← Chapters

ကျိုးဟိုင် အကောက်ခွန်ရုံး

Vol. 105 Ch. 1569

ကျိုးဟိုင် အကောက်ခွန်ရုံး

Vol. 105 Ch. 1569

စုန့်ကျားယွီ၏ စကားလုံးတို့က ကျီချင်းရန်ကို ကြက်သေသေသွားစေခဲ့သည်။

“ နင် ဘာပြောလိုက်တယ်… သူက နင့်ကို ရင်းနှီးမြုပ်နှံပေးခဲ့တဲ့လူ ဟုတ်လား …”

“ အွန်း … ဒါပေမယ့် ညီမ သိချင်တာ ဘာလို့ ဥက္ကဌလင်းက ဒီရောက်လာရတာလဲ … သူ ညီမကို နှစ်သစ်ကူး လက်ဆောင် လာပို့ပေးတာများလား …”

စုန့်ကျားယွီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ “ ဒါပေမယ့် ထပ်ပြောလိုက်ဦးမယ်… မမ နင်ကြည့်ကြည့် … ဥက္ကဌလင်းက မချောဘူးလား … ညီမသာ သူနဲ့ ချိတ်မိသွားရင် ဒီနေ့ ပြဿနာလည်း ဖြေရှင်းနိုင်သွားပြီ…”

ကျီချင်းရန်၏ မျက်နှာ မည်းမှောင်သွားခဲ့တော့သည်။ သို့သော် ခပ်မဆိတ်သာ နေလိုက်၏။

သူမ လင်းရီနှင့် နောက်ကျ စာရင်းရှင်းရန် စိတ်ထဲ တေးထားလိုက်သည်။

စုန့်ကျားယွီ မတ်တပ်ရပ်ပြီး လင်းရီထံ လျှောက်သွားကာ ရောက်လာရခြင်း အကြောင်းအရင်းကို မေးရန် ဟန်ပြင်လိုက်သည်။

အကယ်၍ ဤနေရာသို့ လက်ဆောင်ပေးရန် ရောက်လာခဲ့သည် ဆိုပါက ဆိုလိုသည်မှာ သူသည် ကျီမိသားစုနှင့် ဆက်ဆံရေး တစ်ခု ရှိနေသည်ဟု ဆိုလိုသည်။ ဤနည်းလမ်းဖြင့် သူမတို့နှစ်ဦး၏ ပတ်သက်ဆက်နွယ်မှုမှာ ပိုပြီး တိုးတက်သွားနိုင်လေသည်။

သို့သော် ထိုအခိုက်အတန့်တွင် စုန့်မင်ဟွေ့က ခြေတစ်လှမ်းသာသွားခဲ့ပြီး လင်းရီအား အိမ်ထဲသို့ ဖိတ်မန္တက ပြုလိုက်၏။

“ အိုက်ယား … လာမယ်ဆိုလည်း လာပေါ့ … ဘာလို့ ဒါတွေ ဝယ်လာခဲ့ပြန်တာ… နင်နောက် ဒီလိုလုပ်လို့ မရဘူးနော်…”

“ သိပ်အများကြီးလည်း မဝယ်ခဲ့ပါဘူးဗျာ…” လင်းရီ ပြုံးလိုက်သည်။

တစ်ချိန်တည်းတွင် ကျီချင်းရန်ဘေး၌ ထိုင်နေသည့် စုန့်ကျားယွီကို မြင်တွေ့သွားခဲ့ပြီး အကြည့်တစ်ချက်နှင့် လင်းရီ တန်းမှတ်မိသွားခဲ့၏။

သူကရော ကျီမိသားစုရဲ့ ဆွေမျိုးပဲလား။

လင်းရီ မသိစိတ်အလျောက် တစ်စုံတစ်ရာကို ဆက်စပ် တွေးမိသွားခဲ့သည်။ သူ့ ယောက္ခမကြီး၏ မျိုးရိုးနာမည်က စုန့်ဖြစ်သဖြင့် သူမက စုန့်မင်ဟွေ့၏ တူမ ဖြစ်ဖို့များ၏။

စိတ်ဝင်စားဖို့တော့ ကောင်းနေချေပြီ။

နှစ်ယောက်သား ရယ်ရယ်မောမောနှင့် စကားတွေ ပြောနေသည်ကို မြင်တော့ စုန့်ကျားယွီမှာ မရယ်ရွှင်နိုင်တော့ချေ။ ထိုအစား အနည်းငယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့၏။

“ ဒေါ်လေးတို့က အချင်းချင်းသိကြတာလားဟင်…”

“ ဒီကလေးနှယ် ဘာတွေ လျှောက်ပြောနေတာ … ဒါ နင့်ရဲ့ ခဲအို … ကိုယ့်ခဲအိုတောင် ကိုယ်မသိဘူးလား …”

“ ခဲအို …………………”

စုန့်ကျားယွီ သူမကိုယ်သူမ မိုးကြိုးအပစ်ခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။ လေထုသည်လည်း ကိုးရို့ကားယားနိုင်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့၏။

ဒါဆိုရင် သူမက ကိုယ့်ခဲအိုကို ဖျားယောင်းမိသွားခဲ့တာပေါ့နော်။

ဒါပေမယ့် သူမရဲ့ ခဲအိုကလည်း ဘာလို့ ဒီလောက်ချော၊ ဒီလောက်ခန့်ပြီး ဒီလောက်ချမ်းသာနေရတာလဲ။

စုန့်ကျားယွီ စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းကို တောင့်တောင့်ကြီးလှည့်ကာ ကျီချင်းရန်ထံ လှည့်ကြည့်လိုက်၏။ သူမဆီက အဖြေတစ်ခုကို မျှော်လင့်နေခဲ့မိသည်။

သို့သော် သူမ၏ အေးစက်စက် မျက်နှာကို မြင်တော့ ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။

“ လင်းရီ … နင် ငါနဲ့လိုက်ခဲ့ ….”

ကျီချင်းရန် မတ်တပ်ရပ်ပြီး လင်းရီကို အပြင် ခေါ်ထုတ်သွားခဲ့သည်။

စုန့်ကျားယွီ ဇက်ပုသွားခဲ့၏။ အပြစ်တစ်ခုခု လုပ်ထားမိသည့် စိတ်က အမှန်ပင် မျိုသိပ်ရခက်ခဲလှသည်။

“ ဘယ်လိုဖြစ်တာ … နှစ်သစ်ကူးကို အမူအရာလည်း မကောင်းပါလား …”

လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိ၏။ သူ လီချူးဟန်ထံ သွားသည့် ကိစ္စလည်း ဖော်ထုတ်ခံရခြင်း မရှိချေ။ စောနတုန်းကပင် သူနှင့် ဖုန်းပြောနေခဲ့လေသည်။ အဘယ်ကြောင့် ယခုလို အမူအရာမျိုး ပြုနေရသနည်း။

သူ လုံးဝ နားမလည်နိုင်တော့ချေ။ သို့ပေမယ့် ဘာတွေပဲ ဖြစ်လာလာ တောင်းပန်လိုက်သည်က ကောင်း၏။ အကြောင်းပြချက် မသိပေမယ့် တောင်းပန်လိုက်သည်က မမှားပေ။

“ နင် ကျားယွီဆီမှာ သန်း ၃၀ ရင်းနှီးမြုပ်နှံပေးတယ်ဆို …” ကျီချင်းရန် လင်းရီအား အစုန်အဆန် သေချာကြည့်လိုက်ပြီး “ ပြီးတော့ နင့်ဘက်ကတောင် သူ့လက်ထဲ ယွမ် ၁၀ သန်း အတင်းထိုးထည့်ပေးခဲ့သေးတယ် ဟုတ်လား ..”

“ အင်း အမှန်ပဲလေ…”

ရင်းနှီးမြုပ်နှံမှု ကိစ္စအကြောင်း မေးမြန်းလာသည့်အခါ လင်းရီ၏ ယုံကြည်ချက်တို့ တစ်ဖန် ပြည့်လွှမ်းလာခဲ့တော့သည်။

“ အမှန်အတိုင်း ပြောရရင် သူ့ရဲ့ Fitness Project က offline Physical industry တစ်ခုပဲလေ… ငွေကို ပုံအောပြီး သုံးရမယ့် ပရောဂျက် … စီးရီးအေ အတွက် ယွမ် သန်း ၃၀ ဆိုတာ နှစ်လတောင် ခံချင်မှခံမှာ … မများပါဘူး …”

( Fitness project - အဆီချ/ကိုယ်ခန္ဓာ ကျစ်လစ် သွယ်လျ လှပအောင် လုပ်သည့် ပရောဂျက် )

“ ဒါပေမယ့် ကျားယွီပြောတာတော့ အဲ့လို မဟုတ်ပါဘူး …” ကျီချင်းရန် ရင်ဘက်ရှေ့ လက်ကို ပိုက်လိုက်ပြီး လင်းရီကို မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“ ဟင်… သူက ဘာပြောလို့ …”

“ သူပြောတာ နင်က သူ့ ပေါင်တံကို သဘောကျနေတယ်တဲ့ … အဲ့တာကြောင့် နင် သူ့ကို သန်း ၃၀ ပေးလာခဲ့တာတဲ့ …”

လင်းရီ ‘ ငါလဂိုးပဲ ‘

“ သူ့ ခြေတံတွေက ငါ့မျက်စိထဲမှာ ဘာမှမဟုတ်ပါဘူးကွာ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီပရောဂျက်က မဆိုးဘူး ခံစားရလို့ … အဲ့တာကြောင့် ရင်းနှီးမြုပ်နှံပေးလိုက်တာ … သူ့ ပေါင်တံတွေနဲ့ ဘာမှ မပတ်သက်ဘူး …”

“ အဲ့တာတော့ ငါ ဘယ်လိုလုပ်သိမှာ…”

“ သူ့ခြေတံတွေကဖြင့် ဟော်ယွမ်ယွမ်လောက်တောင် မလှတာကို ကိုယ့်ရဲ့ ချင်းရန်နဲ့ ယှဉ်လို့ကတော့ မိုင်ရာချီ ဝေးနေမှာပဲ … ဒီ အရေးမပါတာလေးတွေ စာဖွဲ့ ပြောဖို့ လိုလို့လား …” လင်းရီ ပြောလိုက်ပြီး “ လင်းယွင်အုပ်စုက အမျိုးသမီး ဝန်ထမ်းတွေက အလှဆင်ရုံသပ်သပ် ခန့်ထားတယ်လို့များ ထင်နေလား …”

လင်းရီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျီချင်းရန်၏ စိတ်ခံစားချက်တို့ အများအပြား ပြန်လည်ကောင်းမွန်လာသည်။

အမှန်တကယ်တော့ သူမလည်း ထိုပုံပြင်ကို မယုံကြည်ချင်ပေ။

မည်သို့ပင်ဆိုစေ သူမ ညီမ၏ ခြေတံတို့က သူမလောက်ပင် လှပသွယ်လျနေခြင်း မရှိချေ။

“ လိမ္မာတယ်... သူများ ပေါက်တတ်ကရပြောတာတွေ လျှောက်တွေးပြီး အတွေးလွန်မနေနဲ့ …” လင်းရီ ကျီချင်းရန်၏ ဦးခေါင်းအား ပွတ်သပ်၍ ညင်သာစွာ ပြောလိုက်ပြီး “ တကယ်လို့ ကိုယ့်ကို မယုံဘူးဆိုရင် အတူသွားပြီး သူနဲ့ မျက်နှာချင်းဆိုင် ရှင်းကြမယ်… အဲ့လိုဆို ဘာဖြစ်နေလဲ သိပြီပဲ မဟုတ်လား …”

“ ထားလိုက်တော့ … ဘာပဲဖြစ်ဖြစ် သူက ငါညီမလေးပဲလေ…”

ရင်းနှီးမြုပ်နှံမှု ကိစ္စ ပြောဆိုပြီးနောက် နှစ်ယောက်သား အိမ်ထဲ ပြန်လာခဲ့ကြသည်။

ကျန်သူများက အဆင်ပြေသည်။ သို့ပေမယ့် မိသားစု ညစာစားပွဲကိစ္စနှင့် အလုပ်များနေကြ၏။ စုန့်ကျားယွီလည်း အတော်လေးကို ရှက်ရွံ့နေမိခဲ့သည်။

ကိုယ့်ခဲအိုကိုယ် မြှူဆွယ်‌တာ ဒါ လူတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှ ဟုတ်ရဲ့လား။

သူတို့နှစ်ယောက် ပြန်လာသည်ကို မြင်တော့ စုန့်ကျားယွီ ကိုးရို့ကားယား ဖြစ်စွာ ရယ်မောပြလိုက်လေသည်။

သူမ၏ ဟိုဆွဒီဆွ ပြုနေသည့် ခြေချောင်းတို့က တွင်းတစ်တွင်းပင် တူးလိုက်၍ရ၏။

“ ဟီးဟီး … ခဲအို … အဲ့တာ အထင်လွဲသွားတာပါ … နင်က ငါ့ခဲအိုဆိုတာ မသိခဲ့လို့…”

“ ဟွန့် .. သူသာသိရင် သန်း ၃၀၀ လောက် ရင်းနှီးပေးလိုက်ပါလိမ့်မယ်…” ကျီချင်းရန် ဆတ်ကနဲ ပြန်ပြောလိုက်သည်။

လင်းရီလည်း ကူကယ်ရာမဲ့သွားခဲ့ရ၏။ သူကျမှ ဘာလို့ ဒီလို ကိစ္စမျိုးနဲ့ လာကြုံရတာလဲကွာ။

“ ဒါပေမယ့် ငါလည်း သိချင်နေတာ …. ငါတို့နှစ်ယောက် စကားပြောတာ အချိန်ဘယ်လောက်မှတောင် မကြာဘဲနဲ့ … ပြီးတော့ ငါက နင့်ရဲ့ ခယ်မဆိုတာ မသိဘဲနဲ့ ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ သန်း ၃၀ ရင်းနှီးမြုပ်နှံပေးခဲ့တာလဲ … “ စုန့်ကျားယွီ မေးမြန်းလိုက်သည်။

“ ထပ်တိုးပေးတဲ့ ၁၀သန်းရောပဲ … ဒီ ပရောဂျက်ကို တအား စိတ်ဝင်စားနေလို့လား ဟုတ်လား …”

“ သေချာမကြည့်လိုက်တော့ ငါလည်း သေချာမသိဘူး …”

“ သေချာမသိဘဲ ဘာလို့ ဒီလောက်အများကြီး ရင်းနှီးမြုပ်နှံရတာလဲ…”

ကျီချင်းရန်နှင့် စုန့်ကျားယွီတို့ လင်းရီကို ပြိုင်တူ ကြည့်လိုက်ကြ၏။ သူ့မျက်နှာ အမူအရာကတဆင့် အဖြေရှာချင်နေကြသည့်ပုံပင်။

“ ဒါ စွန့်ဦးစီးပွားရေး လုပ်ငန်းတွေရဲ့ သဘောသဘာဝပဲ မဟုတ်ဘူးလား …” လင်းရီ ပြောလိုက်ပြီး “ ပရောဂျက်ရဲ့ တန်ဖိုးကိုသာ အတိအကျ မြင်နေနိုင်မယ်ဆိုရင် ပိုက်ဆံရှာနိုင်မှာ မဟုတ်ဘူး … ရှာနိုင်တယ် ဆိုရင်တောင် မရေမတွက်နိုင်တဲ့ လူတွေက ရင်းနှီးမြုပ်နှံဖို့ကို အပြိုင်အဆိုင် ဖြစ်နေကြမှာ ငါ့အတွက် အခွင့်အရေးတောင် ကျန်မှာ မဟုတ်ဘူး … ရှင်းရှင်းပြောရရင် စွန့်ဦးစီးပွားရေးဆိုတာ လောင်းကစားလုပ်တာပဲ … ကံတရားအပေါ် မူတည်တယ်…”

လင်းရီ၏ ရှင်းပြချက်က စုန့်ကျားယွီကို စွန့်ဦးစီးပွားရေးလုပ်ငန်း အပေါ်၌ နားလည်မှု အသစ် တစ်ခု တိုးပွားသွားစေခဲ့သည်။

“ ဒါဆို နင် ပိုက်ဆံတွေ ရှုံးသွားမှာ မကြောက်ဘူးလား …”

“ ဒီတိုင်း သန်း ၃၀ တည်းမလား … ဘာကြောက်စရာရှိလို့ … ငါ့ကားတစ်စီးဝယ်ဖို့တောင် မလောက်တဲ့ဟာ …” လင်းရီ ပြောလိုက်သည်။ “ ငါတို့ သည့်မတိုင်ခင်ကလည်း semiconductor ကုမ္ပဏီ ခြောက်ဆယ်ကျော်မှာ ရင်းနှီးမြုပ်နှံခဲ့ဖူးတယ်… အခု သုံးပုံတစ်ပုံလောက်က ဒေဝါလီ ခံနေရပြီ… အဲ့ဒီ ဆုံးရှုံးမှုတွေနဲ့စာရင် မပြောပလောက်ပါဘူး …”

ရှော့ခ်ရလောက်စရာ ဂဏန်းပမာဏကို ကြားတော့ စုန့်ကျားယွီ နှုတ်ခမ်းကိုက်မိလိုက်၏။

ထိုအခါမှသာ သူမနှင့် ဤ အရင်းရှင် သူဌေးကြီးများကြား ကွာဟမှုကို သူမ သဘောပေါက်သွားခဲ့တော့သည်။

မတူကွဲပြားသည့် တွေးခေါ်မှုပုံစံက မတူကွဲပြားသည့် ဖွဲ့စည်းတည်ဆောက်မှုကို ဆိုလိုသည်။

ကွာဟမှုက သေးသေးမွှားမွှာ မဟုတ်ချေ။

“ ခဲအို … ခဏကျရင် နင်နဲ့ အတူသောက်ပေးမယ်… ဒီနယ်ပယ်က အကြောင်းတွေ အများကြီး ပြောပြရမယ်နော်…”

“ မင်းထင်သလောက်လည်း ရှုပ်ထွေးမနေပါဘူး … အဓိက အချက်ကို သိသွားတာနဲ့ အားလုံး နားလည်သွားလိမ့်မယ်…”

မကြာမီ မိသားစု ညစာစားပွဲမှာ တရားဝင် စတင်လေသည်။

လူကြီးသူမများက စားပွဲဝိုင်းတွင် ထိုင်ပြီး လင်းရီနှင့် ကျီချင်းရန်ကတော့ စားပွဲဝိုင်းတစ်ခုတွင် အတူထိုင်ကြ၏။

ခဲအို တစ်ယောက်ဖြစ်သည့်အလျောက် လင်းရီသည် သူနှင့် တစ်ဝိုင်းတည်းထိုင်သည့် တူ၊ တူမများ၏ အရက်နှင့် ဂုဏ်ပြုခြင်းကို ခံရကာ ယမန်နှစ်က အကြွေးနှင့် တိုးရင်းပေါင်းလျက် တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်နေရတော့၏။

ညစာစားပြီးနောက် လင်းရီသည် လူငယ်မျိုးဆက်များ၏ အပြင်သို့ ခေါ်ထုတ်လာခြင်းကို ခံလိုက်ရပြန်သည်။ သူတို့တွေ ညသန်းခေါင် မတိုင်ခင်အထိ မက်ထရိုပိုလစ်၌ ပျော်ရွှင်ခဲ့ကြ၏။

နောက်တစ်နေ့နံနက်တွင် လင်းရီနှင့် ကျီချင်းရန်တို့ နေ့လည်ရောက်သည်အထိ အိပ်မောကျနေခဲ့ကြသည်။ မွန်းလွဲပိုင်းတွင်မှ အပြင်သို့ ထွက်ပြီး ရုပ်ရှင်ကြည့်ကာ ဈေးဝယ်ထွက်ကြ၏။ ဤသို့ဖြင့် နှစ်သစ်ကူး အားလပ်ရက်သည် ယခုလိုပဲ ကုန်ဆုံးသွားခဲ့လေသည်။

နှစ်သစ်ကူးလည်း မကြာမီ ပြီးဆုံးတော့မည် ဖြစ်ပြီး ပြက္ခဒိန်အရ ဟွာရှ နှစ်သစ်ကူးသည် တစ်လကျော် နှစ်လအတွင်း ကျရောက်လာလိမ့်မည်။

တစ်လကျော် ကျန်ရှိနေသော်လည်းပဲ ဤနှစ်၏ အချိန်အခါသည် ကုမ္ပဏီနှစ်ခုလုံးအတွက် အလုပ်အများရဆုံး အချိန်အခါပင်။

သို့သော် လင်းရီမှာတော့ အားလပ်သည့် လူတစ်ယောက်ဖြစ်ကာ အေးအေးလူလူသာ ရှိနေလျက် ရှိ၏။ ချီရှန်းကျောက် ခေါင်းမွှေးဖြူနေရသည့် ကိစ္စရပ်တို့က သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။

ကလင် ကလင် ကလင် …

ကျီချင်းရန်ကို အလုပ်သို့ လိုက်ပို့ပေးပြီးနောက် လင်းရီသည် ရန်စီ၏ နေရာသို့သွား၍ နှစ်ပတ်လည် တွေ့ဆုံပွဲ ပါတီအတွက် ပြင်ဆင်နေသည်များ မည်သို့ အခြေအနေ ရှိသည်ကို သွားကြည့်ရန် ဟန်ပြင်ထားသည်။

သို့သော် လမ်းသို့ ရောက်သည့်အချိန်၌ အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။

“ ဟယ်လို … ဒီခု လူကြီးမင်းက လူကြီးမင်းလင်းလား မသိဘူး…”

“ ကျုပ်ပါပဲ … ခင်များက . . . . .”

“ ကျွန်တော်က ကျိုးဟိုင် အကောက်ခွန်ရုံးကပါ .. ကျွန်တော်တို့ ဒီဘက်မှာ လူကြီးမင်းအတွက် ပါဆယ်တစ်ထုပ် ရောက်ထားလို့ လာယူပေးပါဦး …”

“ ကောင်းပြီ… ကျုပ် သိပြီ..”

All Chapters