← Chapters

မိုက်ရိုင်းတဲ့ လူနာမိသားစု

Vol. 105 Ch. 1565

မိုက်ရိုင်းတဲ့ လူနာမိသားစု

Vol. 105 Ch. 1565

“ ဒါရိုက်တာလီ ရောက်လာပြီ…”

လင်းရီ နာ့စ်များနှင့် စကားပြောဆိုနေစဉ် လီချူးဟန်သည် လူနာဆွေးနွေးခန်းထဲက ထွက်လာခဲ့သည်။

သူမနောက်တွင်တော့ ချောင်ရှင်းက နီးကပ်စွာ လိုက်ပါလာလျက် ရှိလေသည်။

လင်းရီကို မြင်တော့ လီချူးဟန်၏ မျက်နှာသည် သိသိသာသာ ရွှင်ပြလာခဲ့သည်။

“ နင် ဘယ်တုန်းက ရောက်လာခဲ့တာ .. ဘာလို့ ငါ့ဆီ ဖုန်းမဆက်တာလဲ…”

“ ခုလေးတင် ရောက်တာပဲ … အဲ့ဒီနောက် နာ့စ်ဌာနမှာ အဖမ်းခံလိုက်ရတယ်လေ…”

“ ဒါရိုက်တာလီ… ကျွန်မတို့က အင်နိုးစန့်လေးတွေပါနော်… ကျွန်မတို့က ဒါရိုက်တာလင်းကို ဒီခေါ်လာပေးရုံသပ်သပ်ပဲ .. တခြား ဘာမှ မလုပ်ဘူး …” နာ့စ်အငယ်လေး တစ်ဦးက ပြောလိုက်သည်။

မဟုတ်။ မှန်ကန်စွာ သုံးနှုန်းမည်ဆိုပါက နာ့စ်ခေါင်းဆောင် အကြီးအကဲက ပြောလိုက်၏။

“ မယုံဘူးဆို ဒါရိုက်တာလင်းရဲ့ ခါးပတ်ကို ကြည့်လိုက် … ခါးပတ် ထိခံထားရတဲ့ အရာ မရှိဘူး တွေ့လား …”

“ နင်တို့တွေ…. “ လီချူးဟန် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ သူမ အတွေးမလွန်မိပါချေ။

ဆေးရုံတွင် ယခုလို စနောက်မှုတို့အား နေသားကျနေပြီး ဖြစ်၏။

“ cardic stent လုပ်ဖို့ လိုတဲ့ လူနာ တစ်ယောက် ရှိတယ်ဆို…”

လီချူးဟန် ကူကယ်ရာမဲ့စွာ ခေါင်းညိမ့်လိုက်၏။ “ ငါလည်း ဒီလို အသေးမွှား ခွဲစိတ်မှုလေး လုပ်တာကို မလာချင်ပါဘူး … ဒါပေမယ့် မလာမဖြစ်လို့ …”

“ အဲ့လူနာ မိသားစုကလည်း အချိန်တော်တော် ပေါနေပုံရတယ်.. သူတို့မှာ အစွမ်းအစ ရှိတယ်ဆိုတိုင်း ညီမတို့ကို ခါးညွှတ်လာအောင် အတင်းလာလုပ်နေတယ်..” ချောင်ရှင်း မကျေမနပ် အသံထွက်လာခဲ့၏။ “ သူတို့က ညီမ မိနစ်ပိုင်းလေးနဲ့ ခွဲစိတ်လို့ ဖြစ်တဲ့ဟာကို ဒါရိုက်တာလီကို တကူးတက လာရအောင် လုပ်နေတယ်… သူတို့ ဦးနှောက်က ဘယ်လိုတွေ စဉ်းစားနေမှန်းကို နားမလည်တော့တာ …”

လီချူးဟန်၏ လက်ရှိ အဆင့်ဖြင့် ထိုသို့သော ခွဲစိတ်မှု အသေးစိတ်လေးများအား ကိုင်တွယ်ပေးရန် မလိုအပ်ချေ။ ချောင်ရှင်းတစ်ဦးတည်းနှင့် အဆင်ပြေသည်။

အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှုက ခက်ခဲမှု မရှိသောကြောင့်ပင်။ အကယ်၍ လူနာ၏ အခြေအနေသည်သာ ကောင်းမွန်နေသည် ဆိုပါက ခွဲစိတ်မှု လုပ်ဆောင်ရန် လိုအပ်သည့် နည်းစနစ် ကျွမ်းကျင်မှုတို့အား တတ်မြောက်ရန် အလွယ်လေးပင်။

Cardiac stent ကဲ့သို့‌သော မည်သည့် အသေးစား ခွဲစိတ်မှုမျိုးမဆို ခွဲစိတ်မှု လုပ်ဆောင်သည့်အခါ၌ ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွင် လင်းရီ၊ လီချူးဟန် နှင့် ချောင်ရှင်းတို့ကြား မည်သည့် ကွာဟမှုတို့မျှ မရှိပါချေ။

ဌာနခေါင်းဆောင်သည် ခေါင်းဆောင် သမားတော်ထက် ပိုတော်ရမည်ဟူ၍ မရှိသကဲ့သို့ပင်။

ရာထူးအရ ကြည့်မည်ဆိုပါက ဝါစဉ်ကြီးငယ် ရှိသည်မှာမှန်သည်။ သို့သော် ဆေးနယ်ပယ်တွင် မတူကွဲပြားသည့် အထူးပြု နယ်ပယ်တို့ များပြားလှပြီး ၎င်းတို့တစ်ခုချင်းစီတွင် ကိုယ်ပိုင် ဦးတည်ရာ လမ်းကြောင်းများ ရှိကြသည်။ ဌာန ဒါရိုက်တာသည် ခေါင်းဆောင် သမားတော်ထက် ပိုသာသည်ဟု အတွေးဝင်သူ အများစုသည် ဘာမျှမသိ ၊ မရင့်ကျက်ကြသည့် လူများ ဖြစ်ကြ၏။

“ ဘယ်လိုထင်လဲ…” လင်းရီ လီချူးဟန်ကို ကြည့်လိုက်၏။ “ တခြား ဌာနက ဒေါက်တာတွေနဲ့ ဆွေးနွေးမှု လုပ်ထားပြီးပြီ.. လူနာရဲ့ ဆေးစစ်ချက်တွေကိုလည်း သေချာစစ်ထားပြီးသား … ထူးထူးခြားခြား ဘာပြဿနာမှ မတွေ့မိဘူး .. ဒီတော့ ချောင်ရှင်းကိုင်တွယ်လို့လည်း ရတယ်… ငါ ကိုင်တွယ်ဖို့ မစဉ်းစားထားဘူး .. နှစ်သစ်ကို ဒီလို အလုပ်နဲ့ မကူးချင်ဘူး …”

“ ကောင်းပြီလေ…”လင်းရီ ပြောလိုက်ပြီး “ ဆွေးနွေးတာလည်း ပြီးပြီဆိုတော့ တခြား ဘာပြဿနာမှ မရှိတော့ဘူးဆိုရင် ချောင်ရှင်းနဲ့ပဲ အပ်ထားခဲ့လိုက် …”

“ ညီမလည်း ဒီလို လူနာမျိုးကို မကိုင်တွယ်ချင်ပါဘူး … တခြား ဒေါက်တာတွေ ရှိမယ်ဆိုရင် သူတို့လည်း လုပ်ချင်မှာ မဟုတ်ဘူး … ဟွန့်….”

လူနာမိသားစုက လီချူးဟန်ကို တကူးတက ပြဿနာ ရှာသည့်အတွက်ကြောင့် ချောင်ရှင်းမှာ ဒေါသထွက်နေသည်။

“ အဲ့လို မပြောရဘူး … ဘယ်လိုလူနာပဲ လာလာ အသက်တွေ ကယ်တင်ပြီး ဒဏ်ရာ ကုသပေးရမှာက ငါတို့ရဲ့ အလုပ် … ဒါက ငါတို့ရဲ့ ပထမဦးစားပေးပဲ …”

“ နားလည်ပါပြီ ဒါရိုက်တာလီ..”

အခြားနာ့စ်များလည်း ကိုယ်စီ ခေါင်းညိမ့်လိုက်ကြကာ လီချူးဟန်၏ စကားလုံးတို့အား စိတ်ထဲ မှတ်သားထားလိုက်ကြ၏။ အခွင့်သင့်သည့် တစ်ချိန်ချိန်၌ သူတို့သည်လည်း ယခုလို ထုတ်ပြောရပေမည်။

“ ဒါဆိုလည်း ဒါရိုက်တာလီတို့တွေ အရင်ထွက်သွားနှင့်ကြလေ…. ဒါရိုက်တာကျိန်းလည်း ဒီမှာရှိနေတယ်.. ညီမတို့နှစ်ယောက် ရှိနေမှတော့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး ..”

လီချူးဟန် ခေါင်းညိမ့်လိုက်၏။ လင်းရီလည်း ဤနေရာတွင် ရှိနေသဖြင့် သူမ၏ အချိန်ကို ဆေးရုံ၌ မကုန်ဆုံးချင်ပေ။

သူမအဖို့ ဤသည်က ရှားပါးလှသည့် အခွင့်အရေး တစ်ရပ်ဖြစ်ပြီး မဖြုန်းတီးရက်ချေ။

“ ယူနီဖောင်း သွားလဲလိုက်ဦးမယ်… စောင့်နေဦးနော်…”

“ အင်း သွား …”

လီချူးဟန်သည် အခန်းထဲသို့ ပြန်သွားခဲ့ပြီး လင်းရီသည် နာ့စ်များ၏ တစ်ဖန် ဝန်းရံခြင်းကို ခံလိုက်ရတော့၏။

လင်းရီ သက်ပြင်းမချဘဲ မနေနိုင်ချေ။ ဤသည်က ကံတရားသာ ဖြစ်လိမ့်မည်။

များသောအားဖြင့် သူကချည်း သူများကို စနောက်ကျီစယ်လေ့ ရှိသော်လည်း ဆေးရုံသို့ လာသည့်အခါတိုင်း သူကသာ စနောက်ကျီစယ်ခံနေရလေသည်။

ဆယ်မိနစ်ကြာပြီးနောက် လီချူးဟန် အဝတ်လဲပြီးသွားပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။

သူမက ပွယောင်းယောင်း ဂွမ်းထည် အဝတ်နှင့် မီးခိုးရောင် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ AJ13 ကို စီးနင်းထားပြီး ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ရှင်းသန့်ပြီး စိတ်အေးချမ်းသည်ဟူသော ခံစားချက်မျိုးအား ရရှိစေသည်။

ကျီချင်းရန်နှင့် လျန်ရူရွယ်၏ အစ်မကြီး တစ်ယောက်ပုံစံ ဝတ်စားဆင်ယင်မှုနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဧရာမ ဆန့်ကျင်ဘက် ဖြစ်နေပြီး ဆန်းသစ်မှုနှင့် သဘာဝဆန်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

“ သွားကြစို့ …”

အဝတ်စားလဲပြီးသည့်နောက် လီချူးဟန်သည် လင်းရီ၏ လက်မောင်းကို တွဲကာ ထွက်ခွာရန် ပြောလိုက်သည်။

ဘယ်သွားရမှန်း သူမ မသိသော်လည်း လင်းရီနှင့် အတူ ရှိမည်ဆိုပါက မည်သည့်နေရာသို့ပဲ သွားရ သွားရ ၊ သူမ သွားနိုင်သည်။

ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက်များအား နှုတ်ဆက်စကားဆိုပြီးနောက် နှစ်ယောက် ဓာတ်လှေကားထံ လမ်းလျှောက်လာခဲ့ကြသည်။

“ ဒါရိုက်တာလီ…”

ထိုအခိုက်အတန့်တွင် ဝေးကွာသည့် ကော်ရစ်ဒါမှ ကမန်းကတမ်း အော်ဟစ်သံ တစ်ခုကို ကြားလိုက်ရသည်။

လင်းရီ နောက်လှည့်ကြည့်လိုက်တော့ ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း လူတစ်ယောက်သည် လူနာခန်းတစ်ခုထဲက ထွက်လာကာ အဝေးမှ လှမ်းအော်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ကျေးဇူးပြုပြီး စကားကို တိုးတိုးပြောပေးပါ … တခြား လူနာတွေ အနားယူနေပါတယ်…” နာ့စ်တစ်ဦးက ထိုလူအား လာပြီး သတိပေး၏။

“ မင်းစောက်လုပ်သာ မင်းလုပ်စမ်း …”

သက်လတ်ပိုင်း လူကြီး၏ သဘောထားက အင်မတန် ရိုင်းပြလှပြီး သူ့တွင် နားလည်ပေးတတ်သည့် အသိဟူ၍ ပါမလာပုံရသည်။ သတိလာပေးသည့် နာ့စ်ကို လျစ်လျူရှုကာ လီချူးဟန်ထံ လျှောက်လို့လာသည်။

“ ဒါရိုက်တာလီ… မင်း ဒါ ဘာလုပ်နေတာလဲ…”

“ ကျွန်မတို့ ဆွေးနွေးလို့ ပြီးသွားပြီ… ရှင့်အဖေရဲ့ အခြေအနေက ကောင်းမွန်နေပြီးသား … သတိပြုရမယ့် အရာတွေလည်း‌ သေချာရေးမှတ်ထားပေးခဲ့ပြီးပြီ… ဒေါက်တာချောင်က ဒီခွဲစိတ်မှုရဲ့ ခေါင်း‌ဆောင် ခွဲစိတ်ဆရာဝန် ဖြစ်လိမ့်မယ်.. ဒီတော့ ကျွန်မ ရှိပေးစရာ မလိုတော့ဘူး …” လီချူးဟန် ပြောလိုက်သည်။

“ မင်း ဘာစကားတွေ လာပြောနေတာလဲ… မင်း ဒါ တာဝန်ယူမှု မရှိတာပဲကွ…” သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်ပြီး “ မင်းနဲ့ ဆေးပြချင်လို့ကို အိမ်နားက ဆေးရုံမှာ တမင် မပြခဲ့တာ … ဒါကို မင်းက ငါ့အဖေရဲ့ ခွဲစိတ်မှုကို တခြား ဒေါက်တာ လက်ထဲ ထည့်ပေးနေတာ … အဲ့လိုသာဆို ငါက ဘာလို့ ဒီအထိ လာနေဦးမှာလဲ….”

“ ဒါပေမယ့် ရှင့်အဖေရဲ့ ကျန်းမာရေးက ကောင်းမွန်နေပြီးသားပဲလေ … ဒီလို အသေးမွှား ခွဲစိတ်မှုလေးကို ကျွန်မကိုယ်တိုင် လုပ်ဖို့မလိုဘူး …”

“ ဘယ်လောက်ပဲ သေးမွှားတဲ့ ခွဲစိတ်မှုပဲ ဖြစ်ဖြစ် ခွဲစိတ်မှု တစ်ခုပဲလေ… မင်း ဘယ်လိုတောင် အတွေ့အကြုံမရှိတဲ့ ဒေါက်တာနဲ့ ခွဲစိတ်ခိုင်းရက်တာတုန်း … တစ်ခုခု မှားယွင်းသွားခဲ့ရင် မင်း တာဝန်ယူနိုင်မှာလား ပြော….”

“ စိတ်မရှိပါနဲ့ … စည်းမျဉ်းစည်းကမ်းတွေအရ ကျွန်မက ခွဲစိတ်မှု လုပ်ပေးသင့်တဲ့လူ မဟုတ်ဘူး …” လီချူးဟန် ပြောလိုက်ပြီး “ ကျွန်မ ဒီနေ့ ဒီလာခဲ့တယ်ဆိုတာလည်း ဒါရိုက်တာမြောင်ရဲ့ မျက်နှာကြောင့် … ရှင်တို့ ကျွန်မကို ဖိအားမပေးရင် ကောင်းမယ်… ပြီးတော့ ဒေါက်တာချောင်က ကျွန်မတို့ နှလုံးခွဲစိတ်တဲ့ ဌာနမှာ cardiac stent ခွဲစိတ်မှုတွေကို အထူးပြုတဲ့ ဒေါက်တာ တစ်ယောက် … ဒီလို ခွဲစိတ်မှုတွေနဲ့ ပတ်သက်ပြီး သူ့မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်.. ကျွန်မတို့ ဆေးရုံအပေါ် ယုံကြည်မှု ရှိမယ်လို့ မျှော်လင့်တယ်.. မဟုတ်ရင် ကျွန်မတို့လည်း လူနာကို ကောင်းကောင်းမွန်မွန် ကုသပေးနိုင်မှာ မဟုတ်ဘူး …”

သက်လတ်ပိုင်း အမျိုးသားမှ ချောင်ရှင်းကို အထင်တသေး လှည့်ကြည့်လိုက်၏။

“ လူကဖြင့် လက်တောက်လောက် ရှိသေးတာကို လူနာခွဲစိတ်မယ်ပေါ့ ဟုတ်လား … ငါ့အဖေအပေါ် သူ့ဓားတင်ခွင် မပြုနိုင်ဘူး … မင်းကိုယ်တိုင် ခွဲစိတ်ပေးရမယ် ဒါရိုက်တာလီ…. မင်းကိုပဲ ငါယုံတယ်…”

“ လူကြီးမင်း … ရှင် ကျွန်မကို ခက်ခဲအောင် မလုပ်ဖို့ တောင်းဆိုပါတယ်…” လီချူးဟန် ခပ်တည်တည် ပြောလိုက်၏။

“ ငါက ခက်ခဲအောင် လုပ်နေတာလား … မင်းကိုက ငါ့ကို မျက်နှာသာ မပေးတာကွ….” သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်ပြီး “ ငါက ငါ့အဖေကို မင်းနဲ့ ခွဲစိတ်စေချင်လို့ တကူးတက ဒီခေါ်လာတယ်… ဒါကို မင်းက လျစ်လျူရှုပြီး ထွက်သွားတော့မယ်… မင်း ဒါ ငါ့ကို မလေးမစား လုပ်လိုက်တာပဲ …”

“ ကျွန်မရဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ချင်တယ်ဆိုရင် အခုပဲ တခြား ဆေးရုံကို လွှဲပြောင်းဖို့ လုပ်ပေးလိုက်မယ်… ရှင် တခြား ကြိုက်တဲ့နေရာမှာ သွားပြီး ခွဲစိတ်လိုက် …”

လင်းရီ သူမဘေးတွင် ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ၊ လီချူးဟန်သည် မူလကတည်းက ခေါင်းမာသည့် လူစားမျိုးဖြစ်၏။ ဆုံးဖြတ်ချက် ချမှတ်ပြီးပါက ပြန်ပြင်ရိုးထုံးစံသည် အင်မတန် မရှိသလောက်ပင်။

ဤနှစ်များ တစ်လျှောက်တွင် ဘဝ၏ ခက်ခဲကြမ်းတမ်းမှုကပင် သူမအား မချေမှုန်းနိုင်ခဲ့လေရာ အနှီ ကျိုးကြောင်းသင့်ခြင်း မရှိသည့် လူနာ မိသားစုဝင်များဆိုလျှင်တော့ စကားလုပ်၍ ပြောရန်ပင် မလိုအပ်တော့ချေ။

လီချူးဟန်၏ ခါးခါးသီးသီး ချေပပြောဆိုခြင်းကို ခံလိုက်ရပြီးသည့်နောက် လီကျန်းပြောင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး အနည်းငယ် ရုန့်ရင်းကြမ်းတမ်းလာသည်။

“ ငါအခု ဒါရိုက်တာမြောင်ကို ခေါ်လိုက်ရမလား … သူ မင်းကို မိနစ်ပိုင်းလေးအတွင်း ဖြေရှင်းလိုက်လို့ရတယ်…”

“ ဒါဆိုလည်း ခေါ်လိုက်လေ… ကျွန်မဘက်က အကျိုးဆက်တွေ လက်ခံဖို့ အသင့်ပဲ….”

“ ပါမွှား ဒါရိုက်တာလေးကများ ဒီလောက်ထိ မောက်မာနေတယ်… မင်းက နာမည်လေး နည်းနည်း ရှိတာနဲ့ပဲ မင်းကို ဘယ်သူကမှ ထိပါးလို့ မရတော့ဘူး ထင်မနေနဲ့……..”

လီကျန်းပေါင် သူ၏ ဖုန်းကို ထုတ်၍ မြောင်ကော်ဖုန်းအား ချက်ချင်း ဖုန်းဆက်လိုက်သည်။

“ ဒါရိုက်တာမြောင် … မင်းတို့ နှလုံးခွဲစိတ်ဌာနက ဒါရိုက်တာလီက ဘာတွေလဲ မှားနေတာ … သူ ငါ့အဖေကို မခွဲစိတ်ပေးချင်ဘူးဆိုလည်း အဆင်ပြေတယ်.. ဒါပေမယ့် ငါ့အဖေရဲ့ ခွဲစိတ်မှုကို အတွေ့အကြုံ မရှိတဲ့ ဒေါက်တာတစ်ယောက်ရဲ့ လက်ထဲ ထည့်ပေးနေတယ်… အဲ့ထက်ပိုပြီး ဒေါသထွက်ချင်စရာ ကောင်းတာက ငါတို့ကို တခြား‌ ဆေးရုံတောင် ရွေ့ခိုင်းနေလိုက်သေးတယ်… မင်း ငါ့ကို ဒီလာပြီး ချက်ချင်း ဖြေရှင်းချက် ပေးစမ်း …”

All Chapters