← Chapters

ပေါင်တံများ၏ ဆွဲဆောင်မှု

Vol. 105 Ch. 1563

ပေါင်တံများ၏ ဆွဲဆောင်မှု

Vol. 105 Ch. 1563

“ အဟွတ် အဟွတ် အဟွတ် … မင်း ဘာတွေ ပြောနေတာ … ငါက ဒီတိုင်း သာမန်လျှံကာ တစ်ချက် ကြည့်ရုံတင်ပါ ဟုတ်ပြီလား … ငါ့မှာ တခြားအတွေးတွေ မရှိပါဘူး …”

“ ဖုံးကွယ်မနေပါနဲ့ … ကျွန်မ နားလည်ပါတယ်…” ထျန်းရန် ပြောလိုက်ပြီး “ နောက်နှစ် နွေရာသီ အလုပ်ခေါ်စာ လျှောက်တဲ့အချိန်ကျရင် ကိုယ့်ရဲ့ ဆိုဒ်တွေကိုပါ ကိုယ်ရေးမှတ်တမ်းထဲ ထည့်ရေးလာဖို့ HR ဌာနကို အကြောင်းကြားထားလိုက်မယ်…”

“ တကယ့်ကို စံပြုလောက်တဲ့ ဝန်ထမ်းကောင်းပဲ …”

နှစ်ယောက်သား ရယ်မောပြောဆိုနေတုန်းမှာပဲ စုန့်ကျားယွီ ရောက်လို့လာသည်။

“ ဒါရိုက်တာထျန်….”

ထျန်းရန်ကို မြင်သည့် အချိန်၌ စုန့်ကျားယွီ၏ ခြေလှမ်းတို့ မသိမသာ မြန်ဆန်လာခဲ့ပြီး တစ်ချိန်တည်းတွင် ထျန်းရန်ဘေးရှိ လင်းရီအား ကြည့်မိလိုက်၏။

သူမ ချက်ချင်းဆိုသလို ကြက်သေသေသွားခဲ့ရတော့သည်။

အစ်ကိုလေးက အရမ်း ချောတာပဲ။

အပေါ်ယံတွင်သာ ကျော့ရှင်းစင်ကြယ်ဟန် ရှိနေသော်လည်း စုန့်ကျားယွီထံတွင် အချောအလှလေးများ မြင်လျှင် မငမ်းရ မနေနိုင်သည့် စရိုက်တစ်ခုရှိ၏။

လင်းရီကဲ့သို့ လူချောလေးတစ်ယောက်အား မြင်တွေ့လိုက်ရသည်တွင် သူမကိုယ်သူမ ဆက်လက်ပြီး မထိန်းချုပ်နိုင်တော့ချေ။

သို့သော် မကြာမီ အချိန်တိုအတွင်း၌ သူမ၏ ကိုယ်ဟန် အနေအထားကို ပြန်လည်ရရှိသွားခဲ့ကာ ကဆုန်ဆိုင်း အရိုင်းဆန်နေသည့် နှလုံးသားလေးအား ထိန်းထိန်းသိမ်းသိမ်း ပြုလိုက်နိုင်လေသည်။

ယနေ့တွင် အရေးကြီးကိစ္စများ ဆွေးနွေးစရာ ရှိ၏။ အလုပ်က မည်သည်တို့ထက် မဆို အရေးကြီးသည်။

“ မန်နေဂျာစုန့် … ကျွန်မတို့ တွေ့ကြပြန်ပြီ..”

ထျန်းရန် လက်ဆန့်တန်း၍ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“ ကျွန်မတို့ အရင်တစ်ခေါက် အဆိုပြုထားတဲ့ ပရောဂျက်ကို အမှားတစ်ချို့ ပြင်ပြီး ပြန်ယူလာခဲ့တာ .. ဒါရိုက်တာထျန် အချိန်ရလား မသိဘူး … ကျွန်မ ရှင့်ကို တင်ပြချင်လို့ …”

“ ရှင်က ဘယ်နေရာတွေ ပြန်ပြင်ခဲ့တာလဲ မသိဘူး …”

“ မားကတ်တင်း ပလန်နဲ့ သုတေသနပိုင်းမှာ တစ်ချို့ ပြဿနာလေးတွေ ပြန်ပြင်ထားပါတယ်…”

ထျန်းရန်၏ အမူအရာမှာ အနည်းငယ် ဆုံးဖြတ်ရ ကြပ်နေသည့် ပုံပင်။ သို့သော် အဆုံး၌ သူမ အမှန်တရားကိုသာ ထုတ်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။

“ တကယ်တော့လေ… ကျွန်မ အဲ့ဒီတုန်းက ရှင့်ရဲ့ ပရောဂျက်ကို ငြင်းလိုက်တယ်ဆိုတာ ဒီပရောဂျက်က စွန့်စားရမှာတွေ အရမ်းများလို့ … ဒါကြောင့်မို့ ရင်းနှီးမြုပ်နှံဖို့ မဆုံးဖြတ်လိုက်တာ … မန်နေဂျာစုန့် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”

စီးပွားရေးလုပ်နေခြင်း ဖြစ်ပြီး ပရဟိတ ပြုနေခြင်း မဟုတ်သဖြင့် ထျန်းရန်သည် အင်မတန် တုတ်ထိုးအိုးပေါက် ဆန်လှ၏။ အချိန်က အလွန် အဖိုးတန်လှသည်။ အသုံးမဝင်သည့် အရာများအပေါ် အရေးပေးနေ၍ မဖြစ်ချေ။

စုန့်ကျားယွီမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရ၏။ “ အခွင့်အရေး မရှိတော့ဘူးလားဟင်…”

“ ဒီပရောဂျက်ကိုက ပြဿနာ ဖြစ်နေတာ.. စွန့်စားရမယ့် အန္တရာယ်တွေက အရမ်းများလွန်းတယ်… တခြား ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေ လိုက်ရှာကြည့်ပါလား … ကျွန်မတို့ကတော့ မဖြစ်နိုင်ဘူး …”

“ ဒါဆိုလည်း ကောင်းပြီလေ… နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ဒါရိုက်တာထျန်…”

“ ရတယ်… နောင်ကျ အခွင့်အရေးရှိရင် အတူလက်တွဲ အလုပ်လုပ်ကြတာပေါ့…”

“ ကောင်းပြီလေ…”

နှစ်ယောက်သား ထပ်မံ၍ လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။ သဘောတူညီမှု မရရှိလိုက်သော်လည်းပဲ လေထုအခြေအနေက ကောင်းမွန်နေဆဲပင်။

သို့သော် စုန့်ကျားယွီ ထွက်ခွာတော့မည့် အချိန်မှာပဲ လင်းရီ မေးလာခဲ့၏။

“ ဘာပရောဂျက်လဲ…”

လင်းရီဘက်က အရင် စကားစလာသည်ကို မြင်တော့ စုန့်ကျားယွီ အတော်လေး အံ့အားသင့်သွားခဲ့သည်။

သူမ တွေးထင်ထားခဲ့သည်မှာ လင်းရီသည် သူမကဲ့သို့ ထျန်းရန်ဆီကနေ ရင်းနှီးမြုပ်နှံမှု ရရှိရန် လာရောက်မဲဆွယ်သည့် စည်းရုံးရေးသမား တစ်ယောက်ဖြစ်မည်ဟု ထင်ထားခဲ့၏။

သို့သော် ယခု ထျန်းရန်အား ထိုကဲ့သို့သော လေသံမျိုးဖြင့် စကားပြောနေသည်ကို ကြည့်ရသလောက်တော့ တစ်ဖက်သူ၏ အထောက်အထားသည် သူမ စိတ်ကူးထားသည်ထက် ပို၍ သန်မာနေသည်ကို စိတ်ကူးကြည့်နိုင်သည်။

“ ဒါရိုက်တာထျန်…. ဒီရဲ့ လူကြီးမင်းက ….. “

“ ဒါက ကျွန်မတို့ လင်းယွင် အုပ်စုရဲ့ သူဌေး … လင်းရီ…”

“ ဥက္ကဌလင်းလို့ ခေါ်လို့ရတယ် …”

လင်းရီ မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရတော့ စုန့်ကျားယွီ အင်မတန် အံ့အားသင့်သွားခဲ့၏။

ဤ ငယ်ရွယ် ချောမောသည့် အစ်ကိုလေးက လင်းယွင်အုပ်စု၏ သူဌေး ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

“ ဟယ်လို ဥက္ကဌလင်း ..”

စုန့်ကျားယွီ၏ ရူးရူးမူးမူး နှစ်ခြိုက်စွဲလမ်းတတ်သည့် နှလုံးသားလေးမှာ နှစ်သက်စိတ်တို့ ဖိတ်လျှံလာပြီး သူမ၏ နှလုံးခုန်နှုန်းသည်ပင် ပြောမပြတတ်လောက်အောင် မြန်ဆန်လာခဲ့လေသည်။

ဒီလောက်ချော… ဒီလောက်ခန့်တဲ့ အစ်ကိုလေးက နာမည်ကြီး လင်းယွင်အုပ်စုရဲ့ ဥက္ကဌဖြစ်နေတယ်… တကယ်မထင်ထားဘူး … ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်လေး အောင်မြင်တာပဲ။

“ ယဉ်ကျေးနေစရာ မလိုပါဘူး ..” လင်းရီ ပြောလိုက်ပြီး “ မင်းရဲ့ ပရောဂျက်က ဘာလဲ မသိဘူး …”

“ fitness app ပါ …” စုန့်ကျားယွီ ပြောလိုက်ပြီး “ ဈေးကွက်ထဲမှာ ဒီလိုမျိုး အလားတူ ဆော့ဝဲမျိုး အများအပြား ရှိတယ်ဆိုပေမယ့် ကျွန်မတို့က offline business ပုံစံနဲ့ သွားမှာပါ…”

Fitness ဆော့ဝဲ ဆိုတုန်းက လင်းရီ စိတ်မဝင်စားချေ။ အကယ်၍ သူ ရင်းနှီးမြုပ်နှံလျှင်ပင် ပြန်ရမည့် ငွေက အာရုံစိုက်ဖို့ မတန်ချေ။

သို့သော် စုန့်ကျားယွီက offline ဟု ပြောလာသည့်အချိန်၌ သူ၏ စိတ်ဝင်စားမှုကို အတော်လေး လှုံ့ဆော်သွားနိုင်ခဲ့သည်။

လင်းရီ ခေါင်းငဲ့ပြီး ထျန်းရန်အား ကြည့်လိုက်၏။ “ သွားပြီး ကိုယ်လုပ်စရာ ရှိတာ လုပ်နှင့် .. ငါ မိန်းကလေးစုန့်နဲ့ စကားပြောလိုက်ဦးမယ်…”

ထျန်းရန် များများစားစား တွေးတောမနေချေ။ မည်သို့ပင်ဆိုစေ ဤအမျိုးသမီးက B cup သာလျှင်ရှိပြီး သူမ သူဌေးကြိုက်နှစ်သက်သည့် ပုံစံနှင့်လည်း မကိုက်ညီချေ။ ထို့ကြောင့် ပရောဂျက် ကိစ္စပြောဖို့သာ များ၏။

“ ဒါဆို ကျွန်မ အရင်သွားနှင့်ပြီ…”

လက်ထဲတွင် လုပ်စရာ အများအပြား ရှိနေသဖြင့် ထျန်းရန်သည် ဤနေရာ၌နေပြီး လင်းရီနှင့် ပရောဂျက်အကြောင်း ဆွေးနွေးရန်အတွက် အချိန်ရှိမနေချေ။

စုန့်ကျားယွီ အံ့အားသင့်သွားခဲ့၏။ သိုသိုသိပ်သိပ် ရှိပြီး ဂုဏ်သိမ်ကြီးမားလှသည့် လင်းယွင်အုပ်စု၏ သူဌေးကြီးက သူမ၏ ပရောဂျက်ကို စိတ်ဝင်စားလာလိမ့်မည်လို့ တကယ် မျှော်လင့်မထားခဲ့ချေ။

ဤသည်က အံ့အားသင့်စရာ သိပ်ကောင်းလွန်းသည်။

ဧကန္တ …. သူ ငါ့ကို စိတ်ဝင်စားသွားလို့များလား။ အဲ့လိုပဲ ဖြစ်ရမယ်လေ။ ဟီးဟီး … ငါ့ရဲ့ အမျိုးသမီး အခွင့်အရေးလေးတော့ လာနေပြီ။

“ ဥက္ကဌလင်း .. ကျွန်မတို့ ဘယ်သွားကြမလဲဟင်…” စုန့်ကျားယွီ မဝံ့မရဲလေး မေးလိုက်၏။

“ ဟိုနားက ဆိုဖာပေါ် သွားထိုင်ပြီး စကားပြောကြရင်ကော …”

“ အိုကေ အိုကေ အိုကေ….”

ရုတ်တရက် နိုင်လှသည့် အခွင့်အရေးကြောင့် စုန့်ကျားယွီ အတော်လေး စိတ်လှုပ်ရှားနေမိသည်။

လင်းရီအနောက်မှ တုန်တုန်လှုပ်လှုပ်နှင့် လိုက်ပါလာရင်း ခန်းမထဲရှိ ဆိုဖာပေါ် ထိုင်လိုက်၏။ ဧည့်ကြို အမျိုးသမီးက အလိုက်တသိနှင့် သူတို့နှစ်ယောက်အတွက် ကော်ဖီလာချပေးသည်။

စုန့်ကျားယွီ သူမ၏ ခြေထောက်များအား ချိတ်ထားပြီး ကိုယ်ကို အနည်းငယ် စောင်းလိုက်ကာ ပို၍ ဆွဲဆောင်မှုရှိသည့် သွင်ပြင်ကို ရရှိအောင် ကြိုးပမ်းနေသည်။

ယခုလို တွေ့ဆုံမှုဖြင့် ဆိုပါက သူမတွင် အခွင့်အရေးကောင်းတစ်ခု ရှိလာလောက်၏။

စုန့်ကျားယွီ နှုတ်ခမ်းကိုက်ထားရင်း အနည်းငယ် နှမြောဖို့ကောင်းသည်ဟု ခံစားနေရ၏။ အကယ်၍ နွေရာသီသာ ဖြစ်ခဲ့မည်ဆိုပါက အနက်ရောင် စတော်ကင်၊ skirt suit နှင့် ပို၍ ဆွဲဆောင်မှု ရှိနေမည်မှာ ကျိန်းသေပေါက်ပင်။

“ offline funcition တွေက ဘာတွေများလဲ…”

စုန့်ကျားယွီ၏ ခြေတံများကို စိတ်ဝင်စားခြင်း မရှိပါဘဲ လင်းရီသည် ပရောဂျက် အဆိုပြုလွှာကို လှန်လောကြည့်ရင်း မေးလိုက်၏။

ခြေတံများဆိုပါက သူသည် ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ကို အနှစ်သက်ဆုံးပင်။

“ တကယ်တမ်းကျ ကျွန်မတို့ ပရောဂျက်ရဲ့ အထူး အားသာချက်က app နဲ့ offline function ရဲ့ ပေါင်းစည်းမှုပဲ…” စုန့်ကျားယွီ ပြောလိုက်ပြီး “ လက်ရှိ gym မန်ဘာဝင်ရတဲ့ စနစ်က နှစ်အလိုက် ဒါမှမဟုတ် လဖြတ်နဲ့ဆိုပြီး သွားကြတယ်… လူတော်တော်များများက စာရင်းပေးချင်ကြတယ်… ဒါပေမယ့် တစ်ချိန်တည်းမှာ သူတို့စိတ်ထဲ မတင်မကျ တုံ့ဆိုင်းနေမိတာက သူတို့တွေ gym ကို နေ့တိုင်း မလာဖြစ်ဘဲ ပိုက်ဆံတွေ အလကား ဖြုန်းတီးမိမှာကို စိုးရိမ်နေကြတာ … ဒီ ပြဿနာကို ဖြေရှင်းဖို့ ကျွန်မတို့ဘက်ကနေပြီး ဆန်းသစ်တဲ့ ဖြေရှင်းနည်း နှစ်ခုကို စီစဉ်ထားတယ်.. လာတဲ့နေ့အလိုက်နဲ့ ကစားမယ့် အချိန်တွေအတွက်ပဲ … အဲ့လိုဆို ဒီပြဿနာကို ဖြေရှင်းနိုင်ပြီ…”

လင်းရီ၏ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။ ဤ အိုင်ဒီယာက သူစဉ်းစားနေသည့်အရာနှင့် တစ်ထပ်တည်းပင်။

လာမည့် နေ့အလိုက်နှင့် ဆော့ကစားမည့် အချိန်အတိုင်း ကျသင့်ငွေ ကောက်ခံမည်ဆိုပါက နည်းသည်ဖြစ်စေ ၊ များသည်ဖြစ်စေ ပြဿနာ မရှိတော့ချေ။

ယခင် ကျီချင်းရန် ယောဂ ပြုစဉ်က လင်းရီသည် ယခုလို ပြုလုပ်ရန်ပင် အကြံရခဲ့၏။

ထင်မှတ်မထားစွာဖြင့် ယနေ့တွင် တစ်စုံတစ်ရောက်က အဆိုပါ အကြံဉာဏ်အား ပရောဂျက် တစ်ခုအဖြစ် ယူဆောင်လာလေသည်။

ဤအကြောင်း တွေးမိတော့ လင်းရီသည် အစီအစဉ် အသေးစိတ်ကို တစ်ချက် ပြန်ကြည့်လိုက်ပြီး မဆိုးဟု ခံစားလိုက်ရ၏။

ချို့ယွင်းချက် တစ်ချို့ ရှိနေဆဲ ဖြစ်သော်လည်းပဲ ရင်းနှီးမြုပ်နှံဖို့ ထိုက်တန်လေသည်။ ထို့အပြင် သူကိုယ်၌ကလည်း စိတ်ဝင်စားနေသည် ဖြစ်၏။

“ မင်း ဘယ်လောက် လိုချင်လဲ…”

‘ဟင် …’

ဤတစ်ကြိမ်တွင်တော့ စုန့်ကျားယွီ အံ့အားသင့်ရမည့် အလှည့်ပင်။ သူမက ပရောဂျက်ကို စပြီး မိတ်ဆက်ပေးရုံရှိသေးတာလေ။ ဘာလို့ ရင်းနှီးမြုပ်နှံဖို့ အသင့် ဖြစ်နေရတာလဲ။

ဒါကြီးက နည်းနည်း မြန်လွန်းမနေဘူးလား။

ဧကန္တ … သူမရဲ့ ဟော့ဒီ ခြေတံတွေက ထင်ထားတာထက် ပိုပြီး ဆွဲဆောင်မှု ရှိနေတာများလား။

“ သန်း ၂၀ …”

ဤနံပါတ်ကို စုန့်ကျားယွီ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်၏။

ယခင် အစည်းအဝေးပြုစဉ်က ဤပရောဂျက်ကို ဖော်ဆောင်ရန်အတွက် ၁၅ သန်းမျှသာ လိုအပ်မည် ဖြစ်သော်လည်းပဲ သူမ၏ သွယ်လျလှပလှသည့် ခြေတံလေးများ၏ ဆွဲဆောင်မှုကို စမ်းသပ်လိုသောကြောင့် ထပ်ပေါင်း ပြောဆိုလိုက်သည်။

အကယ်၍ သူသာ သဘောတူခဲ့မည် ဆိုပါက ဆိုလိုသည်မှာ ဥက္ကဌလင်းသည် သူမအပေါ် ခံစားချက် တစ်ချို့ ရှိနေသည်ဟူ၍ပင်။

အမျိုးသမီးတိုင်း အတွေးလွန်တတ် ၊ အတွေးများတတ်ကြ၏။ စုန့်ကျားယွီသည်လည်း ထူးမခြားနားပေ။

အကယ်၍ လင်းရီသာ ဆန္ဒရှိပါက ကုမ္ပဏီ တစ်ခုလုံးရှိ မိန်းမချောလေးတိုင်းက သူ၏ ကိုယ်ပိုင် ဖြစ်လာနိုင်သည်ကို သူမ နည်းနည်းလေးမျှ သိခဲ့မည်ဆိုလျှင် …..

“ ဒါက ငွေပုံအောပြီး သုံးရမယ့် ပရောဂျက်ပဲ …” ဂရုတစိုက်နှင့် စဉ်းစားဆုံးဖြတ်ပြီးနောက် လင်းရီ ပြောလိုက်၏။

“ မင်းက ယွမ် သန်း ၂၀ ပဲ တောင်းဆိုနေတယ်ဆိုရင်တော့ ငါ ရင်းနှီးမြုပ်နှံမှု မလုပ်ပေးနိုင်ဘူး … သန်း ၃၀ အနည်းဆုံးပဲ… ပြီးတော့ ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို လက်လွှတ်ပေးရမယ်… ပြဿနာရှိလား …”

All Chapters