ်၏။ သူမက ယွီဟန် ၊ ရှင်းချီ နည်းပညာ၏ အထွေထွေမန်နေဂျာပင်။
သူမ ဤတစ်ကြိမ် ကျိုးဟိုင်သို့ ရောက်လာခဲ့သည်က ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြုပ်နှံမှုကို ရှာဖွေရန် ဖြစ်ပြီး အခါအားလျော်စွာ နှစ်သစ်ကူးအတွက် ဆွေမျိုးများထံ လာလည်ခြင်းပင်။
“ ဥက္ကဌလင်း … ရှင် ကြည့်မနေနဲ့တော့ …” ထျန်းရန် ပြောလိုက်ပြီး “ ကျွန်မ ရှင့်ကိုယ်စား ကြည့်ပေးထားပြီးပြီ… B cup … ရှင်ကြိုက်တဲ့ ပုံစံ မဟုတ်ဘူး …”