← Chapters

ဟောပြောပွဲကို နားထောင်ချင်ရင်ကျန်ပေ့ကိုလာပါ

Vol. 6 Ch. 78

ဟောပြောပွဲကို နားထောင်ချင်ရင်ကျန်ပေ့ကိုလာပါ

Vol. 6 Ch. 78

ပဲရစ်တွင်ဟောပြောပွဲ(ကွန်ဖလင့်)ကိုလုပ်ရန်မှာသင်္ချာပညာရှင်နီးပါး အိပ်မက်မက်သည့် အဆင့်ဖြစ်သည်။

သို့သော်...

ဒါကိုလင်းဖန်က မသွားဘူးလား

ခဏကြာတော့ တစ်စုံတစ်ယောက်က “လငလင်းဖန်က အသက်ငယ်သေးတယ်၊ ပဲရစ်ကိုသွားရမည့်အကြောင့်းအရင်းကိုမသိတဲ့အတွက် ငြင်းခဲ့တာဖြစ်မယ်”

အဲ့စကားကိုကြားပြီးနောက်အစည်းအဝေးခန်းထဲက အားလုံးက သဘောတူပြီး ခေါင်းညိတ်လိုက်ကြသည်။

ကျောင်းအုပ် ရှန်လင်းက “ဟေးချမ်ပဲရစ်ကွန်ဖရင့်အကြောင်းလင်းဖန်ကိုအသေးစိတ်ရှင်းပြလိုက်ပါ။လင်းဖန်က ပဲရစ်ကွန်ဖရင့်ရဲ့ အဓိပ္ပါယ်နဲ့ အကျိုးကျေးဇူးတွေကို သိရင်၊ သူအဲဒီကိုသွားဖို့ သေချာပေါက်သဘောတူလိမ့်မယ်... “

သူ့ဘေးမှာထိုင်နေတဲ့ ဇောင်ရီကပါးစပ်ဖွင့်လိုက်ပေမဲ့ဘာမှမပြောပေ။

သူပြောချင်တာကလက်းဖမ်ကသဘောတူမှာမဟုတ်ဘူးဆိုတာပင်ဖြစ်သည်။

မကြာသေးမီကဇောင်ရီသည် လင်းဖန်ကိုဆင်တူသည့်အကြောင်းကိုပြောခဲ့ဖူးသောကြောင့်ဖြစ်သည်။

ရှန်လင်းပြောပြီးသည်နှင့်ဟေးချမ်သည် 104 အိပ်ဆောင်သို့ လူကိုယ်တိုင်သွားခဲ့သည်။

စုရီ ၊ ဇောင်ချင်းဘို၊မူဇောင်တို့သည်ဟေးချမ်ကိုတစ်အံ့တစ်သြကြည့်နေသည်။

ဒါက ဌာနမှူးပါ။

ဖွင့်ပွဲအခမ်းအနားနှင့် အချို့သော အဓိကအစည်းအဝေးများတွင်သယဟေးချမ် ကိုတွေ့နိုင်သည်။

အဲ့လိုလူမျိူးက ငါ့တို့အိပ်ဆောင်ကို ရောက်လာတာလား။

ဟေးချမ်က “လင်းဖန်ငါမင်းကို ရှင်းရှင်းလင်းလင်း မပြောရသေးဘူး။ ကမ္ဘာ့သင်္ချာအဖွဲ့ကြီးက ပဲရစ်မှာ ကြီးမားတဲ့ နှီးနှောဖလှယ်ပွဲ(ဟောပြောပွဲ)ကို ကျင်းပဖို့ ဖိတ်ခေါ်ချင်တယ်”

“အဲ့​ဆွေးနွေးပွဲက ဆွေးနွေးပွဲများအားလုံး၏ အမြင့်ဆုံးအဆင့်ပဲ”

“အဲဒီအချိန်ကျရင်၊ ကမ္ဘာပေါ်က နာမည်ကြီးသင်္ချာပညာရှင်အားလုံးရဲ့ရှေ့မှာ ဇောင်ရဲ့ ထင်မြင်ယူဆချက်ကိုအသေးစိတ်ဖြေရှင်းပြနိုင်လိမ့်မယ်။’’

“ပဲရစ် မှာ အလွန်ကြီးမားတဲ့ နှီးနှောဖလှယ်ပွဲတွေ ကျင်းပတဲ့ တရုတ်လူမျိုးဟာ10 ယောက်ထက်မပိုဘူး။”

ဟေးချမ်ဒါကိုပြောလိုက်သည်နဲ့စိတ်လှုပ်ရှားလာခဲ့သည်။

သို့သော်..........

လင်းဖန် က သမ်းဝေလိုက်ပြီး “အိုး၊ ဒါပေမယ့် ငါ ပဲရစ်ကို မသွားချင်ဘူး”

ဤစာကြောင်းသည် ဟေးချမ်၏ ခေါင်းပေါ်သို့ ရေခဲတုန်းများလောင်းခလိုက်သလိုပင်ဖြစ်သည်။

မူဇောင်၊ စုရီနှင့် ဇောင်ချင်ဘိုတို့သည်လည်း အလွန်အံ့အားသင့်သွားကြသည်။

ဒီလို ဟောပြောမှုကိုတရုတ်နိုင်ငံမှာ လူ ၁၀ ဦးထက် မပိုဘူးလို့ ဟေးချမ်ပြောတာ မကြားမိဘူးလား။

တစ်နည်းဆိုရသော် လင်းဖန်သည် ပဲရစ်သို့သွားသောအခါတွင် သူသည် ဤလူ 10 ယောက်ထဲမှ တစ်ယောက်ဖြစ်လိမ့်မည် ဖြစ်သည်။

ဒါပေမယ့် လင်းဖန်ကငြင်းခဲ့သည်။ !

ဟေးချမ်လဲလင်းဖန်ကိုနောက်တစ်ကြိမ် စည်းရုံးခဲ့သည်။

နောက်ဆုံးမှာတော့ လင်းဖန် က “သူတို့က ဟောပြောတာကိုတကယ်ကြားချင်ရင် ကျန်ပေ့ကို လာခဲ့ပါ။ ကျန်ပေ့မှာဆိုရင်ငါဟောပြောမယ်။ကျန်ပေ့ကို မလာချင်ဘူးဆိုရင် ဟောပြောတဲ့ကိစ္စကိုမေ့လိုက်ပါ”

ဟေးချမ် သည် ကူကယ်ရာမဲ့စွာ ခံစားခဲ့ရပြီး လင်းဖန်ထပ်မံစဉ်းရုံးချင်ပေမဲ့လဲ။လင်းဖန်ကဘယ်လောက်စည်းရုံးရုံးမပြောင်းလွှဲဘူးဆိုတာသိပြီးနောက်လင်းဖန်တို့အိပ့်ဆောင်မှထွက်လာခဲ့သည်။

“ကလင်......ကလင်.....”

ထိုအချိန်တွင် ဟေးချမ်၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။

ကျောင်းအုပ် ရှန်းလင်းထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။

“လင်းဖန်ကပဲရစ်မှာဟောပြောပွဲလုပ်ဖို့ သဘောတူခဲ့လား။” ရှန်လင်း က မေးလိုက်သည်။

သေချာသည်မှာသူသည် ဤကိစ္စနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေသည်။

၎င်းသည် ကျန်ပေ့ တက္ကသိုလ်၏ဂုဏ်ကိုကိုယ်စားပြုသည်ဟုဆိုနိုင်သည်။

ဟေးချမ်က သက်ပြင်းချလိုက်ပြီး “လင်းဖန်ကမသွားချင်ဘူး”

ခေတ္တနားပြီးနောက် သူက “ဒါပေမယ့် သူက ဟောပြောတာကို နားထောင်ချင်ရင် ကျန်ပေ့ကိုလာရမယ်တဲ့” လို့ ပြောလိုက်သည်။

ဖုန်းထဲမှာ ခဏတိတ်ဆိတ်နေခဲ့သည်။

သိပ်မကြာခင်မှာပဲ ရှန်လင်းက “ကမ္ဘာ့သင်္ချာအဖွဲ့ကြီးကို လင်းဖန်ပြောတာကိုအရင်ပြန်ပြောလိုက်အုံး။သူတို့သဘောတူရင် ဒါက ငါတို့အတွက် မကောင်းတဲ့အရာမဟုတ်ဘူး”

ဟေးချမ် သည် ရှန်လင်း၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သည်။

ဟေးချမ်က “ကျွန်တော် ကမ္ဘာ့သင်္ချာအဖွဲ့ကို ဆက်သွယ်ပြီးပြောပေးလိုက်ပါမယ်”

…………

လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်တွင် သူ့ကို ပဲရစ်သို့သွားရန်ထပ်မံဆွဲဆောင်မည်စိုးသောကြောင့်Lamborghini ကိုမောင်းကာရီကေသို့ ဦးတည်သွားခဲ့သည်။

ယခုအချိန်တွင် အခန်း 2501၊ ရီကေ၊

ဟေးလင်း၏ လှပသော မျက်လုံးများသည် နီရဲနေပြီး မျက်ရည်များက မထိန်းနိုင်ဘဲ ကျဆင်းနေသည်။

မူလက ဟေးလင်း သည် မနေ့ ကကျွန်းနိုင်ငံသို့ ပျံသန်းခဲ့သည်။

ပျံသန်းနေချိန်VIP အခန်းထဲမှာ ရေခဲမုန့်စားနေတဲ့ ကျွန်းသားတစ်ယောက်က သူမကို မတော်တဆ ပြေးဝင်ပြီးလာတိုက့ခဲ့သည်။

ဒါက ဟေးလင်းအမှားမဟုတ်ပေ။လာတိုက်သည့်ကျွန်းသာရဲ့အမှားသာဖြစ်သည်။

လေယာဉ်မယ်တစ်ဦးအနေဖြင့် သူမသည် အထပ်ထပ်အခါခါ တောင်းပန်ပြီး တစ်ဖက်သား၏အဝတ်အစားများကို ဂရုတစိုက် သန့်ရှင်းရေးလုပ်ပေးခဲ့သေးသည်။

ထိုအချိန်တွင် ကျွန်းသားကပြုံးပြီးမတော်တဆဖြစ်တာပဲနားလည်ပါတယ်လို့ပြောခဲ့သည်။

သို့သော်ဟေးလင်းထွက်သွားသောအခါ ကျွန်းသားသည် လေကြောင်းလိုင်းခေါင်းဆောင်ထံသို့ တိုက်ရိုက်သွားပြီးဟေးလင်း အား တိုင်ကြားခဲ့သည်။

ခေါင်းဆောင်က လဲဟေးလင်း ကို ပြင်းပြင်းထန်ထန် အပြစ်တင်တော့သည်။

ထို့နောက် ကျွန်းသားအား စိတ်ကျေနပ်စေရန်အတွက် ခေါင်းဆောင်သည် ဟေးလင်း၏ လေယာဉ်မယ်အလုပ်ကိုယာယီရပ်နားလိုက်ပြီး သူမ၏ အပိုဆုကြေး၏ 10% ကိုလဲဖျက်သိမ်းလိုက်သည်။

ချူရှင်းကက ဟေးလင်း၏ နောက်ကျောကို ပုတ်လိုက်သည်။ “ဒီကျွန်းသားတွေက အယုတ်တမာတွေလေ၊ဟေးလင်းစိတ်လျှော့....စိတ်လျှော့”

ချူစီရှင်းကခေတ္တနားပြီးနောက် သူမက “ဟေးလင်း၊ မင်းနုတ်ထွက်သင့်တယ်” လို့ ပြောလိုက်သည်။

“ငါနှုတ်ထွက်ရမှာလား ?” ဟေးလင်းကတစ်ခုခုကို တွေးမိပုံရပြီး သူ့မျက်နှာလှလှလေးက နီရဲသွားခဲ့သည်။

ချူစီရှင်းကက ခေါင်းညိတ်ပြီး “မင်းလည်း လင်းဖန်ကို ကြိုက်နေတယ်ဆိုငါမြင်ရတယ်...”

“အိမ်ထောင်ရေးဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ ဘဝနေထိုင်မှုပါ။”

ချူစီရှင်း သည် ဟေးလင်း ၏လက်ကို ကိုင်လိုက်ပြီး အချိန်အတော်ကြာ စကားပြောနေလိုက်သည်။

နောက်ဆုံးတွင်ချူစီရှင်း “ဟေးလင်း၊ မင်းဘယ်လိုထင်လဲ” ဟုပြောလိုက်သည်။

ဟေးလင်းကက သူ့မအောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။

အကြာကြီး တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် တံခါးကို တွန်းဖွင့်လိုက်ပြီးလင်းဖန်ဝင်လာခဲ့သည်။

ဟေးလင်း၊ ချူစီရှင်းနှင့် လင်းဖန်တို့သည် တစ်ယောကိုတစ်ာက်ကြည့်နေကြသည်။

ဟေးလင်းသည် မဟုတ်တာတစ်ခုခုကို လုပ်လိုက်သလိုမျိုး သူမ၏လှပသောမျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။

ချူစီရှင်းကဟေးလင်းကို ခေါ်ကာ လင်းဖန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီးဟေးလင်းရဲ့လက်ကို လင်းဖန်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

အဲဒီည။

မချောနှစ်ယောက်ကိုယ်တစ်ယောက်ဖြင့်

လင်းဖန်သည်ချူစီရှင်းနှင့်ဟေးလင်း​တို့ကိုထရိန်ပေးတော့သည်။

…………

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters