ကျီမိသားစုရဲ့ မိသားစု ညစာစားပွဲ
Vol. 105 Ch. 1567
“ အာ … အစ်မ မြောင်ကော်ဖုန်းနဲ့ ဖုန်းပြောပြီးပြီလေ… သူ နင်တို့ကို တခြား ဆေးရုံ ပြောင်းခိုင်းတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ….”
ဖုန်းထဲရှိ အမျိုးသမီး၏ လေသံက အံ့အားသင့်သွားပြီးနောက် မကျေမနပ် ဒေါသလည်း ထွက်နေသည့် လေသံပင်။
“ အဖေ့ကို ခွဲစိတ်ဖို့ဆိုပြီး ဝမ်းကွဲ လီချူးဟန်ကို စီစဉ်ပေးခဲ့တာ မဟုတ်ဘူးလား … ဒါပေမယ့် တွေ့ပြီးတော့ သူက အဖေ့ကို ခွဲစိတ်မှု မလုပ်ပေးဘဲ ပြန်ထွက်သွားခဲ့တယ်.. အဲ့နောက် အမျိုးသားတစ်ယောက် ပေါ်လာပြီး ကျွန်တော့်ကို ကန်ရုံတင် မကဘူး .. အဖေ့ကို တခြား ဆေးရုံ ရွေ့ဖို့ မြောင်ကော်ဖုန်းကိုပါ ပြောသွားခဲ့သေးတယ်… ကျွန်တော် တကယ် သည်းမခံနိုင်တော့ဘူး … ဝမ်းကွဲအစ်မ … မင်းလာပြီး သေချာကိုင်တွယ်ရမယ်နော်…”
“ နင် ခဏစောင့် … ငါ မြောင်ကော်ဖုန်းဆီ ဖုန်းဆက်ပြီး ဘာတွေဖြစ်နေလဲ မေးကြည့်လိုက်ဦးမယ်…”
“ ခေါ်စရာမလိုဘူး … သူ အခု ကျွန်တော့်ဘေးမှာ … စပီကာလည်း ဖွင့်ထားတယ်…”
“ မြောင်ကော်ဖုန်း … ရှင် ဒါဘာသဘောတုန်း … အဲ့လူက ကျွန်မရဲ့ ဦးလေးဆိုတာ ရှင်မသိတာလား … ကျွန်မရဲ့ မောင်လေးကိုလည်း သူများကို ပေးအနိုင်ကျင့်စရာလား … ရှင်ဘာတွေ စဉ်းစားနေတာလဲ…”
“ ခေါင်းဆောင်လီ… မင်းငါ့ကိုချည်း အပြစ်တင်နေလို့ ဘယ်ရမှာ … မင်း မောင်ကို ရိုက်သွားခဲ့တဲ့လူက လင်းရီ၊ ဒါရိုက်တာလင်း … ငါနဲ့ ဘာဆိုင်လို့ …”
“ ရှင်ဘာပြောလိုက်တယ်… ဒါရိုက်တာလင်း လုပ်သွားခဲ့တာ ဟုတ်လား …”
“ ဟုတ်တယ်… သူပဲ ….”
မြောင်ကော်ဖုန်းလည်း သူ ဤကိစ္စကို ကိုင်တွယ်နိုင်မည် မဟုတ်မှန်း သိသဖြင့် အမှန်တရားကို ပြောပြဖို့ရာ ရွေးချယ်လိုက်သည်။
“ သူ သမားတော်လီကို လာရှာတဲ့ အချိန် မင်းမောင်က သမားတော်လီကို ပြဿနာ ရှာတဲ့ အချိန်နဲ့ ပက်ပင်းတိုးသွားတာ … အဲ့မှာ နှစ်ဖက် အချင်းများကြပြီး သူက မင်းဦးလေးကို တခြားဆေးရုံ ရွေ့ဖို့ ပြောသွားတယ်.. သူက ဟွာရှန်းဆေးရုံမှာ ခွဲစိတ်မှု လုပ်ဆောင်ခွင့် မပြုနိုင်ဘူး … ဒါကြောင့်မို့ . . . . . .”
“ ကျွန်မ နားလည်ပြီ… ဒါဆိုလည်း ဒါရိုက်တာမြောင်ကို ဒုက္ခပေးရတော့မယ်…”
ဖုန်းထဲရှိ အမျိုးသမီး၏ သဘောထားသည် ၃၆၀ ဒီဂရီမျှ ပြောင်းလဲသွားခဲ့၏။ ထို့နောက် သူမ လီကျန်းပေါင်အား ပြောလိုက်သည်။
“ ဒုတိယ ဦးလေးရဲ့ အခြေအနေ ဘယ်လိုရှိလဲ…”
“ ခုတော့ တည်တည်ငြိမ်ငြိမ်ပါပဲ.. ဒါပေမယ့် လုံးဝကောင်းနေတာကြီးတော့ မဟုတ်ဘူး .. အမြန် ခွဲစိတ်ပေးဖို့ လိုတယ်…”
“ အဲ့လိုလား … ဒါရိုက်တာမြောင်နဲ့ ပူးပေါင်းပေးပြီး ဒုတိယဦးလေးကို တခြား ဆေးရုံ ရွေ့ဖို့ လုပ်လိုက် …”
လီကျန်းပေါင် ကြက်သေသေသွားခဲ့၏။
“ ဝမ်းကွဲအစ်မ … မင်း ဘာတွေ ပြောနေတာ … မင်း တကယ်ကြီး အဖေ့ကို တခြား ဆေးရုံ ပြောင်းခိုင်းတော့မလို့လား …”
“ နင်က အပြစ်မပြုသင့်တဲ့လူကို အပြစ်ပြုမိခဲ့ပြီ… တခြား ဆေးရုံ ပြောင်းခိုင်းတာက ပြစ်ဒဏ် အသေးစားလေးလို့တောင် ပြောလို့ရတယ်…”
“ ကျွန်တော် သူ့ကို အပြစ်မပြုနိုင်ဘူးဆိုတာတော့ ကျွန်တော် ဝန်ခံတယ်… ဒါပေမယ့် ဝမ်းကွဲတောင် မရဘူးလား … “
“ အဲ့လူက သွားရှုပ်လို့ကောင်းတဲ့လူ မဟုတ်ဘူး … ငါတို့ သူ့ကို စိတ်ညိုညင်အောင် လုပ်မိရင် ငါတောင်မှ အသာလေး ရာထူးပြုတ်သွားနိုင်တယ်…”
စုံတွဲမှာ တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်မိကြသည်။
အဆိုပါ လူငယ်လေး၌ ဤသို့သော ကြောက်မက်ဖွယ်ကောင်းသည့် အထောက်အထား တစ်ခု ရှိနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
“ ကျွန်တော်… ကျွန်တော် နားလည်ပြီ.. အခုပဲ အဖေ့ကို ရွေ့ဖို့ ပြင်ဆင်လိုက်တော့မယ်…”
လီကျန်းပေါင်၏ သနားစဖွယ် အခြေအနေကို မြင်တော့ ချောင်ရှင်း ခေါင်းကို ဝင့်ကြွားစွာ မော့လိုက်၏။
သူကများ ဒါရိုက်တာလီကို အနိုင်ကျင့်ချင်နေသေးတယ်။ ဖြစ်တာတောင် နည်းသေး ။ ဟွန့်…။
ဒါက ပြန်ပြီး လက်စားချေလိုက်ရတယ်ဆိုတဲ့ ခံစားချက်များလား ။ ဒီခံစားချက်က သိပ်ကောင်းတာပဲ။
......
ဆေးရုံကနေ ထွက်လာခဲ့ပြီးနောက် လင်းရီသည် လီချူးဟန်အား တိုင်းစကွဲသို့ ခေါ်လာခဲ့၏။ သူမအတွက် အင်္ကျီအသစ်များ ဝယ်ပေးပြီး စူပါမားကတ်သို့ သွားကာ နေ့လည်စာ အတွက် ပြင်ဆင်လေသည်။
ခွဲစိတ်ခန်းသုံးဓားတစ်ချောင်းဖြင့် လီချူးဟန်သည် နဂါးတစ်ကောင်၊ မြွေတစ်ကောင်ကဲ့သို့ ကျင်လည်စွာ လှုပ်ရှားမှု ပြုနိုင်သည်။ သို့သော် သူမ၏ ဟင်းချက်ဓားကိုင်သည့် စကေးကတော့ အနည်းငယ် လိုအပ်နေသေး၏။
လင်းရီ သူမကို သခွားသီး လှီးရန် တောင်းဆိုလိုက်သော်လည်း နောက်ဆုံး ထွက်လာသည်က တော်တော်လေးကို ကြောက်ဖို့ကောင်းသည့် ပုံဆိုးပန်းဆိုးကြီးများပင်။
သူမက ကူညီမည်ဟု ပြောနေသော်လည်းပဲ လင်းရီ မီးဖိုချောင်ထဲက မောင်းထုတ်ထားလိုက်၏။
သို့သော် ဝေးဝေးလံလံ သွားမနေချေ။ တံခါးဝတွင် ရပ်နေရင်း လင်းရီ ချက်ပြုတ်နေသည်အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။
သူမအဖို့ သူမပိုင်ဆိုင်ရသည် ဖြစ်စေ ၊ ပိုင်ဆိုင်ခွင့် မရှိခဲ့သည် ဖြစ်စေ ၊ ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမ လက်ရှိ ရရှိနေသည့်အရာအားလုံးကို ကောင်းကင်က ပေးအပ်ထားခြင်းဖြစ်ပြီး မည်သည့်အရာကို မဆို သူမ သဘောကျ နှစ်သက်သည်။ တန်ဖိုးလည်းထားသည်။
ဤမျှနှင့်ပင် ကျေနပ်တင်းတိမ်နိုင်ပြီးဖြစ်၏။
ချက်ပြုတ်နေစဉ် လင်းရီ အချိန်ခန့်မှန်းမှု တစ်ခု ပြုလိုက်၏။
အစောပိုင်းတုန်းက ကျီချင်းရန် ဖုန်းဆက်လာသည်။ သူမပြောသည်က တုံးထင်းဗီလာသို့ ငါးနာရီ မတိုင်မီ ရောက်ရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် ဟော်ယွမ်ယွမ်တို့ ဈေးဝယ်ထွက်သည်က ထိုအချိန် ဝန်းကျင်မှသာ ပြီးဆုံးမည် ဖြစ်သောကြောင့်ပင်။
လင်းရီ အကြမ်းဖျင်း တွက်ချက်မှု တစ်ခု ပြုလိုက်၏။
နှစ်နာရီ ကျန်ရှိနေသေးသဖြင့် သူနှင့် လီချူးဟန်တို့ စားသောက်ရန် အချိန်လုံလောက်လေသည်။
နေ့လည်စာကို တခမ်းတနားကြီး လင်းရီ လုပ်မနေခဲ့ချေ။ အသားဟင်းနှစ်ခွက်၊ အရွက်နှစ်ခွက်နှင့် အရည်သောက် တစ်ပန်းကန် ပြုလုပ်လိုက်သည်။ များလှသည်တော့ မဟုတ်ပေမယ့် သူတို့နှစ်ယောက် စားဖို့အတွက်တော့ လုံလောက်လေသည်။
“ မင်းအတွက် ဝယ်ပေးထားတဲ့ အိမ်ကို ဘယ်တော့လောက် မွမ်းမံပြင်ဆင်မယ် စိတ်ကူးထားလဲ …”
“ အဲ့လောက် အိမ်အကြီးကြီးမှာ တစ်ယောက်တည်းနေဖို့က နည်းနည်း မချဲ့ကားလွန်းဘူးလား …” လီချူးဟန် ပြောလိုက်ပြီး “ နင် ပြန်ယူပြီး ရောင်းလိုက်ရင်ကော … အဲ့တာက ပိုက်ဆံ အများကြီးလေ….”
“ ငါသာ အဲ့လောက် ပိုက်ဆံနည်းနည်းလေးကို ကပ်တွက်နေရင် မင်းကို အဲ့ဒီအိမ်တောင် ဝယ်ပေးဖြစ်မှာ မဟုတ်ဘူး …” လင်းရီ ပြောလိုက်ပြီး “ စိတ်ကြိုက် ပြင်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခု ရှာပြီး အိမ်ကို ပြန်ရွှိုင်းလိုက် … နောင်ကျ ဒီမှာပဲ ကုပ်ခြစ်ပြီး နေမနေနဲ့တော့ …”
“ အိုကေ အိုကေ … သိပါပြီ…” လီချူးဟန် ပြောလိုက်၏။
“ နှစ်သစ်ကူးပြီးရင် ကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်လိုက်မယ်..”
“ မင်းသေချာလား …”
“ လုံးဝ သေချာတယ်…”
“ လူကို စိတ်ချမ်းသာအောင်ဆိုပြီး ဒီတိုင်း ပြောလိုက်တာ မဟုတ်လား …”
“ ဘယ်နားကသာ … နှစ်သစ်ကူးပြီးသွားရင် ငါ ကျိန်းသေပေါက် ရှာမှာ…”
“ ဒါပေမယ့် ဒီလောက်လည်း ကြာနေပြီကို လူလည်း အလုပ်များတာ မဟုတ်ဘဲနဲ့ ဘာလို့ အဲ့ဒီ ကိစ္စကို မလုပ်ရသေးတာ …”
လီချူးဟန် နှုတ်ခမ်းကိုက်လိုက်၏။
“ တကယ်တမ်းကျတော့ ငါ အရင်က အိမ်ပြန်ပြင်ဆင်မွမ်းမံပေးတဲ့ ကုမ္ပဏီတစ်ချို့ဆီ သွားခဲ့ပြီးပြီ..”
“ အဲ့တော့ … သဘောကျတာ တစ်ခုခု မတွေ့ခဲ့ဘူးလား …”
“ အိမ်ကို တစ်ချက်ကြည့်ပေးဖို့ ငါသူတို့ကို ပြောလိုက်တယ်… သူတို့ အကြံပြုပေးလာတဲ့ ဈေးအပေါဆုံးကတောင် ယွမ်ရှစ်သိန်းကျော်တယ်… ငါ့မှာ အဲ့လောက်ထိ ပိုက်ဆံ အများကြီး မရှိဘူး … အခုချိန် ပိုက်ဆံစုပြီး တစ်သန်းလောက် ရတော့မှ လုပ်မလားလို့…”
“ မင်းဘာလို့ အစောကြီးကတည်း မပြောတာလဲ…”
လင်းရီ လီချူးဟန်ထံ ယွမ်ငါးသန်း လွှဲပေးလိုက်၏။
“ ယူပြီး စိတ်ကြိုက်တာလုပ် …. ဘာမှ စုထားမနေနဲ့ …”
“ ငါ နင့်ရဲ့ ပိုက်ဆံကို မလိုချင်ဘူး …” လီချူးဟန် ပြောလိုက်ပြီး “ နင်နဲ့ အတူရှိတယ်ဆိုတာ ပိုက်ဆံကြောင့် မဟုတ်ဘူး …”
“ ငါနဲ့ အတူရှိတယ်လို့ ပြောပြီးမှတော့ ပိုက်ဆံကိစ္စတွေ လာပြောမနေနဲ့တော့ … ငါက ယူဆို ယူလိုက် …”
“ သိပါပြီ…”
နေ့လည်စာ စားပြီးနောက် လင်းရီသည် လီချူးဟန်၏ ပေါင်ပေါ် လဲလျောင်း၍ သူမခွံ့ကျွေးသည့် အသီးများအား စားရင်း TV ခေတ္တ ကြည့်လိုက်သည်။ အခန်းတွင်း၌ နွေးထွေးပြီး သက်တောင့်သက်သာ ရှိသည့် လေထုက အစိုးရနေသည်။
မွန်းလွဲညနေ လေးနာရီတွင် လင်းရီသည် ပစ္စည်းများအား သိမ်းဆည်း၍ ကျီချင်းရန်၏ အိမ်သို့ ထွက်လာခဲ့လိုက်သည်။
ဗီလာဝင်ပေါက်ဝတွင် ဇိမ်ခံကား ၂၀ ကျော် စီတန်းရပ်တန့်ထား၏။
ဖာရာရီနဲ့ ပေါ်ချယ်ကဲ့သို့သော ယွမ် သန်းကျော် ပေးရသည့် ကားများလဲ ရှိသလို BBAS ကဲ့သို့ သာမန်ကားများလည်း ပါဝင်သည်။ ဈေးအပေါဆုံးကတော့ ယွမ်သုံးသိန်းကျော် ပေးရသည့် Cadillacs ပင်။
ဤအဆင့်ရှိသည့် ကားက လင်းရီ၏ ကားဂိုဒေါင်ထဲတွင် ဖြစ်မည်ဆိုပါက ပြောပလောက်မည် မဟုတ်သော်လည်းပဲ ယခုနေရာတွင် ထိုးရပ်ထားသည့်အချိန်တွင်တော့ အတော်လေး အထင်ကြီးဖို့ ကောင်းလှသည်။
ဗီလာထဲတွင် အသက်အရွယ်မျိုးစုံရှိသည့် လူတို့ဖြင့် ပြည့်နှက်နေပြီး စုစုပေါင်း အယောက် ၃၀ ကျော်မျှ ရှိ၏။
မူလတုန်းက ကျီမိသားစုတွင် ထိုမျှ ဆွေမျိုးမများပေ။ သို့သော် ကျီချင်းရန်၏ အမေဘက်က အဖိုးနှင့် အဖွားက ယခင် ၂ နှစ်တွင် ဆုံးပါးသွားခဲ့၏။
ကျီချင်းရန်၏ အဖေဘက်က အဘိုး ၊ ကျီရုံချင်းသည် ကျီချင်းရန် ဦးလေး၏ ဆွေမျုးများအား ဤနေရာသို့ ဖိတ်ခေါ်ကာ နှစ်သစ်ကူးရန် အကြံပေးခဲ့လေသည်။
လူတိုင်းကလည်း အဆိုပါ အကြံဉာဏ်ကို တညီတညွှတ်တည်း ထောက်ခံကြသည်။
ပထမတစ်ချက် ၊ လူများသဖြင့် အသက်ဝင်မှု ရှိသည်။ ဒုတိယအနေဖြင့် ကျီမိသားစုက မိသားစုကြီး တစ်ခုဖြစ်ပြီး အရွယ်အစား အရ စုန့်မိသားစုထက် အဆပေါင်းများစွာ သန်မာအားကောင်းလှသည်။ အကယ်၍ နှစ်သစ်ကူးရင်း စီးပွားရေး ကိစ္စတစ်ချို့ ဆွေးနွေးနိုင်ခဲ့မည် ဆိုပါက မိသားစု အသီးသီး၏ လုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေနိုင်သည်။
ထိုအခိုက်အတန့်တွင် မိသားစုထဲရှိ လူကြီးများအားလုံးက မီးဖိုချောင်ထဲတွင် အလုပ်များနေကြပြီး လူငယ်မျိုးဆက်များကတော့ စကားပြောရင်း၊ သီချင်းဆိုရင်းဖြင့် ဂိမ်းအတူတူ ကစားနေကြသည်။ မြင်ကွင်းက အတော်လေးကို လိုက်လျောညီထွေ ရှိလှ၏။
“ ဒေါ်လေး … မမက ဘယ်တော့ ပြန်လာမှာလဲဟင်…”
ပြောလိုက်သူက မိန်းကလေး တစ်ယောက်ပင်။ သူမက ခန္ဓာကိုယ်၏ စွဲမက်ဖွယ်ကောင်းသည့် အစိတ်အပိုင်းတို့အား ဖုံးကွယ်ထားပေးသည့် သာမန် ပွယောင်းယောင်း အဝတ်များကို ဝတ်ဆင်ထားပြီး ရုပ်ရည်ကလည်း အင်မတန် ကြည့်ကောင်းလှကာ ကျီချင်းရန်၏ မိခင် စုန့်မင်ဟွေ့နှင့် အနည်းငယ် ဆင်တူလှသည်။
အနှီမိန်းကလေးက လင်းယွင်အုပ်စုသို့ မကြာသေးခင်ကပဲ ရင်းနှီးမြုပ်နှံမှု ကိစ္စနှင့် ရောက်လာခဲ့သည့် စုန့်ကျားယွီပင် ဖြစ်သည်။
“ ဒေါ်လေး အခုတင်ပဲ သူ့ဆီ ဖုန်းဆက်ထားတယ်… သူပြောတာ အိမ်ရောက်လာတော့မယ်တဲ့ … နောက်ထပ် မိနစ်နည်းနည်းလောက်ပဲ ထပ်စောင့်လိုက်နော် …” စုန့်ဝန်ဟွေ့ မီးဖိုချောင်ထဲမှ လှမ်းအော်ပြောလိုက်၏။
“ သမီးသူ့ကို ထပ်ခေါ်လိုက်မယ်.. ဒီက ရောက်တာဖြင့် ကြာလှပြီကို သူကျတော့ ခုထိလည်း ရောက်မ်လာသေးဘူး … ခဏကျရင်တော့ ကောင်းကောင်း ရန်ဖြစ်ရမယ်… သူများကို ပေါ့တန်တန် သိပ်သဘောထားလွန်းတယ်…”
“ ငါနဲ့ ဘာတွေ ရန်ဖြစ်ချင်တာ … နှစ်သစ်ကူးမို့ နင့်ကို သင်ခန်းစာ မပေးရဲဘူးထင်ရင် မှားသွားမယ်နော်…”
ကျီချင်းရန်သည် တံခါးဝတွင် ထွက်ပေါ်လာပြီး သူမလေးအား ခြိမ်းခြောက်လိုက်၏။