← Chapters

ငါက ဥပဒေပဲ

Vol. 105 Ch. 1566

ငါက ဥပဒေပဲ

Vol. 105 Ch. 1566

လီချူးဟန်၏ ‘ပြစ်မှု’များအား တစ်ခုပြီး တစ်ခု တရစပ် ပြောဆိုသွားပြီးသည့်နောက် လီကျန်းပေါင် ဖုန်းချလိုက်သည်။

“ မင်း စောင့်နေလိုက် … ဒါရိုက်တာမြောင်က အခု အောက်ထပ်မှာ ရောက်နေပြီ… သူ ခဏဆို တက်လာတော့မှာ … အဲ့ခါကျ မင်းထွက်သွားရဲဦးမလား ကြည့်စမ်းဦးမယ်…”

“ ဘာလို့ မထွက်သွားရဲရမှာ….”

လီချူးဟန်သည် ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်ပြီး လီကျန်းပေါင်၏ ခြိမ်းခြောက်မှုကို ဖုတ်လေသည့် ငါးပိ ရှိသည်လို့ပင် မထင်ချေ။

သူမ၏ အကျင့်စရိုက်က လင်းရီနှင့် ဆင်တူပြီး နှစ်ယောက်လုံးမှာ ဖြောင်းဖြ၍ ရသည်။ သို့သော် အတင်းအကြပ် စေခိုင်းမှုကိုတော့ လုံးဝ လက်မခံနိုင်ချေ။

အကယ်၍ ခင်များက တိုက်ခိုက်လာမည်ဆိုလျှင် ကျုပ်ဘက်ကလည်း ခင်များကို အဆုံးထိ တိုက်ခိုက်သွားဖို့ အဆင်သင့်ပင်။

နှစ်ဖက်ကြားရှိ အချေအတင် ဖြစ်မှုကို မြင်သော်လည်း နာ့စ်များဖြစ်စေ ၊ ချောင်ရှင်းမှဖြစ်စေ မည်သူကမျှ စကားဝင်ပါခြင်း မရှိကြချေ။

သို့တိုင် စိတ်ထဲတွင်တော့ ထေ့ငေါ့ လှောင်ပြောင်နေကြ၏။

အကယ်၍ ဒါရိုက်တာလီ တစ်ဦးတည်းသာ ဤနေရာ၌ ရှိနေခဲ့မည် ဆိုပါက ဒါရိုက်တာမြောင်သည် လီကျန်းပေါင်ဘက်က ပြောပေးကောင်း ပြောပေးနိုင်သည်။ မည်သို့ပင်ဆိုစေ သူ၏ အဆက်အသွယ်တို့က သာမန်ညောင်ညများ မဟုတ်ကြချေ။

သို့သော် ဒါရိုက်တာလင်း ကိုယ်၌ ရှိနေပါလျက်နှင့် ဒါရိုက်တာမြောင်သည် ဒါရိုက်တာလီအား အနိုင်ကျင့်ချင်နေသည်ဆိုပါက ကိုယ့်သေတွင်းကိုယ် တူးလိုက်ခြင်းပင်။

သို့ပေမယ့် အနှီ လီကျန်းပေါင်ဆိုသည့် လူသည် ထိုအချင်းအရာအား သိပုံမရချေ။

“ ဒါရိုက်တာလီ… ငါမင်းရဲ့ ဆေးပညာ အရည်အချင်းကိုတော့ လေးစားပါတယ်… ဒါပေမယ့် မင်းရဲ့ လုပ်ရပ်တွေက တကယ်ကြီး မသင့်လျော်ဘူး …” လီကျန်းပေါင် ပြောလိုက်ပြီး “ မင်းသာ ဒီမှာနေပြီး ငါနဲ့ စကားကောင်းကောင်းပြောပြီး ငါ့အဖေကို ခွဲစိတ်ပေးမယ်ဆိုရင် ငါ ဒီကိစ္စ ဒီမှာတင် ရပ်လိုက်မယ်… မဟုတ်လို့ကတော့ မင်းရဲ့ အနာဂတ်တက်လမ်းအထိပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်နော်…. ဒါပေါ့ … မင်းသာ ကျိုးဟိုင်မှာ အလုပ် ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ပြဿနာ ဘယ်ရှိမှာ….”

“ ကျွန်မ မလုပ်ဘူးဆို မလုပ်ဘူးပဲ … ရှင့်ဘာရှင် ဘယ်လိုပဲ ပြောပြော အသုံးမဝင်ဘူး … “

“ ကောင်းတယ်… ဒါရိုက်တာမြောင်က ခဏဆို ရောက်လာတော့မှာ … အဲ့အချိန်ကျရင်လည်း မင်း ဒီလို ဆက်ပြီး ခေါင်းမာနေဦးမယ်လို့ မျှော်လင့်တယ်…”

မကြာမီ ဓာတ်လှေကား တံခါး ပွင့်ဟလာပြီး မြောင်ကော်ဖုန်း ထွက်လို့လာသည်။

သို့သော် လင်းရီကို မြင်တွေ့လိုက်ရသည့် အချိန်တွင်ပဲ တစ်ကိုယ်လုံးကို ကြက်သီးဖြန်းခနဲ ဖြစ်သွားခဲ့၏။

ဒါရိုက်တာလင်းက ဘာလို့ ဒီရောက်နေရတာလဲ……။

“ ဒါရိုက်တာလင်းလည်း ဒီရောက်နေတာလား …”

မြောင်ကော်ဖုန်း လင်းရီကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

“ ဒီတိုင်း လမ်းလျှောက်ထွက်လာရုံပါ..” လင်းရီ တည်ငြိမ်သည့် လေသံဖြင့် တုံ့ပြန်လိုက်၏။

“ ဒါရိုက်တာမြောင် … သူလည်း မင်းတို့ဆေးရုံ ဒါရိုက်တာပဲလား …” လင်းရီအား ဒါရိုက်တာဟု အမည်တပ် ခေါ်လိုက်သည့်အတွက် လီကျန်းပေါင် အနည်းငယ် ကြက်သေသေသွားခဲ့သည်။

“ သူ အရင်က ကျုပ်တို့ နှလုံးခွဲစိတ်ဌာနမှာ ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်… အဲ့တုန်းက ဒါရိုက်တာလီနဲ့ ရွှေလက်တစ်စုံလို့တောင် တင်စားကြတာ … ခုတော့ နှုတ်ထွက်လိုက်ပါပြီ…”

“ လက်စသတ်တော့ အဲ့လိုကိုး … သဘောပေါက်ပြီ… အဲ့တော့ သူ့ကို ဘာလို့ စောက်ရေးလုပ်နေမှာ…” လီကျန်းပေါင် ပြောလိုက်၏။ “ ငါ ခုလေးတင် ဒါရိုက်တာလီနဲ့ ပြောနေတာ … သူက ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့အဖေကို ခွဲစိတ်မပေးနိုင်ဘူး ပြောနေတယ်… ဒါရိုက်တာမြောင် … ကျေးဇူးပြုပြီး ကြည့်ကြပ် ကိုင်တွယ်ပေးပါဦး …”

မြောင်ကော်ဖုန်း နဖူးမှစ ကျောပြင်တစ်လျှောက် ချွေးအေးစို့သွားခဲ့၏။

လင်းရီက ဤနေရာသို့ ရောက်နေလေရာ သူ အဘယ်၌ လီချူးဟန်အား တွန်းအားပေးဝံ့လိမ့်မည်နည်း။

သူက ခေါင်းဆောင် ဖြစ်သော်ငြားလည်း လီချူးဟန်၏ ကိစ္စ၌ ဝင်ရောက်ပါဝင်စွက်ဖက်ဖို့ အရည်အချင်း မရှိချေ။

ချောင်ရှင်း ထင်မှတ်ထားသည့်အတိုင်း အကယ်၍ လီချူးဟန် တစ်ယောက်တည်းသာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက မြောင်ကော်ဖုန်း ကြိုးစားပြီး ဖြောင်းဖြပေးချင် ဖြောင်းဖြပေးမိလိမ့်မည်။

သို့သော် လင်းရီလည်း ရောက်ရှိနေသဖြင့် အရာအားလုံး ပြောင်းလဲသွားခဲ့တော့၏။

မည်သူက လုပ်ဝံ့တော့မည်နည်း။

“ ကျုပ် နှလုံးခွဲစိတ်ဌာန အကြောင်း နည်းနည်း သိထားတယ်… ချောင်ရှင်းလေးရဲ့ အရည်အချင်းတွေကလည်း တော်တော်ကောင်းပါတယ်… ဒါရိုက်တာလီရဲ့ ကိုယ်ပိုင်တပည့်လို့တောင် သတ်မှတ်လို့ရတယ်… သူမ ခွဲစိတ်လို့လည်း အဆင်ပြေတယ်… ခင်များအဖေကို သူပဲ ခွဲစိတ်ပါစေ … “

လီကျန်းပေါင်၏ ဝမ်းကွဲက ကျိုးဟိုင် ဆေးအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သည်။ မြောင်ကော်ဖုန်း အပြစ်ပြုဖို့ မတတ်နိုင်ချေ။ ထို့ကြောင့် နှစ်ဖက်လုံးအား စကားကောင်းလေးများဖြင့် ချွေးသိပ်ပေးလိုက်၏။ သူ မည်သည့်ဘက်ကိုမျှ အပြစ်မပြုဝံ့ပေ။

“ ဟင်….”

လီကျန်းပေါင် မျက်မှောင်ကြုတ်မိသွားခဲ့သည်။

“ ဒါရိုက်တာမြောင် … မင်း ဒါ ဘာသဘောတုန်း … မင်းက တကယ်ကြီး အတွေ့အကြုံ မရှိတဲ့ ဒေါက်တာတစ်ယောက်ရဲ့ လက်ကို ဓားပေးပြီး ငါ့အဖေကို ခွဲစိတ်စေချင်နေတာလား …”

“ ချောင်ရှင်းလေးက အရွယ်သာ ငယ်ရင် ငယ်မယ်… အတွေ့အကြုံ မရှိတာမျိုး မဟုတ်ဘူး … အဲ့ကိစ္စ အရေးလုပ်ပြီး ခင်များ စိတ်ပူစရာ မလိုပါဘူး …” မြောင်ကော်ဖုန်း ပြောလိုက်ပြီး “ ကျုပ်တို့က ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း သွားနေတာ … သမားတော်လီက တကယ်ကြီး ဒီလို အဆင့် ခွဲစိတ်မှုမျိုးကို တကယ်ကြီး လုပ်စရာ မလိုတာ … ပြီးတော့ သူမက ဒီနေ့ တာဝန်မရှိဘူးလေ… ဆေးရုံရဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ သူမကို ဘယ်လိုလုပ် တွန်းအားပေးလို့ ရမှာလဲ…”

နှစ်ဖက်လုံးအား အပြစ်မပြုလိုသော်လည်း ကောင်းကျိုးဆိုးပြစ်များအား သေချာပိုင်းခြား ဝေဖန်ပြီးနောက် သူသည် လင်းရီဘက်တွင် ရပ်တည်ပေးဖို့ ဆုံးဖြတ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် သူသည် လင်းရီအား မည်သည့်နည်းနှင့်မျှ အပြစ်ပြုရန် မတတ်နိုင်သောကြောင့် ဖြစ်လေသည်။

“ မင်း ဒါဘာစကား ပြောတာ … ဒေါက်တာတွေက အနားယူနေတယ် ဆိုတာနဲ့ပဲ လိုအပ်နေတဲ့လူတွေကို မကူညီပေးတော့ဘူးလား …”

လီကျန်းပေါင် အတော်လေး ဒေါသထွက်နေခဲ့သည်။ မြောင်ကော်ဖုန်းသည် ယခုကဲ့သို့ မျက်နှာ နှစ်ဖက်နှင့် လူစားမျိုး ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

ယခုလေးတင် ဖုန်းထဲ၌ သဘောတူထားခဲ့သော်လည်း လူကိုယ်တိုင် ရောက်လာပြီးနောက် စကားက နောက်တစ်မျိုး ဖြစ်သွားခဲ့၏။ အမျိုးမျိုးလည်း တတ်နိုင်သည့် လူစားမျိုးပင်။

“ ဒီတိုင်း Cardiac stent လုပ်တာက တကယ်ကြီး ဘာမှ ခက်ခဲတဲ့ ကိစ္စ မဟုတ်လို့ ဒါရိုက်တာလီလို ဒေါက်တာအဆင့်တွေက လုပ်ဖို့ မလိုတာ …”

“ ကောင်းပြီလေ… အဲ့တာ မင်းပြောတာနော်….” လီကျန်းပေါင် ဒေါသချောင်းချောင်း ထွက်သွားခဲ့ပြီး နေရာ၌ မြောင်ကော်ဖုန်းအား လက်ညိုးထိုးကာ တံတွေးတစင်စင်နှင့် ပြောလိုက်၏။ “ ဒါရိုက်တာမြောင် … ငါမင်းကို ပြောလိုက်မယ်… ငါ့အဖေက ငါ့ဝမ်းကွဲရဲ့ ဦးလေး … သူ(မ)ဒီည ငါ့အဖေကို လာကြည့်ဦးမယ်လို့တောင် ပြောသွားခဲ့သေးတယ်.. သူ မေးလာခဲ့ရင် မင်း ဖြေရှင်းချက် ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်…”

မြောင်ကော်ဖုန်း ခေတ္တမျှ အေးခဲတောင့်တင်းသွားခဲ့ပြီး ကျဉ်းထဲကြပ်ထဲ ကျရောက်သွားခဲ့တော့သည်။ ကျူးပါးကျဲ့ မှန်ကြည့်သကဲ့သို့ အထဲရော အပြင်ပါ လူမဟုတ်တော့ချေ။

“ အဲ့ဒါဆိုလည်း ဒီမှာ လာပြီး ခွဲစိတ်မနေနဲ့တော့ …”

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် လင်းရီသည် ထိုအချိန်၌ စကားထွက်လာခဲ့၏။

“ သူတို့ကို တခြားဆေးရုံဆီ ပြောင်းဖို့ စီစဉ်ပေးလိုက်… နှလုံးခွဲစိတ်ဌာနမှာ လူနာတွေ ဒီလောက်များတာ ငါတို့ ဒေါက်တာတွေ ဒီလို ကိစ္စများ ကိုင်တွယ်နေဖို့ အချိန်မရှိဘူး …”

ချောင်ရှင်းနှင့် နာ့စ်များ၏ မျက်လုံးအရောင် လက်သွားခဲ့ပြီး နားတွေလည်း စွံ့လာခဲ့ကြ၏။ အစ်ကိုရီ ဒေါသထွက်လာပြီဆိုတော့ ပွဲကြည့်လို့ကောင်းပြီလေ။

မြောင်ကော်ဖုန်းလည်း လည်ဂုတ်ကျုံ့သွားခဲ့ပြီး အခြေအနေတို့က ဆိုးရွားသည့် ဘက်ခြမ်းသို့ ဦးတည်စ ပြုလာနေသည်ကို ခံစားနေရလေသည်။

လူတိုင်းက လီကျန်းပေါင်၏ ကံဆိုးမှုကို လှောင်ပြောင်နေကြသည်။ ဤလူသည် လီချူးဟန်အား အနိုင်ကျင့်ရန် ကြိုးပမ်းခဲ့သည်ကို လင်းရီ မည်ကဲ့သို့ ဒေါသမထွက်ဘဲ ရှိလိမ့်မည်နည်း။ သူတို့အားလုံးက ပွဲကောင်းတစ်ခုကို ကမ်းလင့်နေခဲ့ကြ၏။

လီကျန်းပေါင် တစ်ယောက်သာလျှင် ကြက်သေသေသွားခဲ့လေသည်။

နှုတ်ထွက်ပြီးဖြစ်သည့် ဒါရိုက်တာလေးတစ်ယောက်က သူ့အား ယခုလို လေသံမျိုးဖြင့် လာပြောဝံ့နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ ဟမ်… မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ … မင်းက နှုတ်ထွက်ပြီးပြီ… ဒါတောင် ဆေးရုံကိစ္စတွေ လာပြီး လက်ညိုးထိုးရဲနေသေးတယ် ဟုတ်လား … ထွက်သွားစမ်း ….”

ဝှစ် …

လင်းရီ ခြေထောက်မြှောက်၍ လီကျန်းပေါင်အား ကန်လိုက်၏။

တစ်ဖက်သူမှာ အငိုက်မိသွားခဲ့ကာ ချက်ချင်း ကြမ်းပြင်သို့ လဲကျသွားခဲ့လေသည်။

“ မင်း ငါ့ကို ကန်လိုက်တယ်… ဘယ်မှာလဲ ဥပဒေ … ဘယ်မှာလဲ အသိတရား …”

“ ငါက ဥပဒေပဲ … မင်းရဲ့ အဖေရော မင်းရဲ့ ပစ္စည်းတွေပါ သိမ်းပြီး ဒီက လစ်လိုက်တော့ …”

“ ဒါရိုက်တာလင်း … မင်း စိတ်အေးအေးထားပါ … ဒီလို အသေးမွှားကိစ္စလေးကို ဒီလောက်ထိ စိတ်တိုနေစရာမလိုပါဘူး …”

လင်းရီဘာမျှ ပြန်မပြောဘဲ လီချူးဟန်၏ လက်ကို ဆွဲကာ ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။

လင်းရီ ထွက်ခွာသွားခဲ့သော်လည်း နှလုံးခွဲစိတ်ဌာနသည် တိတ်ဆိတ်လို့ မသွားခဲ့ပါချေ။ လီကျန်းပေါင်၏ အော်ဟစ်ဆူညံနေသည့် အသံကို ကြားတော့ လူနာခန်းထဲကနေ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ထွက်လာခဲ့၏။

သူမ၏ နာမည်က ကျိုးလိယင်ဖြစ်ပြီး လီကျန်းပေါင်၏ ဇနီးမယား ဖြစ်၏။

“ လောင်လီ….”

ကြမ်းပြင်တွင် ဝမ်းဗိုက်အား ဖိနှိပ်ထားရင်း နာကျင်စွာ အော်ဟစ်ညည်းညူနေသည့် ခင်ပွန်းဖြစ်သူကို မြင်တာ့ ကျိုးလိယင် အစောတလျင် အနားသို့ပြေးလာခဲ့၏။

“ ဘာတွေ ဖြစ်သွားခဲ့တာလဲ … ရှင်က ဘာလို့ ဒီမှာ လဲနေရတာလဲ…”

“ ဘာမှ မဖြစ်ဘူး … ဒီကိစ္စ ငါ့ဘာငါ ကိုင်တွယ်လိုက်မယ်…”

လီကျန်းပေါင်သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာရော လည်ပင်းပါမကျန် ရဲရဲနီနေသည်။

ချောင်ရှင်း ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်၏။

ဟွန့် .. ရှင့်ကိုယ်ရှင် အစ်ကိုရီကို တကယ်ကြီး ကိုင်တွယ်နိုင်မယ်လို့ ထင်နေတယ်တဲ့လား …

အွက်…

“ ဆေးရုံအုပ်မြောင် … ရှင် ကျွန်မကို ဖြေရှင်းချက်ပေးမယ်လို့ မျှော်လင့်တယ်… မဟုတ်လို့ကတော့ အကျိုးဆက်တွေ ခံယူဖို့ ပြင်ထားလိုက် …”

မြောင်ကော်ဖုန်း ခေါင်းအား ခါရမ်း၍ သက်ပြင်းချလိုက်သည်။

“ လီကတော်… ဒီကိစ္စ ငါလည်း များများ ပြောလို့မရဘူး … မင်းရဲ့ အဖေက မနေ့ကမှ ဒီကို ရောက်လာတာဆိုတော့ အခန်းခကို ငါ မယူတော့ဘူး … သူ့ကို တခြားဆေးရုံမှာပဲ သွားပြလိုက်ပါ…”

လီကျန်းပေါင် ကြက်သေသေသွားခဲ့၏။

“ မင်းဘာပြောလိုက်တယ်… မင်း ငါ့အဖေကို တကယ်ကြီး တခြား ဆေးရုံ ပြောင်းခိုင်းနေတာလား …”

“ ကျုပ်မဟုတ်ဘူး … အဲ့တာက ဒါရိုက်တာလင်း ပြောင်းခိုင်းထားတာ … ကျုပ်လည်း တကယ်ဘာမှမတတ်နိုင်လို့ပါ…”

“ မင်း ရူးနေတာလား … ငါ့ အစ်မဝမ်းကွဲက ဘယ်သူလဲ မင်း မသိတာလား …”

လီကျန်းပေါင်သာမက ကျိုးလိယင်သည်လည်း ဤကိစ္စက အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားနေရသည်။

ဒီဆေးရုံက ဘယ်လိုဆေးရုံကြီးလဲ….။

“ တကယ်လို့ လူကြီးမင်းလီ ကန့်ကွက်လိုတယ်ဆိုရင် မင်းရဲ့ အစ်မကို ဖုန်းခေါ်လိုက်… ကျုပ် သူနဲ့ ဖုန်းပြောလိုက်မယ်…”

“ မင်းပြောတာနော်… မင်း ဒီကိစ္စ ဘယ်လို ကိုင်တွယ်မလဲ ငါ ကြည့်စမ်းဦးမယ်…” လီကျန်းပေါင် ဖုန်းအား ကိုင်၍ ပြောလိုက်ပြီး “ ငါတော့ မင်းရဲ့ ခေါင်းနဲ့ ပခုံးနဲ့ သိပ်မြဲမှာ မဟုတ်တော့ဘူးလို့ ထင်တယ်…”

မကြာမီ ဖုန်းဝင်သွားခဲ့ပြီး လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်ရန် လီကျန်းပေါင် စပီကာ ဖွင့်ထားလိုက်သည်။

“ ဝမ်းကွဲအစ်မ … ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်.. မြောင်ကော်ဖုန်းက အဖေ့ကို တခြား ဆေးရုံ ပြောင်းခိုင်းနေပြီ…”

All Chapters