← Chapters

ချူစီရှင်းအမေဖုန်းဆက်ခြင်း

Vol. 6 Ch. 79

ချူစီရှင်းအမေဖုန်းဆက်ခြင်း

Vol. 6 Ch. 79

နောက်တစ်နေ့။

အဖြူရောင် ကုတင်ပေါ်တွင် နီရဲသော အရောင်တစ်ခုရှိသည်။

ခါတိုင်းလိုပဲ ချူစီရှင်းက စောစောထပြီး မနက်စာချက်ပေးထားသည်။

လွန်ခဲ့သည့်မိနစ်ကတည်းကဟေးလင်းသည် အစောကြီးနိုးနေပြီဖြစ်သည်။

ဒါပေမယ့် သူမ မထွက်လာခင်လင်းဖန်ထွက်သွားတာကို မျှော်လင့်နေသည်။

သူမဖြစ်စေချင်တဲ့အတိုင်းမဖြစ်လာခဲ့ပေ။

ဟေးလင်းနှင့်လင်းဖန်တို့သည်ဧည့်ခန်းထဲမှာထိုင်နေကြသည်။

လင်းဖန်ကဟေးလင်းရဲ့ပန်ကန်ထဲသို့ကြက်ဥပြုတ်ကို ထည့်လိုက်ပြီး “မနေ့က မင်းအလုပ်ကြိုးစားထားတယ်။ ဒါကြောင့် စားလိုက်ပါ” လို့ ပြောလိုက်သည်။

ဟေးလင်းတစ်ခုခုကို တွေးနေပုံရပြီး သူ့မျက်နှာလှလှလေးက နီရဲသွားသည်။

ထို့နောက် သူ့မခေါင်းတစ်ခုလုံးကို ပန်းကန်ပြားထဲတွင် မြုပ်လုနီးပါး မြှုပ်ထားလိုက်သည်။

ချူစီရှင်းကဒါကိုမြင်တော့ရယ်လိုက်သည်။

လင်ဖန်းသည် ခေါက်ဆွဲတစ်ပန်းကန်လုံး စားပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး တစ်ခုခုကိုနှိပ်လိုက်သည်။

ထို့နောက် ချက်ချင်းပင်၊ ဟေးလင်း ၏ ဆဲလ်ဖုန်းသည် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“WeChat ကနေယွမ် ၁ သန်း ရောက်ရှိသည်”

ဟေးလင်းကအဲ့အသံကြားပြီးနောက်တွင် ထိတ်လန့်သွားခဲ့သည်။

လင်းဖန်သည် 1 သန်းကို ချူစီရှင်း သို့ လွှဲပြောင်းပေးခဲ့သော နောက်ဆုံးအကြိမ်တွင် သူမကိုယ်တိုင် မျက်စိဖြင့် မြင်ခဲ့ရသည်။

လင်းဖန် ရဲ့ အမျိုးသမီးဖြစ်လာဖို့ ဆုံးဖြတ်လိုက်တဲ့အခါအလားတူဖြစ်မယ်လို့စဉ်းစားထားသည်။

ဒါပေမယ့် အခုတကယ်ရလာတဲ့အခါကျတော့အံသြလောလို့ဘာပြောရမှန်းမသ်ဖြစ်သွားသည်။

လင်းဖန်က ပြုံးလိုက်ပြီး “ဒါမလုံလောက်ရင် ငါ့ကို ပြောပါ”

ဟေးလင်းက “လုံလောက်ပြီ... လုံလောက်ပါပြီ...”

“ကလင်.....ကလင်......”

ထိုအချိန်တွင် ချူစီရှင်း ၏ ဆဲလ်ဖုန်းသည် လျင်မြန်စွာ အသံမြည်လာခဲ့သည်။

ခေါ်ဆိုမှုကိုတစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

“မေမေ၊ မနက်စာစားပြီးပြီလား” ချူစီရှင်းက မေးလိုက်သည်။

ဖုန်းထဲမှာ ဝမ်ဟေးက ချူစီရှင်းရဲ့စကားကို ပြန်မဖြေဘဲ “ချူရှင်း၊ မင်းမှာ နှစ်သန်းရှိလား”

ချူစီရှင်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး “အမေ၊ မင်းဘာလို့ ပိုက်ဆံအများကြီးလိုချင်ရတာလဲ”

“မင်းအဖေကို တစ်ယောက်ယောက်က ဖမ်းထားပြီး ခြေထောက်ချိုးထားတယ်။ ပြန်ရွေးဖို့ ပိုက်ဆံမယူရင် နောက်ထပ်ခြေလက်တွေ ကျိုးလိမ့်မယ်တဲ့” ဝမ်ဟေးက စကားပြောနေရင်းနဲ့ သူမရဲ့ အသံက တဖြည်းဖြည်းတုန်ခါလာခဲ့သည်။

“ဘာဖြစ်တာလဲ၊ ဒါက ဘယ်လိုဖြစ်သွားတာလဲ။” ချူစီရှင်းက “မေမေ၊ ငါအခု ပဲပြန်လာခဲ့မယ်”

သားသမီးအများစုသည် မိဘများကိုသူတို့၏ နှလုံးသားများအဖြစ်ထားကြသည်။

လင်းဖန်သည် သူ့မဘေးတွင် ထိုင်နေသောကြောင့် သူမတို့နှစ်ယောက် စကားပြောသံကို အလွယ်တကူ နားထောင်နိုင်ခဲ့သည်။

သူက ချူစီရှင်း ရဲ့ ခါးသေးသေးလေးကို ကိုင်ထားပြီး “မင်းနဲ့ အတူ အိမ်ပြန်လိုက်ခဲ့မယ်” လို့ပြောလိုက်သည်။

ချူစီရှင်းက မဝံ့မရဲ ခေါင်းညိတ်လိုက်သည်။

သူမသည်လင်းဖန်ကို ဒုက္ခမပေးချင်ပေ။

ဒါပေမယ့် ဒီကိစ္စတွင်လင်းဖန်အကူအညီလိုအပ်သည်။

​ဟေးလင်းသည် အဖြစ်အပျက်ကို ဆန့်ကျင်ဘက်တွင်ထိုင်နေသောကြောင့်အတိအကျမကြားရပေ။

သို့သော် ချူစီရှင်း ၏ ညှိုးငယ်သောမျက်နှာကိုကြည့်ရင်း တစ်ခုခုဖြစ်ခဲ့သည်ကို သူမသိသည်။

ဟေးလင်းက”လင်းဖန် မင်းကို ကူညီဖြေရှင်းပေးနိုင်မှာ သေချာပါတယ်၊ သိပ်ပြီးမစိုးရိမ်ပါနဲ့...”

ဟေးလင်းကခေတ္တရပ်လိုက်ပြီး ‘’ငါ့လိုက်ဖို့ လိုသေးလား” ဟု မေးလိုက်သည်။

လင်းဖန် က “မနေ့က ငါမောင်းလာတဲ့ Lamborghini က လေသုံးယောက်ထိုင်လို့မရဘူး။ မင်းဒီနေ့ အိမ်မှာ ကောင်းကောင်းအနားယူပါ။”

“ကောင်းပြီ။” ​ဟေးလင်းက ပြောလိုက်သည်။

တကယ်တော့ ဟေးလင်းတကယ်လိုက်ခဲ့မယ်ဆိုရင်ချူစီရှင်း ရဲ့ မိဘတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမ မသိသေးပေ။

လင်းဖန် နှင့် ချူစီရှင်းတို့ကားပေါ်တက်ပြီးနောက် အရှိန်မြှင့်စက်ကို နင်းကာ ရှေ့သို့ အမြန်မောင်းသွားခဲ့သည်။

ချူစီရှင်း ၏မွေးရပ်ဇာတိသည် လင်းကျင်းမြစ်၏မြောက်ဘက် 300 ကီလိုမီတာခန့်အကွာရှိ ချမ်ဒီ မြို့၊ ဂျင် ပြည်နယ်တွင်တည်ရှိသည်။

နှစ်နာရီခွဲကြာပြီးနောက် ယိုယွင်းပျက်စီးနေသော လမ်းဟောင်းတစ်ခုသည် သူတို့နှစ်ဦး၏အမြင်တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

တဖြည်းဖြည်းနဲ့သူတို့သည် ချူစီရှင်းရဲ့အိမ်ကိုရောက်လာခဲ့သည်။

အိမ်ပေါက်ဝတွင်ချူစီရှင်းနှင့် အနည်းငယ်ဆင်တူသည့်အမျိုးသမီးတစ်ဦးသည် တံခါးဝတွင်ရပ်နေခဲ့သည်။

ချူစီရှင်းသည် ခပ်မိုက်မိုက် စူပါကားတစ်စီးမှ ထွက်ခွာလာသည်ကို သူမမြင်လိုက်ရသောအခါတွင် သူမ၏ ရှုံ့တွနေသော မျက်နှာဟောင်းသည် စိတ်လှုပ်ရှားသေအမှုအရာကိုထုတ်ပြခဲ့သည်။

“ချူရှင်းမင်းပြန်လာပြီ!” ဝမ်ဟေးက အော်ပြောလိုက်သည်။

ထို့နောက် သူမသည် လင်းဖန်အား အနည်းငယ်သေချာစွာကြည့်ကာ “သူက မင်းရဲ့ရည်းစားလား”

ချူစီရှင်းက ရှင်းပြဖို့ လုပ်လိုက်သည်နှင့်ဘင်းဖန် “ဟုတ်ကဲ့ အန်တီ၊ ကျွန်တော် ချူရှင်းချစ်သူ လင်းဖန် ပါ”

လင်းဖန်စကားကြောင့်ချူစီရှင်းသည်သူမနှလုံးသားကို နွေးထွေးသွားစေသည်။

ဝမ်ဟေးသည်လဲသူမ၏မျက်လုံးများတောက်ပသွားသည်။

သူမ “လူငယ်၊ နဲ့ချူရှင်းကို ဘယ်လောက်ကြာကြာ သိခဲ့တာလဲ”

ချူစီရှင်း က မျက်မှောင်ကြုတ်ပြီး “မေမေ၊ဒါတွေ မေးရမယ့်အချိန်မဟုတ်ဘူး၊ ဖေဖေက ဘာကြောင့် အထိန်းသိမ်းခံခဲ့ရတာလဲ၊ ဘာလို့ခြေထောက်ကျိုးသွားတာလား”

ဒီအကြောင်းကြားတာနဲ့ဝမ်ဟေးရဲ့မျက်လုံးတွေက အနည်းငယ်နီပြီးမျက်ရည်ဝဲသွားသည်။

“မနေ့က မင်းအဖေက ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီးတော့ တခြားသူရဲ့ ရှေးဟောင်းပစ္စည်းကို မတော်တဆ ချိုးဖျက်မိခဲ့တယ်...”

“အဲ့ပိုင်ရှင်က လျောပေးဖို့တောင်းဆိုပေမယ့် မတတ်နိုင်လို့ ခြေထောက်ကျိုးလိုက်တယ်…”

“ပြီးတစ်ယောက်ယာက်က နင့်အဖေကိုရွေးဖို့ ပိုက်ဆံမယူလာရင် ခြေလက်တွေ ချိုးလိမ့်မယ်”

“ချူရှင်း၊ လင်းဖန်၊ မင်း သူ့ကို ကယ်ရမယ်!”

ဝမ်ဟေးကငိုပြီးပြောလိုက်သည်။

လင်းဖန်က “အန်တီ စိတ်မပူပါနဲ့ငါတို့ ဦးလေး ကယ်လိုက်ပါ့မယ်။ နောက်ပြီး အခု ဆေးပညာတွေ အရမ်းတိုးတက်နေတော့ ဦးလေးရဲ့ ခြေထောက်တွေ သေချာပေါက် ပျောက်ကင်းပါလိမ့်မယ်”

နှစ်သိမ့်မှုပေးပြီးနောက်တွင် လင်းဖန် နှင့် ချူစီရှင်းတို့သည် Lamborghini ပေါ်ပြန်ထိုင်ကာ ဝမ်ဟေးပြောသည့်နေရာကို အမြန်သွားကြသည်။

ထိုအချိန်၌ ကျူဖန် ရှေးဟောင်းပစ္စည်းဆိုင်။

ရွှေသွားများပါသော ထိပ်ပြောင်သော အမျိုးသားတစ်ယောက်သည်သီချင်းငယ်တစ်ပုဒ်ကို ညည်းနေပါသည်။

“ဗွမ်း!”

ထိုအခိုက်အတန့်တွင် အဝေးမှ ရုတ်တရက် အင်ဂျင်သံတစ်ခုထွက်ပေါ်လာသည်။

ထို့နောက် အလန်းစား Lamborghini သည် စတိုးဆိုင်ရှေ့ တွင် ရပ်သွားသည်ကို တွေ့လိုက်ရသောအခါတွင် ကားထဲရှိသည့်လူကိုတွေ့ရန် အမြန်ထလိုက်သည်။

“နှစ်ယောက်စလုံးကို ကျူဖန်မှကြိုဆိုပါတယ်။ ငါတို့ဆိုင်မှာ ရှေးဟောင်းပစ္စည်းအားလုံးရှိတယ်... “

လင်းဖန်က “မင်းတို့ဆိုင်ကမနေ့ကတစ်ယောက်ယောက်ကိုဖမ်းထားသေးလား”

“အိုး? မင်း အဲ့တစ်ယောက်ကို ရွေးဖို့ လာတာလား” ထိပ်ပြောင်သောလူ၏မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှု ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ထို့နောက် ကုလားထိုင်ပေါ်ပြန်ထိုင်လိုက်သည်။

“သူက မင်းတို့နဲ့ဘာတော်လဲ” ထိပ်ပြောင်သောလူသည် မေးလိုက်သည်။

“သူက ငါ့အဖေပဲ!” ချူစီရှင်း က ပြောသည်။

ထိပ်ပြောင်သူက “ကောင်းတယ်၊ မင်းအဖေက ငါတို့ဆောင်းမင်းဆက်ရဲ့ အပြာရောင်နဲ့ အဖြူရောင် ကြွေပန်းအိုးကို မနေ့ကဝင်တိုက်တာကြောင့်မြေပေါ်ကို တိုက်ရိုက်ပြုတ်ကျပြီးကွဲသွားတယ်!”

“မင်းအဖေကိုရွေးချင်ရင်တော့လွယ်လွယ်လေးပါ။ ၂သန်းပေးပြီးတာနဲ့ခေါ်သွားလို့ရတယ်”

ချူစီရှင်းက “မင်းက သူခိုးပဲဲ!”

“သူခိုး...ဟား။ ကောင်မလေး၊ ရိုင်းစိုင်းတဲ့ စကားမပြောနဲ့!” ထိပ်ပြောင်သောလူက ပြောလိုက်သည်။

“မင်းကို ဖမ်းဖို့ ငါတို့ ရဲတွေခေါ်မှာ မကြောက်ဘူးလား” ချူစီရှင်းကပြောလိုက်သည်။

“ရဲကိုဖုန်းဆက်မလို့လား၊ဆက်လေ မြန်မြန်ဆက်လေ၊သူတို့ငါ့ကိုဖမ်းမှာလားလို့။” ထိပ်ပြောင်လူက လှောင်ပြောငပြီးပြောလိုက််သည်။

“မင်း……”

ချူစီရှင်း က တစ်ခုခုထပ်ပြောဖို့လုပ်လိုက်ပေမဲ့လင်းဖန်က “2 သန်းလား? ငါတို့ပေးမယ်!”

စကားပြောပြီးသောအခါ လင်းဖန်သည် ဘဏ်ကတ်ကို တိုက်ရိုက်ထုတ်ယူလိုက်သည်။

ထိပ်ပြောင်လူက ပြုံးပြီး ‘’မဆိုးဘူးကောင်လေး မင်းကအခြေအနေကိုနားလည်တာပဲ ” ဟု ဆိုလိုက်သည်။

သူက ပြုံးပြီး ဘဏ်ကတ်ကိုယူပြီး POS ပေါ် ပကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters