လူတွေက ငါ့ကို မစော်ကားရင် ငါလူတွေကို မစော်ကားဘူး။ ငါ့ကိုလာစော်ကားရင်အဲ့အကျိုးဆက်ကပျင်းလိမ့်မယ်။
Vol. 6 Ch. 80
“ဒင်”
အောင်မြင်စွာငွေလွှဲခြင်း။
ထိပ်ပြောင်လူသည် လျင်မြန်စွာရောက်ရှိလာသော 2 သန်းကိုကြည့်ကာ ပြုံးနေလေသည်။
ချူစီရှင်း က “ငါ့အဖေကို အခုလွှတ်လို့ရပြီမဟုတ်လား”
“ကောင်းပြီ။” ထိပ်အပြောင်သမားက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီးဖုန်းနံပါတ်တစ်ခုကိုနှိပ်ကာ “မနေ့က တစ်ယောကို ဒီကိုလာပို့လိုက်” ဟုပြောလိုက်သည်။
စကားပြောပြီးတာနဲ့ သူသည် တိုက်ရိုက်ဖုန်းချလိုက်သည်။
သိပ်မကြာခင်မှာပဲ တက်တူးထိုးထားတဲ့ အမျိုးသားနှစ်ယောက်သည်လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကိုတွဲ၍ဖြည်းညှင်းစွာ လျှောက်လာကြသည်။
ချူစီရှင်း သည် ၎င်းကိုမြင်ပြီးနောက်တွင် သူမ၏လှပသောမျက်လုံးများသည် ချက်ချင်းနီရဲလာပြီး ကြည်လင်သောမျပ်ရည်များချက်ချင်းချဆင်းသွားတော့သည်။
“အဖေ!” ချူစီရှင်းကငိုသံဖြင့်ခေါ်လိုက်သည်။
“ချူ... ချူရှင်း...” ချူရှီက ခက်ခက်ခဲခဲ ခေါင်းကို မြှောက်လိုက်ပြီး ပြောလိုက်သည်။
သေချာသည်မှာ သူသည် လွန်ခဲ့သော နှစ်ရက်အတွင်း အတော်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဆိုတာပင်ဖြစ်သည်။
ချူစီရှင်း သည် ဘယ်ဘက်ခြေထောက်ကို ထောက်ထားရင်း ဆုံးရှုံးသွားသော ချူရှီနားအလျင်အမြန် လာပြီး “အဖေ၊ အဆင်ပြေလား” ဟု မေးလိုက်သည်။
“ငါ... အဆင်ပြေပါတယ်” ချူရှီ က ပြောလိုက်သည်။
လင်းဖန်သည် ချူရှီ ၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ကာ သူ့မျက်နှာတစ်ခုလုံးအေးစက်သွားတော့သည်။
လင်းဖန်က“ငါတို့ ရှေးဟောင်းပစ္စည်းကို ပြဿနာကို ဖြေရှင်းပြီးပြီ” လို့ ပြောလိုက်သည်။
“အခု ခြေထောက်ကျိုးတာကို ဖြေရှင်းဖို့ အချိန်ရောက်ပြီ!”
ထိပ်ပြောင်သောလူသည် မကြောက်ဘဲ အေးစက်စွာဖြင့်”ကောင်လေး၊ မင်းဘာကိုဆိုလိုတာလဲ”ဟုပြောလိုက်သည်။
တက်တူးထိုးထားသော အမျိုးသားနှစ်ဦးသည် လင်းဖန်ကိုကြည့်ကာအတူတူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဒီပုံပန်းသဏ္ဌာန်က ပြောနေသည်မှာ ကောင်လေးမင်း မလုပ်ခင်စဉ်းစားအုံး။
ဒါပေမယ့် လင်းဖန် က ဒါကို မျက်ကွယ်ပြုပြီး “ငါက ငါ့က ဘယ်သူ့ကိုမှ မစော်ကားဘူး။ဒါပေမဲ့ငါ့ကိုတစ်ယောက်ယောက်က စော်ကားရင် ငါကညိမ်ခံတတ်တယ့်ကောင်စားမဟုတ်ဘူး”
စကားလုံးတွေကျသွားသည်နှင့်လင်းဖန်သည် ရုတ်တရက် ပြေးလိုက်ပြီးလက်သီးသည် လေနှင့်တူပြီး ခြေကန်ချက်သည် မြှားကဲ့သို့ဖြစ်သည်။
“ဗွမ်း!”
“ဗွမ်း!”
တက်တူးထိုးထားသည့် အမျိုးသားနှစ်ဦးသည် ဘာမှမတုံ့ပြန်မီတွင်ပင် မြေပေါ်သို့ လဲကျကာ မေ့လဲသွားသည်။
လင်းဖန်သည် ယင်ကောင်နှစ်ကောင်ကို ရိုက်လိုက်ပုံရပြသူ့မျက်နှာဘာမှ မပြောင်းလဲဘဲ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
ထိပ်ပြောင်သောလူသည် ဒါကိုမြင်ပြီး မျက်လုံးပြူးသွားကာ “မင်း... မလာနဲ့၊ ငါ့ဝမ်းကွဲက လီရှောင်မင်”
လင်းဖန်သည် ဤနာမည်ကို ကြားရင်ကြောက်လိမ့်မည်ဟု သူထင်ခဲ့သည်။
ဒါပေမယ့် ရလဒ်က သူ့ကို စိတ်ပျက်စေခဲ့သည်။
“တကယ်လား?” လင်းဖန်က ပေါ့ပေါ့လေးပြောပြီး တစ်ချိန်တည်းမှာပင် သူနောက်တစ်လှမ်းတိုးလိုက်ကာ ထိပ်ပြောင်လူရှေ့တွင် ချက်ချင်းပေါ်လာသည်။
“အက်......!”
လင်းဖန်သည် ထိပ်ပြောင်လူ၏ ဘယ်ဘက်ခြေထောက်ကို ခြေထောက်တစ်ဖက်ဖြင့် ကန်ထည့်လိုက်သည်။
“”အားးးးးး.........’’’’
ရုတ်တရက်ပင် ရှေးဟောင်းဆိုင်တစ်ခုလုံးသည်ဝက်လိုအော်သံမျိုးဖြည့်ပြည့်နှက်သွားသည်။
သို့သော် ဤအရာက မပြီးသေးပေ။
အခုမှအစပဲရှိသေးသည်။
လင်းဖန်ကနောက်ထပ်ခြေတစ်ဖက်ကိုကန်ထည့်လိုက်သည်။
“အက်........”
ထိပ်ပြောင်သူ၏ ညာဖက်ခြေထောက်သည်လည်း တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အက်...!”
နောက်တစ်ခုကတော့ ဘယ်ဘက်လက်။
“အက်...!”
နောက်ဆုံးတော့ ဒါဟာ ညာဘက်လက်ပင်ဖြစ်သည်။
ထိပ်ပြောင်သောလူသည် မလှုပ်ရှားပဲမြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လုံးဝ သတိမေ့သွားသည်။
ဒါရက်စက်ကြမ်းကြုတ်သည်!
ဒါတွေအားလုံးကို... ချူစီရှင်း ရဲ့ မျက်လုံးထဲမှာ မြင်နေရသည်။
သို့သော် သူမသည် ကြောက်ရွံ့ခြင်းလုံးဝမရှိပေ။
ပျော်တောင်ပျော်နေသေးသည်။
ဘာလို့လဲဆိုတော့လင်းဖန် က သူ့မအတွက်လုပ်ခဲ့တာမလို့ဖြစ်သည်။
ဒါ့အပြင် သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းမိုက်သည်။
ချူစီရှင်းသည် လင်းဖန် ၏ လှုပ်ရှားမှုတိုင်းကို သူမနှလုံးသားထဲတွင် အခိုင်အမာ မှတ်မိနေသည်။ အနည်းငယ် ပြန်စဉ်းစားပြီးနောက် သူမ၏ နှလုံးသည်အနည်းငယ်မြန်လာခဲ့သည်။
လင်းဖန် က “ချူရှင်း၊ ငါတို့အိမ်ပြန်ရအောင်”
“အိုး... အိုကေ။” ချူစီရှင်း က အမြန်ပြန်ဖြေလိုက်သည်။
ခဏကြာတွင်သူတို့သုံးယောက် သည်အိမ်သို့ပြန်လာကြသည်။
ချူရှီအိမ်ပြန်လာတာကိုမြင်ပြီးနောက် ဝမ်ဝေးကအရမ်းစိတ်လှုပ်ရှားသွားတော့သည်။
ဒါပေမယ့် သူ့ခြေထောက်ဒဏ်ရာကို မြင်လိုက်ရတော့ သူမမျက်လုံးတွေ နီရဲလာပြန်သည်။
ခိူရှီ” စိတ်မပူပါနဲ့ ငါ အခုအဆင်ပြေနေပြလေီ “
“ဟုတ်ပါပြီ။” ဝမ်ဟေးက သူ့မမျက်လုံးထဲမှမျက်ရည်ကို သုတ်လိုက်ပြီး “မင်းဗိုက်ဆာနေလား? ငါ ဂျုံယာဂုလုပ်ထားတယ်။ခဏလေးငါ ယူလာပေးမယ်။”
ချူရှီကလဲဗိုက်ဆာနေသောကြောင့်ယာဂုတစ်ပန်ကန်လုံးကုန်အောင်စားလိုက်သည်။
ချူစီရှင်းက “ဖေဖေ၊ ဘာလို့ ဒီရှေးဟောင်းဆိုင်ကို သွားတာလဲ။ ပြီးတော့ ဒီရှေးဟောင်းပစ္စည်းကို ဘာလို့ချိုးလိုက်တာလား။”
ဒီအဖြစ်အပျက်အကြောင်းကိုကြားတဲ့အခါချူရှီ၏မျက်နှာပေါ်တွင်ကြောက်လန့်သောအမူအရာမျိုးရှိသည်။
“မနေ့ က အလုပ်ကပြန်ပြီးနောက်ရှောင်းဟောင်းဆိုင်ကိုဝင်သွားတယ်။ဝင်ပြီးခနအကြာဘာ့ကြောင့်မှန်းမသိဘဲခြေချော်သွားတယ်။ ရလဒ်အနေနဲ့ ပန်းအိုးကို ကွဲသွားစေခဲ့တယ်”
“သူဌေးက ဆောင်းမင်းဆက်က ရှေးဟောင်းပစ္စည်းလို့ ပြောပြီး ချက်ခြင်းထွက်လာပြီး ၂သန်းပေးခိုင်းတယ်...”
“ငါ့မှာ ပိုက်ဆံမရှိလို့ဆိုပြီး ငါ့ခြေထောက်ကို ရိုက်ချိုးလိုက်တယ်...”
ချူရှီပြောပြီးတာနဲ့ သူ့တစ်ကိုယ်လုံး တုန်လှုပ်နေသေးသည်။
သေချာသည်မှာ သူ့တွင် ကြောက်ရွံ့မှုအချို့ ရှိနေသေးသည်။
ချူရှီရဲ့ မျက်လုံးတွေ နီရဲနေပြီး သူမ က “ဒီလူတွေဟာ သက်သက်မဲ့အနိုင်ကျင့်နေကြတာပဲ၊ ဘာလို့ ဖမ်းမမိသေးတာလဲ။”
ချူစီရှင်းအမြင်တွင်အဲ့လိုလူမျိုးကိုဖမ်းမိသင့်သည်။
ချူရှီက”လူငယ်၊ မင်းက နည်းနည်းတော့ မဆင်မခြင်ဖြစ်နေပြီ။ အဲဒီသူဌေးကို မင်းမရိုက်သင့်ဘူး”
“တကယ်လို့ သူက လီရှောင်မင်ရဲ့ အကိုဝမ်းကွဲဖြစ်ရင် ငါတို့ ဒုက္ခရောက်ပြီ..”
ဝမ်ဟေး”လီရှောင်မင်?လီရှောင်မင်ကဘယ်သူလဲ?”
ချူရှီ က “အရင်တုန်းက ကျွန်တော်အလုပ်လုပ်တုန်းက လီရှောင်မင် အကြောင်း တခြားသူတွေပြောနေတာကို ကြားခဲ့ရတယ်။ သူက မြေအောက်လောကရဲ့သူဌေး သူ့လက်အောက်မှာ လူရာနဲ့ချီရှိတယ်...”
“အကယ်လို့ ငါတို့က သူ့ဝမ်းကွဲကို အရိုက်ခံရတယ်ဆိုတာ သူသိသွားရင်........”
ချူရှီပြောနေတုန်းသူ့နဖူးမှာ အေးစက်တဲ့ ချွေးတွေ ထွက်လာတော့သည်။
ဝမ်ဟေးကအထိတ်တလန့်နဲ့ “ဒါ...ဒါဆို ငါတို့ဘာလုပ်ရမလဲ”
ချူစီရှင်း က “အဖေ၊ အမေ၊ စိတ်မပူပါနဲ့၊ ဒီကမ္ဘာမှာ ဥပဒေဆိုတာ မရှိဘူးဆိုတာမယုံဘူး!”
ချူရှီက သက်ပြင်းချပြီး “ဥပဒေရှိတယ်၊ ဒါပေမယ့် ဥပဒေက ငါတို့ကို နေ့ရောညပါ 24 နာရီ ကာကွယ်ပေးနိုင်မှာလား”
“ဒါကိုငါတို့အိမ်ပြောင်းကြရအောင်!”ချူစီရှင်းက ပြောလိုက်သည်ယာ
ချူရှီနှင့် ဝမ်ဟေးတို့သက်ပြင်းချလိုက်သည်။
ဒါက သူတို့ရဲ့ အိမ်၊ သူတို့ရဲ့ မွေးရပ်မြေပါ။
နောက်ဆုံး မဟုတ်ရင် သူတို့ ဒီနေရာကနေမထွက်ချင်ကြပေ။
လင်းဖန် က “ဦးလေး၊ အဒေါ်စိတ်မပူပါနဲ့ လီရှောင်မင်ကအန်တီတို့ကိုဘယ်တော့မှ မနှောင့်ယှက်ပါဘူးလို့ ငါကတိပေးတယ်။”
ချူရှီနှင်ဝမ်ဟေးတို့ကခေါင်းညိတ်လိုက်သည်။
သို့သော် သူတို့၏မျက်နှာ နှစ်ခုသည် စိုးရိမ်ပူပန်မှု အပြည့်ရှိနေဆဲပင်ဖြစ်သည်။
ချူစီရှင်း ကတော့လင်းဖန် ပြောတာကို လုံးလုံးယုံကြည်သည်။
သူမ၏ နှလုံးသားထဲတွင် လင်းဖန်သည် အလုံးစုံသော တန်ခိုးရှင်နတ်ဘုရားဖြစ်သည်။
သူကဒီလိုပြောတဲ့အတွက် သေချာပေါက် လုပ်နိုင်လိမ့်မယ်လို့အကျွင်းမယ့်ယုံကြည်သည်။
လင်းဖန်က “ဦးလေး၊ မင်းခြေထောက်ကို အရင်ကုသရအောင်။”
“မင်း ဒီဆေးတစ်ပုလင်း သောက်လိုက်ပါ”
လင်းဖန်ကအိတ်ကပ်ထဲမှထုတ်ခြင်ယောင်ရှောင်ပြီးစနစ်စီကနေ၁၀သန်းသုံးပြီးဝယ်ကာပေးလိုက်သည်။
ချူရှီ၏စိတ်နှလုံးမှာ အနည်းငယ် ရှုပ်ထွေးနေပြီး ၎င်းသည် မည်သည့်ဆေးအမျိုးအစားဖြစ်သည်ကို မမေးတော့ဘဲ တိုက်ရိုက်သောက်လိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး