← Chapters

သူ မသွားချင်ရင်၊ ထားလိုက်ပါ

Vol. 6 Ch. 76

သူ မသွားချင်ရင်၊ ထားလိုက်ပါ

Vol. 6 Ch. 76

ဇောင်ရီကသူတို့ကိုဖြောင်းဖြပေမဲ့အသုံးမဝင်ခဲ့ပေ။

နောက်ဆုံးတွင်ဇောင်ရီကလင်းဖန်၊ ရှောင်ပန်နဲ့ ရှောင်အန်းတို့ကိုပြန်စဉ်းစားခိုင်းလိုက်သည်။

သူကသာစဉ်းစားခိုင်းတာလင်းဖန်တို့မသွားဘူးဆိုတာသူသိသည်။

ဇောင်ရီကခဏလောက်စဉ်းစားပြီးရုံးခန်းစီသို့လျှောက်သွားလိုက်သည်။

သူကရုံးခန်းစီသို့သွားပြီးစုရန်ဒေါင်ကိုကူညီခိုင်းမလို့ပင်ဖြစ်သည်။

ဇောင်ရီသည်ရုံးခန်းထဲသို့ဝင်ပြီးသည်နှင့်

လက်ဖက်ရည်သောက်နေသော စုရန်ဒေါင်ကိုမြင်လိုက်သည်။စုရန်ဒေါင်ကလဲဇောင်ရီကိုမြင်ပြီးနောက် ချက်ခြင်းထရပ်လိုက်သည်။

စုရန်ဒေါင်ကပြုံးလိုက်ပြီး”ပါမောက္ခ ဇောင်၊မင်း လင်းဖန်နဲ့ပေကျင်းကိုသွားတာကို လာပြောတာမလား။ငါအဲ့အကြောင်းသိပြီးပါပြီ”

စုရန်ဒေါင်ကလင်းဖန်အကြောင်းပြောသည့်အခါတွင်သူ့မျက်နှာတွင်အပြုံးများဖြင့်ပြည့်နှက်နေသည်။

ဇောင်ရီကစုရန်ဒေါင်ပြုံးနေတာကိုကြည့်ပြီးခေါင်းယမ်းကာ “လင်းဖန်ကပေကျင်းကိုမသွားချင်ဘူးတဲ့”

စုရန်ဒေါင်က “ဟမ်......ဘာ.....ဘာ.......”ကြောင်တောင်

တောင်ဖြစ်ပြီးတုန်တုန်ယင်ယင်ဖြင့်ပြောလိုက်သည်။

…………

ထိုအချိန်ဇောင်ချင်းဘိုသည် စင်္ကြံအပြင်ဘက်တွင် လူနှစ်ယောက်နှင့်မတ်တပ်ရပ်နေသည်။

“ဇောင်ချင်းဘို၊မင်းပြောတော့ ရေနုတ်မြောင်းစနစ်ကို အလွယ်ဆုံး ဆို။အခုငါတို့ကဘာဆုမ မရဘူး” အသားရည်ပုံမှန်ရှိသည့်လူကပြောလိုက်သည်။

“ငါတို့ကဆုရမယ်လို့ရည်မှန်းထားတာ” ဆံပင်တိုလူကပြောလိုက်သည်။

သူတို့နှစ်ဦးကသူတို့ကိုသူတို့အတော်ဆုံးဆိုပီးသတ်မှတ်ထားသောသူဖြစ်သည်။

ဒါကြောင့်ဤသင်္ချာမော်ဒယ်ပြိုင်ပွဲသည်သူတို့အတွက်အလွန်အရေးကြီးသည်။

သို့သော်လည်း ရလဒ်က သူတို့ကိုစိတ်ပျက်စရာပင်ဖြစ်သည်။

ဇောင်ချင်းဘိုကအဲ့လိုပြောခံလိုက်ရတော့အပြစ်ရှိသလိုခံစားလိုက်ရသည်။

ဇောင်ချင်းဘိုကတောင်ကြည့်မြောက်ကြည့်လုပ်နေတုန်းလင်းဖန်ကို တွေ့လိုက်ရသည်။

ထို့နောက် သူသည် လင်းဖန်ထံသို့ လျှောက်သွားပြီးသူ့နောက်ကသူတွေကို “ဒါက ငါ့အခန်းဖော် လင်းဖန်၊ အစ်ကိုလင်းကက သင်္ချာမော်ဒယ်လ်ပြိုင်ပွဲမှာအနိုင်ရခဲ့တယ်။မကြာခင်မှာပဲအစ်ကိုလင်းကပေကျင်းကိုသွားပြီးအဆင့်မြင့်ပညာဖလားနဲ့ ပြန်လာလိမ့်မယ်၊ !”

ဆံပင်တိုလူငယ်က”အစ်ကိုလင်းက ဘယ်မေးခွန်းကို ရွေးခဲ့တာလဲ။”

“ရေနုတ်မြောင်းစနစ်!” ဇောင်ချင်းဘို က ပြန်ဖြေလိုက်သည်။

လင်းဖန်ကသင်္ချာမော်ဒယ်ပြိုင်ပွဲမှာအနိုင်ရတယ်ဆိုတာကိုတစ်ကျောင်းလုံးပျံနှံနေတာပင်ဖြစ်သည်။

ဒါပေမယ့် လင်းဖန်က ဘယ်ခေါင်းစဉ်ကို ရွေးလိုက်တာဆိုတာသူ့သူငယ်ချင်းများကလွဲပီးဘယ်သူမ မသိပေ။

ဇောင်ချင်းဘိုကလူကြီးလေသံနဲ့”မင်းတိုသေချာမဖြေနိုင်တာနဲ့သူများကိုမပြစ်တင်တာတော့မဖြစ်သင့်ဘူးလေ။မင်းတို့ကိုယ့်အကြောင်းကိုယ်သိသင့်တယ်”

ဇောင်ချင်းဘိုစကားကိုကြားတာနဲ့ဆံပင်တိုနှင့်သူတို့နှစ်ယောက်သည်ဘာမှ မပြောတော့ပဲထွက်သွားခဲ့သည်။

ဇောင်ချင်းဘိုကလင်းဖန်ပုခုံးကိုပုတ်လိုက်ပြီး “အစ်ကိုလင်း မင်းအချိန်ကိုက်ရောက်လာတဲ့အတွက်ကျေးဇူးပဲ”

ဇောင်ချင်းဘိုကထပ်ပြီး“အစ်ကိုလင်းမင်းပေကျင်းကိုဘာတော့သွားမှာလဲ”

လင်းဖန်က “ငါမသွားဘူး”

“ဟမ်?” ဇောင်ချင်းဘို သည် သူ့မျက်လုံးများဖြင့်မှိတ်လိုက်ဖွင့်လိုက်လုပ်နေလိုက်သည်။

ထိုအချိန်တွင် စုရန်ဒေါင်သည်လင်းဖန်အနားသို့အမြန်လာခဲ့သည်။

“လင်းဖန်၊ မင်းဘာလို့ပျေကျင်းကိုမသွားတာလဲ၊ ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ။ မင်းရဲ့ အရည်အချင်းက ထူးချွန်တယ်၊ဒါကြောင့် ငါတို့ အတန်းရဲ့ ဂုဏ်သိက္ခာက မင်းအပေါ်မှာ မူတည်တယ်!” စုဒေါင်ကပြောလိုက်သည်။

စုရန်ဒေါင်စကားကြားပြီးနောက်တွင်လင်းဖန်သည်စုရန်ဒေါင်ကသင်္ချာမော်ဒယ်ပြိုင်စရင်းသွင်းတုန်းကလဲသူ့ကိုအဲ့လိုပဲပြောခဲ့တာကိုရှင်းရှင်းလင်းလင်းမှတ်မိသည်။

လင်းဖန်ဒီတစ်ကြိမ်တွင်ဘာမှမပြောဘဲညိမ်နေလိုက်သည်။

စုရန်ဒေါင်က ဒါကို သတိမပြုမိဘဲနောက်ထပ် တစ်ခုခု ပြောဖို့ ကြံလိုက်သည်။

“ကလင်........ကလင်.......”

ထိုအချိန်တွင် ကျောင်းခေါင်းလောင်းသံထွက်ပေါ်လာခဲ့သည်။

လင်းဖန် က “အတန်းတက်ပြီဆိုတော့ဆရာစုကျနော်အခန်းသွားတော့မယ်’’

“ခဏ.....မင်းသေချာပြန်စဉ်းစားအုံး’’ စုရန်ဒေါင်က အော်ပြောလိုက်သည်။

လင်းဖန်သည်စုရန်ဒေါင်ပြောသည်ကိုမကြားလိုက်ပေ။သူကခေါင်းလောင်းထိုးပြီးတာနဲ့စုရန်ဒေါင်ကိုနှုတ်ဆက်ပြီးပြေးသွားလိုက်သောကြောင့်ဖြစ်သည်။

အတန်းထဲတွင်။

ဇောင်ချင်းဘို က “အစ်ကို လင်း၊ မင်းတကယ် ပေကျင်းကိုမသွားဘူးလား?”

လင်းဖန် က သမ်းဝေလိုက်ပြီး “မင်းတို့ဘာလို့ အရမ်းစိတ်လှုပ်ရှားချင်နေတာလား။”

“အဲ့ကိုသွားပြီးမေးခွန်းတွင်ပဲဖြေရတာဘယ်လောက်ပျင်းစရာကောင်းလိုက်လဲ။အတန်းထဲမှာအိပ့်တာပဲကောင်းအုံးမယ်”

ဒီ……

ပေကျင်းကိုသွားပြီးနိုင်ငံအဆင့်သင်္ချာမော်ဒယ်ပြိုင်ပွဲက်ိုလူတော်တော်များများကသွားချင်ကြသည်။

အဲ့လိုလူအမြောက်အများပြိုင်ချင်တဲ့ပြိုင်ပွဲကို...ပျင်းလို့ အိပ့်တာပဲ ပိုကောင်းတာလား?

မူဇောင်လဲတစ်ခုခုပြောဖို့ လုပ်လိုက်တာနဲ့မောက္ခဟောင်းက ကျောင်းသုံးစာအုပ်ကို ကိုင်ပြီးအခန်းထဲသို့ဝင်လိုက်သည်။

ပရော်ဖက်ဆာဟောင်း၏ အမှတ်အသား ဟောပြောချက်ကို နားထောင်ရင်း လင်းဖန်သည် လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။

လင်းဖန်နိုးလာသောအခါ နေ့လယ်စာစားချိန်ပင်ရောက်နေပြီဖြစ်သည်။

လင်းဖန်သည်နေ့လယ်စာကို အေးအေးဆေးဆေး စားပြီး အိပ်ဆောင်ကို ပြန်အိပ်ဖို့ ပြင်ဆင်လိုက်သည်။

အိပ့်ဆောင်ကိုရောက်ပြီးကုတင်ပေါ်လှဲတာနဲ့ သူ့အိတ်ကပ်ထဲက ဖုန်းသည်အနည်းငယ်လှုပ်သွားခဲ့သည် ။

12:00!

စာအိတ်အနီပေါ်လာခဲ့တာပဲဖစ်သည်။

“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၁၀ ယွမ်ရရှိခဲ့သည်။”

“ဒင်း! ဂုဏ်ယူပါတယ် မင်း 300 ယွမ်ရခဲ့သည်။”

……

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၁၀၀၀၀ရခဲ့သည်”

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။’’

ယနေ့ အနီရောင်စာအိတ်များဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၄၀,၅၀၀ ရရှိခဲ့သည်။

လင်းဖန်ကမနေ့က ပရိဘောဂအတွက် သုံးသန်းသုံးခဲ့တဲ့ စာအိတ်အနီကို တစ်ချက်ကြည့်လိုက်သည်။

“စာအိတ်အနီ ၃၀၀၊ ၁၀၀၀ပြည့်တော့မှပဲဖွင့်တော့မယ်’’ ဟု စိတ်ထဲတွင်ပြောလိုက်သည်။

ထို့နောက် ဖုန်းကို ဘေးသို့ တိုက်ရိုက်ချကာ အိပ်ပျော်သွားတော့သည်။

…………

ဤအချိန်တွင် ကျန့်ပေ့ တက္ကသိုလ်၊ ကြီးမားသောအစည်းအဝေးခန်းမ။

သင်္ချာဌာနမှ ပါမောက္ခများ၊တစ်ခြား ဌာနမှူးများအားလုံးသည် အသံတိုးတိုးလေးဖြင့် အစည်းအဝေးခေါ်သည့်အကြောင်းကိုဆွေးနွေးနေသည်။

အချိန်ကြာလာသည်နှင့်အမျှအခြားကောလိပ်များပါ… ကျောင်းခေါင်းဆောင်များပင် ရောက်ရှိလာကြသည်။

ယင်းက လူတိုင်းကို ပိုမိုစိတ်ရှုပ်ထွေးစေရုံသည်။ ကျန့်ပေ့တက္ကသိုလ်တွင် ထိုကဲ့သို့သော အကြီးစားညီလာခံများကို ကျင်းပလေ့မရှိပေ။ အထူးသဖြင့်၊ ဤညီလာခံကို သိပ္ပံအကယ်ဒမီမှ အိမ်ရင်အဖြစ်ကျင်းပသည့်အခါတွင်ဖြစ်သည်။

အပေါ်ထပ်မှာထိုင်နေတဲ့ သင်္ချာကျောင်းဌာနမှူး ဟေးချမ်က လက်ဖက်ရည်ကို အေးအေးဆေးဆေး ကြည့်နေသည်။ မနီးမဝေးမှာထိုင်နေတဲ့ ဇောင်ရီ ကိုမြင်တော့ အနည်းငယ် ပြုံးလိုက်သည် “ ပါမောက္ခ ဇောင်၊ မင်းကိုကြည့်ရတာစိတ်ပူနေပုံပဲ “

ဇောင်ရီက သက်ပြင်းချရင်း “ဟေးချမ်၊ ကျန်ပေ့တက္ကသိုလ်မှ ကျောင်းသားအချို့သည် ယခုနှစ်သင်္ချာမော်ဒယ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်ကို မင်းသိသင့်သည်”

ဟေးချမ်က ခေါင်းညိတ်ပြီး “ဒါကို ငါလဲသိပါတယ်။ သူတို့ကလင်းဖန်တို့အဖွဲ့မဟုတ်ဘူးလား။အဲ့တာသတင်းကောင်းလေဘာလို့စိတ်ပူနေတဲ့ပုံပေါက်နေတာလဲ”

ဇောင်ရီ က “ဘာလို့ဆိုလင်းဖန်ကပေကျင်းကိုမသွားဘူးတဲ့.”

“သူ့မှာအခက်အခဲရှိလို့လား”

သူ့ပတ်ဝန်းကျင်က ပါမောက္ခတွေနဲ့ ခေါင်းဆောင်တွေကလဲဇောင်ရီကိုအားလုံးက မေးကြသည်။

ဇောင်ရီက “ငါပြောသင့်တာအကုန်ပြောပြီးပြီ၊ ဒါပေမယ့်... လင်းဖန်က ဒါကိုလုံးဝစိတ်ဝင်စားပုံမပေါ်ဘူး”

အပေါ်ထပ်မှာထိုင်နေတဲ့ဟေးချမ် က ခဏလောက်စဉ်းစားပြီး “မသွားချင်ဘူးဆိုတော့လဲမသွားခိုင်းပါနဲ့” လို့ပြောလိုက်သည်။

“ဟင်?” ဟေးချမ်စကားကိုကြားပြီးနောက်တွင်ဇောင်ရီက သူ့မျက်နှာမှာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေသည်။

ဟေးချမ် က “လင်းဖန်ကသင်္ချာမော်ဒယ်ပြိုင်ပွဲဝင်တုန်းကကာအံသြ သွားတယ်။သူကအဲ့တုန်းကအပျင်းပြေဖြေချင်လို့ခန့်မှန်းတယ်။”

“လင်းဖန်ကိုထပ်သွားဖြေခိုင်းတာကတစ်ခြားသူတွေကိုအနိုင်ကျင့်တာနဲ့အတူတူပဲလေ။လင်းဖန် မသွားတာက ပုံမှန်ပဲ။”

“ဟင်?” ဟေးချမ်စကားကြားပြီးနောက်တွင်ဇောင်ရီက ဘယ်လိုပြောရမှန်းမသိအံ့သြသွားသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters