ပဲရစ်ကိုသွားရမှာလား။စိတ်မဝင်စားဘူး။
Vol. 6 Ch. 77
လင်းဖန် သင်္ချာမော်ဒယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့တာကို အံ့သြတာလား။
အပျင်းပြေဖြေတာလား။????
လင်းဖန်ကတစ်ခြား သူတွေကိုအနိုင်ကျင့်တာလား ?
သင်္ချာကျောင်းမှ ဌာနမှူး ဟေးချမ်စကားကိုကြားပြီးနောက်တွင်အားလုံးဘာပြောရမှန်းမသိဘဲဖြစ်နေခဲ့သည်။
ဒီ…
အခြေအနေဘယ်လိုလဲ
ဟေးချမ်သည်သူပြောတာကိုမရှင်းပြခဲ့ပေ။
ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ ကျန်ပေ့တက္ကသိုလ်ရဲ့ ဥက္ကဌ ရှန်လင်းလာသောကြောင့်ပင်ဖြစ်သည်။
ဟေးချမ် က သူ့ကို အလျင်အမြန် နှုတ်ဆက်ပြီး ရှန်လင်းကို ပင်မထိုင်ခုံမှာ ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။
ရှန်လင်းပင်မထိုက်ခုံတွင်ထိုင်ပြီးနောက်တွင်ဟေးချမ်သည်တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ တံခါးအပြင်ကို ရံဖန်ရံခါ လှမ်းကြည့်နေသည်။
ပါမောက္ခတစ်ယောက်က “ဟေးချမ် အစည်းအဝေးက ဘယ်တော့စမှာလဲ။ ငါ့မှာ ကိုင်တွယ်စရာတွေ အများကြီးရှိသေးတယ်” ဟု စိတ်မရှည်စွာပြောလိုက်သည်။
“ဟုတ်တယ် ငါ့မှာလဲလုပ်ဖို့ပရောဂျက်တွေ လဲရှိသေးတယ်။’’
……
ဟေးချမ်သည် လူအများက မကျေမနပ် ဖြစ်နေသည်ကို တွေ့လိုက်ရပြီးနောက်တွင်
ဟေးချမ်ကသူ့လည်ချောင်းကို ရှင်းပြီး “ဒါဆို နည်းနည်းလောက် စကားပြောရအောင်” လို့ ပြောလိုက်သည်။
“လူတော်တော်များများက အဲ့အကြောင်းကိုမသိဘူးထင်တယ်။မသိရင်ငါပြောမယ် သိပ်မကြာခင်ကပဲ ငါတို့ကျောင်းက တစ်ယောက်ယောက်က ဇောင်ရဲ့ ယူဆချက်ကို ဖြေရှင်းခဲ့တယ်”
ဒီထုတ်ပြန်ချက်ထွက်လာတာနဲ့ တပြိုင်နက် မကျေမနပ်ဖြစ်နေကြဆဲ ပါမောက္ခတွေက ချက်ချင်းပင်တိတ်ဆိတ်သွားတော့သည်။
ခဏအကြာတွင် အစည်းအဝေးခန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
၎င်းတို့ထဲမှ အချို့သည် သင်္ချာဘာသာရပ်တွင် ဆရာ သို့မဟုတ် ခေါင်းဆောင်များဖြစ်ကြသည်။
သူတို့ကဇောင် ရဲ့ ထင်မြင်ယူဆချက်က ဘာကို ကိုယ်စားပြုတယ်ဆိုတာလည်း သူတို့ ရှင်းရှင်းလင်းလင်းသိသည်။
ဇောင်ရဲ့ထင်မြင်ယူဆချက်ကိုအောင်မြင်စွာဖြေရှင်းပြီးသည်နှင့် သင်္ချာအသိုင်းအဝိုင်းတစ်ခုလုံးသည် ရှေ့သို့ ခြေလှမ်းကြီးလှမ်းနိုင်သည်ဟု ဆိုနိုင်သည်။
ပြီးတော့ ဒီကြီးမားတဲ့ ခြေလှမ်းကိုကျန်ပေ့တက္ကသိုလ်က မြှင့်တင်ပေးခဲ့သောကြောင့်ဖြစ်သည်။
ဒါက သူတို့ကိုဘယ်လိုမှ စိတ်မလှုပ်ရှားဘဲနေမည်နည်း။ ?
“ဟေးချမ်၊ဘယ်ပါမောက္ခက ဇောင်ရဲ့ ယူဆချက်ကို ဖြေရှင်းပေးလိုက်တာလဲ။”
“ခွင့်လွှတ်ပါ ဟေးချမ်၊ဒါကိုမင်းဖြေခဲ့တာလား။”
……
အမြောက်ကျည်များကဲ့သို့ မေးခွန်းများ ကဆက်တိုက်ထွက်ပေါ်လာတော့သည်။
ဟေးချမ် က “ဇောင်ရဲ့ မှန်းဆချက်ကို ဖြေရှင်းလိုက်တဲ့အဖြေကိုငါတို့ကကမ္ဘာသင်္ချာအဖွဲ့ဆီကိုအီမေးကနေပို့လိုက်တယ်။ဒီနေ့ပဲကမ္ဘာသင်္ချာအဖွဲ့ကြီးရဲ့အီးမေးလ်ကနေအဖြေက မှန်ပါတယ်လို့ပြောလိုက်တယ်”
“တစ်ချိန်တည်းမှာပဲ၊ ကမ္ဘာ့သင်္ချာအဖွဲ့ကြီးကဇောင်ရဲ့ ယူဆချက်ကို ဖြေဆိုသူက ပဲရစ်ကိုသွားပြီး အလွန်ကြီးမားတဲ့ကွန်ဖရင့်ကိုကျင်းပလို့ရတယ်”
ဟေးချမ်ကနောက်ဆုံးစာကြောင်းကိုပြောသည့်အခါတွင်သူ့လေသံသည်စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
ပဲရစ်သည် သင်္ချာဘာသာရပ်၏ သန့်ရှင်းသောနေရာများထဲမှ တစ်ခုဖြစ်သည်။
ပဲရစ်တွင်ဟောပြောပွဲတစ်ခုကျင်းပရခြင်းအတွက် မရေမတွက်နိုင်သော သင်္ချာပညာရှင်များသည် သူ့တို့ကိုယ်သူတို့ဂုဏ်ယူကြသည်။
အလွန်ကြီးမားသော ကွန်ဖရင့်သည် ညီလာခံများအားလုံးကြားတွင် သတ်မှတ်ချက်အမြင့်ဆုံး ကွန်ဖရင့်ဖြစ်သည်။
“ပဲရစ်ရဲ့ကွန်ဖရင့်(ဟောပြောပွဲလိုမျိုးကိုပြောတာပါ။)”
“အိုဘုရားရေ!”
“ဟေးချမ် ငါတို့ကို ပြောပြပါ၊ ဇောင်ရဲ့ထင်မြင်ယူဆချက်ကိုဘယ်သူက ဖြေရှင်းပေးခဲ့လဲ။”
……
ဟေးချမ် က “ဇောင်ရဲ့ ထင်မြင်ယူဆချက်ကို ဖြေပေးတဲ့သူက...လင်းဖန်!”
ဒီစကားကိုကြားတာနဲ့အကုန်လုံးအံသြ သွားကြသည်။
သူတို့ကြားတွင် ဇောင်ရီမျက်လုံးများ ပြူးကျယ်သွားတဲ့အထိအံ့အားသင့်နေသည်။
သူ ဘာကြားလိုက်တာလဲ။
လင်းဖန်ကဇောင်၏ ထင်မြင်ယူဆချက်ကို ဖြေရှင်းခဲ့တာလား။
ထိုအချိန်တွင် ဇောင်ရီသည် လင်းဖန်ကိုဟေးချမ်ပြောသည်များကိုနားလည်သွားတော့သည်။
လင်းဖန်ကကျေင်းကိုခေါ်သွားခဲ့ရင်တစ်ခြားလူများကို အနိုင်ကျင့်သလိုဖြစ်နေမည်ဆိုတာကိုနားလည်ခဲ့သည်။
ဇောင်ရဲ့ထင်မြင်ယူဆချက်ကို ဖြေရှင်းပေးသူတစ်ဦးသည် သင်္ချာမော်ဒယ်ပြိုင်ပွဲတွင် ပါဝင်သွားသည်မှာသူငယ်တန်းစာမေးပွဲကို ဖြေဆိုခဲ့သည့် အထက်တန်းကျောင်းသားနှင့်တူသည်။
ဟေးချမ်က”ဒီနေ့အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က ဒီအစီရင်ခံစာအစည်းအဝေးအတွက် ပြင်ဆင်မှုတွေနဲ့ ဇောင်ရဲ့ ထင်မြင်ယူဆချက်ကို မြှင့်တင်ဖို့ပါပဲ။”
“ဒါတွေအားလုံးကိုလင်းဖန်လာပြီးမှပဲဒီအကြောင်းကိုဆွေးနွေးရအောင်..”
အချိန်ခဏအကြာတွင်ဟေးချမ်ကအချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “လင်းဖန်က အကြောင်းတစ်ခုခုကြောင့် နောက်ကျနေတာဖြစ်နိုင်မယ်ဟုတ်လား အားလုံး ခဏလေးစောင့်ပေးပါ၊ငါဖုန်းဆက်လိုက်အုံးမယ်” လို့ ပြောလိုက်သည်။
စကားပြောပြီးသောအခါ ဟေးချမ်သည်လင်းဖန်ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
ထိုအချိန်တွင် လင်းဖန်သည် အိပ်ပျော်နေပြီး ဖုန်းသံကြားတော့ဖုန်းကိုကိုင်လိုက်သည်။
“လင်းဖန်၊ မနက်က ငါမင်းကိုပြောတဲ့အစည်းအဝေးကိုမှတ်မိလား။’’ ဟေးချမ်ကပြောလိုက်သည်။
“ဘာအစည်းအဝေးကိုလဲ” လင်းဖန်က ကြောင်တက်တက်ဖြင့် ပြောသည်။
“မင်းက ဇောင်ရဲ့ ထင်မြင်ယူဆချက်ကို မှန်ကန်စွာ ဖြေပြီးသွားပြီ၊ အခု ကမ္ဘာ့သင်္ချာအဖွဲ့ကြီးက မင်းကို ပဲရစ်မှာအလွန်ကြီးမားတဲ့ နှီးနှောဖလှယ်ပွဲ(ကွန်ဖရင့်နဲ့အတူတူပါ)ကို စီစဉ်ပေးထားတယ်။” ဟေးချမ်ကပြောလိုက်သည်။
“ပဲရစ်ကိုလားမသွားဘူး။” လင်းဖန်သည် စကားပြီးသောအခါတွင် သူသည် ဖုန်းကိုချကာ အိပ်ပျော်သွားပြန်သည်။
အိပ့်ချင်မူးတူးဖြစ်သောကြောင့်လင်းဖန်ကအဲ့လိုဖြေလိုက်သည်ဟုမထင်ပါနဲ့။
ပံမှန်အခြေအနေတွင်ပင် လင်းဖန်က ထိုအတိုင်းပင် ဖြေမည်ဖြစ်သည်။
လင်းဖန်၏ နှလုံးသားထဲတွင် ဤအရာသည် ပေကျင်းကိုသွားခြင်းထက်ပိုဆိုးသည်။
ဘာလို့လဲဆိုတော့ ပဲရစ်ကတော်တော်ဝေးသောကြောင့်ဖြစ်သည်။
ထို့အပြင် နိုင်ငံခြားသားများထံမှလဲ မေးခွန်းပေါင်းများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။
ဒါကို သူ လုံးဝ စိတ်မဝင်စားပေ။..။
ဟေးချမ်ကလင်းဖန်ပြောသည်ကြားပြီးနောက်တွင်ကြောင်တောင်တောင်ဖြစ်နေသည်။
လင်းဖန်၏အဖြေကိုသူတုံ့ပြန်ခြင်းမရှိသေးသည်မှာ ထင်ရှားသည်။
ခဏအကြာမှသတိပြန်ရလာပြီးဟေးချမ်သည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး လင်းဖန်ကို ထပ်မံခေါ်ဆိုကာ ခုနကအကြောင်းကိုထပ်ပြောဖို့ပင်ဖြစ်သည်။
သို့သော် ဟေးချမ်၏ခေါ်ဆိုမှုသည်အခည်းနှီးသာဖြစ်သည်။အကြောင်းမှာလင်းဖန်ကဖုန်းမကိုင်သောကြောင့်ဖြစ်သည်။
လင်းဖန်မကိုင်တာကိုသိပြီးနောက်ဟေးချမ်သည်ထပ်အခေါ်တော့ပေ။
“ဟေးချမ် လင်းဖန် ဒီကိုလာမှာလား။” ပါမောက္ခတစ်ယောက်က ကမန်းကတန်း မေးတယ်။ ဇောင်၏ထင်မြင်ယူဆချက်ကို ဖြေရှင်းပေးသောသူကိုသူ့မျက်လုံးဖြင့်မြင်တွေ့ချင်နေသည်မှာထင်ရှားသည်။
ဟေးချမ်”သူက ပဲရစ်ကိုမသွားဘူးတဲ့။’’
အစည်းဝေးခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
လူတိုင်း၏ မျက်နှာများသည် မယုံနိုင်သောအမူအရာများဖြင့် ပကမ္ဘာပေါမှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး