← Chapters

ချစ်ဖို့ကောင်းတဲ့ ဟော်ယွမ်ယွမ်

Vol. 105 Ch. 1564

ချစ်ဖို့ကောင်းတဲ့ ဟော်ယွမ်ယွမ်

Vol. 105 Ch. 1564

“ သန်း ၃၀ …. “

လင်းရီ၏ နံပါတ်က စုန့်ကျားယွီကို အနည်းငယ် မူးနောက်နောက် ဖြစ်သွားစေခဲ့သည်။ သူမပင် သတ္တိတို့အား မနည်း ခြစ်ကုပ်၍ ၅ သန်းပိုတောင်းခဲ့သော်လည်း တစ်ဖက်သူက ၁၀ သန်း ထပ်ပေါင်းတိုးပေးနေခဲ့လေသည်။ ထို့ပြင် သန်း ၃၀ ဟူသည့် ရင်းနှီးမြုပ်နှံမှု၌ ရှယ်ယာထိန်းချုပ်မှု ၄၇ ရာခိုင်နှုန်း အစား ၄၁ ရာခိုင်နှုန်းကိုသာလျှင် လက်လွှတ်ရဦးမည်။

ဒါ … ဒါ ကောင်းကင်ကနေ ပိုင်မုန့်ကြီး ပြုတ်ကျလာတာပဲ မဟုတ်ဘူးလား… သူမရဲ့ ခြေတံတွေက အဲ့လောက်တောင် တန်ဖိုးရှိနေတာလား။

အကယ်၍ နွေရာသီ ဖြစ်ခဲ့မည်ဆိုပါက သူမသည် အနက်ရောင် စတော်ကင်နှင့် စကတ်အကြပ်ကို ဝတ်ဆင်ထားမည် ဖြစ်ပြီး ထိုသို့ဆိုပါက ယခုထက်ပင် ပိုပြီး ရရှိနိုင်သည် မဟုတ်ပါလော။

စုန့်ကျားယွီ၏ မျက်နှာ နီစွေးသွားခဲ့၏။ သူမ၏ နွေဦးအချိန်အခါသည် ကျရောက်လို့ လာချေပြီလော။

“ အဆင်ပြေမလား…” လင်းရီ ထပ်မေးလိုက်သည်။

“ ဒါပေါ့ရှင့် ဒါပေါ့ .. ရတယ်… ကျွန်မဘက်က ဘာပြဿနာမှ မရှိဘူးရယ်…”

“ ကောင်းပြီလေ… အသေးစိတ်ကိုတော့ ထျန်းရန်နဲ့ ဆွေးနွေးလိုက် … ငါ့ဘက်က ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး .. အဆင်သင့်ဖြစ်ရင် ငါက လက်မှတ်ထိုးရုံပဲ…”

“ အိုကေ အိုကေ … ကျွန်မကို ဒီအခွင့်အ‌ရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း …”

“ ရပါတယ်… ပျော်ရွှင်ဖွယ် ပူးပေါင်းမှုပါ..”

“ အွန်း .. ပျော်ရွှင်ဖွယ် ပူးပေါင်းမှုပါ ဥက္ကဌလင်း…”

နှစ်ဖက်လုံးက ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး လင်းရီသည် လင်းယွင်အုပ်စုက ထွက်ခွာသွားခဲ့၏။

လင်းရီ အပြင်သို့ ထွက်ခွာသွားသည့် မြင်ကွင်းကို စုန့်ကျားယွီသည် နေရာ၌ ငြိမ်ကာ ငေးမောနေမိလေသည်။

“ ငါ့ ဝီချက်အကောင့်တောင် မတောင်းသွားဘူးပေါ့ … အကွက်လေး မဆိုးပါဘူး ဟွန့် … ဒါပေမယ့် ဒီက ကျွန်မရဲ့ ဖော်ထုတ်ခံလိုက်ရပြီဆိုတာ ရှင် မသိဘူးမလား …”

သူမ၏ မြင်ကွင်းထဲမှ လင်းရီ ပျောက်ကွယ်သွားသည်ကို မြင်တော့ စုန့်ကျားယွီလည်း နောက်သို့လှည့်ကာ ဓာတ်လှေကားထံ လျှောက်သွားလိုက်သည်။ သူမ၏ စိတ်ကို ယတိပြတ် ပြင်ဆင်ထားပြီး ဖြစ်သည်။

နောက်တစ်ကြိမ် လင်းရီနှင့် ဆုံတွေ့သည့်အခါ၌ မည်သည့် ရာသီဥတု အချိန်အခါပဲ ဖြစ်နေပါစေ၊ အနက်ရောင် စတော်ကင်နှင့် စကတ်ကြပ်ကို သေချာပေါက် ဝတ်ဆင်ပေမည်။

နောက်ရက်အနည်းငယ်ထိတိုင်အောင် လင်းရီ၏ ဘဝက ပျော်ရွှင်ဖွယ်ရာ ကိစ္စတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

အမျိုးသမီးနှစ်ဦးကြား တစ်လှည့်စီ အဖော်ပြုပေးရင်း တုံးစန်းကောင်တီသို့ သွား၍လည်း လီချင်းခိုင်၊ လီစီကျင်းတို့နှင့်အတူ ထမင်းတစ်နှပ် စားခဲ့သေး၏။

တစ်ချိန်တည်းတွင် တုံးစန်းကောင်တီ၏ လက်ရှိ အခြေအနေကို တစ်ဆင့်ထပ်ပြီး ပြုပြင်မွမ်းမံခဲ့လေသည်။ သူ့ဘက်က တတ်နိုင်သည့်၊ ထိန်းချုပ်၍ရသည့် အရာတိုင်းကို ပြုပြီးဖြစ်ပြီး ကျန်ရှိသည်က စောင့်ဆိုင်းဖို့ရန်သာ ဖြစ်၏။

လင်းရီ နည်းနည်းလေး စိတ်လှုပ်ရှားနေမိ၏။ တုံးစန်းကောင်တီ၏ စီးပွားရေးလုပ်ငန်းများ လျင်လျင်မြန်မြန်နှင့် တိုးတက်လာဖို့ရာ မျှော်လင့်မိလေသည်။

ရဲအရာရှိကြီး လုပ်ရမည့် အလုပ်အကိုင်က သူ့အား စောင့်မျှော်နေသေးသည် မဟုတ်ပါလော။

၎င်းအပြင် လင်းရီသည် ရန်စီအား ဆက်သွယ်ပြီး ကုမ္ပဏီ နှစ်ခု၏ နှစ်ပတ်လည် တွေ့ဆုံပွဲအား သူမ လက်ထဲသို့ အပ်ပေးလိုက်သည်။

နှစ်သစ်ကူးနေ့တွင် ကျီချင်းရန်သည် ကိုယ်လက်သန့်စင် ဆေးကြောရန်အတွက် အိပ်ရာမှ စောစောနိုးလာခဲ့၏။

ဤနှစ်တွင်တော့ လင်းရီသည် နှစ်သစ်ကူးကို သူ၏ အိမ်၌သာ ဖြတ်သန်းပေမည်။ ကျီချင်းရန်မှာ အင်မတန် မြော်ခေါ်တွေးတတ်စွာဖြင့် ချင်ရင်ယွဲ့နှင့် ဝမ်ချွေ့ပင်းတို့အား အသီးသီးအား နှုတ်ဆက်လိုက်သည်။

ဟွာရှ နှစ်သစ်ကူး မဟုတ်သော်ငြားလည်း ဟွာရှန့်လူမျိုးတို့သည် များများစားစား အာရုံထားမနေ‌ချေ။ နှစ်သစ်ကူးသည်ကို အခွင့်ကောင်းယူ၍ အားလပ်ရက် ရယူပြီး မိသားစုနှင့် ဆုံတွေ့ခြင်း၊ အချိန်ဖြုန်းခြင်း၊ နှုတ်ဆက်ခြင်းတို့ ပြုကြသည်။

နှစ်ဖက်မိသားစု၏ လူကြီးများနှင့် စကားပြောဆိုပြီးနောက် ကျီချင်းရန်သည် အိမ်က စတင်ထွက်ခွာဖို့ရာ ဟန်ပြင်လေသည်။

ကျီချင်းရန် မိတ်ကပ်လိမ်းနေစဉ် လင်းရီသည် လီချူးဟန်နှင့် ခေတ္တကြာ စကားပြောခဲ့သည်။

ယခုလို ပွဲတော်ရှိသည့် အချိန်အခါတိုင်း လင်းရီ ဂရုအစိုက်ဆုံး မိန်းကလေးကတော့ လီချူးဟန်ပင်။

ပွဲတော်က ပိုပြီး သက်ဝင်လှုပ်ရှားမှုရှိလေလေ၊ သူမသည် ပိုပြီး အထီးကျန်ဆန်လေလေ ဖြစ်၏။

ဆိုဖာပေါ်တွင် ထိုင်ရင်း လင်းရီ ခေတ္တ တွေးတောလိုက်၏။ ယနေ့ အားလပ်ရက်အတွက် ကျီချင်းရန်၏ အိမ်သို့ သူသွားရန် ဆုံးဖြတ်ထားသော်လည်း လီချူးဟန်၏ အိမ်သို့ သွားလည်ရန် နည်းလမ်းတစ်ခုတော့ ရှာရလိမ့်မည်။

သူမ၏ အိမ်၌ ညစာ မစားလျှင်ပင် ခေတ္တတော့ သွားလည်ရပေမည်။

“ ပြီးတာ မြန်နေရောပဲ…”

ကျီချင်းရန် အောက်ထပ်သို့ ဆင်းလာသည်ကို မြင်တော့ လင်းရီ မေးလိုက်သည်။

“ အွန်း … ငါအခု သွားရတော့မှာမို့လို့ …” သူမပြောလိုက်ပြီး “ ယွမ်ယွမ်က ငါ့ကို လောနေတာ ကြာလှပြီ…”

“ နှစ်သစ်ကူးနေ့ မဟုတ်ဘူးလား … သူက မင်းကိုရှာပြီး ဘာလဲလုပ်မလို့…”

“ စစချင်းတုန်းက ငါတို့နှစ်သစ်ကူးနေ့ သူ့အိမ်သွားကြမယ်ဆိုပြီး ဆုံးဖြတ်ထားတာ .. ဒါပေမယ့်သူ့မိဘတွေက ခရီးထွက်သွားကြပြီး အဲ့ကောင်မလေးနဲ့ နှစ်သစ်မကူးချင်ကြဘူးလေ… ကောင်းကျုံးယွမ်ကလည်း ပူပူဆာဆာလုပ်နေတော့ သူတို့အိမ်မှာ နှစ်သစ်ကူးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တော့တာ ..”

“ အဲ့တာဆိုလည်း သူ့ဘာသူ သွားပါစေပေါ့ … မင်းကိုပါ ဆွဲခေါ်ပြီး ဘာလဲလုပ်မှာ…”

“ မနေ့ညက ဆုံးဖြတ်လိုက်တာလေ… ယွမ်ယွမ်ပြောတာ သူ့မှာ ဘာဝတ်စရာမှလည်း မရှိဘူး .. လက်ဆောင်ပေးစရာလည်း ဘာမှ မရှိဘူး .. သူနဲ့ ဈေးဝယ်ထွက်ဖို့ ငါ့ကို လိုက်ခဲ့ပေးပါတဲ့ …”

လခွမ်းပဲ ..

ကုမ္ပဏီရဲ့ ရန်ပုံငွေတွေ ထပ်ပြီး အလွဲသုံးစားလုပ်တော့မယ်။

“ သူ့ကို လျော့လျော့ပေါ့ပေါ့လေး လုပ်ဖို့ ပြောလိုက်ဦး … ကုမ္ပဏီမှာ ပိုက်ဆံက သိပ်ကျန်တော့တာ မဟုတ်ဘူး …”

“ ဟုတ်ပါပြီ…” ကျီချင်းရန် လက်ဖြင့်ကွယ်၍ တခစ်ခစ် ရယ်မောလိုက်သည်။

“ နင် ငါတို့နဲ့ မလိုက်ချင်ဘူးဆိုလည်း အတင်း မခေါ်တော့ဘူး … ဒီမွန်းလွဲပိုင်းတော့ ကိုယ့်ဘာကိုယ် နေနှင့်ဦး … ညစာ စားမယ့်အချိန်ကျမှ ငါတို့နှစ်ယောက် အတူစားကြမယ်လေ…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ အင်း .. ငါလည်း စစ်တပ်က အကြီးအကဲတွေနဲ့ တွေ့ဖို့ အခွင့်အရေးကောင်းပဲ… ဆက်ဆံရေးက အရေးကြီးတယ်…”

“ ဟုတ်တယ်.. ဒါတွေအားလုံးက အဆက်အသွယ်တွေပဲ ဆိုတော့ သေချာထိန်းသိမ်းမှ ဖြစ်မှာပေါ့ …”

“ မင်းပြောတာ မှန်တယ်…”

စောနတုန်းကပဲ လီချူးဟန်၏ အိမ်သို့ မည်သို့ အကြောင်းပြ လည်ရအံ့ဟု အကြံအိုက်နေခဲ့ရသည်။ ယခု အခွင့်အရေးက ကိုယ်တိုင် တံခါးဝသို့ ရောက်လို့လာလေသည်။

ခရိတ်ခ်…..

နှစ်ယောက်သား စကားပြောဆိုနေစဉ် ခြံအပြင်ဘက်၌ ကားထိုးရပ်သံ တစ်သံကို ကြားလိုက်ရသည်။ ဟော်ယွမ်ယွမ်၏ Cayenne ဖြစ်၏။

“ အစ်မကျီ အစ်မကျီ.. မြန်မြန်လေး … ငါတို့ ခုချိန် မထွက်ဘူးဆို နောက်ကျတော့မယ်…” ဟော်ယွမ်ယွမ် အသည်းအသန် ပြေးဝင်လာပြီး ပြောချင်တာတွေ စွတ်ပြောတော့၏။

“ မပူနဲ့ … ငါ ခဏဆို ပြီးပြီ…” “ ဒေါက်ဖိနပ် စီးပြီးရင် ထွက်လို့ ရပြီ…”

“ သွား သွား သွား … မြန်မြန်လေး …”

ကျီချင်းရန်အား လောဆော်ပြီးနောက် ဟော်ယွမ်ယွမ်သည် ဆိုဖာပေါ် ထိုင်နေသည့် လင်းရီအား မြင်တွေ့သွားခဲ့၏။

“ သူဌေး … ဒီနေ့ကိစ္စက သိပ်အရေးကြီးတော့ သူဌေးကတော်ကို ခဏငှားသွားမယ်နော်…”

“ ရတယ် ရတယ်… မင်းတို့ သွားမှာသာ သွားကြ…”

လင်းရီ အင်မတန် ရက်ရောသမှု ရှိနေခဲ့၏။

နှစ်နှစ်ပင် ရှိခဲ့လေပြီ။ ဟော်ယွမ်ယွမ်၏ အကျင့်လေးက ချစ်ဖို့ကောင်းသည်ဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။

ဟော်ယွမ်ယွမ် အနည်းငယ် မသင်္ကာ ဖြစ်သွားခဲ့ရ၏။ “ သူဌေး ရှင် ဒီနေ့ ဝင်ပူးခံထားရတာလား … ဘာလို့ အဲ့လောက် ရက်ရောနေရတာ …”

“ မင်းကို မဆဲတာနဲ့ဘဲ လူကို ပုံမှန်မဟုတ်တော့ဘူးလို့ မင်းက ထင်နေတာလား …”

“ ရှင်ကြည့် .. အဲ့တာ အမှန်ပဲလေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ သူဌေးက ရုတ်တရက်ကြီး နားလည်ပေးတတ်လာတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ…”

လင်းရီ နှုတ်ခမ်းကိုက်လိုက်မိသည်။ ဟော်ယွမ်ယွမ်၏ အလိုလိုသိစိတ်အား သွားလျှော့တွက်၍ လုံးဝ မဖြစ်ချေ။ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချက်ချင်း အနံ့ခံလိုက်နိုင်လေသည်။

ဟော်ယွမ်ယွမ်နှင့် မိနစ် အနည်းငယ် အချိန်ဖြုန်းပြီးနောက် ကျီချင်းရန်သည် အားလုံးအဆင်သင့်ဖြစ်သွားခဲ့ပြီး လင်းရီအား နှုတ်ဆက်ကာ နှစ်ယောက်အတူ တံခါးဝမှ ထွက်ခွာသွားခဲ့၏။

လင်းရီ ထွက်ခွာရန် အလျင်မလိုပေ။ ထိုအစား သူ၏ ဖုန်းကို ထုတ်၍ ဟွာရှန်း ဆေးရုံ၏ တရားဝင်အကောင့်ထဲ ဝင်ကြည့်လိုက်သောအခါ လီချူးဟန် ယနေ့ နားကြောင်း သိလိုက်ရ၏။ နှစ်သစ်ကူးနေ့ ဖြစ်သည်ကိုပါ ထပ်ပေါင်းလိုက်တော့ သူမ၏ အိမ်၌ ကျိန်းသေပေါက် ရှိနေရမည်။

လီချူးဟန်အား စပရိုက်တစ်ခုပေးရန်အလို့ငှာ လင်းရီသည် သူမအား ကြိုတင် အကြောင်းကြားမှု မပြုဘဲ သူမ၏ အိမ်သို့ တန်းသွားလိုက်၏။

သိုသော် အိမ်တံခါးကို ဖွင့်လိုက်တော့ စံပယ်ရနံ့ ခပ်ဖျော့ဖျော့ ကိုသာ ရရှိလိုက်ကာ လူကား အိမ်တွင် မရှိချေ။

“ သူ ဘယ်သွားတာပါလိမ့်…”

မိမိကိုယ်ကို ရေရွတ်ရင်း လင်းရီသည် သူ၏ ဖုန်းကို ထုတ်ကာ လီချူးဟန်၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။

“ မင်း ဘယ်မှာလဲ…”

“ ဆေးရုံမှာလေ … ဘာလဲဖြစ်လို့ …”

လီချူးဟန် ညင်သာစွာ ပြောလိုက်၏။

“ ငါ ထင်တာ မင်း ဒီနေ့ နားတယ်ဆိုပြီးပေါ့ …”

“ ထင်မထားတဲ့လူနာ တစ်ယောက် ရောက်လာလို့ ဆေးရုံကို အပြေးပြန်လာခဲ့လိုက်တာ …”

“ ကောင်းပြီ… ငါ့ကို ဆေးရုံမှာ စောင့်နေ…”

“ နင် အခု လာမလို့လား…” လီချူးဟန်၏ အသံသည် အနည်းငယ် မြင့်တက်လာခဲ့လေသည်။

“ မင်းဆီလာကြည့်မလို့လေ..”

“ အင်း … ဒါဆို ငါတို့ ဌာနဆီသာ လာခဲ့လိုက် …”

ဖုန်းပြောပြီးသည့်နောက် လင်းရီသည် ဟွာရှန်းဆေးရုံသို့ မောင်းနှင်လာခဲ့ကာ ဂျူတီကျနေသည့် ဆရာဝန်နှင့် နာ့စ်တို့အတွက်လည်း ကော်ဖီနှင့် အချိုပွဲများ ဝယ်လာခဲ့လိုက်သည်။

ထုံးစံအတိုင်း လင်းရီ၏ ရောက်ရှိလာမှုက နာ့စ်တော်တော်များများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

သူ့လက်ထဲ ဆွဲလာသည့် အထုပ်များအားလုံး ဓားပြတိုက်ကြပြီးနောက် လင်းရီအား ပြန်လွှတ်ပေးလိုက်ကြသည်။

“ ဒါရိုက်တာလင်း … ဒီမှာ ခဏထိုင်စောင့်နေဦးနော်… ဒါရိုက်တာလီက အထဲမှာ အစည်းအဝေးလုပ်နေတယ်…”

“ဒီလို နှစ်သစ်ကူး အားလပ်ရက်နေ့မှာတောင် ခေါ်ခံလိုက်ရတယ်ဆိုတော့ … လူနာရဲ့ အခြေအနေက အတော်လေး ပြင်းထန်လား ..”

ယခုလို ကိစ္စများအား လင်းရီ ကန့်ကွက်လိုစိတ်မရှိပေ။ အသက်များအား ကယ်တင်ခြင်းနှင့် အနာများအား ကုသပေးခြင်းက ဆရာဝန်တစ်ဦးအတွက် အဓိက ဦးစားပေးပင်။

အကယ်၍ လိုအပ်လာမည် ဆိုပါက လီချူးဟန် တင်မကဘဲ သူ့ကိုပါ ဆက်သွယ်လာနိုင်သည်။

“ ဒီတိုင်း cardic stent ပါပဲ… အသေးမွှား ရှုပ်ထွေးမှု တစ်ချို့လေးတွေ ဖြစ်နေတယ်ဆို‌ပေမယ့် ဟိုလို ပြင်းထန်တာမျိုး ဘာမှမရှိပါဘူး …”

( နှလုံးပတ်သွေးလွှတ်ကြော ကျဉ်းမြောင်းနေတာ ဒါမှမဟုတ် ပိတ်ဆို့နေတာတွေကို ပြွန်လေးနဲ့ ပြန်ဖွင့်တာပါ )

“ ဒီလို ခွဲစိတ်မှုမျိုးကို ရှင်းရှင်းလည်း ကိုင်တွယ်နိုင်နေပြီ မဟုတ်လား … ခေါင်းဆောင်သမားတော်လီကို ခေါ်ဖို့ အထိ လိုလို့လား …”

“ အဲ့လိုတွေ ဖြစ်သွားတာပဲ .. ဒါပေမယ့် ကျွန်မကြားမိတာတော့ လူနာရဲ့ မိသားစု နောက်ခံက အတော်လေး အားကောင်းတယ်လို့ ကြားမိတယ်… သူတို့က ခေါင်းဆောင်သမားတော်လီကို အထူးတောင်းဆိုခဲ့ကြတာလေ… ဒါကြောင့်မို့ . . . . . . “

All Chapters